#သာမန်မူလတောင်တိုက်ပွဲ
Vol. 36 Ch. 510
ယဲ့ချိုးပိုင်နှင့်ကျန်းကျိတို့က တောင်ထိပ်ငါးခု၏မဟာပြိုင်ပွဲကြီးအပြီးတွင် ယင်ယန်လျှပ်စီးကန်ကို တလှည့်စီအသုံးပြုခဲ့ကြသည်။
သို့စေကာမူ ယခုလိုပုံမှန်မဟုတ်သော အခြေအနေတွင် နှစ်ဦးသားတွေ့ဆုံသောအခါ ကျန်းကျိအံကြိတ်ကာ ယဲ့ချိုးပိုင်အား စိုက်ကြည့်ရင်း ရင်ဘတ်ကို ဖုံးထားလိုက်သည်။
ယဲ့ချိုးပိုင်ခပ်ရှက်ရှက်ပြုံးလိုက်မိသည်။
သူတို့အကြားခေတ္တနားချိန်တချို့ရှိခဲ့သည့်တိုင် ယဲ့ချိုးပိုင်၏ခွန်အားက ဒီတလအတွင်း အလျင်အမြန်တိုးလာသည်။
ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်အပေါ် သူ့နားလည်နိုင်စွမ်းကလည်း ပို၍ တည်ငြိမ်လာသည်။
နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနှင့် လောင်းကြေးထပ်ထားသည့်ကာလနောက်ရန် သုံးရက်သာကျန်တော့သည်။
တောင်ထိပ်အသီးသီးက သူတော်စင်သားတော်များက ဂိုဏ်းချုပ်ယန်ဝေရှန်း၏ခေါ်ဆောင်ခြင်းကိုခံရသည်။
"သုံးရက်အတွင်းမှာ သာမန်မူလတောင်ပေါ်က အရင်းအမြစ်တွေအတွက် ပြိုင်ပွဲစတင်လိမ့်မယ်"
"အဲဒီအချိန်ကျရင် မင်းတို့လုပ်ရမှာက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနဲ့ယှဉ်ပြိုင်ဖို့ပဲ"
ကျိလျန်ခေါင်းညိတ်ပြီး သူ့အမူအရာက အနည်းငယ်မည်းမှောင်သွား၏။
"အခုနယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းမှာအခု သူတော်စင်သားတော်ခြောက်ဦးရှိပြီး သူတို့ရဲ့ပါရမီက အတော်လေးကြောက်ဖို့ကောင်းတယ်"
ရှုချီကလည်းပြောသည်။
"သူတို့ထဲမှာ စုမင်ရွှယ်နဲ့ ဆန်းခုန်တို့ရဲ့ခွန်အားက သွေးပြောင်းလဲခြင်းနယ်ပယ်နဲ့ ခြေတလှမ်းလောက်ပဲ ဝေးတော့တယ်လို့ ပြောလို့ရတယ်"
စုမင်ရွှယ်က နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်ဖြစ်သည်။
ယဲ့ချိုးပိုင်မျက်လုံးကျဉ်းလိုက်သည်။
ယန်ဝေရှန်းခေါင်းညိတ်သည်။
"အကောင်းဆုံးကြိုးစားကြ၊ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနဲ့ ဒီတိုက်ပွဲမှာ အာရုံစိုက်စရာတခုတည်းပဲရှိတယ်၊ အဲဒါက ယဲ့ချိုးနဲ့ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကြားက လောင်းကြေးပဲ"
မှန်ပေသည်။ သူတို့နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကိုနိုင်နေသရွေ့ သာမန်မူလတောင်အရင်းအမြစ်များ၏ ၂၀ရာခိုင်နှုန်းကို ရရှိမည်ဖြစ်သည်။
အချိန်ကျရောက်လာပြီး ငန်းဆိပ်ကမ်းဂိုဏ်းက ၆၀ရာခိုင်နှုန်းရမည်ဆိုပါက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ၄၀ရာခိုင်နှုန်းသာရသွားပေလိမ့်မည်။
ဂိုဏ်းနှစ်ဂိုဏ်းကြားက အခြေခံအုတ်မြစ်အကြားကွာဟချက်ကလည်း တိုတောင်းလာပေလိမ့်မည်။
"ယဲ့ချိုး၊ အဲဒီနှစ်ယောက်က နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းမှာ ၀င်ပြီးတဲ့နောက် ဒီလောင်းကြေးအတွက် သေချာပေါက် အစွမ်းကုန်ပြုစုပျိုးထောင်ခံရလိမ့်မယ်"
"သူတို့ကိုအနိုင်ယူဖို့အတွက် မင်းမှာယုံကြည်မှုရှိလား"
မုဇီရှင်းပြုံးလိုက်မိသည်။
ယဲ့ချိုးပိုင်ပြုံးသည်။
"သူတို့ဂိုဏ်းထဲ၀င်စဉ်က သူတို့နယ်ပယ်က ကျွန်တော့်ထက်နိမ့်ကျတယ်၊ သူတို့ဘယ်လိုပဲကျင့်ကြံနေပါစေ အရမ်းမြင့်နေမှာတော့ မဟုတ်ဘူး"
"ဒါ့အပြင် ကျွန်တော်က နယ်ပယ်ဖြတ်ကျော်တိုက်ပွဲတွေကို ဘယ်တော့မှ မကြောက်ခဲ့ဖူးဘူး"
အတိတ်ကနေစတင်ကာ ယဲ့ချိုးပိုင်က နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ခဲ့သလို နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်မည့်လမ်းကြောင်းပေါ်၌ရှိနေခဲ့သည်။
ဒါ့အပြင်သူတခါမှမရှုံးဖူးပါ။
ယဲ့ချိုးပိုင် ဒီနှစ်ယောက်ကို အရမ်းကြီးအလေးအနက်မမှတ်ယူထားဟုဆို၍ရသည်။
ယန်ဝေရှန်းခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ ကျိလျန်၊ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းရဲ့လှည့်ကွက်တွေနဲ့ပတ်သက်ပြီး မင်းသတိထားဖို့လိုတယ်"
"သူတို့ရဲ့စိတ်နေသဘောထားအရဆိုရင် ယဲ့ချိုး လောင်းကြေးကိုအနိုင်ရပြီဆိုတာနဲ့ အောင်အောင်မြင်မြင်နဲ့ ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး"
သူကတခြားအရာတချို့ကိုပို၍ရှင်းပြသည်။
လူတိုင်းထွက်သွားကြသည်။
ယဲ့ချိုးပိုင်နှင့်မုဇီရှင်းတို့က လမ်းကြောင်းပေါ်၌ လျှောက်သွားနေကြ၏။
"သူတို့နဲ့တိုက်ခိုက်ဖို့အချိန်ကျရောက်လာတဲ့အခါကျရင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက နင့်ရဲ့ကိုယ်ပိုင်လက္ခဏာကို ရှာတွေ့သွားမှာကို ငါစိုးရိမ်တယ်"
ယဲ့ချိုးပိုင်ပြုံးသည်။
"ငါသိပါတယ်၊ ဒါကြောင့်လည်း ဒီရက်တွေမှာ ငန်းဆိပ်ကမ်းဂိုဏ်းမှာ ငါ့ပုံရိပ်ကို အရမ်းမြင့်အောင်လုပ်ခဲ့တာပေါ့"
မုဇီရှင်းပြုံးလိုက်သည်။
"ဒီလိုဆိုရင် ငန်းဆိပ်ကမ်းဂိုဏ်းက နင့်ကိုကာကွယ်ဖို့အတွက် သေချာပေါက် အကောင်းဆုံးကြိုးစားကြလိမ့်မယ်၊ ဟုတ်တယ်မလား"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒါကအကြောင်းရင်းတွေထဲကတခုပါပဲ၊ နောက်ဆုံးပန်းတိုင်က ဂိုဏ်းနှစ်ဂိုဏ်းစလုံးကို လုံး၀ခွဲပစ်ဖို့ပဲ"
နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို လုံး၀ဖျက်ဆီးခွင့်ပေးခြင်းက ယဲ့ချိုးပိုင်၏ နောက်ဆုံးအစီအစဉ်ဖြစ်သည်။
သူ့တွင် မုဇီရှင်းအတွက်လည်း ရည်ရွယ်ချက်များရှိသဖြင့် ကျန်သောကိစ္စများကိုလည်း ယဲ့ချိုးပိုင်မတွေးတော၍မရပါ။
.....
သုံးရက်ကတခဏတာအတွင်းကုန်ဆုံးသွား၏။
ထိုအချိန်တွင် နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်ရှိလူတိုင်းက သာမန်မူလတောင်ဆီသို့ ကြည့်နေကြသည်။
ယခုအချိန်တွင် ငန်းဆိပ်ကမ်းဂိုဏ်းနှင့် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းတို့က နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တခုလုံးအတွင်း အစွမ်းထက်ဆုံးဂိုဏ်းနှစ်ဂိုဏ်းဖြစ်သည်။
တချိန်တည်းမှာပင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက လောင်းကြေးကိစ္စကို တမင်တကာပင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဒါကလည်း နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်က ကျင့်ကြံသူများအကြားမှ ဆွေးနွေးရသည့်ခေါင်းစဉ်တခုဖြစ်လာခဲ့သည်။
"နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းရဲ့အခြေခံက အခုငန်းဆိပ်ကမ်းဂိုဏ်းထက် အများကြီးပိုအားကောင်းတယ်၊ ဘာလို့ငန်းဆိပ်ကမ်းဂိုဏ်းက ဒီလိုလောင်းကြေးမျိုးကို သဘောတူရသလဲဆိုတာ ငါတကယ်သိချင်မိတယ်"
"ရှေးကတည်းကလက်ဆင့်ကမ်းလာခဲ့တဲ့ ဂိုဏ်းတဂိုဏ်းတဖြစ်လဲ ငန်းဆိပ်ကမ်းဂိုဏ်းမှာလည်း ဂုဏ်ကျက်သရေရှိပါသေးတယ်၊ တကယ်လို့သူတို့သာသဘောမတူရင် သူတို့က နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းထက် နိမ့်ကျတာကို ၀န်ခံလိုက်တာနဲ့အတူတူပဲမလား"
"ဒါပေမယ့် တကယ်လို့ငန်းဆိပ်ကမ်းဂိုဏ်းက ရှုံးနိမ့်သွားခဲ့ရင် သူတို့က နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနဲ့ ယှဉ်ပြိုင်မယ့်စွမ်းရည်ကို လုံး၀ဆုံးရှုံးသွားရလိမ့်မယ်"
လောင်းကြေးကပြန့်သွားပြီဖြစ်သည်။
ငန်းဆိပ်ကမ်းဂိုဏ်းသာရှုံးသွားမည်ဆိုပါက အနာဂတ်တွင် ငန်းဆိပ်ကမ်းဂိုဏ်းက တပည့်သားများစုဆောင်းပါက ယခုလိုနမူနာဖြစ်ရပ်များက ဆက်သွားပေလိမ့်မည်။
ပါရမီနှင့်ခွန်အားရှိသောသူများက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကိုသာ ရွေးချယ်ကြလိမ့်မည်။
ဒါက ငန်းဆိပ်ကမ်းဂိုဏ်းအတွက် နှေးကွေးသည့်သေခြင်းတရားတခုပမာ ဖြစ်လာနိုင်သည်။
ယခုလိုလောင်းကြေးအောက်တွင် မည်သူကမှ ငန်းဆိပ်ကမ်းဂိုဏ်းကို အကောင်းမမြင်တာ ရှင်းလင်းထင်ရှားနေသည်။
ထိုအချိန်တွင် သာမန်မူလတောင်မှ အလွန်အမင်းကြောက်စရာကောင်းသည့် အော်ရာတခုထွက်လာသည်။
နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနှင့် ငန်းဆိပ်ကမ်းဂိုဏ်းမှလူများက ရောက်လာကြပြီဖြစ်သည်။
ထို့ထဲတွင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းမှ ခေါင်းဆောင်က ဥပဒေစိုးမိုးရေးခန်းမသခင် ဂေါင်ရွီဖြစ်သည်။
ငန်းဆိပ်ကမ်းဂိုဏ်းကမူ ကောင်းကင်မြင့်တောင်ထိပ်သခင်ရှိသည်။
ဂေါင်ရွီနှာခေါင်းရှုံ့သည်။
"ကောင်းကင်မြင့်တောင်ထိပ်သခင်ရေ၊ ကျန်းခန်းသာပါရဲ့လား"
ကောင်းကင်မြင့်တောင်ထိပ်သခင်က အမူအရာကင်းမဲ့စွာပြောသည်။
"ဟန်ဆောင်ပန်ဆောင်စကားတွေကိုပြောနေစရာမလိုဘူး၊ စလိုက်ကြရအောင်"
"သေချာတာပေါ့၊ ဒါပေမယ့်မင်းလောင်းကြေးကို မှတ်မိတယ်မလား"
ထိုအချိန်တွင် ဂေါင်ရွီဘေးတွင်ရပ်နေကြသည့် လီရူဖိန်နှင့် မင်ရှောင်ထင်းတို့က ရှေ့တလှမ်းတိုးကြပြီး ငန်းဆိပ်ကမ်းဂိုဏ်းတွင်ရပ်နေသည့် ယဲ့ချိုးအား တည့်တည့်ကြည့်လိုက်ကြ၏။
"လွန်ခဲ့တဲ့သုံးလက မင်းနယ်ပယ်က ငါ့တို့ထက်ပိုအားကောင်းတယ်၊ ဒါပေမယ့် အခုမင်းဘယ်လောက်ထိတိုးတက်လာသလဲဆိုတာ ငါတို့မသိသေးဘူး"
ယဲ့ချိုးပိုင်၏အမူအရာက ဂရုပင်မစိုက်သည့်အလား လုံး၀ပြောင်းလဲသွားခြင်းမရှိ။
"လွန်ခဲ့တဲ့သုံးလကတည်းက မင်းတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ငါ့ထက်နိမ့်ကျတယ်၊ အခုထပ်ပြီးပြောစရာလိုသေးလို့လား"
လီရူဖိန်က အေးစက်စွာပြောသည်။
"မင်းမှာဘာတွေရှိသလဲဆိုတာ ကြည့်ကြတာပေါ့"
သာမန်မူလလျှို့ဝှက်နယ်မြေအတွင်း သုံးလကြာကျင့်ကြံခြင်းဖြင့် သူတို့၏ခွန်အားက အလွန်အမင်းမြန်ဆန်စွာ တိုးတက်လာခဲ့ကြသည်။
ဒါ့အပြင်သူ့ပါရမီကလည်း မဆိုးပေ။
သူတို့နှစ်ယောက်၏ခွန်အားက သူတော်စင်သားတော်များနှင့် သိပ်မကွာဝေးတော့ပါ။
ထို့ကြောင့် ယဲ့ချိုးပိုင်က သူတို့၏ပြိုင်ဘက်မဟုတ်ဟု နှစ်ဦးစလုံးကအတော်လေး ယုံကြည်ထားကြ၏။
ဂေါင်ရွီပြုံးလိုက်သည်။
"ယဲ့ချိုး၊ လောင်းကြေးပြီးသွားရင် ဂိုဏ်းနှစ်ဂိုဏ်းအကြားက ကွာဟချက်က ဘယ်လောက်ထိ ကြီးမားသလဲဆိုတာ မင်းရှင်းရှင်းလင်းလင်းသိလာရမှာပါ"
"ဒါပေါ့၊ မင်းအမှောင်ထုကိုတိုက်ရိုက်စွန့်လွှတ်ပြီး အလင်းကိုလာ၀င်လို့ရတယ်၊ မစိုးရိမ်ပါနဲ့၊ ဒီအတွက်ကြောင့် ငါတို့မင်းရဲ့ ကျင့်ကြံခြင်းအရင်းအမြစ်ကို လျှော့ချပစ်မှာမဟုတ်ပါဘူး"
ယဲ့ချိုးပိုင်ပြုံးကာခေါင်းခါယမ်းသည်။
"အရမ်းကြီးပြောတာကအသုံးမဝင်ဘူး၊ စလိုက်ကြရအောင်"
ထို့နောက်ယဲ့ချိုးပိုင်ထွက်လာပြီး ကိုးပေရှည်ကြယ်ကြွေဓားကိုကိုင်ကာ ဓားထိပ်ဖြင့် ရှေ့သို့ညွှန်ထားလိုက်သည်။
သူက လီရူဖိန်နှင့်မင်ရှောင်ထင်းတို့အား ညွှန်ရင်းပြောသည်။
"လောင်းကြေးက တယောက်ချင်းဆိုပေမယ့် မင်းတို့နှစ်ယောက် အတူတူလာလို့ရတယ်"
ထိုစကားလုံးများကိုပြောပြီးသည်နှင့် လူတိုင်းကတုန်လှုပ်သွားကြပြီး ကိုးပေရှည်ဓားကို ကြည့်လိုက်မိကြသည်။
ဒီကောင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့လူငယ်တယောက်ပဲ!
မောက်မာတယ်! အရမ်းမောက်မာလွန်းတယ်!
ဂေါင်ရွီ၏မျက်နှာပင်လျှင် အနည်းငယ်မည်းမှောင်သွား၏။
ဒီကောင်က ငါတို့ရဲ့နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို အထင်သေးနေတာလား!
လီရူဖိန်၏မျက်လုံးများက ဒေါသဖြင့်ပြည့်နှက်သွားပြီး အော်ဟစ်သည်။
"မလိုဘူး"
စကားပြောပြီးသည်နှင့်တပြိုင်နက် သူယဲ့ချိုးပိုင်ထံပြေး၀င်သွားသည်။
ထိုအခိုက်အတန့်၌ အာရုံထွေပြားခြင်းတ၀က်နယ်ပယ်ခွန်အားက ထိုးတက်လာသည်။
ဓားရှည်တစ်လက်က လီရူဖိန်လက်ဖဝါးပေါ်ရောက်လာပြီး ဓားဆန္ဒက လေဟာနယ်ကို ဖြတ်သန်းသွားစဉ် အတော်လေးထက်ရှကာ ခြယ်လှယ်နေပြီး ကမ္ဘာကိုခွဲပစ်သည့်စွမ်းအားဖြင့် ယဲ့ချိုးပိုင်အား ပိုင်းဖြတ်ပစ်သည်။
ထိုဓားရှည်ပေါ်လာသည်နှင့်တပြိုင်နက် ကောင်းကင်မြင့်တောင်ထိပ်သခင်က နှာခေါင်းရှုံ့သည်။
"နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက တကယ်ပဲအများကြီးရင်းနှီးမြှုပ်နှံထားတာပဲ၊ သူတို့က တပည့်တယောက်ကိုအသုံးပြုဖို့အတွက် ဆန်းကြယ်အဆင့်အင်မော်တယ်ပစ္စည်းကိုတောင် တကယ်ပေးခဲ့တာပဲ"
ဝိဉာဉ်အဆင့်ပစ္စည်းများက ရတနာပစ္စည်းများထက်ပိုမြင့်ပြီး အင်မော်တယ်အဆင့်ပစ္စည်းများက ဝိဉာဉ်အဆင့်ပစ္စည်းများထက်ပိုမြင့်သည်။
ဂေါင်ရွီပြုံးသည်။
"သူကပဲ ဒီကောင်းကင်ဘုံလက်နက်ကို အသုံးပြုဖို့အတွက် အရည်အချင်းရှိတယ်"
"ဒါမှမဟုတ် ဒါကမမျှတဘူးလို့မင်းထင်နေတာလား၊ ဒီလိုဆိုရင်တော့ ငါသူ့ကို နတ်လက်နက်မသုံးဖို့ပြောပေးရမလား"
သို့စေကာမူ သူစကားပြောပြီးသည်နှင့် ဂေါင်ရွီပါးစပ်ပိတ်လိုက်ပြီး သူ့မျက်လုံးများက အတော်လေးမည်းမှောင်သွားကြ၏။
ကောင်းကင်မြင့်တောင်ထိပ်သခင်ကလည်းရယ်မောသည်။
"သူ့ကိုသုံးခွင့်ပေးလိုက်ပါ၊ မဟုတ်ရင် သူက ယဲ့ချိုးဆီက တိုက်ချက်တချက်ကိုတောင် ခံနိုင်မှာမဟုတ်လောက်ဘူး...."
အပိုင်း(511) coming။