#ရှောင်ဟိုင်ရောက်လာခြင်း#
Vol. 36 Ch. 514
သာမန်မူလအထွတ်အမြတ်ကျင့်စဉ်၏ တည်ရှိမှုက ထိပ်တန်းအင်အားစုများနှင့် ထိပ်သီးဂိုဏ်းအားလုံးလိုက်ရှာနေကြသည့် အရာတခုဖြစ်သည်။
ငန်းဆိပ်ကမ်းဂိုဏ်းချုပ်နှင့် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ်တို့က နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၌ ပထမတန်းစားဂိုဏ်းအများစုကို ဖိနှိပ်ကာ ထိပ်တန်းဂိုဏ်းများ ဖြစ်လာရသည့်အကြောင်းရင်းက သာမန်မူလအထွတ်အမြတ်ကျင့်စဉ်၏ တည်ရှိမှုကြောင့်ပေတည်း။
ဝိဉာဉ်ပညာရပ်၏အဆင့်ကပို၍မြင့်မားလေလေ၊ သာမန်မူလအထွတ်အမြတ်ကျင့်စဉ်၏ သက်ရောက်မှုကပို၍ကြီးမားလေလေဖြစ်သည်။
ယခုတွင်မူ နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၏ အမြင့်ဆုံးအဆင့်က ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ဖြစ်သည်။
အကယ်၍သူသာ သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို ပေါင်းစပ်လိုက်မည်ဆိုပါက ဝိဉာဉ်ပညာရပ်အဆင့်ကို ချိုးဖျက်ကာ အင်မော်တယ်ပညာရပ်အဆင့်ကိုရောက်အောင်လုပ်နိုင်မည်ဖြစ်သလို ၎င်း၏စွမ်းအားကလည်း အကြီးအမား တိုးတက်လာပေလိမ့်မည်။
ဒါက သာမန်မူလအထွတ်အမြတ်ကျင့်စဉ်၏ ကြောက်မက်ဖွယ်ရာရှုထောင့်တခုပေတည်း။
သို့သော် ဒီအတွက်ကြောင့်ပင် နားလည်ရန်ဟူသည် အလွန်အမင်းခက်ခဲစည်။
အကြီးအကဲကျဲက ယဲ့ချိုးပိုင်ကို သုံးလအတွင်း အရင်ဦးဆုံး သာမန်မူလအထွတ်အမြတ်ကျင့်စဉ်၏တည်ရှိမှုကို အာရုံခံစားခွင့်ပေးသည်။
ယဲ့ချိုးပိုင်၏ပါရမီက မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းနေပါစေ ကောင်းကင်မြင့်တောင်ထိပ်သခင်ရော ကျိလျန်ပါ ဒါကမဖြစ်နိုင်ဟုခံစားနေရသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောနှစ်ယောက်က သာမန်မူလလျှို့ဝှက်နယ်မြေသို့ ၀င်ပြီး တချိန်တည်းမှာပင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းတွင် စုမင်ရွှယ်နှင့် ဆန်းခုန်တို့က တချိန်တည်းတွင်ရောက်လာကြသည်။
စုမင်ရွှယ်၏အမူအရာကအေးစက်နေသည်။
"ငါသာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို နားလည်သွားတဲ့နေ့က ယဲ့ချိုးကို သတ်မယ့်နေပဲဖြစ်လိမ့်မယ်"
သာမန်မူလလျှို့ဝှက်နယ်မြေ၌ ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်၀င်သွားသောအခါ ခံစားရသည့်ပထမဆုံးအရာက လွှမ်းမိုးနေသည့်ဝိဉာဉ်ချီနှင့် နေရာတိုင်းတွင်ရှိသည့် ဆန္ဒနယ်ပယ်ဖြစ်သည်။
လျှို့ဝှက်တာအိုကျောင်းတော်၏ အဓိက၀င်းထဲရှိ တာအိုတောင်ကပင် ဒီဆန္ဒနယ်ပယ်၏ တစ်ထောင်ပုံတစ်ပုံခန့်ပင် မသိပ်သည်းပေ။
အရှေ့ဘက်တွင် အဆုံးမဲ့တောင်များနှင့်မြစ်များရှိသည်။
အနောက်ဘက်တွင် ဆူနာမီတခုရှိသည်။
ကျိလျန်ကဘေးကနေပြောသည်။
"သာမန်မူလအထွတ်အမြတ်ကျင့်စဉ်က နေရာတိုင်းမှာရှိတယ်၊ သူ့ရဲ့တည်ရှိမှုကို အာရုံခံနိုင်မလားဆိုတာ ကြည့်ကြတာပေါ့"
"ဒါပေမယ့်သုံးလက အရမ်းတိုတောင်းတယ်၊ သဘာ၀တရားကိုပဲ လမ်းညွှန်ခွင့်ပေးရတော့မှာပေါ့၊ ဒီသုံးလအတွင်း ငါ့ကျင့်ကြံခြင်းကို တိုးမြှင့်အောင်လုပ်တာက ပိုကောင်းတယ်"
ထို့နောက် ကျိလျန်တောင်တစ်တောင်ပေါ်သို့ဆင်းပြီး စတင်ကျင့်ကြံလေတော့သည်။
မုဇီရှင်းက ယဲ့ချိုးပိုင်ဘေးတွင်ရပ်ကာ ပြုံးပြသည်။
"နင် သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို သေချာပေါက်နားလည်သဘောပေါက်အောင် လုပ်မယ်မလား"
ယဲ့ချိုးပိုင်ပြုံးကာခေါင်းညိတ်သည်။
"နင်ဘယ်နေရာမှာမဆိုကျင့်ကြံလို့ရတယ်၊ ဒီသာမန်မူလအထွတ်အမြတ်ကျင့်စဉ်က အခုမဟုတ်သေးဘူး"
အင်မော်တယ်မျောက်ဝံတောင်တွင် လအနည်းငယ်ကြာပြီးနောက် မျောက်ဝံနတ်ဆိုးကလန်သားများက ဥက္ကာတိုင်အနားတွင်ရပ်ကာ နောက်ဆုံးကျောက်တိုင်ကို အထိတ်တလန့်ကြည့်နေကြ၏။
ရှောင်ဟိုင်(မဟူရာ)က လုံး၀ကိုယ်လုံးတီးဖြစ်သည်။ သူ့နက်မှောင်သည့်အရေပြားအောက်တွင် ကြွက်သားများက အရူးအမူး ဖောင်းပွနေကြသည်။
သွေးကြောများက သူ့ကျောက်သားလိုကြွက်သားများပေါ်သို့ တီကောင်များပမာ တွားတွားသွားလာနေကြသည်။
သို့သော် ယခုတွင် ရှောင်ဟိုင်က တောင်ငယ်လေးတစ်တောင်နှင့်တူသည့် ဧရာမကျောက်တုံးကြီးတစ်တုံးကို ကျောပေါ်၌ သယ်ထားသည်။
ကျောက်တုံးကသာမန်ကျောက်တုံးမဟုတ်ပေ။
ဥက္ကာတိုင်ပေါ်၌ ကျောက်တုံးများရှိသည်ဟုဆိုကြသည်။
ထိုအရာအားလုံးက ကြယ်အပိုင်းအစများအဖြစ် ပြောင်းလဲသွားသည့် ကြယ်အကျိုးအပျက်များဖြစ်ပြီး ကမ္ဘာကြီးအတွင်း ပြန့်ကြဲသွားသည်။
ဒီဧရာမကျောက်တုံးများက ကြယ်အပိုင်းအစများကနေတဆင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ထို့ထဲတွင် ကြယ်ဆန္ဒက ဧရာမကျောက်တုံးများကို ပို၍ပင်လေးလံသွားစေသည်။
ရှောင်ဟိုင်အံကြိတ်ထားသည်။ သူ့တကိုယ်လုံးတွင် လိုင်းငါးကြောင်းက ဖုံးလွှမ်းနေသည်။
သူက ထာ၀နတ်ဆိုးကိုယ်ထည်၏ ပဉ္စမအဆင့်ကိုလည်း အောင်မြင်စွာကျင့်ကြံပြီးဖြစ်သည်။
သူ့ရုပ်ခွန်အားက ထိုးတက်သွားခဲ့သည်။ ရှောင်ဟိုင်က သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကိုပင် တိုက်ခိုက်နိုင်နေလေပြီ။
ယွမ်ချောင်သက်ပြင်းချသည်။
"ဒီသုံးလအတွင်း သူကမိုးကျရေတံခွန်ကို ဖြတ်ကျော်ခဲ့တယ်၊ အခု ဥက္ကာတိုင်ကလည်း နောက်ဆုံးအဆင့်ကိုရောက်နေပြီ၊ ဒီလိုရုပ်ပိုင်းဆိုင်ရာပါရမီမျိုးက ကမ္ဘာကြီးထဲမှာ တကယ်ပဲအရမ်းရှားပါးတယ်"
ယွမ်ချောင်က မျောက်ဝံနတ်ဆိုးသွေးကြော၏ ပြီးပြည့်စုံသောအမွေခံဖြစ်သည်။
သူ့စကားလုံးများက ယုံကြည်စရာအကောင်းဆုံးဖြစ်သည်။
ယွမ်ဟန်နှင့်ကျန်သောသူများက ခေါင်းညိတ်သည်။
ကျေးရွာခေါင်းဆောင်ကသာပြုံးနေပြီး လုံး၀အံ့ဩသင့်နေခြင်းမရှိချေ။
သူ့အမြင်အရ အကယ်၍ ရှောင်ဟိုင်ကသာ ဒီစမ်းသပ်မှုနှစ်ခုကို အချိန်တိုအတွင်း မအောင်မြင်ပါက ပုံမှန်မဟုတ်တော့ပါ။
ထိုအချိန်တွင် ရှောင်ဟိုင်(မဟူရာ)က ဥက္ကာတိုင်ကနေ ဒေါသတကြီးအော်သံတစ်သံကို ထုတ်လွှတ်သည်။
သူ့ကိုယ်ထဲကကြွက်သားအားလုံးက အပြင်းအထန်ပွင့်ထွက်သွားကြ၏။
ထို့နောက် လက်အစုံကိုကျောတွင်ချထားစဉ် လိုင်းငါးကြောင်းက လင်း၀င်းသွား၏။
ထို့နောက် ရှောင်ဟိုင်အနည်းငယ်ဒူးကွေးကာ သံတိုင်တစ်တိုင်ပမာ ဖြောင့်တန်းလိုက်သည်။ ဘန်းခနဲဟူသော အသံနှင့်အတူ ကျောက်တိုင်ပေါ်တက်ပြီး နောက်ဆုံးကျောက်တိုင်ဆီသို့ အမြောက်ဆန်တခုပမာ ပြေးလွှားသွားလေတော့သည်။
လူတိုင်း၏အံ့ဩသင့်နေသည့်အကြည့်အောက်တွင် သူကဧရာမကျောက်တုံးကို ကျောတွင်တင်ကာ ဥက္ကာတိုင်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
ယွမ်ချောင်ပြုံးလိုက်သည်။
"ဒီကောင်စုတ်လေးရဲ့အနာဂတ်အောင်မြင်မှုက တကယ်ကိုအကန့်အသတ်မဲ့ပဲ"
ထိုအချိန်တွင် ကျေးရွာခေါင်းဆောင်ကလည်းပြုံးပြသည်။
"အခုသူ့ကိုမင်းတို့ပြောဆိုပုံပြောင်းလဲဖို့ အချိန်ကျပြီ"
ယွမ်ချောင်နှင့် ကျန်သောသူများက ကြက်သေသေသွားကြပြီး ကျေးရွာခေါင်းဆောင်အားကြည့်လိုက်ကြသည်။
ကျေးရွာခေါင်းဆောင်က ရှောင်ဟိုင်ကို ခေါ်လိုက်သည်။
"မင်းတို့သူဘယ်သူလဲဆိုတာသိပြီးရင် အရာရာတိုင်းက ပုံမှန်ပဲလို့ထင်မိကြမှာပါ"
ကျေးရွာခေါင်းဆောင်စကားပြောပြီးနောက် သူ့အမူအရာကလေးနက်သွားပြီး ရှောင်ဟိုင်ရှေ့တွင် ဖြည်းဖြည်းချင်း ဒူးထောက်လိုက်သည်။
"မျောက်ဝံနတ်ဆိုးကလန်ခေါင်းဆောင် ယွန်ရှောင်က နတ်ဆိုးအရှင်ကို အရိုအသေပေးပါတယ်"
လူတိုင်းတုန်လှုပ်ချောက်ချားသွားကြ၏။
နတ်ဆိုးအရှင်!
ဒီစကားလုံးက မျောက်ဝံနတ်ဆိုးမျိုးနွယ်နှင့် အလွန်အမင်းရင်းနှီးနေသည်။
အဘယ်ကြောင့်ဆိုသော် မျောက်ဝံနတ်ဆိုးမျိုးနွယ်က နတ်ဆိုးအရှင်လက်အောက်က ရှေးပြေးတပ်များအနက် တစ်ခုဖြစ်သောကြောင့်ပင်။
မျိုးဆက်များစွာကြာ သူတို့ကသစ္စာရှိပြီး အစွမ်းကုန်မြှပ်နှံထားကြသည်။
ယွမ်ချောင်ကလည်း ဉာဏ်အလင်းပွင့်သွားပုံရသည်။
သူ့မှာဒီလိုအရည်အချင်းရှိတာ အံ့ဩသင့်စရာမဟုတ်တော့ပါဘူးလေ!
ထို့နောက် လေးနက်သည့်အမူအရာဖြင့် သူရှောင်ဟိုင်ရှေ့တွင် ဖြည်းညင်းစွာဒူးထောက်သည်။
"မျောက်ဝံနတ်ဆိုးကလန်က ယွမ်ချောင်က နတ်ဆိုးအရှင်ကိုအရိုအသေပေးပါတယ်"
တစ်ယောက်ယောက်စတင်လိုက်သည်နှင့် တခြားသူများကလည်းလိုက်ပါလုပ်ဆောင်ကြသည်။
ကျေးရွာခေါင်းဆောင်နှင့် ယွမ်ချောင်တို့က ရှောင်ဟိုင်ရှေ့တွင်ဒူးထောက်ပြီးနောက် ကျန်သောမျောက်ဝံနတ်ဆိုးများကလည်း ဒူးထောက်လိုက်ကြသည်။
ကျေးရွာခေါင်းဆောင်ကလေးနက်စွာပြောသည်။
"မျောက်ဝံနတ်ဆိုးတွေက နတ်ဆိုးအရှင်ကို ဘယ်တော့မှသစ္စာမဖောက်ဘူး၊ အနာဂတ်မှာလည်း သူတို့က နတ်ဆိုးအရှင်ရဲ့ အကူအညီဖြစ်လာဦးမှာပါ"
ရှောင်ဟိုင် ကျေးရွာခေါင်းဆောင်ကို ထရပ်ရန် ဆွဲထူသည်။
"ကျုပ်ရဲ့မှတ်ဉာဏ်နဲ့ခွန်အားက အပြည့်အ၀မကောင်းလာသေးဘူး၊ ဒီတော့ အရင်ကအတိုင်းပဲပြုမူမယ်၊ ကျုပ်ရုတ်တရက် ဒါနဲ့ကျင့်သားမရသေးဘူး"
ကျေးရွာခေါင်းဆောင်က ခေါင်းညိတ်ကာ အပြုံးဖြင့်ထရပ်သည်။
"မင်းမှတ်ဉာဏ်အပိုင်းအစတွေအကြောင်း မေးချင်နေတာမလား၊ အဲဒါတွေက ဘယ်မှာလဲဆိုတာ ငါမသိပေမယ့် အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ နတ်ဆိုးတွေအတွက် အမွေဆက်ခံနိုင်တဲ့နေရာတခုရှိတယ်"
ရှောင်ဟိုင်မေးသည်။
"ဘယ်မှာလဲ"
ကျေးရွာခေါင်းဆောင်ပြောသည်။
"နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၊ သာမန်မူလလျှို့ဝှက်နယ်မြေ"
"ယွမ်ချောင်ကိုမင်းနောက်က လိုက်ခွင့်ပေးလိုက်ပါ၊ ဒီလိုဆိုမင်းလမ်းကြောင်းကို သိလာလိမ့်မယ်"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ကျေးဇူးပါခေါင်းဆောင်"
တခဏကြာအနားယူပြီးနောက် ရှောင်ဟိုင် ခေါင်းဆောင်ကိုနှုတ်ဆက်ပြီး ယွမ်ချောင်နှင့်အတူ နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်ကို ဦးတည်လိုက်လေတော့သည်။
ထိုအချိန်တွင် သာမန်မူလလျှို့ဝှက်နယ်မြေ၌ တစ်လကုန်ဆုံးသွားပြီဖြစ်သည်။ ကျိလျန်နှင့်မုဇီရှင်းတို့က သူတို့၏ကျင့်ကြံခြင်းများကို တစ်ဦးပြီးတစ်ဦး အဆုံးသတ်လိုက်ကြသည်။
ဒီလအတွင်း ကျိလျန်၏ကျင့်ကြံခြင်းက သွေးပြောင်းလဲခြင်းနယ်ပယ်နှင့် ပို၍ပင် နီးကပ်လာခဲ့သည်။
တခြားတဘက်တွက် မုဇီရှင်းက သွေးပြောင်းလဲခြင်းနယ်ပယ်တ၀က်အဆင့်ကိုရောက်သွားခဲ့သည်။
ထိုအချိန်တွင် ကျိလျန် ယဲ့ချိုးပိုင်ထံ အကြည့်ပို့လွှတ်လိုက်သည်။
သူ့ကိုယ်ခန္ဓာက ဝိဉာဉ်ချီဖြင့်၀န်းရံနေသော်လည်း သူ့ခွန်အားကမူ လုံး၀မတိုးတက်လာခဲ့ပေ။
ကျိလျန်အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့ချိုးပိုင်၏ပါရမီအရ တလအတွင်း သူတိုးတက်မှုမရှိတာ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
သူက သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကိုနားလည်အောင်လုပ်နေမှသာလျှင် ထိုသို့ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုပါက နံရံကို မထမချင်း သူနောက်လှည့်မည်မဟုတ်ပေ။
ကျိလျန်ခေါင်းခါယမ်းမိသည်။ ဒီသုံးလတာကာလက အလဟာဿဖြစ်သွားပေလောက်သည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်တွင် မေးခွန်းတခုရှိနေသည်။
အဲဒါကိုသုံးလအတွင်းနားလည်အောင်လုပ်ဖို့ဆိုတာက မဖြစ်နိုင်ဘူးလို့ သူတို့ပြောခဲ့တာမလား!
ဒါပေမယ့် ငါ့အသိစိတ်ပင်လယ်ထဲက အဲဒီရှေးဟောင်းအက္ခရာကဘာလဲ!
သူ့မသိတ်က ဒါက သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ဖြစ်သည်ဟု ယဲ့ချိုးပိုင်ကိုပြောပြနေသည်။
ထို့ကြောင့် ဒါကိုစမ်းသပ်ရန်အတွက် ယဲ့ချိုးပိုင် ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်ကို အသုံးပြုလိုက်သည်။
၎င်း၏စွမ်းအားက အမှန်တကယ်ပင် အဆင့်များစွာပိုမြင့်မားသည်။
သို့စေကာမူ ဝိဉာဉ်ချီသုံးစွဲမှုကလည်း ပို၍ပင်တိုးလာခဲ့သည်။
သူဖမ်းဆုပ်မိပြီဖြစ်လေရာ ယဲ့ချိုးပိုင်တခြားဘာကိုမှမတွေးတော့ဘဲ ကျန်သောအချိန်များကိုကျင့်ကြံရန်အတွက် အသုံးပြုလိုက်သည်။
တခဏအကြာတွင် သူ့နယ်ပယ်က ထိုးတက်သွားခဲ့သည်။
အပိုင်း(515) coming။