← Chapters

#သတ်!#

Vol. 36 Ch. 511

#သတ်!#

Vol. 36 Ch. 511

ဓားဆန္ဒက သာမန်မူလတောင်အတွင်း ထိုးတက်လာ၏။

လီရူဖိန်၏ဓားဆန္ဒက ဓားသခင်နယ်ပယ်သို့ ရှင်းလင်းစွာ၀င်ရောက်သွားပြီး သူ့လက်ထဲက ဆန်းကြယ်အဆင့်အင်မော်တယ်ဓားရှည်နှင့်အတူ ခွန်အားတိုးတက်နှုန်းက အတော်လေးကြီးမားလေသည်။

သို့စေကာမူ ယဲ့ချိုးပိုင်ကလူတိုင်း၏ တုန်လှုပ်ချောက်ချားနေသည့်အကြည့်များအောက်တွင် ဓားကိုသာဝှေ့ယမ်းလိုက်သည်။

ဓားဆန္ဒကထိုးထွက်လာပြီး လီရူဖိန်အား နောက်သို့ ကီလိုမီတာတစ်ရာကျော်အထိ တိုက်ရိုက်ပိုင်းဖြတ်ပစ်သည်။

တချိန်တည်းမှာပင် ယဲ့ချိုးပိုင်၏ အာရုံထွေပြားခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကထွက်လာခဲ့သည်။

‌လီရူဖိန်၏ပါးစပ်ထောင့်စွန်းမှသွေးများစီးကျလာသည်။ သူကယဲ့ချိုးပိုင်အား အထိတ်တလန့်ကြည့်ရင်း ဒေါသတကြီးအော်ဟစ်သည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

ဒီသုံးလအတွင်း သူက သာမန်မူလလျှို့ဝှက်နယ်မြေအတွင်းကျင့်ကြံခဲ့သလို ကောင်းကင်ဘုံရတနာမျိုးစုံကလည်း သူ့တွင်ရှိနေခဲ့သည်။

ဒါက သူ့ကို အာရုံထွေပြားခြင်းနယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်သွားခဲ့သည်။

တချိန်တည်းမှာပင် ဆန်းကြယ်အဆင့်အင်မော်တယ်ဓားရှည်၏တိုးတက်မှုနှင့်အတူ သူ့တိုက်ပွဲခွန်အားကလည်း မယုံနိုင်စရာကောင်းလောက်အောင် တိုးတက်လာခဲ့သည်။

ယခုသူက အာရူံထွေပြားခြင်းနယ်ပယ် အထွပ်အထိပ်အဆင့်က ကျင့်ကြံသူတစ်ယောက်နှင့်တွေ့လျှင်ပင် အနိုင်ယူနိုင်သည်ဟု လီရူဖိန်ယုံကြည်ချက်ရှိသည်။

သို့စေကာမူ ယဲ့ချိုးပိုင်၏ဓားအောက်တွင် သူရှုံးနိမ့်သွားရပြီး ခုခံကာကွယ်ရန်အတွက် နည်းလမ်းပင်မရှိချေ။

သူဒါကိုဘယ်လိုလုပ်လိုက်တာလဲ!

မုဇီရှင်းကနောက်ကနေရယ်မောနေသည်။

ရှုချီကဝေခွဲမရစွာမေးသည်။

"မုပိုင်၊ နင်ဘာကိုရီနေတာလဲ"

မုဇီရှင်းရယ်မောကာပြန်ဖြေသည်။

"ဒီနှစ်တွေအတွင်းမှာ ယဲ့ချိုးက နယ်ပယ်ဖြတ်ကျော်ပြီးတိုက်ခိုက်ခဲ့တာ၊ သူ သိုင်းဧကရာဇ်နယ်ပယ်မှာရှိတုန်းက သူ့မှာအာရုံထွေပြားခြင်းနယ်ပယ် အထွပ်အထိပ်အဆင့်ကို သတ်နိုင်တဲ့ခွန်အားရှိတယ်"

"လီရူဖိန်က အာရုံထွေပြားခြင်းနယ်ပယ်အလယ်အလတ်အဆင့်ပဲရှိသေးတယ်လေ၊ ဒါ့အပြင် ယဲ့ချိုးကလည်း အာရုံထွေပြားခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကို ချိုးဖျက်ပြီးသွားပြီ...."

ထိုစကားကိုကြားသောအခါ ရှုချီ၏မျက်နှာက ကြောက်ရွှံ့မှုများဖြင့်ပြည့်နှက်သွားရ၏။

သိုင်းဧကရာဇ်နယ်ပယ်တယောက်က အာရုံထွေပြားခြင်းနယ်ပယ်အထွပ်အထိပ်တစ်ယောက်ကို သတ်နိုင်တာလား!

ဒါဘယ်လိုဖြစ်နိုင်မှာလဲ!

ဒီအကြားအရမ်းကြီးမားတဲ့ကွာဟချက်တခုရှိတယ်လေ!

ယဲ့ချိုးပိုင်၏အတော်လေးမောက်မာသည့်စကားလုံးများကို သူမသတိရသွားသဖြင့် ယင်းနောက်မှသာ ဒါကမောက်မာခြင်းမဟုတ်ဘဲ အမှန်တရားဖြစ်နေကြောင်း ရှုချီနားလည်သွားရသည်။

ထိုအချိန်တွင် လီရူဖိန်ပြောလိုက်သည်။

"မင်ရှောင်ထင်း၊ အတူတူတိုက်ကြရအောင်"

မင်ရှောင်ထင်းမည်းမှောင်စွာခေါင်းညိတ်သည်။

သူ့ခွန်အားက လီရူဖိန်နှင့်တန်းတူသာဖြစ်ပြီး သူကအားကောင်းလျှင်ပင် ခွန်အားအရာ၌ အကန့်အသတ်ရှိပေသည်။

ကြည့်ရသည်မှာ သူတို့ထဲကမည်သူဖြစ်ပါစေ ယဲ့ချိုးပိုင်၏ တစ်ဦးတည်းပြိုင်ဘက်မဟုတ်ပေ။

ဒါကိုတွေးမိသောအခါ မင်ရှောင်ထင်း သူ့ဂုဏ်သတင်းကိုဂရုစိုက်မနေတော့ဘဲ လီရူဖိန်နှင့်အတူ ယဲ့ချိုးပိုင်ထံပျံသန်းသွား၏။

အကယ်၍သူတို့သာလောင်းကြေးကို ရှုံးသွားမည်ဆိုပါက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက သူတို့ကို မည်သို့မည်ပုံအပြစ်ပေးမည်နည်း။

သုံးလအတွင်း သူတို့က သာမန်မူလလျှို့ဝှက်နယ်မြေအတွင်း ကျင့်ကြံခွင့်ပေးခဲ့သည်။ အဆုံးမဲ့သဘာ၀ရတနာများစွာကိုလည်းပေးခဲ့သလို ဆန်းကြယ်အဆင့်အင်မော်တယ်ပစ္စည်းများကိုပင်ပေးခဲ့သည်။

ယခုလိုအခြေအနေမျိုးတွင်ပင် ရှုံးနိမ့်မည်ဆိုပါက သူတို့နှစ်ယောက်၏ရလဒ်ကို စိတ်ကူးကြည့်၍ပင်ရနိုင်ပါသည်။

ယဲ့ချိုးပိုင်၏အမူအရာက ပြောင်းလဲခြင်းမရှိချေ။

သူ့လက်ထဲက ကြယ်ကြွေဓားကတုန်ခါလာပြီး အန္တိနယ်ပယ်ဓားဆန္ဒကထိုးထွက်လာသည်။ ထို့နောက် ကမ္ဘာကြီးထဲတွင် အဟန့်အတားမရှိ ရွေ့လျားသွား၏။

ဓားပိုင်နက်!

ဓားပိုင်နက်ကိုအသက်သွင်းလိုက်သောအခါ ဂေါင်ရွီနောက်က အကြီးအကဲ၏ အမူအရာကပြောင်းလဲသွားသည်။

သူ့မျက်လုံးများက တွေဝေမှုဖြင့်ပြည့်နှက်နေသည်။

လီရူဖိန်နှင့် မင်ရှောင်ထင်းတို့က ကောင်းကင်ပေါ်ထိုးတက်လာသည့် ဒီဓားဆန္ဒကိုခံစားမိသောအခါ သူတို့၏ အမူအရာများကလည်း ပြောင်းလဲသွားကြ၏။

ဓားတာအိုရဲ့အန္တိမနယ်ပယ်လား!

နှစ်ဦးစလုံးကတစ်ဦးကိုတစ်ဦးကြည့်နေစဉ် သူတို့မျက်လုံးများ၌ လေးနက်မှုကိုတွေ့နေရသည်။ ထို့နောက် သူတို့ဆုံးဖြတ်ချက်တခုကို ချလိုက်ကြပုံရသည်။

တစ်ဦးကိုတစ်ဦးခေါင်းညိတ်ပြပြီးနောက် သွေးရောင်ဆေးလုံးတစ်လုံးစီက သူတို့လက်ထဲတွင် ပေါ်လာသည်။

တခဏမျှတုံ့ဆိုင်းနေပြီးနောက် သူတို့လေးနက်သည့်အမူအရာကိုယ်စီဖြင့် ပါးစပ်ထဲပစ်သွင်းလိုက်ကြ၏။

သူတို့ကိုယ်ထဲကနေ သွေးရောင်ဆန္ဒက ကောင်းကင်ပေါ်ထိုးတက်သွားပြီး ထိုလွှမ်းမိုးနေသည့်သွေးရောင်အလယ်၌ မိစ္ဆာဝိဉာဉ်များက အော်ဟစ်နေကြသည်။

တချိန်တည်းမှာပင် လီရူဖိန်နှင့် မင်ရှောင်ထင်းတို့၏နယ်ပယ်များက အာရုံထွေပြားခြင်းနယ်ပယ် အထွပ်အထိပ်အဆင့်သို့ အမှန်တကယ် ချိုးဖျက်သွားကြ၏။

သူတို့၏မျက်လုံးများက ဆင်ခြင်တုံတရားကိုပျောက်ဆုံးသွားသကဲ့သို့ သွေးများဖြင့် ပြည့်နှက်နေသည်။ ထို့နောက်လူသားမဆန်သည့် အော်ဟစ်သံများကို ထုတ်လွှတ်လိုက်ကြသည်။

"ပေါက်ကွဲသွေးရူးဆေး၊ မင်းတို့ရဲ့နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ဒီလောင်းကြေးကို နိုင်ဖို့အတွက် တကယ်ပဲ ဘာမဆိုလုပ်ဖို့ဆန္ဒရှိနေတာလား"

ပေါက်ကွဲသွေးရူးဆေးက တားမြစ်ဆေးလုံးတမျိုးဖြစ်သည်။

၎င်း၏အဆင့်ကအရမ်းကြီးမမြင့်‌မားသော်လည်း အလွန်အမင်းကြောက်မက်ဖွယ်ရာသက်ရောက်မှုတခုရှိသည်။

နယ်ပယ်ကျင့်ကြံခြင်းကို ထိုးတက်သွားစေသည်သာမက သွေးဆန္ဒကိုလည်း ဝိဉာဉ်များကိုဝါးမြိုရန်အတွက်သုံးရသည်။

ယဲ့ချိုးပိုင်ကအရမ်းဂရုမစိုက်ဘဲ ဝိဉာဉ်အကာအကွယ်ကိုဖြေလျှော့လိုက်သည်နှင့်တပြိုင်နက် သူ့ဝိဉာဉ်က အလျင်အမြန် ဝါးမြိုခံရပေလိမ့်မည်။

သို့စေကာမူ ဒါကတားမြစ်ဆေးတမျိုးဖြစ်သဖြင့် ဘေးထွက်ဆိုးကျိုးကလည်း အတော်လေးကြီးမားသည်။

ဒါကအသုံးပြုသူ၏ဝိဉာဉ်ကို ပြန်ပြောင်းမရနိုင်သည့်အထိအခိုက်ကိုဖြစ်စေသည်။

တချိန်တည်းမှာပင် သွေးရူးသွေးတန်းအနေအထားကို၀င်ရောက်သွားပေလိမ့်မည်။ အကောင်းဆုံးအခြေအနေတွင် သူ့နယ်ပယ်ကကျဆင်းသွားမည်ဖြစ်ကာ အဆိုးဆုံးအခြေအနေတွင် သူကဘယ်တော့မှ ပုံမှန်ပြန်ဖြစ်တော့မည်မဟုတ်ပေ။

ဂေါင်ရွီနှာခေါင်းရှုံ့သည်။

"အနိုင်ရတာက အနိုင်ရတာ၊ ရှုံးနိမ့်တာက ရှုံးနိမ့်တာပဲ"

"ရလဒ်ကနိုင်နေသရွေ့ ဖြစ်စဉ်ကို ဘယ်သူကဂရုစိုက်မှာတဲ့လဲ"

ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်ရယ်မောသည်။

"ဒီနယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကတော့ အတော်လေးအရှက်မဲ့တာပဲ၊ ဒါပေမယ့်..."

ဒါပဲဆိုပါက ယဲ့ချိုးပိုင်က လေးနက်သည်ဟုပင်မှတ်ယူမည်မဟုတ်ပေ။

ချက်ချင်းဆိုသလို အကြွင်းမဲ့ဓားလေးစင်းက ဓားပိုင်နက်ထဲတွင် အသက်၀င်လာသည်။ ရှေးဦးမူလဓားကျမ်းက ယဲ့ချိုးပိုင်ကိုယ်ထဲတွင် အရူးအမူးလှည့်ပတ်လာပြီး ဧရာမဓားတစ်လက်က ဓားပိုင်နက်ထဲတွင် စုစည်းလာသည်။

ထို့နောက် ရေနဂါးတကောင်ပမာ ဧရာမဓားကိုရစ်ပတ်ကာ ကြောက်မက်ဖွယ်ရာအော်ရာကို အဆက်မပြတ်ထုတ်လွှတ်နေသည်။

လီရူဖိန်နှင့်မင်ရှောင်ထင်းတို့က ဒီအော်ရာကိုခံစားမိသော်လည်း သူတိူ့မရပ်ပေ။ သူတို့၏သူငယ်အိမ်များက သွေးဆန္ဒဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။

သူတို့ကအဆက်မပြတ်အော်ဟစ်ကာ သေခြင်းတရားအပေါ် အကြောက်အလန့်မရှိဘဲ ယဲ့ချိုးပိုင်ထံပြေး၀င်သွားကြသည်။

ယဲ့ချိုးပိုင်ညွှန်လိုက်စဉ် ဧရာမဓားက သူတို့နှစ်ယောက်ကပိုင်းဖြတ်ပစ်သည်။ ၎င်းက ထက်ရှနေစဉ် တောင်တတောင်ကဲ့သို့ လေးလံပြီး ဖိကျသွား၏။

လီရူဖိတ်အော်ဟစ်ရင်း အင်မော်တယ်ဓားရှည်ကိုကိုင်ကာ ဒေါသတကြီးပိုင်းဖြတ်ပစ်သည်။ ဓားဆန္ဒက သွေးရောင်ဓားချက်တခုအဖြစ် ပြောင်းလဲသွားပြီး ဧရာမဓားထံ ပြေး၀င်သွားသည်။

မင်ရှောင်ထင်ကလည်း လက်ဖဝါးဖြင့်ရိုက်ချလိုက်သည်။

ဧရာမသွေးရောင်လက်ဖဝါးချက်က ပင်လယ်ကိုလှန်ပစ်လိုက်သည့်ပမာ ကျဆင်းလာပြီး အော်ရာက အရူးအမူး ထိုးတက်လာသည်။

လွှမ်းမိုးနေသည့်သွေးဆန္ဒတခုက ယဲ့ချိုးပိုင်၏ကိုယ်ကိုလွှမ်းခြုံပစ်ကာ သူ့ဝိဉာဉ်ကို ဝါးမြိုပစ်ချင်သည်။

သို့စေကာမူ ယဲ့ချိုးပိုင်၏ကိုယ်မှ အဆုံးမဲ့အော်ရာတခုထုတ်လွှတ်နေပြီး အဆုံးမဲ့ဆန္ဒက အသက်ဓားတလက်အဖြစ်ပြောင်းကာ တိုက်ရိုက်ဖြတ်တောက်ပစ်သည်။

ရှေးဦးမူလဓားကျမ်းက ဓားခန္ဓာနှင့်အတူ တချိန်တည်းမှာပင် ဝိဉာဉ်ကိုအားဖြည့်ပေးသည်။

ထိုအချိန်တွင် သွေးရောင်ဓားချက်နှင့် လက်ဖဝါးချက်က ဧရာမဓားကြီးနှင့် တွေ့ဆုံသွားလေတော့သည်။

ဓားချီကတိုက်ခတ်သွား၏။

သွေးဆန္ဒက စားစရာရှာနေသည့်မိစ္ဆာဝိဉာဉ်တခုကဲ့သို့ ဒီဓားဆန္ဒကို တိုက်စားပစ်ချင်သည်။

သို့စေကာမူ မျက်စိတမှိတ်အတွင်းမှာပင် လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် သွေးရောင်ဓားချက်နှင့်လက်ဖဝါးချက်က တချိန်တည်းမှာပင် ပြိုကွဲသွားကြ၏။

ဧရာမဓားကမရပ်တန့်ဘဲ သူတို့နှစ်ယောက်ကို ဖြတ်သန်းသွားသည်။

လီရူဖိန်နှင့်မင်ရှောင်ထင်းတို့က လေထဲတွင်ရပ်သွားကြပြီး သူတို့အသက်ဓာတ်များက အလျင်အမြန်ကုန်ခမ်းနေသည်။

နှစ်ယောက်စလုံးတချိန်တည်းမှာပင် ခေါင်းငုံ့ကာ သူတို့ရင်ဘတ်ကသွေးကို မယုံကြည်နိုင်သည့်အမူအရာဖြင့်ကြည့်နေကြ၏။

"ဒါ....ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သုံးလကြာကျင့်ကြံခဲ့ပြီးနောက် တခြားတဘက်က သူတို့ကိုအလွယ်တကူ သတ်ပစ်ခဲ့လေသည်လား!

ထိုအရာကိုတွေးမိစဉ် လီရူဖိန်နှင့် မင်ရှောင်ထင်းတို့၏အော်ရာများက ပျောက်ကွယ်သွားကြပြီး ကောင်းကင်ပေါ်ကနေ အကူအညီမဲ့စွာ ကျဆင်းလာကြသည်။

ဂေါင်ရွီ၏အမူအရာကကြည့်ရဆိုးနေပြီး ‌ကျိန်ဆဲလိုက်သည်။

"အမှိုက်ကောင်နှစ်ကောင်"

တချိန်တည်းမှာပင် သူကယဲ့ချိုးပိုင်အားကြည့်လိုက်သည်။

"မင်းလောင်းကြေးကိုအနိုင်ရသွားတယ်ဆိုပေမယ့် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက မင်းကို ကြိုဆိုနေတုန်းပါပဲ၊ ယဲ့ချိုး"

"ဒီတိုက်ပွဲက မင်းရဲ့ခွန်အားကိုသက်သေပြလိုက်တာပဲ၊ မင်းနယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို ၀င်လာသရွေ့ သူတော်စင်သားတော်နဲ့ တန်းတူညီမျှဆက်ဆံခံရမယ်"

လူတိုင်းအုတ်သောင်းအုတ်နင်းဖြစ်သွားကြသည်။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းသူတော်စင်သားတော်က ဂိုဏ်းချုပ်ပြီးလျှင်ဒုတိယဖြစ်သည်။

ကောင်းကင်မြင့်တောင်ထိပ်သခင်က တခုခုပြောရန်ပြင်သော်လည်း ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။

"ငန်းဆိပ်ကမ်းဂိုဏ်းကအရမ်းကောင်းပါသေးတယ်၊ အနည်းဆုံးတော့ ပွင့်လင်းပြီး မြင်မြင်သာသာရှိတယ်"

ထိုစကားကိုကြားသောအခါ ဂေါင်ရွီ၏မျက်နှာကမည်းမှောင်သွား၏။

ထိုအချိန်တွင် ဂေါင်ရွီနောက်မှ အကြီးအကဲထံမှ သွေးပြောင်းလဲခြင်းနယ်ပယ်အော်ရာက ထိုးထွက်လာခဲ့သည်။

"ကောင်လေး၊ မင်းက သူတော်စင်သားတော်ဆီက ဆက်ကြေးမိန်းမပျိုကို ခိုးသွားတဲ့တယောက်မလား"

အပိုင်း(512) coming။

All Chapters