← Chapters

#လုမိသားစုကို တယောက်တည်းဖျက်ဆီးခြင်း#

Vol. 36 Ch. 515

#လုမိသားစုကို တယောက်တည်းဖျက်ဆီးခြင်း#

Vol. 36 Ch. 515

ရှောင်ဟိုင်နှင့် ယွမ်ချောင်တို့ နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်သို့ ရောက်လာသောအခါ ငန်းဆိပ်ကမ်းဂိုဏ်းနှင့် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းတို့အကြားက ကိစ္စအကြောင်း သတင်းတစကို ကြားမိသွားသည်။

ယဲ့ချိုးက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏ သူတော်စင်သားတော်စုမင်ရွှယ်၏ အမျိုးသမီးမုပိုင်ကို ပြန်ပေးဆွဲခဲ့သည့်သတင်းကလည်း ထွက်လာခဲ့သည်။

ယဲ့ချိုး!

မုပိုင်!

ဒါကတိုက်ဆိုင်မှုတခုတော့မဖြစ်နိုင်ဘူးမလား!

ရှောင်ဟိုင်၏အမူအရာကထူးဆန်းသွားသည်။ သူကသေရည်ဆိုင်ကလူကို ဆွဲထုတ်ပြီးမေးသည်။

"ယဲ့ချိုးနဲ့ မုပိုင်မှာ ဘယ်လိုအသွင်အပြင်လက္ခဏာတွေရှိလဲ"

ထိုလူက ရှောင်ဟိုင်ကိုစိုက်ကြည့်ကာ စိတ်ရှုပ်ထွေးနေသည့်အသွင်မေးသည်။

"မင်းဒါကိုတောင်မသိဘူးလား၊ ဒါကအကုန်လုံးသိပြီးသားလေ"

ရှောင်ဟိုင် ဇာတ်လမ်းတခုဖန်တီးလိုက်၏။

"ကျုပ်မထွက်လာခင်က အချိန်အတော်ကြာ သီးသန့်ကျင့်ကြံနေခဲ့လို့ပါ"

ထိုစကားကိုကြားသောအခါ ထိုလူကခေါင်းညိတ်သည်။

"ယဲ့ချိုးကဓားသမားတစ်ယောက်ဖြစ်ပြီး မုပိုင်က အလှပဂေးတယောက်ပဲ၊ သူတို့နှစ်ယောက်က တာအိုလက်တွဲဖော်ဖြစ်ပုံရတယ်...."

ထိုစကားကိုကြားသောအခါ လူတိုင်းက အကူအညီမဲ့သွားကြပုံရသည်။

ယဲ့ချိုးက သူ့စီနီယာအစ်ကိုကြီးဖြစ်ပြီး မုပိုင်က သူ့မရီးဖြစ်တာကို ရှောင်ဟိုင် အတည်ပြုလိုက်နိုင်သည်။

သို့စေကာမူ ရှောင်ဟိုင်၏အမူအရာက ထပ်မံမည်းမှောင်သွားပြန်သည်။

"ဒီလိုဆိုရင် မူပိုင်ကိုဘာလို့ဖမ်းတာလဲ"

"လုမိသားစုကသူ့ကိုတွေ့ခဲ့ပြီး နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို လက်လွှဲပေးဖို့အတွက် ဆက်ကြေးတခုအဖြစ် အသုံးပြုခဲ့တယ်လို့ ငါကြားခဲ့တယ်"

ထိုစကားကိုကြားသောအခါ ရှောင်ဟိုင်၏မျက်နှာက မှောင်မည်းသွားပြီး သတ်ဖြတ်လိုသည့်ဆန္ဒက သူ့ကိုယ်ထဲကနေ ထိုးထွက်လာသည်။

စားသောက်ဆိုင်ထဲတွင် စားပွဲနှင့်ထိုင်ခုံများက ချက်ချင်းဆိုသလိုဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။

ပတ်၀န်းကျင်ကလူများနှင့် ရှောင်ဟိုင်ကို ရှင်းပြနေသည့်လူက အကြောက်တရားဖြင့် ပြည့်နှက်သွားကြ၏။

"စီနီယာ.....စီနီယာ...."

ရှောင်ဟိုင်မေးသည်။

"လုမိသားစုကဘယ်မှာလဲ"

"နယ်နိမိတ်မဲ့သမုဒ္ဒရာမြို့မှာပါ...."

လိုချင်သည့်သတင်းအချက်အလက်ကို ရပြီးနောက် ရှောင်ဟိုင်မူလသလင်း‌အိတ်တစ်အိတ်ကိုပစ်တင်ကာ ယွမ်ချောင်နှင့်အတူ ပျောက်ကွယ်သွားလေတော့သည်။

"ယွမ်ချောင်၊ ကျုပ်ကို နယ်နိမိတ်မဲ့သမုဒ္ဒရာမြို့ကိုခေါ်သွားပေးပါ"

စီနီယာအစ်ကိုကြီးက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်နေလေရာ လုမိသားစုက ကိစ္စရပ်တွေကို ဂရုစိုက်စောင့်ရှောက်ရန်အတွက် အချိန်မရှိလောက်ပေ။

ဒီလိုဆိုမှတော့ ငါတာ၀န်ယူရ‌မှာပေါ့!

ထိုအချိန်တွင် နယ်နိမိတ်မဲ့သမုဒ္ဒရာမြို့က လုမိသားစုတွင် လုမိသားစုခေါင်းဆောင်က မည်းမှောင်သည့်အမူအရာဖြင့်ပြောသည်။

"တခြားနည်းလမ်းမရှိတော့ဘူး၊ ချင်းအာကို ပြင်ဆင်ထားဖို့ပြောလိုက်၊ မဟုတ်ရင် ငါတို့လုမိသားစုက အဆုံးသတ်သွားလိမ့်မယ်..."

မုဇီရှင်းကလုယက်ခံရပြီး လုမိသားစု၏ ဆက်ကြေးက ပျောက်ဆုံးသွားရသည်။ အကယ်၍သူတို့သာ အချိန်မီမဖြေရှင်းပါကနယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက လူများကို စေလွှတ်ပေလိမ့်မည်။

ထိုအချိန်တွင် လုမိသားစုခေါင်းဆောင်က ရုတ်တရက်မော့ကြည့်လိုက်ပြီး သူ့အမူအရာကအနည်းငယ်ပြောင်းလဲသွား၏။

"ဘယ်တာအိုပညာရှင်ကများ ကျုပ်ရဲ့လုမိသားစုကိုလာလည်တာလဲ၊ ဘာလို့အောက်ဆင်းပြီးစကားလာမပြောရတာလဲ"

ကောင်းကင်ထဲတွင် သတ်ဖြတ်ခြင်းဆန္ဒနှင့်အတူ အားကောင်းသည့်အော်ရာနှစ်ခုရှိသည်။

လုကလန်ခေါင်းဆောင်ရှေ့က အကြီးအကဲများမှာ ရုတ်တရက်ထရပ်ကာ ကောင်းကင်အား လေးနက်သည့်အမူအရာများဖြင့် မော့ကြည့်လိုက်ကြ၏။

ချက်ချင်းဆိုသလို ပုံရိပ်နှစ်ခုက လုကလန်၀င်းထဲတွင် ဆင်းသက်လာကြသည်။

သတ်ဖြတ်ခြင်းဆန္ဒဖြင့်ပြည့်နှက်နေသည့် ပုံရိပ်ကိုကြည့်ရင်း လုမိသားစုခေါင်းဆောင်၏ အမူအဂာက လေးနက်သွား၏။

ဒီလူက ရည်ရွယ်ချက်ကောင်းနှင့်လာတာမဟုတ်တာကို သူကြောက်နေမိသည်။

ထိုအချိန်တွင် ရှောင်ဟိုင်ပြောသည်။

"ယွမ်ချောင်၊ ခင်ဗျားဘာမှလုပ်စရာမလိုဘူး"

ယွမ်ချောင်ခေါင်းညိတ်ကာ အပြုံးဖြင့် ဘေးသို့ဆုတ်သွားသည်။

ရှောင်ဟိုင်၏စကားလုံးများကိုကြားသောအခါ လုမိသားစုခေါင်းဆောင်၏ အမူအရာက မည်းမှောင်သွား၏။

"တာအိုမိတ်ဆွေလေး၊ ငါတို့လုကလန်က မင်းနဲ့အာဃာတရှိလို့လား၊ ဘာလို့ထိုင်ပြီး စကားမပြောရတာလဲ"

ထိုင်ပြီးစကားပြောရမှာလား!

သို့စေကာမူ ရှောင်ဟိုင်ကမည်သည့်စကားမှမဆိုပေ။ သူ့အကြည့်က လုမိသားစု၀င်များအား အထင်သေးရွံရှာနေသည့်အကြည့်မျိုးဖြင့် ဖြတ်သန်းသွား၏။

သူကဘယ်တော့မှပေါက်ကရမပြောတတ်ပေ။

သူ့မျက်လုံးထဲတွင် မိတ်ဆွေများ၊ ဆွေမျိုးများ သို့မဟုတ်ရန်သူများဖြစ်ပါစေ မိတ်ဆွေများက အချင်းချင်းခင်မင်ကြသည်။ ရန်သူ၏လက်သီးနှင့်ခြေအစုံက တွေ့ဆုံသွားသောအခါ သူတို့က သေဆုံးခြင်းဖြင့်သာ အနားရကြမည်။

ချက်ချင်းဆိုသလို ရှောင်ဟိုင်၏ကိုယ်၌ လိုင်းငါးကြောင်းကဖုံးလွှမ်းသွားပြီး အစွမ်းထက်အော်ရာတခုကထိုးတက်လာသည်။

ရှောင်ဟိုင်ကတချက်ဟိန်းရင်း အနီးဆုံး တာအိုနယ်ပယ်အကြီးအကဲဆီသို့ ပြေး၀င်သွား၏။

အကြီးအကဲ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားသည်။ လျင်မြန်စွာပင် သူကလက်အစုံကိုမြှောက်လိုက်စဉ် ဝိဉာဉ်ချီအကာအရံတခုက သူ့ကိုကာကွယ်ပေးထားသည်။

ထိုအချိန်တွင် ရှောင်ဟိုင်၏လက်သီးက ဘန်းခနဲမြည်သံနှင့်အတူ ဝိဉာဉ်ချီအကာအရံအား တိုက်မိသည်။

ချက်ချင်းဆိုသလို သူ့၏အစွမ်းထက်ရုပ်ပိုင်းဆိုင်ရာခွန်အားက ဝိဉာဉ်ချီအကာအရံပေါ်၌ ပင့်ကူအိမ်များပမာ အက်ကြောင်များကို ပေါ်လာစေသည်။

အကြီးအကဲကတုန်လှုပ်ချောက်ချားသွား၏။

သူ့ကို နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တွင် ကျွမ်းကျင်သူတစ်ယောက်ဟု ယူဆ၍မရသော်လည်း သူက တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေပါသေးသည်။

သူ့စွမ်းအားအလုံးစုံဖြင့်တည်ဆောက်ခဲ့သည့် အကာအရံက ရှေ့က နက်မှောင်သည့်အသားအရေနှင့်လူ၏ လက်သီးချက်အောက်တွင် ပြိုကျသွားပြီး တုံ့ပြန်ရန်အတွက်ပင် အချိန်ရှိမနေခဲ့ပေ။

ရှောင်ဟိုင်၏အေးစက်သည့်မျက်နှာနှင့်အတူ အထင်အမြင်သေးသည့်မျက်လုံးများကပိတ်သွားခဲ့သည်။

သူနောက်တစ်ချက်ထိုးနှက်လိုက်လေရာ အကြီးအကဲ၏ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။

ချက်ချင်းဆိုသလို အကြီးအကဲ၏ရင်ဘတ်က မြင်သာစွာပင် ကျိုးပဲ့သွားပြီး နံရိုးကျိုးသံများကိုပင်ကြားနေရသည်။

သူက‌ပါးစပ်အပြည့်သွေးတစ်လုပ်အန်ကာ နောက်သို့လွင့်စင်သွားလေတော့သည်။

ထို့နောက်အိမ်တစ်အိမ်အားတိုက်မိလေရာ အပိုင်းပိုင်းအစစဖြစ်သွားပြီး ဖုန်များကို နေရာအနှံ့ပျံဝဲသွားစေသည်။

ထို့ထဲတွင် ဘာအော်ရာကိုမှမခံစားရတော့ပါ။

ကျန်သောအကြီးအကဲများက ဒီမြင်ကွင်းကို အထိတ်တလန့်ကြည့်နေကြသည်။

သူက အကြီးအကဲတယောက်ကို လက်သီးတချက်တည်းနဲ့ထိုးသတ်ပစ်တာလား!

လုမိသားစုခေါင်းဆောင်ကလည်း တုန်လှုပ်သွားပြီး ဒေါသသူပုန်ထသွားသည်။ သူကချက်ချင်းအော်ဟစ်သည်။

"အတူတကွတိုက်ခိုက်ကြ၊ အစွမ်းကုန်တိုက်ခိုက်ကြ၊ နည်းနည်းလေးမှစိတ်ဓာ‌တ်မကျကြနဲ့"

သူထိုသို့မပြောလျှင်ပင် အကြီးအကဲများက သူတို့ဘာလုပ်ရမလဲဆိုတာကိုသိကြပါသည်။

ချက်ချင်းဆိုသလို တာအိုနယ်ပယ်အော်ရာခြောက်ခုက ထိုးတက်လာသည်။

လုမိသားစုအပေါ်ကောင်းကင်ယံ၌ ဝိဉာဉ်ချီက ထိုးထွက်လာသဖြင့် ပြင်ပလူများ၏ အာရုံကိုဆွဲဆောင်သွားခဲ့သည်။

လုမိသားစုဘက်မှာဘာဖြစ်သွားတာလဲ!

ရှောင်ဟိုင် တာအိုနယ်ပယ်အကြီးအကဲခြောက်ဦး သူ့ထံပြေး၀င်လာတာကို အေးစက်စွာကြည့်နေသည်။

သူ့မျက်လုံးများက ကမ္ဘာကြီးအား ငုံ့ကြည့်နေသည့်နတ်ဆိုးသခင်တစ်ပါးအလား အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

ထို့နောက် သူ့ကိုယ်ထဲကနေ အနက်ရောင်ဓာတ်ငွေ့စီးကြောင်းများထွက်လာသည်။

သူ့နောက်တွင် အနက်ရောင်ဓာတ်ငွေ့အျားက ဧရာမနတ်ဆိုးဘုရင်ပုံရိပ်ယောင်တခုအဖြစ် ကျုံ့သွားသည်။

ယွမ်ချောင်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကို လေးစားစွာဦးညွတ်သည်။

မျောက်ဝံနတ်ဆိုးကလန်အတွက် ပထမဘိုးဘေးကြီးကလွဲရင် နတ်ဆိုးသခင်က သူတို့၏ အကြွင်းမဲ့ယုံကြည်မှုဖြစ်သည်။

အကြီးအကဲခြောက်ဦးက ကြောက်မက်ဖွယ်ရာနတ်ဆိုးအော်ရာကိုခံစားမိသဖြင့် သူတို့၏မျက်နှာများက အကြောက်တရားဖြင့် ပြည့်နှက်သွားခဲ့သည်။

တခဏအကြာတွင် သူတို့၏စိတ်များက ‌တုန်ယင်သွားကြပြီး ထိန်းချုပ်နိုင်စွမ်းကို ဆုံးရှုံးလုနီးပါးပင်ဖြစ်သွားသည်။

သို့စေကာမူ ထိုအချိန်တွင် ရှောင်ဟိုင်က ရှေ့သို့ပြေးလာပြီဖြစ်သည်။ သူကလက်သီးကျစ်ကျစ်ဆုပ်ကာ ရှေ့ကအကြီးအကဲနှစ်ယောက်ကို တချိန်တည်းတွင် ထိုးနှက်ပစ်သည်။

"အား........."

အော်သံနှစ်ခုထွက်လာပြီး နောက်သို့လွင့်စင်သွားကြကာ သွေးမြူများက လေထဲတွင် ပြည့်နှက်သွားသည်။

တချိန်တည်းမှာပင် ကျန်သောအကြီးအကဲနှစ်ယောက်က ရှောင်ဟိုင်ဘေးကိုရောက်လာပြီဖြစ်သည်။

ရှောင်ဟိုင်၏အမူအရာကပြောင်းလဲသွားခြင်းမရှိပေ။ သူကလက်သီးကို လက်ဖဝါးအဖြစ်ပြောင်းကာ နှစ်ဘက်စလုံးသို့ ဖမ်းလိုက်သည်။

ဒါကိုမြင်သောအခါ အကြီးအကဲနှစ်ယောက်က နောက်ဆုတ်ချင်နေသည်။

သို့သော် ကြောက်ခမန်းလိလိနတ်ဆိုးချီက သူတို့အား လုံး၀ပိတ်ဆို့ထားပုံရပြီး ရွေ့လျားလှုပ်ရှား၍မရတော့ပါ။

နတ်ဆိုးလက်သည်းများက သူတို့အား ဖမ်းကိုင်လာတာကို သူတို့အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ရှောင်ဟိုင်သူတို့၏လည်ဆွဲကိုဖမ်းကိုင်ပြီးနောက် ဧရာမအားတခုကို သူတို့ထံတိုက်ရိုက်ပစ်လွှတ်ကာ ကျန်နေသည့် အကြီးအကဲနှစ်ဦးထံ ပို့ပေးလိုက်သည်။

ကျန်သောနှစ်ဦးမှာ တုံ့ပြန်ရန်အတွက် အချိန်မရသေးခင်မှာပင် ပစ်ချခံရသည့် အကြီးအကဲနှစ်ဦး၏ ရင်ဘတ်ပေါ်တိုက်ရိုက်ထိမှန်ခြင်းကိုခံရသည်။

တခဏအကြာတွင် လေးယောက်လုံးက တချိန်တည်းမှာပင် သေဆုံးသွားကြရသည်။

တာအိုနယ်ပယ်ကျင့်ကြံသူခြောက်ဦးက အင်အားစုပေါင်းခဲ့ကြသော်လည်း ခုခံရန်အတွက် နေရာမရှိခဲ့ပေ။

တကယ်တမ်းတွင် သူတို့၌တိုက်ခိုက်ရန်အတွက်ပင် အခွင့်အရေးမရှိခဲ့ဘဲ ရှောင်ဟိုင်၏သတ်ဖြတ်ခြင်းကိုခံရသည်။

လုမိသားစုခေါင်းဆောင်က ဒီမြင်ကွင်းကို မြင်သောအခါ အကြောက်တရားက သူ့မျက်လုံးထဲတွင်ပေါ်လာသည်။

ဒီစိတ္တဇကောင်ကဘယ်‌ကနေလာခဲ့တာလဲ!

"စီနီယာ....ကျုပ်ရဲ့လုမိသားစုကဘာအမှားလုပ်မိလို့လဲ၊ ကျုပ်တို့လျော်ကြေးပေးလို့ရပါတယ်"

"ဒါ့ပြင် ကျုပ်တို့ကို နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ထောက်ပံ့ပေးထားတယ်..."

သို့စေကာမူ လုမိသားစုခေါင်းဆောင်စကားပြောပြီးသည်နှင့်တပြိုင်နက် ရှောင်ဟိုင်နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်က လက်သီးချက်တစ်ချက်ထိုးလိုက်လေသည်။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ထောက်ပံ့ပေးထားတာလား!

အဲတော့ဘာဖြစ်လဲ!

သူ့ယောက်မကိုထိရဲသောသူတိုင်း သူ့ရန်သူဖြစ်သည်။ သူ့ရန်သူများအပေါ် ရှောင်ဟိုင် သူတို့တယောက်ချင်းစီက မသေသေးမချင်းအနားယူမည်မဟုတ်ပေ။

ဘယ်လိုပဲဖြစ်လာပါစေ သူတို့ကိုသတ်ပစ်ရမည်။

နတ်ဆိုးချီဖြင့်ဆူပွက်နေသည့်လက်သီးချက်က ဆင်းသက်လာသည်။

လုမိသားစုခေါင်းဆောင်က ရုတ်တရက်ဆိုသလို သွေးပြောင်းလဲခြင်းနယ်ပယ်တ၀က်အဆင့်အော်ရာဖြင့် ပေါက်ကွဲသွားသည်။

ကျယ်လောင်စွာတချက်အော်ရင်း သူကလက်ဖဝါးဖြင့်ပြန်လည်ရိုက်ချသည်။

ဧရာမလက်ဖဝါးချက်ကြီးက လေထဲတွင် မြှင့်တက်လာသည်။ ထို့နောက် နတ်ဆိုးချီကနေ ကျစ်လစ်ထားသည့် ဧရာမလက်သီးချက်နှင့် တိုက်မိသွားသည်။

ချက်ချင်းဆိုသလို လုကလန်ခေါင်းဆောင်၏ ‌ထိတ်လန့်နေသည့်အကြည့်အောက်တွင် လက်သီးချက်က ပျက်စီးပြိုကွဲသွားသည်။

တုံ့ဆိုင်းမနေဘဲ ရှောင်ဟိုင် လုကလန်ခေါင်းဆောင်ကို မြေပေါ်သို့ရိုက်ချပစ်သည်။

သွေးများကပက်ဖြန်းသွားပြီး မြေကြီးက အနီရောင်ဆိုးထားသည့်ပမာ နီရဲသွား၏။

အပိုင်း(516) coming။

All Chapters