#သာမန်မူလအထွတ်အမြတ်ကျင့်စဉ်#
Vol. 36 Ch. 513
သာမန်မူလတောင်ပေါ်၌ ကမ္ဘာဖျက်ဆီးခြင်းအဖြူအလင်းက ကမ္ဘာကြီးတခုလုံးကို လွှမ်းခြုံသွား၏။
လျှပ်စီးအလင်းအမျှင်တန်းများက အဖြူရောင်အလင်းထဲတွင် အဆက်မပြတ် လင်း၀င်းတောက်ပနေကြသည်။
ပတ်၀န်းကျင်လေဟာနယ်တွင် အက်ကြောင်းများပေါ်လာပြီး ဟင်းလင်းပြင်အရှုပ်အထွေးများက ဖိသိပ်ခံနေရသည်။
နယ်နိမိတ်မဲ့သမုဒ္ဒရာခွင်ပြင်တခုလုံးက သာမန်မူလတောင်ရှိရာဘက်မှ ကြောက်မက်ဖွယ်ရာအော်ရာတခုထိုးတက်လာတာကို ခံစားနေရသဖြင့် အားလုံး တုန်လှုပ်ချောက်ချားသွားကြ၏။
ဒါက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနှင့် ငန်းဆိပ်ကမ်းဂိုဏ်းတို့အကြားက ပဋိပက္ခကြောင့်များလား!
သူတို့၏အမြင်တွင် သွေးပြောင်းလဲခြင်းနယ်ပယ်အထက်အဆင့်ကလူများသာလျှင် ယခု ဖျက်ဆီးခြင်းအော်ရာကိုထုတ်လွှတ်နိုင်သည်။
ဒါကအချိန်အတော်ကြာမြင့်နေခဲ့သည်။
နောက်ဆုံးတွင် ကမ္ဘာဖျက်ဆီးခြင်းအလင်းဖြူက တဖြည်းဖြည်းစတင်ပျောက်ကွယ်လာပြီး အခြေအနေကို ဖွင့်ဟပြသလိုက်လေသည်။
လေဟာနယ်က အကြီးအကျယ်ပြိုကွဲနေသည်။
လေထုက လျှပ်စီးစီးကြောင်းများဖြင့် ပြည့်နှက်နေသည်။
တချိန်တည်းမှာပင် အလင်းဖြူဖုံးထားသည့်နေရာတွင် ဝိဉာဉ်ချီပင်လျှင် ထိုဖျက်ဆီးခြင်းအော်ရာ၏ ခြောက်သွေ့သည်အထိ စုပ်ယူခြင်းကိုခံရသည်။ ရလဒ်အနေဖြင့် ဒီနေရာက ယာယီအားဖြင့် ဝိဉာဉ်ချီမရှိသည့်နေရာတခုဖြစ်လာခဲ့သည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ကို ကောင်းကင်မြင့်တောင်ထိပ်သခင်က တားဆီးပိတ်ဆို့ထားသည်။
အင်မော်တယ်တပိုင်းအဆင့်ဖြစ်သည့် ကောင်းကင်မြင့်တောင်ထိပ်သခင်က ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်၏ အဖျက်တိုက်ချက်ကို တားဆီးနိုင်ခဲ့သည်။
ယဲ့ချိုးပိုင်၏မျက်နှာကဖြူဖျော့နေသည်။ ဆေးလုံးကိုသောက်ပြီးနောက် သူ့၏ချိူ့တဲ့သွားသည့်ဝိဉာဉ်ချီက အနည်းငယ်ပြန်လည် သက်သာလာသည်။
ကောင်းကင်မြင့်တောင်ထိပ်သခင်က ကြည့်ရဆိုးသည့်အမူအရာဖြင့်ပြောသည်။
"ဟေး၊ ကောင်စုတ်လေး၊ နောက်တကြိမ် မင်းဒီလှုပ်ရှားမှုကိုလုပ်မယ်ဆိုရင် ငါ့ကို ကြိုပြီးပြောထားလို့ရမလား၊ ငါသာ နည်းနည်းလောက်ပိုနှေးသွားမယ်ဆိုရင် မင်းအသက်ကို ဆုံးရှုံးသွားရမှာ"
ယဲ့ချိုးပိုင်ပြုံးကာခေါင်းကုတ်သည်။
"နောက်တကြိမ်သတိထားပါမယ်...."
ကောင်းကင်မြင့်တောင်ထိပ်သခင် မျက်လုံးလိမ့်လိုက်မိသည်။
သူယဲ့ချိုးကိုမယုံပေ။ အရင်တကြိမ်ကလည်း သူအခုလိုပြောခဲ့သည်။
တခြားတဘက်တွင် ဂေါင်ရွီက စုမင်ရွှယ်ရှေ့သို့ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားပေါက်ကွဲမှုကို ခံနိုင်ရည်ရှိခဲ့သည်။
သို့စေကာမူ သူ့အမူအရာက အလွန်အမင်းမည်းမှောင်နေသည်။ သူ့မျက်လုံးများက သတ်ဖြတ်လိုသည့်ဆန္ဒများနှင့် ပြည့်နှက်နေပြီး ယဲ့ချိုးပိုင်အားကြည့်နေသည်။
ဒီကောင်က အာရုံထွေပြားခြင်းအဆင့်သာရှိသေးသည့်တိုင် သွေးပြောင်းလဲခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင် အပြည့်အ၀မခုခံနိုင်သည့် တိုက်ချက်တခုကို ထုတ်လွှတ်နိုင်သည်။
အကယ်၍သူသာကြီးထွားလာမည်ဆိုပါက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းအတွက် ကြီးမားသည့်ကပ်ဘေးတခုဖြစ်လာပေလိမ့်မည်။
စုမင်ရွှယ်ကကြောက်ရွှံ့နေဆဲဖြစ်ပြီး အတော်လေးထိတ်လန့်နေသည်။
ဂေါင်ရွီ၏ခုခံမှုသာမရှိပါက သူကသေချာပေါက်သေပြီးသားဖြစ်နေပေလိမ့်မည်။
ထိုအချိန်တွင် ဂေါင်ရွီက မည်းမှောင်သည့်အမူအရာဖြင့်ပြောသည်။
"ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ငန်းဆိပ်ကမ်းဂိုဏ်းက ယဲ့ချိုးကို လက်မလွှဲပေးဘူးမလား"
ကောင်းကင်မြင့်တောင်ထိပ်သခင်ကလည်းနောက်မဆုတ်ပေ။
"အဓိပ္ပာယ်မရှိတာတွေပြောနေစရာမလိုဘူး၊ တကယ်လို့မင်းတို့ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက တိုက်ခိုက်ချင်တယ်ဆိုရင်လည်း ငါတို့ရဲ့ငန်းဆိပ်ကမ်းဂိုဏ်းက မင်းတို့နဲ့ အလိုက်သင့်လှုပ်ရှားပေးမှာပါ"
ကောင်းကင်မြင့်တောင်ထိပ်သခင်၏ စကားလုံးများကဟာသလုပ်နေခြင်းမဟုတ်ပေ။
ငန်းဆိပ်ကမ်းဂိုဏ်းက တပည့်တစ်ယောက်အတွက် ဒီလိုလုပ်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
အကယ်၍ စစ်ဖြစ်ခဲ့မည်ဆိုပါက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက အနိုင်ရမည်ဆိုလျှင်ပင် သူတို့အလွန်အမင်းကြီးမားပြီး ၀မ်းနည်းစရာကောင်းသည့်တန်ဖိုးတခုကိုလည်း ပေးဆပ်ရပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ငန်းဆိပ်ကမ်းဂိုဏ်းက ရှေးကတည်းကလက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်ပြီး အခြေခံအုတ်မြစ်က ရှိနေသေးသည်။
ဒါကိုတွေးမိသောအခါ ဂေါင်ရွီ၏မျက်နှာက ပို၍ပင်မည်းမှောင်သွား၏။ ထို့နောက် သူခေါင်းညိတ်သည်။
"ငါဂိုဏ်းချုပ်ကိုတင်ပြလိုက်ပါမယ်"
သူစကားပြောပြီးသည်နှင့်တပြိုင်နက် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက လူများနှင့်အတူ ထွက်သွားလေတော့သည်။
သူမထွက်သွားသေးခင် ယဲ့ချိုးပိုင်အား သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် တချက်စူးစိုက်ကြည့်သွားသေးသည်။
ကောင်းကင်မြင့်တောင်ထိပ်သခင်က ထွက်ခွာသွားသည့်နောက်ကျောများဘက်သို့ကြည့်ကာ အော်ဟစ်သည်။
"လောင်းကြေးကို လက်လွှဲပေးဖို့ မမေ့နဲ့နော်"
ထို့နောက် သူက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ငန်းဆိပ်ကမ်းဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
သာမန်မူလတောင်က အဖြစ်အပျက်က နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တခုလုံးတွင် အလျင်အမြန်ပင် ပျံ့နှံ့သွားသည်။
သူတို့က နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏ အရှုံးကြောင့် အံ့ဩသင့်နေကြစဉ် သူတို့ကို ပို၍အာရုံစိုက်စေသည့်အရာက ငန်းဆိပ်ကမ်းဂိုဏ်း၏ တပည့်သစ်ဖြစ်သည့် ယဲ့ချိုးပေတည်း။
အာရုံထွေပြားခြင်းနယ်ပယ်ခွန်အားဖြင့် သူက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ်၏ ကိုယ်ပိုင်တပည့်ဖြစ်သည့် သူတော်စင်သားတော်စုမင်ရွှယ်ကို သတ်လုနီးပါးပင် ဖြစ်သွားခဲ့သည်။
ဒါဘယ်လိုမွန်းစတားမျိုးလဲ!
ဆွေးနွေးမှု၏အဓိကအကြောင်းအရာဖြစ်သည့် ယဲ့ချိုးပိုင်ကမူ ငန်းဆိပ်ကမ်းဂိုဏ်းသို့ ပြန်လာပြီးနောက် ဂိုဏ်းချုပ်၏ ချက်ချင်းခေါ်ဆောင်ခြင်းကိုခံလိုက်ရသည်။
တဖက်တွင် ဒါက ငန်းဆိပ်ကမ်းဂိုဏ်းအတွက် သာမန်မူလတောင်အရင်းအမြစ်များ၏ ၆၀ရာခိုင်နှုန်းကိုရမည့် လောင်းကြေးအတွင် အနိုင်ဖြစ်သည်။
ငန်းဆိပ်ကမ်းဂိုဏ်းက ယဲ့ချိုးပိုင်က သုံးလတိတိ သာမန်မူလလျှို့ဝှက်နယ်မြေတွင် ၀င်ရောက်ကာကျင့်ကြံခွင့်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
တခြားတဘက်တွင် သူက ယဲ့ချိုးပိုင်ကို ငန်းဆိပ်ကမ်းဂိုဏ်းကနေ လွယ်လွယ်နှင့် မထွက်ရန်အတွက် သတိပေးသည်။
ဒီဖြစ်ရပ်နောက်တွင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏ ယဲ့ချိုးပိုင်အပေါ် သတ်ဖြတ်လိုသည့်ဆန္ဒက မကြုံစဖူးမြှင့်တက်သွားခဲ့လေရာ သူတို့က သူ့ကိုသတ်ရန်အတွက် နည်းလမ်းတခုကို သေချာပေါက် တွေးတောနေကြပေလိမ့်မည်။
တချိန်တည်းမှာပင် အကြီးအကဲများကို ပတ်၀န်းကျင်အားစုံစမ်းရန်အတွက် ငန်းဆိပ်ကမ်းဂိုဏ်းအပြင်သို့ ပို့ထားကြသည်။
ကောင်းကင်မုန်းတီးတောင်ထိပ်သို့ ပြန်လာသောအခါ ကျဲလောင်က ဗူးသီးခြောက်ကနေ သေရည်သောက်နေဆဲပင်။
ယဲ့ချိုးပိုင်ပြန်လာတာကိုမြင်သောအခါ ကျဲလောင်ပြောသည်။
"ကောင်စုတ်လေး၊ ဒီတခါတော့မင်းကောင်းကောင်းလုပ်ခဲ့တယ်၊ ဒါပေမယ့် နောက်တကြိမ် မင်းယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်ကို အလွယ်တကူ မသုံးလို့မရဘူးလား"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ကောင်းကင်မြင့်တောင်ထိပ်သခင်ကိုယ်တိုင် ဘေးမှာစောင့်ကြပ်နေတာပဲလေ"
ကျဲလောင်မျက်လုံးလိမ့်လိုက်မိသည်။
"မင်းသာမန်မူလလျှို့ဝှက်နယ်မြေအကြောင်းကို သိလား"
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
သူလည်းဒါကိုမေးရန်ပြင်နေခြင်းပင်။
နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်က ဂိုဏ်းတိုင်းက ဒီသာမန်မူလလျှို့ဝှက်နယ်မြေကို အလွန်အမင်းအရေးပါသည်ဟု မှတ်ယူထားကြသည်။
ကျဲလောင်ရှင်းပြသည်။
"သာမန်မူလတောင်ကအရင်းအမြစ်တွေက သာမန်မူလလျှို့ဝှက်နယ်မြေကို ထိန်းသိမ်းထားဖို့အတွက် ဂိုဏ်းအသီးသီးကသုံးခဲ့တဲ့ ပစ္စည်းတွေပဲ"
"သာမန်မူလလျှို့ဝှက်နယ်မြေကိုတော့ နေရာစုံမှာဖြန့်ဝေထားတယ်၊ ငန်းဆိပ်ကမ်းဂိုဏ်းနဲ့ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းအပါအ၀င် ပထမတန်းစားဂိုဏ်းတွေက သာမန်မူလလျှို့ဝှက်နယ်မြေတွေရှိတဲ့နေရာမှာ သူတို့ဂိုဏ်းတွေကို ထူထောင်ကြတယ်"
"အဲဒီထဲမှာ ဝိဉာဉ်ချီက အတော်လေးထူထဲတယ်၊ အထဲက ဆန္ဒနယ်ပယ်ကို ကျင့်ကြံတာကလည်း အားထုတ်မှုတ၀က်လောက်နဲ့ နှစ်ဆသက်ရောက်မှုရှိတယ်၊ ဒါပေမယ့် လောလောဆယ်ဒီအကြောင်းကို မပြောကြရအောင်"
ထိုနေရာတွင် ကျဲလောင်ထရပ်စဉ် သူ့မျက်လုံးများ၌ နတ်အလင်းတခုကို ပြသကာ လေးနက်စွာပြောသည်။
"အရေးအကြီးဆုံးက သာမန်မူလလျှို့ဝှက်နယ်မြေမှာ စွမ်းရည်ကျင့်စဉ်တခုရှိတယ်၊ အဲဒီစွမ်းရည်ကျင့်စဉ်မှာ အဆင့်မရှိဘူး"
"ဒါပေမယ့် ဒါကမင်းသုံးတဲ့စွမ်းရည်ကို အဆင့်တခုအထိ အားသုံးမြှင့်တင်ပေးနိုင်တယ်၊ အဲဒါကို သာမန်မူလအထွတ်အမြတ်ကျင့်စဉ်လို့ခေါ်ကြတယ်"
ယဲ့ချိုးပိုင်အနည်းငယ်ဆွံအသွား၏။
အဆင့်တခုကို အတင်းမြှင့်တင်နိုင်တာလား!
ပြီးတော့ ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ရဲ့ ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်အဖြစ် သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကိုသုံးမယ်ဆိုရင် ဒါက ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ကိုတောင် ကျော်လွန်သွားမှာ မဟုတ်ဘူးလား!
အဲဒီအချိန်ကျရင် သူ့ရဲ့စွမ်းအားက ပိုပြီးကြောက်မက်ဖွယ်ကောင်းလာလိမ့်မယ်!
ကျဲလောင်က ယဲ့ချိုးပိုင်ကိုကြည့်ကာ လေးနက်စွာပြောသည်။
"ဒါကြောင့် မင်းတာ၀န်က သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို နားလည်သဘောပေါက်အောင်လုပ်ဖို့ပဲ"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
အကယ်၍ဒါကကျဲလောင်ပြောသည့်အတိုင်းသာတကယ်ဆိုပါက သူဒီသာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို ရယူရန် ယဲ့ချိုးပိုင်ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ၊ အရင်နားလိုက်ပါဦး" ကျဲလောင်ကကျောက်တုံးပေါ်ပြန်လှဲလိုက်၏။
"သုံးရက်အကြာမှာ ငါမင်းကို သာမန်မူလလျှို့ဝှက်နယ်မြေကို ၀င်ဖို့အတွက် စီစဉ်ပေးမယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်ပြီးနောက် ဂူရှိရာသို့လျှောက်သွားသည်။
သို့စေကာမူ သူဂူရှိရာသို့ရောက်သွားသောအခါ တခဏမျှတုံ့ဆိုင်းနေပြီး အော်ဟစ်လိုက်လေသည်။
"အထဲမှာတယောက်ယောက်ရှိလား"
မည်သူမှရှိမနေတာကိုအတည်ပြုပြီးနောက် ယဲ့ချိုးပိုင်အထဲသို့၀င်လာခဲ့သည်။
သုံးရက်ကမျက်စိတမှိတ်အတွင်း ကုန်ဆုံးသွား၏။
သာမန်မူလလျှို့ဝှက်နယ်မြေက ငန်းဆိပ်ကမ်းဂိုဏ်းတောင်ထိပ်တွင်တည်ရှိသည်။
ကျဲလောင် ယဲ့ချိုးပိုင်ကို၀င်ပေါက်ရှိရာသို့ခေါ်လာပြီးနောက် ထပ်မံညွှန်ကြားသည်။
"သာမန်မူလအထွတ်အမြတ်ကျင့်စဉ်က နေရာတိုင်းမှာရှိတယ်၊ ဒီသုံးလအတွင်းမှာ သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ရဲ့ တည်ရှိမှုကို အာရုံခံနိုင်တာက အကောင်းဆုံးပဲ၊ နားလည်ပြီလား"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
ကောင်းကင်မြင့်တောင်ထိပ်သခင်က မျက်လုံးလိမ့်လိုက်မိသည်။
"အကြီးအကဲကျဲ၊ ၀င့်ကြွားနေတာရပ်ပါဦး၊ ယဲ့ချိုးကဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ၊ သူက သုံးလအတွင်းမှာ သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို အာရုံခံနိုင်မှာတဲ့လား၊ ဒါကမဖြစ်နိုင်ဘူး"
ကျိလျန်ကလည်းခေါင်းညိတ်သည်။
ကျိလျန်နှင့်မုဇီရှင်းတို့ကလည်း တစ်လကြာကျင့်ကြံရန်အတွက်အချိန်ရခဲ့သည်။
ဒီသာမန်မူလအထွတ်အမြတ်ကျင့်စဉ်က နေရာတိုင်းတွင်ရှာတွေ့နိုင်သည့်အရာတခုတော့မဟုတ်ပါ။
နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တခုလုံးတွင် ယန်ဝေရှန်းနှင့် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ်တို့ကသာ ဒါကိုပိုင်ဆိုင်ထားကြသည်။
အကြီးအကဲကျဲက ကောင်းကင်မြင့်တောင်ထိပ်သခင်ကို စိုက်ကြည့်နေသည်။
"မင်းမှာဘာပန်းတိုင်ရည်မှန်းချက်မှရှိမနေတော့ မြေအင်မော်တယ်နယ်ပယ်ကို မချိုးဖျက်နိုင်တာ အံ့ဩသင့်စရာမရှိတော့ပါဘူး"
ထို့နောက် သူက ဒေါသထွက်နေသည့် ကောင်းကင်မြင့်တောင်ထိပ်သခင်ကို ထားခဲ့ပြီး ဘူးသီးခြောက်နှင့်အတူ ထွက်သွားလေတော့သည်။
ယဲ့ချိုးပိုင်၊ မုဇီရှင်းနှင့် ကျိလျန်တို့က သာမန်မူလလျှို့ဝှက်နယ်မြေထဲသို့ ၀င်လိုက်ကြသည်။
အပိုင်း(514) coming။