← Chapters

#သူတို့ကိုပြိုင်ဘက်အဖြစ် မသတ်မှတ်ဘူး#

Vol. 36 Ch. 509

#သူတို့ကိုပြိုင်ဘက်အဖြစ် မသတ်မှတ်ဘူး#

Vol. 36 Ch. 509

ထိုအချိန်တွင် စင်မြင့်ပေါ်က အဖျက်စွမ်းအားပြင်းထန်သည့်ပေါက်ကွဲမှုက အဆုံးသတ်သွား၏။

သို့စေကာမူ အဖြူရောင်မီးခိုးများက ကခုန်နေသေးပြီး အထဲတွင် အဖျက်စွမ်းအားက အထိန်းအချုပ်မဲ့ရှိနေသေးသည်။ ရံဖန်ရံခါ လျှပ်စီးကြောင်းများက လင်း၀င်းသွားတတ်သည်။

ပတ်ပတ်လည်လေဟာနယ်၌ အက်ကြောင်းများပင်ရှိနေသည်။

လူတိုင်းက ဒီမြင်ကွင်းကို အထိတ်တလန့်ကြည့်နေမိကြသည်။

ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်က ဒီလောက်ထိ အားကောင်းတာလား!

ဂိုဏ်းချုပ်ပင်လျှင် သတိထားခဲ့ရပြီး ဒီအဖျက်ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိရန်အတွက် ကာကွယ်ရေးအခင်းအကျင်းပုံစံကို အားဖြည့်ရန် တောင်ထိပ်သခင်လေးဦးကို ပြောခဲ့ရသည်။

သို့စေကာမူ ယဲ့ချိုးပိုင်က အာရုံထွေပြားခြင်းနယ်ပယ်အလယ်အလတ်အဆင့်သာရှိသေးသည်။

ဒါကတကယ်ပဲ အာရုံထွေပြားခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့အရာလား!

အကယ်၍သူတို့သာဘာမှမသိပါက သွေးပြောင်းလဲခြင်းနယ်ပယ်စွမ်းအားရှင်တစ်ယောက် ဒီနေရာကို ရောက်လာခဲ့သည်ဟုပင် တွေးထင်မိကြပေလိမ့်မည်။

များမကြာခင်မှာပင် မီးခိုးဖြူများက ပျောက်ကွယ်သွားပြီး မြင်ကွင်းတခုက ထပ်မံပေါ်လာသည်။

ယန်ဝေရှန်း၏ကာကွယ်မှုအောက်တွင် ကျိလျန်က လုံး၀ဒဏ်ရာမရခဲ့ပါ။ သို့သော် သူ့အမူအရာက အလွန်အမင်းလေးနက်နေပြီး သူ့မျက်လုံးများက အကြောက်တရားဖြင့် ပြည့်နှက်နေသည်။

အကယ်၍ ယန်ဝေရှန်းကြောင့်သာမဟုတ်ပါက ဒီကြောက်မက်ဖွယ်ရာဖျက်ဆီးခြင်းအော်ရာကြောင့် သူသေချာပေါက် ကြွေလွင့်သွားရမည်ဖြစ်ကာ သူ့ဝိဉာဉ်ကလည်း ပျက်စီးသွားရပေလိမ့်မည်။

ယဲ့ချိုးပိုင်ကရော!

ကျဲလောင်နောက်တွင် သူ့မျက်နှာက အတော်လေးဖြူဖျော့နေပြီး သူ့အော်ရာက ကျဆင်းနေသည်။

ယင်ယန်နတ်လျှပ်စီးနှင့်အတူ အတင်းပေါင်းစပ်အသုံးပြုပြီးနောက် သူ့ကိုယ်ထဲ၌ ဝိဉာဉ်ချီမကျန်တော့သည်မှာ သိသာထင်ရှားနေသည်။

"ကြည့်ရတာ ဒီလှုပ်ရှားမှာကို ငါ့မှာရွေးချယ်စရာမရှိတော့တဲ့အခါမှ သုံးနိုင်မယ့်ပုံပဲ...."

ယဲ့ချိုးပိုင်ခါးသီးစွာပြုံးသည်။

ထိုအချိန်တွင် ကျဲလောင်လှည့်ကာ ယဲ့ချိုးပိုင်ကို ဆူပူကြိမ်းမောင်းလေတော့သည်။

"မင်း၊ ကောင်စုတ်လေး၊ မင်းရူးနေတာလား"

"ဒါကအတွင်းပိုင်လေ့ကျင့်ရေးတိုက်ပွဲတခုပဲလေ၊ ဒီလောက်ထိရက်စက်ဖို့လိုလို့လား၊ ငါ့ကြောင့်သာမဟုတ်ဘူးဆိုရင် မင်းအခုသေနေလောက်ပြီ"

ယဲ့ချိုးပိုင် နှလုံးသားထဲကနေပြုံးမိသည်။

ဒါကအရမ်းအန္တရာယ်များတာကို သူသိသော်လည်း ယင်ယန်နတ်လျှပ်စီးကို ပေါင်းစပ်ပေါက်ကွဲစေပြီးနောက် စွမ်းအားကို သူအမှန်တကယ်ပင် လျှော့တွက်ခဲ့မိသည်။

သို့စေကာမူ သူ့ဆရာပေးထားသည့် ဓားအစီအရင်စာလိပ်ကိုသူအသုံးပြုနေသရွေ့ အလွယ်တကူခုခံနိုင်သည်။

မျှော်စင်ပေါ်က ယန်ဝေရှန်းကလည်း အကူအညီမဲ့စွာပြောသည်။

"ဒီတိုက်ပွဲကို သရေလို့သတ်မှတ်ကြတာပေါ့"

ယန်ဝေရှန်း၏စကားလုံးများကိုကြားရသောအခါ ပတ်ပတ်လည်ကတပည့်အားလုံးက တုန်လှုပ်ချောက်ချားသွားကြ၏။

ကျင့်ကြံခြင်းနယ်ပယ်မှာ ဒီလောက်ကြီးမားတဲ့ကွာဟချက်ရှိတာတောင် သူတို့က သရေကျအောင် တိုက်ခိုက်ခဲ့ကြတာလား!

မုဇီရှင်းနောက်မှ ရှုချီကသက်ပြင်းချသည်။

"မုပိုင်၊ နင်ပြောတာမှန်တယ်၊ ဒီယဲ့ချိုးက တကယ့်မွန်းစတားတကောင်ပဲ....."

ထိုစကားလုံးကိုကြားသောအခါ မုဇီရှင်း၏ စိုစွတ်နေသည့်မျက်လုံးများက လခြမ်းကွေ့ပမာကွေးသွားခဲ့သည်။

ဒီရလဒ်အပေါ် ကျိလျန်ကန့်ကွပ်ခြင်းမရှိပေ။ ဂိုဏ်းချုပ်နှင့် တောင်ထိပ်ခေါင်းဆောင်များ၏ အကာအကွယ်သာမရှိပါက သူသေနေသည်မှာ ကြာမြင့်နေလေပြီ။

ထို့နောက် သူကယဲ့ချိုးပိုင်အား လေးနက်သည့်အမူအရာဖြင့် ကြည့်လိုက်၏။

"ကောင်းကင်မုန်းတီးတောင်ထိပ်က ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်က သူ့ရဲ့ဂုဏ်သတင်းနဲ့တကယ်ထိုက်တန်ပါတယ်၊ နှစ်များစွာကြာတာတောင် ဘယ်သူမှ အောင်မြင်စွာ နားမလည်နိုင်တာ မဆန်းတော့ပါဘူး"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ငါကကံကောင်းသွားတာပါ"

ထို့နောက်နှစ်ယောက်လုံးစင်မြင့်ပေါ်က ဆင်းသွားကြသည်။

ယဲ့ချိုးပိုင်ဝိဉာဉ်ချီကိုဖြည့်ရန်အတွက် အောက်တွင် ခြေချင်းချိတ်ထိုင်သည်။ သူ့ပန်းတိုင်ကအောင်မြင်သွားလေပြီ။ ဒီတိုက်ပွဲအပြီးတွင် ယဲ့ချိုးပိုင်က ငန်းဆိပ်ကမ်းဂိုဏ်းတွင် အပြည့်အ၀ အခြေချနိုင်ပါပြီ။

သူ့၏အံ့ဖွယ်ပါရမီနှင့်ဆိုပါက သူနယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သည်။

ဒါ့အပြင် ဂိုဏ်းချုပ်နှင့်ကျန်သောတောင်ထိပ်သခင်များက အနာဂတ်တွင် ယဲ့ချိုးပိုင်ကို ပို၍ပင်တန်ဖိုးထားကြပေလိမ့်မည်။

ထို့နောက် တောင်ထိပ်များမှ သူတော်စင်များက တစ်ဦးပြီးတစ်ဦးတိုက်ခိုက်ကြသည်။

မုဇီရှင်းကလည်း သူတို့ထဲမှ တချို့ကို စိန်ခေါ်ခဲ့သည်။

သူမ၏ပြိုင်ဘက်က တာအိုနယ်ပယ်တွင်ရှိသည့် ရှေးဦးခေးအောစ့်တောင်ထိပ်မှ သူတော်စင်သားတော်ဖြစ်သည်။

သို့စေကာမူ မုဇီရှင်းကသူ့ကို ရေခဲသွေးကြော၏ သွေးကြောစွမ်းအားဖြင့် ဖိနှိပ်ကာ ရှေးဦးခေးအောစ့်တောင်ထိပ်မှ သူတော်စင်သားတော်ကို အောင်မြင်စွာ အနိုင်ယူခဲ့သည်။

မုဇီရှင်း၏အောင်ပွဲကြောင့် အလ်ကိုက်တောင်ထိပ်က ရှေးဦးခေးအောစ့်တောင်ထိပ်နေရာတွင် အစားထိုးပြီး ဒုတိယနေရာကိုရောက်လာခဲ့သည်။

ဒါကလူတိုင်းကို ထိတ်လန့်စေသည်။

တစ်ယောက်ကယဲ့ချိုးဖြစ်ပြီး နောက်တစ်ယောက်က မုပိုင်ဖြစ်သည်။

သူတို့က ငန်းဆိပ်ကမ်းဂိုဏ်းကို လွန်ခဲ့တဲ့နှစ်လက ၀င်ခဲ့ကြသည့် တပည့်သစ်များပင်။

သို့စေကာမူ သူတို့ကယခု တောင်ထိပ်ငါးခု၏မဟာပြိုင်ပွဲတွင် ရပ်တည်နိုင်ကြလေပြီ။

ဒါတင်မက သူတို့က ထိတ်လန့်ဖွယ်ရာရလဒ်များကိုပင် ယူဆောင်လာခဲ့ကြသည်။

ကောင်းကင်မြင့်တောင်ထိပ်သခင်က သက်ပြင်းချသည်။

"ဒီကလေးနှစ်ယောက်က အနာဂတ်မှာ ငန်းဆိပ်ကမ်းဂိုဏ်းကို ဂုဏ်ကျက်သရေရှိလာအောင်သေချာပေါက်ဦးဆောင်ကြလိမ့်မယ်"

ရှေးဦးခေးအောစ့်တောင်ထိပ်သခင်က ခေါင်းခါယမ်းသည်။

"ဒါကနည်းနည်းခက်တယ်၊ ငါဒါကို၀န်မခံချင်ဘူးဆိုပေမယ့် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းရဲ့ ကျင့်ကြံခြင်း၀န်းကျင်နဲ့ အရင်းအမြစ်တွေက ငါတို့ထက် အများကြီးပိုအားကောင်းတယ်"

"အခု ကြောက်ခမန်းလိလိတပည့်တချို့တောင်ရှိလာနေပြီ...."

"ဘယ်လိုပဲဖြစ်ဖြစ် ဒီလူငယ်နှစ်ယောက်ကို ငါတို့အစွမ်းကုန်ပျိုးထောင်ရမယ်"

ယန်ဝေရှန်းက နောက်ဆုံးဆုံးဖြတ်ချက်ချလိုက်သည်။

ထိုအချိန်တွင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းရှိ ဥပဒေစိုးမိုးရေးခန်းမ၌ လျှို့ဝှက်အေးဂျင့်က ဂေါင်ရွီကို ပြိုင်ပွဲအကြောင်း ပြောပြနေသည်။

ဂေါင်ရွီမျက်မှောင်ကြုတ်လိုက်၏။

"လီရူဖိန်နဲ့ မင်ရှောင်ထင်းတို့ကိုခေါ်လိုက်"

မကြာခင်မှာပင် နှစ်ဦးစလုံးက အတူတကွရောက်လာကြသည်။

ဂေါင်ရွီ သူတို့နှစ်ယောက်စလုံးကို ထိုသတင်းများအားပြောပြလိုက်သည်။

သို့စေကာမူ မင်ရှောင်ထင်းက အပြုံးဖြင့်ပြောသည်။

"သူတို့ကတိုးတက်လာတယ်ဆိုပေမယ့် ကျွန်တော်တို့လည်းအတူတူပဲလေ၊ ဘာပဲဆိုဆို ငန်းဆိပ်ကမ်းဂိုဏ်းရဲ့အခြေခံက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းထက် နိမ့်ကျနေဆဲပါပဲ"

လီရူဖိန်က သဘောတူသည့်အသွင်ခေါင်းညိတ်သည်။

သူတို့၏စကားကိုကြားရသောအခါ ဂေါင်ရွီတခဏမျှတွေးတောလိုက်သည်။

"ပိုပြီးဘေးကင်းရစေအောင် မင်းတို့ကို ကျန်လအတွက် သာမန်မူလလျှို့ဝှက်နယ်မြေမှာ ကျင့်ကြံခွင့်ပေးမယ်"

နှစ်ယောက်စလုံးက ထိုစကားကိုကြာပြီးနောက် သူတို့၏မျက်လုံးများက လင်း၀င်းသွားကြ၏။

သာမန်မူလလျှို့ဝှက်နယ်မြေက အလွန်အမင်းနက်ရှိုင်းသည်ဟု လူသိများသည်။ အထဲတွင် ဝိဉာဉ်ချီသိပ်သည်းမှု သို့မဟုတ် ဆန္ဒနယ်ပယ်က အပြင်ပကမ္ဘာထက် ဆယ်ဆကျော်ပို၍အားကောင်းသည်။

ထိုနေရာ၌ကျင့်ကြံခြင်းက လူတစ်ယောက်၏ ခွန်အားကို ပို၍မြန်ဆန်စွာ တိုးတက်လာစေနိုင်သည်။

"တလအတွင်းမှာ မင်းတို့နိုင်လို့ပဲရမယ်၊ ရှုံးလို့မရဘူး၊ နားလည်လား"

နှစ်ယောက်စလုံးက လက်နှစ်ဖက်ဆုပ်ကာ ခေါင်းညိတ်ပြကြသည်။

"ဟုတ်ကဲ့"

တရက်ကြာပြီးနောက် တောင်ထိပ်ငါးခု၏ မဟာပြိုင်ပွဲကြီးက အဆုံးသတ်သွားသည်။

ကောင်းကင်မြင့်တောင်ထိပ်က အဆင့်မပြောင်းလဲဘဲကျန်ခဲ့သော်လည်း အလ်ကိုက်တောင်ထိပ်ကမူ ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

နောက်ထပ်အံ့ဩဖွယ်ရာအရာတခုက ကောင်းကင်မုန်းတီးတောင်ထိပ်၏ နောက်တပည့်ဖြစ်သည့်ကျန်းကျိက အလွန်အမင်း အံ့ဩသင့်စရာကောင်းသည့်ခွန်အားကို အမှန်တကယ် ပြသခဲ့ခြင်းပင်။

တာအိုနယ်ပယ်အထွပ်အထိပ်အဆင့်ကျင့်ကြံသူတဖြစ်လဲ သူမက ရှေးဦးခေးအောစ့်တောင်ထိပ်မှ သူတော်စင်သားတော်ကိုအနိုင်ယူကာ တတိယနေရာကို အရယူနိုင်ခဲ့သည်။

တချိန်တည်းမှာပင် အာရုံထွေပြားခြင်းနယ်ပယ်က ယဲ့ချိုးပိုင်က သွေးပြောင်းလဲခြင်းတ၀က်နယ်ပယ်ရှိ လျိလျန်ကို သရေကျအောင် တိုက်ခိုက်ခဲ့သည်။

ဒီလူနှစ်ယောက်ပေါ်ပေါက်လာခြင်းက တပည့်သားများ၏ ကောင်းကင်မုန်းတီးတောင်ထိပ်အပေါ် အမြင်သဘောထားကို လုံး၀ပြောင်းလဲသွားစေသည်။

ကောင်းကင်မုန်းတီးတောင်ထိပ်ကိုပြန်ရောက်ပြီးနောက် ကျန်းကျိကပြုံးကာ ယဲ့ချိုးပိုင်၏ပခုံးကိုပုတ်လိုက်၏။

"နောက်ဆုံးတော့ ငါတို့ခါးပတ်ကို တင်းထားစရာမလိုတော့ဘူး"

သို့သော်ကျဲလောင်က သူမပေါ်သို့ ရေအေးအနည်းငယ်သွန်လိုက်သည်။

"ပြင်ပအကူအညီနဲ့ ယာယီတိုးတက်အောင်လုပ်တာက ဘာအကျိုးရှိလို့လဲ"

"တဆင့်ပြီးတဆင့်တက်နိုင်မှ တောင်ထိပ်ပေါ်ကိုရပ်တည်နိုင်မှာ"

ကျန်းကျိနှုတ်ခမ်းစူလိုက်သည်။

"ဒါပေမယ့်....."

"ဒါပေမယ့်ဆိုတာမရှိဘူး၊ မင်းမှာငါနဲ့ ငြင်းခုံဖို့အချိန်ရှိနေတယ်ဆိုရင် ဘာလို့ဒီကောင်လေးယဲ့ချိုးဆီက မသင်ယူရတာလဲ၊ မြန်မြန်သွားပြီး ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်ကို နားလည်အောင်လုပ်"

ကျဲလောင်၏စကားလုံးများကိုကြားသောအခါ ကျန်းကျိတခုခုမှားယွင်းနေသလို ခံစားနေရသည်။

သူမကနှုတ်ခမ်းစူသည်။

"ကျွန်မက မောင်လေးယဲ့လိုမျိုး မွန်းစတားမှမဟုတ်တာ"

သို့စေကာမူ ကျန်းကျိက အရှုံးကို၀န်ခံရန်အတွက်ဆန္ဒမရှိပေ။ သူမတဖက်လှည့်ကာ ဂူရှိရာသို့လျှောက်သွားသည်။

ထိုအချိန်တွင် ကျဲလောင်က ယဲ့ချိုးပိုင်အားကြည့်ကာ မရည်ရွယ်ဘဲမေးလိုက်မိသည်။

"အခုမင်းရဲ့ပန်းတိုင်ကို မင်းအောင်မြင်ပြီးပြီ‌ဆိုတော့ နောက်တဆင့်ကဘာများလဲ"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ဒါကမလုံလောက်သေးဘူး၊ တစ်လအတွင်း နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနဲ့ လောင်းကြေးပြီးသွားတဲ့အခါ ဆက်ပြောကြတာပေါ့"

"အိုး၊ ဒီလိုဆိုမှတော့ မင်းမှာနိုင်ဖို့အတွက် ယုံကြည်ချက်ရှိပြီးသားပေါ့" ကျဲလောင်သူ့ကို စိုက်ကြည့်လိုက်၏။

"နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းရဲ့အခြေခံက မင်းထင်ထားသလောက်မရိုးရှင်းဘူး"

"ဒါ့အပြင် လီရူဖိန်နဲ့ မင်ရှောင်ထင်းတို့ရဲ့ပါရမီကလည်း မဆိုးကြဘူး"

ယဲ့ချိုးပိုင်ထူးမခြားနားစွာပြောသည်။

"ကျွန်တော်သူတို့ကိုတခါမှ ပြိုင်ဘက်တွေအဖြစ် မသတ်မှတ်ဖူးဘူး"

ထို့နောက် ယဲ့ချိုးပိုင်တဖက်လှည့်ကာ ဂူရှိရာသို့လျှောက်သွားသည်။

ဒါကိုမြင်သောအခါ ကျဲလောင် ယဲ့ချိုးပိုင်ကို တားရန်ပြင်လိုက်စဉ် နောက်ကျသွားလေပြီ။

ကျန်းကျိ၏အော်ဟစ်သံက ဂူထဲကနေထွက်လာသည်။

ယင်ယန်လျှပ်စီးကန်၏ လျှပ်စီးများအောက်တွင် သူမ၏အဝတ်အစားများက မည်သို့မည်ပုံမပျက်စီးဘဲကျန်နေတော့မည်နည်း။

အပိုင်း(510) coming။

All Chapters