#ယင်ယန်တုံ့ပြန်မှု၊ အဖျက်စွမ်းအားပေါက်ကွဲခြင်း#
Vol. 36 Ch. 508
ငန်းဆိပ်ကမ်းဂိုဏ်းတည်ထောင်သူဂိုဏ်းချုပ်က ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်သည်။
များမကြာခင်က ငန်းဆိပ်ကမ်းဂိုဏ်းက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြ၏ တပါးတည်းသော အရှင်သခင်ဖြစ်ခဲ့သည်။
ငန်းဆိပ်ကမ်းဂိုဏ်း၏ တည်ထောင်သူဂိုဏ်းချုပ်က တခါက နည်းစနစ်ငါးခုကို ချန်ထားခဲ့သည်။
အားဘုံးက ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဥ်များဖြစ်သည်။
ဒီကောင်းကင်ဘုံဝိဉာဉ်နည်းစနစ်ငါးခုက တောင်ထိပ်ငါးခု၏ အဓိကကျင့်စဉ်များဖြစ်ကြသည်။
ထို့ထဲတွင် ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်က ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်၏ အထွပ်အထိပ်အဆင့်နည်းစနစ်တခုဖြစ်သည်။
ထိုအချိန်က ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်များ၌ ဒီနည်းစနစ်က နားလည်ရန်အတွက် အခက်ခဲဆုံးစွမ်းရည်တခုပင်။
ယခုလိုအခြေအနေတွက် ကောင်းကင်မုန်းတီးတောင်ထိပ်က မည်သည့်အတွက်ကြောင့် ဆုတ်ယုတ်သွားရလေသနည်း။
အဓိကအားဖြင့် မည်သည့်တပည့်သားကမှ ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ကို နားမလည်နိုင်သောကြောင့်ပေတည်း။
သို့သော်ယခုတွင်မူ ယဲ့ချိုးပိုင်ထုတ်လွှတ်ထားသည့် ယင်ယန်စွမ်းအားက စင်မြင့်ပေါ်၌ အချင်းချင်းပေါင်းစည်းပြီး အဆုံးမဲ့အဖျက်စွမ်းအားကို ထုတ်လွှတ်နေသည်။
ဒါက ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်မဟုတ်ပါက ဘာများဖြစ်ဦးမည်နည်း။
ကောင်းကင်မြင့်တောင်ထိပ်ခေါင်းဆောင်နှင့်ကျန်သောသူများက တည်ငြိမ်သည့်အမူအရာရှိသော ကျဲလောင်ကို ကြည့်လိုက်ကြသည်။
ကောင်းကင်မုန်းတီးတောင်ထိပ်က တောင်ထိပ်ငါးခုပြိုင်ပွဲတွင် ပြန်၀င်ပါရန်အတွက် ရွေးချယ်ခဲ့သည်မှာ အံ့ဩသင့်စရာမရှိတော့။
ထိုအချိန်တွင် စင်မြင့်အောက်ကတပည့်များအားလုံးက ဝေခွဲမရဖြစ်နေကြသည်။
"ဒါဘယ်လိုစွမ်းရည်မျိုးလဲ"
သူတို့က ကောင်းကင်မုန်းတီးတောင်ထိပ်တွင် ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်၏ တည်ရှိမှုကိုမသိတာ ရှင်းလင်းနေသည်။
တောင်ထိပ်အသီးသီး၏သူတော်စင်သားတော်များတွင်သာ လေးနက်သည့်အမူအရာကိုယ်စီရှိနေကြသည်။
သူတို့အဆင့်တွင် သူတို့က တောင်ထိပ်အသီးသီး၏ ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်များကို ထိတွေ့ရန်အတွက် အရည်အချင်းပြည့်မီကြသည်။
သူတို့က ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်ကိုလည်း ကြားဖူးကြသည်။
ယဲ့ချိုးပိုင်၏ဆန့်ကျင်ဘက်တွင်ရှိသည့် ကျိလျန်၏အမူအရာကအေးခဲနေသည်။
"မင်းက ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်ကို တကယ်ကျင့်ကြံနိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"
"ဒါပေမယ့် ဒီလိုဆိုရင်တောင် ကျင့်ကြံခြင်းနယ်ပယ်အကြားကွာဟချက်ကို ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်တခုတည်းနဲ့ ပြင်ဆင်လို့မရဘူး"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်ပြုံးသည်။
"ဒီလိုမဖြစ်နိုင်တာလည်းဖြစ်နိုင်တယ်လေ.."
ထို့နောက် ဧရာမဓားတစ်လက်က ဓားပိုင်နက်ထဲတွင် ဖြည်းဖြည်းချင်းကျစ်လျစ်လာသည်။
အကြွင်းမဲ့မူလရှေးဦးဓားလေးသွယ်!
(အရင်ကအာဒိကပ္ပဓားသိုင်းလို့သုံးဖူးပါတယ်)
ဖိနှိပ်ခြင်းဆန္ဒကထို့ထဲတွင်စုစည်းလာပြီး ယှဉ်၍မရလောက်အောင်ထက်ရှသော အကြွင်းမဲ့မူလရှေးဦးဓားလေးသွယ်က ထိုအချိန်တွင် အလွန်အမင်းလေးလံလာသည်။
၎င်းကထုတ်လွှတ်သည့်အော်ရာတခုတည်းကပင် လူများကို သူတို့အပေါ်ဧရာမတောင်တလုံးဖိကျလာသည့်အလား ခံစားရစေပြီး အသက်မရှူနိုင်ဖြစ်သွားစေသည်။
တချိန်တည်းမှာပင် လျှပ်စီးစွမ်းအားနှင့်အတူ ယင်နှင့်ယန်က ဧရာမနဂါးများအဖြစ်ပြောင်းလဲသွားပြီး ဧရာမဓားကိုဝိုင်းရံကာ အဖျက်စွမ်းအားကို ထုတ်လွှတ်နေသည်။
ထိုစွမ်းအားကိုခံစားမိသောအခါ နောက်ဆုံးတွင် ကျိလျန်၏အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။
သူ့မျက်လုံးများတွင် ထိတ်လန့်မှုတခုရှိနေသည်။
ဒီတိုက်ချက်က တကယ်ပဲအာရုံထွေပြားခြင်းနယ်ပယ်အလတ်အဆင့်ကျင့်ကြံတယောက် ထုတ်လွှတ်နိုင်တဲ့အရာလား!
အကယ်၍သူသာထိုဧရာမဓားကို သူ့အား တိုက်ခိုက်ခွင့်ပေးပါက သွေးပြောင်းလဲခြင်းနယ်ပယ်တ၀က်အဆင့်ကျင့်ကြံသူပင်လျှင် ပြန်မကောင်းနိုင်တော့သည်အထိ ဒဏ်ရာရသွားလိမ့်မယ်ဆိုတာ ကျိလျန်ယုံကြည်သည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ရှေ့တိုးကာ သူ့ဓားဖြင့် ကျိလျန်အား ညွှန်လိုက်သည်။
ကြောက်မက်ဖွယ်ရာအဖျက်အော်ရာကို ထုတ်လွှတ်နေသည့်ဧရာမဓားက ကျိလျန်အား ပိုင်းချလိုက်သည်။
စင်မြင့်ပေါ်ကလေဟာနယ်က တုန်ခါသွားသည်။
လျှပ်စီးကြောင်းနှစ်ခုဖြစ်သည့် အဖြူနှင့်အနက်က လေဟာနယ်ကို ရန်မူနေသည့် အဖြူနှင့်အနက်ဝိဉာဉ်များအလား ဖြတ်သွားကာ မီးတောက်ရာများကိုသာကျန်ရစ်နေစေခဲ့သည်။
ကျိလျန်ရုတ်တရက်လက်အစုံကို ဆန့်ထုတ်လိုက်သည်။
ထိုအချိန်တွင် သူ့လက်များက ကျောက်စိမ်းကဲ့သို့ကြည်လင်သောအစိမ်းရောင်သလင်းအဖြစ် လုံး၀ပြောင်းလဲသွား၏။
ထို့နောက်သူအော်ဟစ်သည်။
"ဝိဉာဉ်ကျောက်စိမ်းလက်"
လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် ဧရာမဓားက ကျိလျန်၏လက်များကို အညှာအတာကင်းမဲ့စွာ ပိုင်းဖြတ်ပစ်သည်။
ရုတ်ချည်းဆိုသလို ကျိလျန်၏ခြေလှမ်းများက နောက်သို့ဆက်တိုက်ဆုတ်သွားရသည်။
ကျိလျန်အေးစက်စွာအောဟစ်စဉ် သူ့၏ကျောက်စိမ်းပမာလက်များမှ လေလှိုင်းများကပေါက်ကွဲသွားကြသည်။
ထိုအခိုက်အတန့်၌ သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်၏အော်ရာက အားအပြည့်ဖြင့်ထွက်လာသည်။
ထိုအချိန်တွင် ကျိလျန်နောက်ဆုတ်နေတာကိုရပ်လိုက်သည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ဓားကို လက်တစ်ဖက်နှင့်ကိုင်ပြီး ကျန်တစ်ဖက်ဖြင့် စည်းတံဆိပ်တခုကို ဖန်တီးသည်။
ဧရာမဓားပေါ်၌ ယင်နှင့်ယန်လျှပ်စီးနဂါးနှစ်ကောင်က ဟိန်းနေကြသည်။ လျှပ်စီးစွမ်းအားနှစ်မျိုးက အတူတကွပေါင်းစပ်သွားကြပြီး ကျိလျန်ထံ၀င်ရောက်သွား၏။ ထိုအချိန်တွင် ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်၏ အထွပ်အထိပ်အဆင့်စွမ်းအားက သံသယမရှိထွက်လာခဲ့သည်။
ကျိလျန်၏အမူအရာကပြောင်းလဲသွားပြီး အံကြိတ်လိုက်သည်။
"ကျောက်စိမ်းဝိဉာဉ်ကျောက်ခန္ဓာ"
ဒါက ကောင်းကင်မြင့်တောင်ထိပ်၏ ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ပေတည်း။
ဒီမြင်ကွင်းကိုမြင်သောအခါ လူတိုင်းက အလွန်အမင်းထိတ်လန့်သွားကြ၏။
"သူကတကယ်ပဲစီနီယာအစ်ကိုကျိကို ဒီအခြေအနေအထိ တွန်းအားပေးနိုင်ခဲ့တာလား၊ စီနီယာအစ်ကိုကျိက ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ကိုတောင်သုံးနေရပြီ"
"ကျောက်စိမ်းဝိဉာဉ်ကျောက်ခန္ဓာကို ပြီးပြည့်စုံအောင်ကျင့်ကြံနိုင်ရင် တကိုယ်လုံးက မပျက်စီးနိုင်တဲ့ကျောက်စိမ်းတခုအဖြစ် ပြောင်းလဲသွားလိမ့်မယ်၊ ပြီးတော့ ခွန်အားနဲ့အမြန်နှုန်းကလည်း အဆမတန် တိုးမြှင့်လာလိမ့်မယ်"
"စီနီယာအစ်ကိုကျိရဲ့ကိုယ်အပေါ်ပိုင်းကပဲ ကျောက်စိမ်းအဖြစ် ပြောင်းလဲသွားတယ်ဆိုပေမယ့် ဒါက ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ဖြစ်နေတုန်းပဲလေ"
"ဒါကိုတောင်လုပ်ရတာဆိုတော့ ယဲ့ချိုးပိုင်က တကယ်ပါရမီရှင်လို့ခေါ်ထိုက်တာပဲ..."
၀ရုန်း.......!
စင်မြင့်ပေါ်၌ ယင်နှင့်ယန်လျှပ်စီးနဂါးနှစ်ကောင်က ကျိလျန်၏ကိုယ်ပေါ်သို့ကျသွားသည်။
ကောင်းကင်ကရှင်းလင်းသွားသည်။
သို့စေကာမူ ပါးလွှာသည့်လေထုထဲကနေ လျှပ်စီးကြောင်းများကပေါ်လာပြီး ဆက်လက်ကျဆင်းလာကြသည်။
ကျိလျန်၏ရုပ်ခန္ဓာ၌ လျှပ်စီးများက လိမ့်ဆင်းနေကြ၏။
သို့စေကာမူ အဆုံးသတ်တွင် ကျင့်ကြံခြင်းနယ်ပယ်အကြားကွာဟချက်က နည်းနည်းလေးမဟုတ်ပေ။
တခဏမျှထိပ်တိုက်ရင်ဆိုင်ပြီးနောက် ကျိလျန်ထိုးလိုက်သည်။
ကြောက်မက်ဖွယ်ရာစွမ်းအားက လက်သီးချက်ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် လေဟာနယ်ကို အဆက်မပြတ် ပုံပျက်သွားစေသည်။
ဧရာမဓားကကွဲအက်သွားပြီး ယင်နှင့်ယန်လျှပ်စီးနဂါးနှစ်ကောင်ကလည်း အတင်းနောက်ဆုတ်သွားကြရသည်။
ယဲ့ချိုးပိုင်တချက်ညည်းရင်း သွေးများက သူ့ပါးစပ်ထောင့်စွန်းကနေ စီးကျလာကြ၏။ သူကတန်ပြန်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသည်မှာ ရှင်းလင်းနေသည်။
လူတိုင်းက မျှော်လင့်ထားသလိုမျိုး မျက်နှာအမူအရာများကိုပြသလာကြ၏။
နယ်ပယ်အကြားကွာဟချက်က အရမ်းကြီးမားနေသေးသည်။
သို့စေကာမူ သွေးပြောင်းလဲခြင်းတ၀က်နယ်ပယ်ရှိ ကျိလျန်ကို အာရုံထွေပြားခြင်း အလယ်အလတ်အဆင့်ခွန်အားဖြင့် ယခုလိုအနေအထားအထိ တွန်းအားပေးနိုင်ခဲ့သဖြင့် ယဲ့ချိုးပိုင် သူ့ကိုယ်သူဂုဏ်ယူသင့်ပေသည်။
မျှော်စင်ပေါ်၌ ကောင်းကင်မြင့်တောင်ထိပ်သခင်က အပြုံးဖြင့်ပြောသည်။
"အကြီးအကဲကျဲ၊ ခင်ဗျားရဲ့ကောင်းကင်မုန်းတီးတောင်ထိပ်က တပည့်မယအသစ်က တကယ်ကိုအံ့ဩသင့်ဖို့ကောင်းပါတယ်၊ တကယ်လို့သူ့ပါရမီကသာ ကျိလျန်နဲ့ နယ်ပယ်တူမယ်ဆိုရင် ရလဒ်က ပြောဖို့ တကယ်ခက်တယ်"
ကျဲလောင်အေးစက်စွာနှာခေါင်းရှုံ့လိုက်သော်လည်း ယဲ့ချိုးပိုင်ကို အလွန်အမင်းကျေနပ်စွာကြည့်နေသည်။
ဒီလိုနယ်ပယ်တွင် ဒီအဆင့်ထိလုပ်နိုင်တာကပင် အရမ်းကြောက်စရာကောင်းနေလေပြီ။
သို့သော်လူတိုင်းက ယဲ့ချိုးပိုင်ရပ်လိုက်တော့မည်ဟု တွေးထင်နေစဉ် စင်မြင့်ပေါ်၌ ယဲ့ချိုးလက်ဖဝါးကိုမြှောက်ကာ တချိန်တည်းတွင် စည်းတံဆိပ်များဖန်တီးလိုက်၏။
ယင်နှင့်ယန်လျှပ်စီးနဂါးနှစ်ကောင်က ထပ်မံရူးသွပ်လာကြသည်။
လူတိုင်းအထိတ်တလန့်ကြည့်လိုက်ကြသည်။
ယဲ့ချိုးပိုင်က ဆက်တိုက်ချင်သေးတာလား!
ကျိလျန်၏အမူအရာကလည်း လေးနက်နေသည်။
ဓားပိုင်နက်ထဲတွင် ယင်နှင့်ယန်လျှပ်စီးနဂါးတကောင်က စတင်ပေါင်းစပ်ကာ လျှပ်စီးလုံးတခုအဖြစ်ပြောင်းလဲသွား၏။
အထဲကအဖျက်စွမ်းအားက ပို၍ပင် ပြင်းထန်လာပြီး ပေါက်ကွဲတော့မည့်အလား အလင်းလုံးထဲကနေစိမ့်ထွက်နေသည်။
အပေါ်ရှိ ယန်ဝေရှန်း၏အမူအရာက ပြောင်းလဲသွားသည်။ သူချက်ချင်းလက်ကို ဝှေ့ယမ်းသည်။
"အတူတကွတိုက်လိုက်ကြ၊ စင်မြင့်ပေါ်မှာ အခင်းအကျင်းအစီအရင်ကိုထိန်းထားကြ"
တောင်ထိပ်သခင်ငါးဦးက တချိန်တည်းတွင် လှုပ်ရှားလိုက်ကြ၏။
ကျဲလောင်ကလည်းဗူးသီးခြောက်ကို လွင့်ပစ်လိုက်ပြီဖြစ်သည်။ သူ့အမူအရာက အတော်လေးကြည့်ရဆိုးနေပြီး ကျိန်ဆဲလိုက်သည်။
"ဒီအရူးလေးကတော့၊ သူကယင်ယန်နတ်လျှပ်စီးကို အတင်းပေါင်းပစ်ချင်နေတာပဲ၊ သူမီးနဲ့ကစားပြီး ကိုယ့်ကိုကိုယ် လောင်ကျွမ်းအောင် လုပ်နေတာလား"
ကျဲလောင်က စင်မြင့်ပေါ်သို့ရောက်လာပြီး ယဲ့ချိုးပိုင်ရှေ့တွင်ရပ်လိုက်သည်။
ယန်ဝေရှန်းကလည်း လက်ကိုဝှေ့ယမ်းသောအခါ ဧရာမဝိဉာဉ်ချီအကာအရံတခုက ကျိလျန်ကိုတလွှာပြီးတလွှာ လွှမ်းခြုံသွား၏။
ထိုအချိန်တွင် လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် လျှပ်စီးလုံးက အလွှာလိုက်စတင်အက်ကွဲလာပြီး အဖျက်စွမ်းအားက မုန်တိုင်းတစင်းပမာ ပေါက်ကွဲသွားသည်။
၀ရုန်း......ဂျုန်း.......!
တခဏကြာ စင်မြင့်က ပြင်းထန်သည့်လျှပ်စီးစွမ်းအားဖြင့်တိုက်ခတ်ခံရပြီး အဖျက်စွမ်းအားပေါက်ကွဲမှုတခုကို ထုတ်လွှတ်နေသည်။
ကံကောင်းစွာပင် တောင်ထိပ်သခင်လေးဦးက ကာကွယ်ရေးအခင်းအကျင်းကို ယာယီအားဖြည့်ပေးခဲ့သည်။
မဟုတ်ပါက ပတ်ပတ်လည်ကတပည့်များ၏ တ၀က်ကျော်က သေဆုံးသွားရပေလိမ့်မည်။
ဒီလိုဆိုပါက အထဲကအခြေအနေကရော!
ဘယ်သူနိုင်ပြီး ဘယ်သူရှုံးသွားလဲ!
အပိုင်း(509) coming။