← Chapters

#စိန်ခေါ်စာ#

Vol. 36 Ch. 516

#စိန်ခေါ်စာ#

Vol. 36 Ch. 516

လုမိသားစုပျက်စီးမှုက နယ်နိမိတ်မဲ့သမုဒ္ဒရာမြို့ကအင်အားစုများအား နိုးကြားသွားစေသည်။

လုမိသားစုက ထိပ်တန်းအင်အားစုတခုမဟုတ်သော်လည်း သူတို့ကနှစ်စဉ်နှစ်တိုင်း နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းသို့ ဆက်ကြေးမိန်းမပျိုများ ဆက်သလေ့ရှိသည်။ အဆုံးသတ်တွင် သူတို့ကို နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ကာကွယ်ပေးနေဆဲပင်။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တွင် နံပါတ်တစ်ဂိုဏ်းဖြစ်သည်။ ဒါကိုသိသည့်တိုင် သူတို့က လုမိသားစုကို ဖျက်ဆီးပစ်သေးသည်။

ဒါက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို ပါးရိုက်လိုက်တာနဲ့ အတူတူပဲမလား!

လူတိုင်းဆွေးနွေးနေကြစဉ် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကလည်း ထိုသတင်းကို သိလိုက်ရသည်။

သူတို့ကဒေါသထွက်သွားကြ၏။

ယဲ့ချိုးက အရင်က နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏ ဂုဏ်ကျက်သရေကို စော်ကားခဲ့သည်။ ယခုတော့ထပ်ပြီးလာပြန်လေပြီ။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ရွှံ့နှင့်လုပ်ထားတယ်လို့ သူတို့တကယ်ထင်နေတာလား!

ဘယ်သူမဆို ငါတို့ကိုတက်နင်းလို့ရတယ်ထင်တာလား!

ချက်ချင်းဆိုသလို နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက စုံစမ်းစစ်ဆေးရန်အတွက် နယ်နိမိတ်မဲ့သမုဒ္ဒရာမြို့သို့ အကြီးအကဲနှင့် တပည့်များစွာကို စေလွှတ်လိုက်သည်။

သို့စေကာမူ ရှောင်ဟိုင်က နယ်နိမိတ်မဲ့သမုဒ္ဒရာမြို့ကနေထွက်သွားပြီးဖြစ်ကာ ငန်းဆိပ်ကမ်းဂိုဏ်းသို့ ဦးတည်နေလေပြီ။

ပထမအနေနှင့် အစ်ကိုကြီးကဒီနေရာတွင်ရှိသည်။

ဒုတိယအနေနှင့် အကယ်၍သူသာ သာမန်မူလလျှို့ဝှက်နယ်မြေသို့၀င်လိုပါက သူငန်းဆိပ်ကမ်းဂိုဏ်းကိုသွားရပေမည်။

သုံးလကမျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းတွင် စုမင်ရွှယ်က သာမန်မူလလျှို့ဝှက်နယ်မြေထဲကနေ ထွက်လာသည်။ သူကရှေ့က သက်လတ်ပိုင်းအရွယ်လူအား အနည်းငယ်ဦးညွတ်သည်။

"ဆရာ"

ဒီလူက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ် ကျိယွန်ဖြစ်သည်။

လက်နှစ်ဖက်ကိုကျောတွင်ချထားရင်း ကျိယွန်ခေါင်းညိတ်ကာမေးသည်။

"ဘယ်လိုလဲ"

စုမင်ရွှယ်ရယ်မောလိုက်သည်။

"ကျွန်တော်အပြည့်အ၀မဖမ်းဆုပ်နိုင်ခဲ့ဘူးဆိုပေမယ့် သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ရဲ့တည်ရှိမှုကို အကြမ်းဖျင်းခံစားမိပြီး ဒါကို ဝိဉာဉ်ကျင့်စဉ်အဖြစ် အသုံးပြုနိုင်ပါပြီ"

ဒါကိုသူကအပြည့်အ၀မကျွမ်းကျင်ခဲ့လျှင်ပင် သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို သုံးခြင်းက သူ့ခွန်အားကိုလည်း အလားတူတိုးတက်လာစေသည်။

ကျိယွန်ကျေနပ်စွာခေါင်းညိတ်သည်။

"သုံးလအတွင်းမှာ မင်းကငါ့ထက်တောင် သာလွန်သွားပြီပဲ"

"နောက်ထပ်မင်းဘာလုပ်မှာလဲ"

နောက်ထပ်လား!

စုမင်ရွှယ်နှာခေါင်းရှုံ့သည်။

"သေချာပေါက်ယဲ့ချိုးကိုစိန်ခေါ်ရမှာပေါ့"

တချိန်တည်းမှာပင် ငန်းဆိပ်ကမ်းဂိုဏ်း သာမန်မူလလျှို့ဝှက်နယ်မြေ၏၀င်ပေါက်တွင် ဂိုဏ်းချုပ်ယန်ဝေရှန်း၊ ကောင်းကင်မြင့်တောင်ထိပ်သခင်၊ ကောင်းကင်မုန်းတီးတောင်ထိပ်သခင်၊ ကျိလျန်နှင့် မုဇီရှင်းတို့အားလုံးက ရောက်နေကြသည်။

သူတို့က ဒီသုံးလအတွင်း ယဲ့ချိုးပိုင် ဘယ်လောက်ထိ ခရီးပေါက်နိုင်မလဲဆိုတာ မြင်ချင်မိကြသည်။

ထိုအချိန်တွင် ၀င်ပေါက်၏လေဟာနယ်ကပုံပျက်သွားပြီး ကျော၌ဓားတလက်လွယ်ထားသည့် လူတစ်ယောက်ထွက်လာသည်။

ကျဲလောင်ချက်ချင်းမေးလိုက်သည်။

"ဘယ်လိုနေလဲ"

ယဲ့ချိုးပိုင်ရယ်မောကာ သူ့အော်ရာကို ပြသလိုက်သည်။

သူ့နယ်ပယ်က အာရုံထွေပြားခြင်းနယ်ပယ်အထွတ်အထိပ်အဆင့်ကိုပင်ရောက်နေလေပြီ။

ဒါက ယဲ့ချိုးပိုင်၏ တမင်တကာဖိနှိပ်ထားခြင်း၏ ရလဒ်ဖြစ်သည်။

မဟုတ်ပါက ယဲ့ချိုးပိုင်၏တည်ငြိမ်သည့် တာအိုအခြေခံနှင့် ကြောက်ခမန်းလိလိပါရမီနှင့်အတူ သာမန်မူလလျှို့ဝှက်နယ်မြေထဲက ကြွယ်၀သည့်ဝိဉာဉ်ချီကိုပါ ပေါင်းလိုက်မည်ဆိုပါက သူကတာအိုနယ်ပယ် တ၀က်အဆင့်ကိုရောက်နိုင်သလို တာအိုနယ်ပယ်ကိုပင် ၀င်ရောက်နိုင်သည်။

ကျိလျန်ဒါကိုမြင်သောအခါ ခေါင်းညိတ်ရင်းပြောသည်။

"မင်းက သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို နားလည်အောင်လုပ်ဖို့ တလအချိန်ဖြန်းခဲ့တယ်ဆိုပေမယ့် လက်မလျှော့လိုက်ဘဲ အဆင့်ချိုးဖျက်နိုင်ခဲ့သေးတာပဲ"

ကောင်းကင်မြင့်တောင်ထိပ်သခင်ကလည်းရယ်မောသည်။

"အာရုံထွေပြားခြင်းနယ်ပယ်အထွတ်အထိပ်အဆင့်ကိုတက်လှမ်းဖို့အတွက် နှစ်လတည်းပဲသုံးခဲ့တာဆိုတော့ ဒီပါရမီက တကယ်ပဲရှားပါးပါပေတယ်"

ယန်ဝေရှန်းက ဘေးကနေ သဘောကျသည့်အမူအရာဖြင့်ခေါင်းညိတ်ပြသည်။

ယဲ့ချိုးပိုင်နှင့်မုဇီရှင်းတို့၏ပါရမီကို နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တွင် ပြိုင်ဘက်ကင်းဟုသတ်မှတ်၍ရသည်။

ငန်းဆိပ်ကမ်းဂိုဏ်း၏ကြီးထွားအောင်မြင်မှုက ဒီနှစ်ယောက်အပေါ်မူတည်နေသည်။

သို့စေကာမူ မုဇီရှင်းမည်သည့်စကားမှမဆိုဘဲ ပြုံးပြသည်။

ကျဲလောင်အနည်းငယ်မျက်မှောင်ကြုတ်ကာ ယဲ့ချိုးပိုင်အား ဂရုတစိုက် စိုက်ကြည့်လိုက်သည်။

သူ့မျက်လုံးထဲတွင် ယဲ့ချိုးပိုင်က အလွယ်တကူလက်လျှော့တတ်သည့် လူတစ်ယောက်မဟုတ်ပေ။

"စိတ္တဇကောင်စုတ်လေး၊ မင်းသာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို တကယ်‌လက်လျှော့လိုက်တာလား"

ယဲ့ချိုးပိုင်အံ့ဩသင့်တကြီးပြန်မေးသည်။

"ဘာလို့လက်လျှော့ရမှာလဲ"

ထိုစကားကိုကြားသောအခါ လူတိုင်းကြက်သေသေသွားကြသည်။

ကျိလျန်မေးလိုက်သည်။

"မင်းပထမလမှာ ဒါကိုနားလည်အောင်လုပ်တဲ့အချိန်ကျရှုံးခဲ့တာမို့လက်လျှော့ပြီး ကျန်တဲ့အချိန်တွေကို နယ်ပယ်ချိုးဖျက်ဖို့ အသုံးပြုခဲ့တာမလား"

ယဲ့ချိုးပိုင် ကျိလျန်အားကြည့်ကာ စူးစမ်းလိုသည့်အသွင်မေးသည်။

"ငါမအောင်မြင်ဘူးလို့ဘယ်သူပြောလဲ"

လူတိုင်းက ထိုစကားကိုကြားသောအခါ အကူအညီမဲ့သွားကြပုံရပြီး တုန်လှုပ်ချောက်ချားသွားကြ၏။

ကျဲလောင်က အလျင်စလိုမေးသည်။

"ဒီလိုဆိုရင် မင်းက သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို နားလည်သဘောပေါက်ခဲ့တာပေါ့"

ယဲ့ချိုးပိုင်မည်သည့်စကားမှမဆိုပေ။

ဆန်းကြယ်သည့်အော်ရာတခုက သူ့ကိုယ်ထဲကနေထွက်လာပြီး သူ့မျက်ခုံးများအကြားစုစည်းလာသည်။

ရှေးဟောင်းအက္ခရာတလုံးက နတ်အလင်းနှင့်အတူတဖျပ်ဖျပ်တောက်ပနေပြီး ယဲ့ချိုးပိုင်၏မျက်ခုံးကြားတွင် ပေါ်လာသည်။

လူတိုင်း အသက်ရှူရပ်လုနီးပါးဖြစ်သွားကြသည်။

သုံးလအတွင်း သူကသာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို ကျွမ်းကျင်ခဲ့သည်သာမက အာရုံထွေပြားခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကိုပင် ချိုးဖျက်သွားခဲ့သည်။

ဒီလိုကြောက်စရာပါရမီမျိုး.....!

ယန်ဝေရှန်းက ငန်းဆိပ်ကမ်းဂိုဏ်း၏ ကြွယ်၀မှုက ယဲ့ချိုးပိုင်လက်ထဲတွင် လုံး၀ရှိနေပြီဆိုတာ သေချာနေပြီဖြစ်သည်။

"စကားမစပ် ရှောင်ဟိုင်ရောက်နေတယ်"

ထိုအချိန်တွင် မုဇီရှင်းကပြုံးရင်းပြောသည်။

"သူနင့်ကို ကောင်းကင်မုန်းတီးတောင်ထိပ်မှာ အချိန်အတော်ကြာစောင့်နေခဲ့တာ"

ယဲ့ချိုးပိုင် ဒါကိုကြားသောအခါ ပျော်သွားသည်။ သူဂိုဏ်းချုပ်နှင့်ကျန်သောသူများကို နှုတ်ဆက်ပြီးနောက် ချက်ချင်းဆိုသလို ကောင်းကင်မုန်းတီးတောင်ထိပ်ဆီသို့ ထွက်ပြေးလေတော့သည်။

ကောင်းကင်မုန်းတီးတောင်ထိပ်ကိုရောက်သောအခါ ရှောင်ဟိုင်ကျင့်ကြံနေတာကို တွေ့လိုက်ရသည်။

ရှောင်ဟိုင်တခုခုကိုအာရုံခံမိသဖြင့် မျက်လုံးဖွင့်ကာ ယဲ့ချိုးပိုင်အားကြည့်ရင်း ခေါင်းကုတ်ပြီးပြုံးပြသည်။

"အစ်ကိုကြီး"

ယဲ့ချိုးပိုင်ပြုံးကာပြန်မေးသည်။

"မင်းငါ့ကိုဘယ်လိုရှာတွေ့တာလဲ"

ရှောင်ဟိုင်လာရသည့်သူ့ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။

"နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်ကို ရောက်ပြီးနောက်မှာ အစ်ကိုကြီးနဲ့မရီးတို့ရဲ့ အကြောင်းကိုကြားလိုက်ရတယ်"

ယွမ်ချောင်က သူတို့စကားပြောနေတာကိုနားထောင်နေပြီး အတော်လေးအံ့ဩသင့်နေမိသည်။

အစ်ကိုကြီးလား! တစ်နည်းအားဖြင့်ဆိုရရင် နတ်ဆိုးအရှင်မှာ ဆရာရှိတာပေါ့!

စူးစမ်းလိုစိတ်ဖြင့် ယွမ်ချောင်မေးလိုက်၏။

"နတ်ဆိုးအရှင်၊ ဘယ်ကောင်းကင်သခင်က နတ်ဆိုးအရှင်ရဲ့ဆရာဖြစ်မလဲဆိုတာ ကျုပ်သိလို့ရမလား"

အဆင့်မြင့်ကြယ်နယ်မြေမှာ နတ်ဆိုးအရှင်ရဲ့ ဆရာဖြစ်ဖို့ အရည်အချင်းရှိတဲ့လူက နည်းနည်းလေးပဲရှိတယ်မလား!

ကောင်းကင်သခင်များသာကျန်ရှိသည်။

ထိုသို့တွေးမိသောအခါ ယွမ်ချောင်၏ အမူအရာကလေးနက်သွားသည်။

ရှောင်ဟိုင်ဝေခွဲမရဖြစ်သွားသည်။

"ကောင်းကင်အရှင်လား၊ ကျုပ်တော့အဲလိုမထင်ဘူး"

ယွမ်ချောင်အနည်းငယ်မျက်မှောင်ကြုဆ်လိုက်၏။

"ဒီလိုဆိုမှတော့ ကျုပ်နတ်ဆိုးအရှင်ရဲ့ ဆရာနဲ့တွေ့ဆုံချင်ပါတယ်"

ကောင်းကင်သခင်မဟုတ်ဘူးလား!

ဒီလိုဆိုရင် သူကဘယ်လိုလုပ် ‌နတ်ဆိုးအရှင်ရဲ့ဆရာဖြစ်ဖို့ အရည်အချင်းရှိမှာလဲ!

ထိုအချိန်တွင် ယဲ့ချိုးပိုင်က ယွမ်ချောင်ဘာကိုဆိုလိုသလဲဆိုတာ နားလည်ပုံရသည်။

သူကပြုံးရင်းပြောသည်။

"ဒီလိုမတွေးဖို့ ကျုပ်အကြံပေးချင်တယ်၊ မဟုတ်ရင် ခင်ဗျားဆိုးဆိုးရွားရွား အရိုက်ခံရလိမ့်မယ်"

ယွမ်ချောင်ပြန်လည်ချေပရန်ပြင်နေစဉ် ရှောင်ဟိုင်လေးနက်စွာခေါင်းညိတ်သည်။

"အခုအချိန်ထိ ဆရာ့ဆီက လှုပ်ရှားမှုတခုတည်းကို ခံနိုင်ရည်ရှိတဲ့လူလို့ ကျုပ်တခါမှ မကြားဖူးဘူး"

နတ်ဆိုးအရှင်၏စကားကိုကြားသောအခါ ယွမ်ချောင်အကြံကိုလက်လျှော့လိုက်ရသည်။

မည်သူကမှ နတ်ဆိုးအရှင်၏စကားလုံးများကို သံသယမဖြစ်နိုင်ပေ။

သူတို့နှစ်ယောက်ဆွေးနွေးနေကြစဉ် ကမ္ဘာ့တုန်လှုပ်စေသည့်အော်ရာတခုက ငန်းဆိပ်ကမ်းဂိုဏ်းတခုလုံးကို လွှမ်းခြုံသွား၏။

ယန်ဝေရှန်း၏ပုံရိပ်က ငန်းဆိပ်ကမ်းဂိုဏ်းကနေ အပေါ်သို့ထိုးတက်သွားပြီး မြေအင်မော်တယ်နယ်ပယ်အော်ရာကို ထုတ်လွှတ်ထားလိုက်သည်။

ဒါက ကောင်းကင်ကိုပင်ပြိုကျစေလုနီးပါးဖြစ်သည့် ဖိနှိပ်မှုကို သီးသန့်ဖယ်ရှားပစ်သည်။

"ကျိယွန်၊ မင်းဒီမှာဘာလုပ်နေတာလဲ"

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ်!

အောက်က ငန်းဆိပ်ကမ်းဂိုဏ်းသားအားလုံးက ထိတ်လန့်သွားကြ၏။

ကျိယွန်ပြုံးလိုက်သည်။

"ဂိုဏ်းချုပ်ယန်၊ ဘာလို့ဒီလောက်ကြောက်နေရတာတုန်း၊ ငါ့မှာတခြားရည်ရွယ်ချက်မရှိပါဘူး"

ယန်ဝေရှန်းအေးစက်စွာနှာခေါင်းရှုံ့သည်။

"ဒီလိုဆိုရင် ငါမင်းကိုလက်ဖက်ရည်တခွက်လောက်တိုက်သင့်လား"

"လက်ဖက်ရည်သောက်နေစရာမလိုပါဘူး" ကျိယွန်လက်ဝှေ့ယမ်းကာ အောက်သို့ငုံ့ကြည့်သည်။ သူက ကောင်းကင်မုန်းတီးတောင်ထိပ်ရှိရာဘက်သို့ကြည့်နေပုံရပြီး သူ့အကြည့်က လေဟာနယ်ကို ထိုးဖောက်သွားသည့်ပမာ။

"ဂိုဏ်းချုပ်ယန်၊ လူငယ်မျိုးဆက်တွေရဲ့ ကိစ္စမှာ ငါတို့၀င်စွက်ဖက်စရာမလိုပါဘူး"

"ဒါကြောင့် ယဲ့ချိုးနဲ့စုမင်ရွှယ်တို့ကို သူတို့ကိစ္စကို သူတို့ကိုယ်တိုင်ဖြေရှင်းခွင့်ပေးလိုက်ပါ"

ယန်ဝေရှန်းအနည်းငယ်မျက်ခုံးပင့်လိုက်မိသည်။

"ဘယ်လိုမျိုးလဲ"

"သေချာပေါက်စိန်ခေါ်မှာတခုပေါ့၊ ဒါက သေခြင်းတရားအတွက်တိုက်ပွဲတခုပဲ၊ ဒီနည်းလန်းနဲ့ဆိုရင် ဘယ်သူပဲသေသေ၊ ဘယ်သူပဲရှင်ရှင် ပြဿာနာကို ဖြေရှင်းပြီးသားဖြစ်သွားပြီလေ"

အပိုင်း(517) coming။

All Chapters