← Chapters

#ယင်ယန်ကမ္ဘာ့ဖျက်ဆီးခြင်း#

Vol. 36 Ch. 512

#ယင်ယန်ကမ္ဘာ့ဖျက်ဆီးခြင်း#

Vol. 36 Ch. 512

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းအကြီးအကဲ ဟီဒေါင်ရှောင်က ယဲ့ချိုးပိုင်၏ဓားဆန္ဒကို ခံစားမိသည်နှင့်တပြိုင်နက် ယဲ့ချိုးပိုင်၏ ကိုယ်ပိုင်လက္ခဏာကိုမြင်သွားသည်။

အရင်က လှည်းထဲတွင် ဂိုဏ်းချုပ်၏ ကိုယ်ပိုင်တပည့်ဖြစ်သည့် စုမင်ရွှယ်ထံသို့ ပို့ဆောင်ကမ်းလှမ်းသည့် ဆက်ကြေးမိန်းမပျိုကို လုသွားဟည့် ဓားကျင့်ကြံသူက ဒီလူဖြစ်သည်။

ဟီဒေါင်ရှောင်၏စကားလုံးများကို ကြားရသောအခါ စုမင်ရွှယ်၏တည်ငြိမ်နေသည့် အမူအရာက ချက်ချင်းမည်းမှောင်သွား၏။

အတိတ်က မည်သူကမှ သူ့ဆီက ဆက်‌ကြေးပဏ္ဍာဆက်များကို ပွင့်ပွင့်လင်းလင်းမယူဆောင်ရဲကြပေ။

သူတို့လုယက်ကြလျှင်ပင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏ သေသည်အထိ အမဲလိုက်ခြင်းကိုခံရသည်။

ယဲ့ချိုးပိုင်ကရော!

သူက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏ နှာခေါင်းအောက်ကနေ စုမင်ရွှယ်၏ ဆက်ကြေးမိန်းမပျိုကို လုယူကာ ထွက်ပြေးသွားသူဖြစ်သည်။

ဒါကသူ့မျက်နှာကိုအရှက်ရစေခြင်းပင်။

ကောင်းကင်မြင့်တောင်ထိပ်သခင်နှင့် သူတော်စင်သားတော်များက ယဲ့ချိုးပိုင်အား ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများက အံ့ဩသင့်မှုများဖြင့်ပြည့်နှက်နေကြသည်။

ထိုအချိန်တွင် မုဇီရှင်းက ယဲ့ချိုးပိုင်ဘေးသို့ရောက်လာသည်။

နှစ်ဦးသားကတစ်ဦးကိုတစ်ဦးကြည့်ကာ ပြုံးပြရင်း မူလအသွင်အပြင်များကို ပြန်ပြောင်းလိုက်ကြသည်။

မုဇီရှင်း၏အံ့ဖွယ်အလှတရားကိုမြင်သောအခါ သူတို့ကြက်သေသေသွားကြ၏။

စုမင်ရွှယ်က ဒီအမျိုးသမီးနှင့်ပတ်သက်ပြီး ဒီလောက်ထိဇွဲရှိနေတာ အံ့ဩသင့်စရာမရှိတော့။

ထိုအချိန်တွင် ဂေါင်ရွီက ယဲ့ချိုးပိုင်အား လက်ညိုးထိုးရင်းပြောသည်။

"ဒါကမင်းနယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို ၀င်ဖို့‌ဆန္ဒမရှိတဲ့အကြောင်းရင်းမလား"

"ဒါပေမယ့် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက မင်းကိုလိုချင်နေတယ်ဆိုမှတော့ ငါလည်းမင်းကိုထားလို့မရတော့ဘူးလေ"

ထို့နောက် ဂေါင်ရွီ၏ပုံရိပ်ကလင်း၀င်းသွားပြီး ယဲ့ချိုးပိုင်ဆီသို့ပြေးသွားသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ကောင်းကင်မြင့်တောင်ထိပ်သခင်၏ မျက်နှာက အေးစက်သွား၏။ သူကအေးစက်စွာနှာမှုတ်ရင်း တချက်တည်းနှင့် ဂေါင်ရွီရှေ့တွင် ရပ်လိုက်သည်။

"မင်းတို့ရဲ့ငန်းဆိပ်ကမ်းဂိုဏ်းက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနဲ့ စစ်ပွဲတခုစတင်ချင်နေတာလား"

ဂေါင်ရွီအေးစက်စွာပြောသည်။

"ဒီလူက ငါတို့ရဲ့နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက လိုချင်နေတဲ့လူပဲ"

ကောင်းကင်မြင့်တောင်ထိပ်သခင်က နှာခေါင်းရှုံ့သည်။

"သူကတကယ်အရှက်မဲ့တာလား၊ နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်က လူတိုင်းက စုမင်ရွှယ်ဘယ်လိုလူမျိုးလဲဆိုတာ သိကြတယ်၊ သူက မိန်းမတယောက်ကို လုယက်ဖို့နဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်းအတွက် ဆေးပြင်းဖိုတခုအဖြစ်အသုံးပြုဖို့ ဘာမဆို လုပ်ဖြို ဆန္ဒရှိတယ်"

ဒီစကားကိုကြားသောအခါ ဂေါင်ရွီက မည်းမှောင်သည့်အမူအရာဖြင့်ပြောသည်။

"ဘယ်လိုပဲဖြစ်လာပါစေ ဒီနေ့ငါဒီလူကို ခေါ်သွားရမယ်"

"တကယ်လို့ကောင်းကင်မြင့်တောင်ထိပ်သခင်က ဒီလိုအတင်းလုပ်နေမယ်ဆိုရင် ဂိုဏ်းနှစ်ဂိုဏ်းအကြား ဘာဖြစ်လာမလဲဆိုတာ မင်းကောင်းကောင်းသိလာစေရမယ်"

ခြိမ်းခြောက်မှုတခု!

လူတိုင်းက ထိုနှစ်ယောက်ဓားဆွဲထုတ်လုနီးပါးဖြစ်နေတာကို မြင်ရသောအခါ အသက်ရှူပင် အောင့်ထားမိကြသည်။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနှင့် ငန်းဆိပ်ကမ်းဂိုဏ်းတို့က နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၌ အားအကောင်းဆုံးဂိုဏ်းနှစ်ဂိုဏ်းဖြစ်သည်။

သူတို့သာစစ်ပွဲတခုကိုစတင်ပါက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်က ပရမ်းပတာဖြစ်သွားပေလိမ့်မည်။

သို့စေကာမူ ကောင်းကင်မြင့်တောင်ထိပ်သခင်က လေးနက်သည့်အသံဖြင့်ပြောသည်။

"ငါတို့စစ်ပွဲစရင်ရောဘာဖြစ်လဲ၊ ဂိုဏ်းတဂိုဏ်းက သူ့ရဲ့တပည့်ကိုတောင် မကာကွယ်ပေးနိုင်ဘူးဆိုရင် ဘယ်လိုလုပ်ဂိုဏ်းလို့ ခေါ်ထိုက်မှာလဲ"

ဂေါင်ရွီ၏မျက်နှာကမည်းမှောင်သွား၏။

"ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့"

တခြားတဘက်တွင် ဟီဒေါင်ရှောင်ကိုလည်း ငန်းဆိပ်ကမ်းဂိုဏ်းက အကြီးအကဲတစ်ဦးက တားဆီးပစ်သည်။

စုမင်ရွှယ်ရှေ့သို့တက်လှမ်းပြီးနောက် ယဲ့ချိုးပိုင်ရှေ့တွင်ပေါ်လာသည်။

တချိန်တည်းမှာပင် ကျိလျန်ကလည်း ယဲ့ချိုးပိုင်ဘေးတွင်ရောက်လာသည်။

"မင်းကသူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး၊ ငါလုပ်လိုက်မယ်"

ယဲ့ချိုးပိုင်ပြုံးကာခေါင်းခါယမ်းသည်။

"ကျေးဇူးပါ၊ ဒါပေမယ့်ဒါကငါ့ရဲ့ကိစ္စပဲ၊ ငါကိုယ်တိုင်ပဲဖြေရှင်းသင့်ပါတယ်"

ထိုစကားကိုကြားသောအခါ ကျိလျန်ခေါင်းညိတ်သည်။

ကြား၀င်ရမည့်အစား သူက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏ နောက်ထပ်သွေးပြောင်းလဲခြင်းတ၀က်နယ်ပယ် သူတော်စင်သားတော်တစ်ဦးဖြစ်သည့် ဆန်းခုန်ကို တိုက်ခိုက်သည်။

စုမင်ရွှယ် ဒီမြင်ကွင်းကိုမြင်သောအခါ နှာခေါင်းရှုံ့သည်။

"ကြည့်ရတာမင်းကအတော်လေး ယုံကြည်ချက်ရှိနေပုံပဲ၊ ဒါပေမယ့်ကျိလျန်တောင်မှ မင်းကို မကာကွယ်ပေးနိုင်ဘူး၊ ဘာပဲဆိုဆို သူကငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး"

"ဒီတော့ အခုမင်းကိုယ်နင်းသတ်လိုက်မယ်ဆိုရင် နာနာကျင်ကျင်နဲ့သေရတော့မှာ မဟုတ်တော့ဘူး"

ယဲ့ချိုးပိုင်အဖြေမပေးပေ။ သူ့ကိုယ်ထဲက ဓားဆန္ဒက သူ့အတွက်ဖြေကြားလာပြီး ကောင်းကင်ပေါ်ထိုးတက်သွား၏။

စုမင်ရွှယ်ခေါင်းညိတ်သည်။

"ဒီလိုဆိုမှတော့......"

စကားပြောပြီးနောက် စုမင်ရွှယ်၏ လက်ချောင်းထိပ်ကနေ ရေစက်တစက်ထွက်လာသည်။

ရေစက်လေးက အတော်လေးသေးသော်လည်း အင်မတန်လေးလံသည်။

ထို့ထဲတွင် အဆုံးမဲ့ရေဆန္ဒက ဖိသိပ်ခံထားရသည်။

ထို့နောက်သူလက်ချောင်းဖြင့်ညွှန်လိုက်စဉ် ရေစက်လေးက ယဲ့ချိုးပိုင်ရှိရာသို့ အမြောက်ဆန်တခုပမာပစ်၀င်သွား၏။

ယဲ့ချိုးပိုင်၏မျက်သူငယ်အိမ်များက အနည်းငယ်ကျယ်သွားခဲ့သည်။

သွေးပြောင်းလဲခြင်းနယ်ပယ် တ၀က်အဆင့်ကျင့်ကြံသူတဖြစ်လဲ စုမင်ရွှယ်က အတော်လေးအားကောင်းသည်။

သို့သော်ယဲ့ချိုးပိုင်နောက်မဆုတ်ပေ။

ဓားပိုင်နက်ထဲတွင် ကြောက်ခမန်းလိလိဓားဆန္ဓက ကြယ်ကြွေဓားပေါ်၌စုစည်းလာပြီး ဓားဆန္ဒကိုဖိနှိပ်ထားသည်။

ထို့နောက်ရှေးဦးမူလဓားကျမ်းနှင့်အတူ တချိန်တည်းမှာပင် ပေါက်ကွဲသွား၏။

ကျယ်လောင်စွာတချက်အော်ရင်း ယဲ့ချိုးပိုင်ပိုင်းဖြတ်လိုက်သည်။

ရေစက်လေးက ကြယ်ကြွေဓားကို ဥက္ကာခဲပမာတိုက်မိသောအခါ ယဲ့ချိုးပိုင်၏အမူအရာက ချက်ချင်းပြောင်းလဲသွား၏။

ဓားထိလိုက်သည်က ရေမဟုတ်ဘဲ အဆက်မပြတ်ကြီးလာသည့်တောင်တန်းကြီးတခုအလား အလွန်အမင်းလေးလံနေသောကြောင့်ပင်။

ရုတ်ချည်းဆိုသလို ယဲ့ချိုးပိုင်နောက်ဆုတ်သွားရပြီး သူ့မျက်နှာကအနည်းငယ် ဖြူဖျော့သွား၏။

စုမင်ရွှယ် ဒီမြင်ကွင်းကိုမြင်သောအခါ ပြုံးသည်။

"အိုး၊ မင်းကပိတ်ဆို့လိုက်တာလား၊ မင်းနယ်ပယ်အရဆိုရင် ငါ့တိုက်ချက်ကို တားဆီးနိုင်တဲ့အပေါ် ဂုဏ်ယူနေသင့်တယ်"

"ဒါပေမယ့် အခုကနေစပြီး မင်းဒါကို ပိတ်ဆို့နိုင်ဦးမလား"

စကားပြောပြီးနောက် စုမင်ရွှယ်လက်ဖဝါးကိုဆန့်ထုတ်လိုက်ရာ မရေမတွက်နိုင်လောက်သောရေစက်များက သူ့လက်ဖဝါးရှေ့တွင် စုစည်းလာသည်။

ရေစက်တိုင်းက လေးလံနေပြီး သူရိုက်ချလိုက်လေသည်။

မရေမတွက်နိုင်လောက်သောရေစက်များက ယဲ့ချိုးပိုင်ထံသို့ အဆက်မပြတ်ရွာသွန်းနေသည့်မိုးရေစက်များအလား ပစ်၀င်သွား၏။

လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ သူတို့၏ဦးရေပြားများကပင် တုန်ခါနေသလိုခံစားရသည်။

ဆန်းခုန်နှင့်တိုက်ခိုက်နေသည့်ကျိလျန်၏ မျက်နှာအမူအရာကလည်းလေးလံနေသည်။

ယခုလိုခွန်အားအရ သူတို့ကနယ်ပယ်တူလျှင်ပင် အမှန်တကယ်တိုက်ခိုက်မည်ဆိုပါက သူက စုမင်ရွှယ်၏ပြိုင်ဘက်မဟုတ်တာကို ကျိလျန်သိပါသည်။

အဘယ်ကြောင့်ဆိုသော် ဆန္ဒနယ်ပယ်အပေါ် စုမင်ရွှယ်၏ကျွမ်းကျင်မှုက အမှန်တကယ်ပင် အရမ်းနက်ရှိုင်းသောကြောင့်ပေတည်း။

ယဲ့ချိုးပိုင်၏အမူအရာကလည်း လေးနက်နေသည်။

တားဆီးလိုက်ပြီးနောက် သူကလေထဲတွင်လွင့်မြောနေသည်။ သူ့ကိုယ်ထဲက အနက်နှင့်အဖြူလျှပ်စီးက စိမ့်ထွက်လာသည်။

တချိန်တည်းမှာပင် ဓားပိုင်နက်ထဲတွင် ကမ္ဘာ့ဖျက်ဆီးခြင်းနတ်လျှပ်စီးနှစ်ခုဖြစ်သည့် အဖြူနှင့်အနက်က ပြင်းထန်စွာလှုပ်ရှားနေသည်။

စုမင်ရွှယ်အနည်းငယ်အံ့ဩသင့်သွား၏။

"မင်းကကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ကို ကျွမ်းကျင်ထားတာလား၊ ဒါပေမယ့်ဘာဖြစ်လဲ"

"ကျင့်ကြံခြင်းနယ်ပယ်အကြားကွာခြားချင်က မင်းလှုပ်ခတ်လို့မရနိုင်တဲ့အရာတခုပဲ"

"ဒါကသေချာပေါက်မမှန်ပါဘူး"

ယဲ့ချိုးပိုင်ညင်သာစွာပြုံးသည်။ ထို့နောက် သူ့ရုတ်တရက် လက်နှစ်ဖက်ကိုအတူတကွ ရိုက်ခတ်လိုက်သည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ကျိလျန်နှင့် ရှုချီတို့၏အမူအရာကပြောင်းလဲသွားကြ၏။

သူအဲဒီလှုပ်ရှားမှုကိုသုံးတော့မလို့လား!

ကောင်းကင်မြင့်တောင်ထိပ်သခင်က ထိုမြင်ကွင်းကိုမြင်သောအခါ ချက်ချင်းအော်ဟစ်သည်။

"ငန်းဆိပ်ကမ်းဂိုဏ်းကတပည့်တို့၊ ငါးရာကီလိုမီတာအဝေးကို ချက်ချင်းဆုတ်ကြ"

ကောင်းကင်မြင့်တောင်ထိပ်သခင်၏ အော်သံကိုကြားရသောအခါ ဂေါင်ရွီအနည်းငယ်မှင်သေသေသွား၏။

ဘာလို့သူနောက်ဆုတ်ဖို့ပြောရတာလဲ!

အာရုံထွေပြားခြင်းတ၀က်နယ်ပယ်က ဂျူနီယာတယောက်က ဘယ်လောက်ပဲအားကောင်းပါစေ သူကဘယ်လောက်အစွမ်းထက်နိုင်မှာမို့လဲ!

သို့စေကာမူ ကောင်းကင်မြင့်တောင်ထိပ်သခင်၏စကားလုံးများကိုကြားသောအခါ ကျိလျန်နှင့်ရှိုချီအပါအ၀င် ကျန်သောသူများက တိုက်ပွဲမြေပြင်ကနေ အလျင်အမြန်ထွက်ခွာကာ နောက်ဆုတ်သွားကြ၏။

ကောင်းကင်မြင့်တောင်ထိပ်သခင်ကလည်း ရုတ်တရက်ခွန်အားအပြည့်ကို ထုတ်လွှတ်ကာ ဂေါင်ရွီအား နောက်သို့ဆုတ်ရန် တွန်းအားပေးပြီးနောက် ယဲ့ချိုးပိုင်ထံ ပြေး၀င်သွားသည်။

ယင်ယန်နတ်လျှပ်စီးကိုပေါက်ကွဲစေခြင်းက မိတ်ဆွေနှင့်ရန်သူကိုမခွဲခြားနိုင်ပေ။

ယဲ့ချိုးပိုင်ကဲ့သို့ပါရမီရှင်တစ်ယောက်က ယခုလိုမသေဆုံးသွားသင့်ပေ။

အနက်နှင့်အဖြူလျှပ်စီးများက ကောင်းကင်ထက်တွင် လျှပ်စီးလုံးတခုအဖြစ် ပေါင်းစပ်နေတာကို စုမင်ရွှယ်ကြည့်နေမိစဉ် သူအနည်းငယ်မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက်နှလုံးခုန်နေသလိုခံစားရသည်။

သူကသတိလက်လွတ်ပင် လက်ဖဝါးကို ထပ်မံရိုက်လိုက်လေသည်။

ကောင်းကင်ကိုဖုံးအုပ်နေသည့်လေးလံသောရေစက်များက အမြန်နှုန်းမြှင့်တက်လာကြပြီး ယဲ့ချိုးပိုင်ထံပစ်၀င်သွားကြ၏။

ထိုအချိန်က ယဲ့ချိုးပိုင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ယင်ယန်ကမ္ဘာဖျက်ဆီးခြင်း"

ထိုလျှပ်စီးလုံးထဲတွင် မိုးကြိုး၏အဖျက်စွမ်းအားအမျှင်တန်းများက အထိန်းအချုပ်မဲ့စတင်ထွက်လာကြသည်။

ထိုအခိုက်အတန့်တွင် မိုးကြိုး၏ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားက ထိုးတက်လာသည်။

ဂရုန်း.......!

လေဟာနယ်တခုလုံးက ဖျက်ဆီးခြင်းအလင်းဖြင့်လွှမ်းခြုံခံလိုက်ရသလို ယဲ့ချိုးပိုင်၊ ကောင်းကင်မြင့်တောင်ထိပ်သခင်၊ ဂေါင်ရွီနှင့် စုမင်ရွှယ်တို့ကိုလည်း လွှမ်းခြုံပစ်လေတော့သည်။

အပိုင်း(513) coming။

All Chapters