← Chapters

#နှစ်လ#

Vol. 36 Ch. 517

#နှစ်လ#

Vol. 36 Ch. 517

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ်က ဂျူနီယာတစ်ယောက်ကို သူ့တပည့်ကိုယ်စားစိန်ခေါ်ရန်အတွက် ငန်းဆိပ်ကမ်းဂိုဏ်းသို့ ကိုယ်တိုင်လာခဲ့သည်လား။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ်၏ စကားလုံးများကိုကြားသောအခါ လူတိုင်းက ထိတ်လန့်နေသည့်အမူအရာများကို ပြသလိုက်ကြ၏။

ယဲ့ချိုးပိုင်ပင်လျှင် အနည်းငယ်အံ့ဩသင့်သွားရသည်။

သူကသူ့တပည့်ကိုအရမ်းတန်ဖိုးထားတာလား ဒါမှမဟုတ် နောက်ထပ်အကြံအစည်တခုခုများရှိနေတာလား!

ယန်ဝေရှန်းထိုစကားကိုကြားသောအခါ သူအနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

"ကျိယွန်၊ မင်းမှာအရှက်ရောရှိသေးရဲ့လား"

"ယဲ့ချိုးပိုင်ရဲ့နယ်ပယ်နဲ့ စုမင်ရွှယ်နယ်ပယ်ကြားက ကွာခြားချက်က အရမ်းကြီးမားတယ်၊ သူတို့ကဘယ်လိုလုပ်သေခြင်းတရားအတွက် တိုက်ခိုက်နိုင်မှာလဲ"

ကျိယွန်ရယ်မောလိုက်သည်။

"ဒီလိုဆိုရင် မင်းသဘောမတူဖို့ရွေးချယ်လို့ရတယ်၊ အဲလိုဆိုရင်တော့ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ငန်းဆိပ်ကမ်းဂိုဏ်းနဲ့ လုံးစုံစစ်ပွဲကိုစတင်မယ်"

ကျိယွန်အပြုံးဖြင့်ပြောလိုက်သည့်တိုင် ယန်ဝေရှန်း၏နှလုံးက တဒိန်းဒိန်းခုန်ပေါက်သွားပြီး သူ့မျက်လုံးများက အတော်လေးမည်းမှောင်နေသည်။

ကျိယွန်ပြောတာရှင်းပါသည်။

ဒါ့အပြင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ငန်းဆိပ်ကမ်းဂိုဏ်းအပေါ် ကြံစည်ထားသည်မှာ ကြာမြင့်နေလေပြီ။

ယခု ယဲ့ချိုးပိုင်နှင့်စုမင်ရွှယ်ကြားက ကိစ္စက မီးစတစ်စသာဖြစ်သည်။

ယန်ဝေရှန်းတခုခုပြောရန်ပြင်လိုက်စဉ် ယဲ့ချိုးပိုင်ရုတ်တရက်ကောင်းကင်သို့ တက်လာပြီး မြေအင်မော်တယ်နယ်ပယ်ဂိုဏ်းချုပ်နှစ်ဦးကြားတွင် ရပ်လိုက်သည်။

သူက မြေအင်မော်တယ်နယ်ပယ်ဖိအားကို သူ့အပေါ်သို့ကျဆင်းရန်အတွက် ခွင့်ပြုထားသည်။

ဓားပိုင်နက်ကမြှင့်တက်လာသည်။ ဓားဆန္ဒ၏ အန္တိမနယ်ပယ်က ပေါက်ကွဲလာ၏။

တချိန်တည်းမှာပင် ရှေးဦးမူလဓားကျမ်းက ခွန်အားအပြည့်ဖြင့် လှည့်ပတ်လာသည်။

သို့စေကာမူ ယဲ့ချိုးပိုင်၏မျက်နှာက အနည်းငယ်ဖြူရော်နေဆဲပင်။

ဒါကအရမ်းများလွန်းသည်။

ယန်ဝေရှန်းနှင့် ကျိယွန်တို့က အံ့ဩသင့်သွားကြ၏။

အာရုံထွေပြားခြင်းနယ်ပယ်က ဂျူနီယာတစ်ယောက်က သူတို့ဖိအားကို ခံနိုင်ရည်ရှိတာလား!

"ကျုပ်ဒီစိန်ခေါ်မှုကိုလက်ခံတယ်"

ယန်ဝေရှန်းမျက်မှောင်ကြုတ်သွားသည်။

"ယဲ့ချိုး၊ မဆင်မခြင်မလုပ်နဲ့"

ယဲ့ချိုးပိုင်ပြုံးပြသည်။

"ဂိုဏ်းချုပ် ဒါကကျွန်တော်နဲ့သူတို့ကြားက ရန်ငြိုးပါ၊ ဒီအတွက်နဲ့ ငန်းဆိပ်ကမ်းဂိုဏ်းကို မပါ၀င်ခိုင်းသင့်ပါဘူး"

"ဒါ့အပြင် ကျွန်တော့်မှာယုံကြည်ချက်ရှိတယ်"

ယုံကြည်ချက်လား!

ကျိယွန်ရယ်မောလိုက်မိသည်။

"ဒါပေမယ့် စည်းမျဉ်းတွေကိုတော့ ခင်ဗျားတဖက်သတ်သတ်မှတ်လို့မရဘူး"

ကျိယွန် သူ့ကိုရင်ဆိုင်နေစဉ် ကြောက်စိတ်အနည်းငယ်မှပင်မပြသသည့် သူ့ရှေ့က လူငယ်လေးအား ကြည့်နေသည်။

အကယ်၍ဒီလူကသာ သူတို့နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏တပည့်ဖြစ်လာမည်ဆိုပါက မည်မျှပင်ကောင်းလေမည်နည်း။

"ကောင်းပြီလေ၊ ဆက်ပြော"

ယဲ့ချိုးပိုင်လက်ချောင်းနှစ်ချောင်းဆန့်ထုတ်သည်။

"ပထမ၊ ဒါကသေခြင်းတရားအတွက် တိုက်ပွဲဆိုတော့ ဒီကာလအတွင်းဘယ်သူမှ ကူညီလို့မရဘူး၊ သေခါနီးဆိုရင်တောင် အတူတူပဲ"

ကျိယွန်ခေါင်းညိတ်သည်။

"ရတယ်"

ဒါကသူပြောချင်နေသည့်အရာဖြစ်သည်။

အကယ်၍ယဲ့ချိုးပိုင်ကသာ ယင်ယန်လျှပ်စီးနည်းစနစ်ကိုသုံးပါက ရလဒ်ကပြောဖို့အတွက် ခက်ခဲသွားပေလိမ့်မည်။

သို့စေကာမူ ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်၏ပေါက်ကွဲမှုကြောင့် အသုံးပြုသူပင်လျှင် ထိခိုက်ရပေလိမ့်မည်။ ထို့ကြောင့် အပြင်ပလူများ၏အကူအညီကိုသာမရပါက ယဲ့ချိုးပိုင်ကလည်း ဒီလှုပ်ရှားမှုကို အသုံးပြုမည်မဟုတ်ပေ။

"ဒုတိယ၊ အချိန်က နှစ်လရမယ်"

နှစ်လ!

ကျိယွန်ပြုံးသည်။

"သေချာတာပေါ့၊ ဒါပေမယ့်ငါအရမ်းသိချင်မိတယ်၊ နှစ်လအတွင်းမင်းဘာများလုပ်နိုင်မှာလဲ"

ဒီအချိန်တာကာလက ကျင့်ကြံသူများအတွက် အရမ်းကိုတိုတောင်းလွန်းသည်။

ယဲ့ချိုးပိုင်ကခေါင်းခါယမ်းသည်။

"ဒီအကြောင်းနဲ့ပတ်သက်ပြီး ခင်ဗျားစိုးရိမ်နေစရာမလိုဘူး"

"ဒီလိုဆိုမှတော့ နှစ်လအတွင်း ဒါကို သာမန်မူလတောင်ပေါ်မှာလုပ်ကြတာပေါ့၊ မင်းထွက်မပြေးသွားဖို့ ငါမျှော်လင့်ပါတယ်"

ထို့နောက် ကျိယွန်၏ပုံရိပ်က ဒီကမ္ဘာထဲကနေ ပျောက်ကွယ်သွားသည်။

ဒါကိုမြင်သောအခါ ယန်ဝေရှန်းမျက်မှောင်ကြုတ်ကာ ယဲ့ချိုးပိုင်အားကြည့်သည်။

"ယဲ့ချိုး၊ မင်းမှာယုံကြည်မှုရှိလား"

ယဲ့ချိုးပိုင်ခေါင်းညိတ်ရင်းပြုံးသည်။

"သေချာတာပေါ့၊ ဒါပေမယ့် ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီးကျွန်တော့်ကိုကူညီပေးပါဦး"

ကူညီပေးရမယ်!

ယန်ဝေရှန်းခေါင်းညိတ်သည်။

"ဆက်ပြော"

"ဒီနှစ်လအတွင်း ကျွန်တော်သာမန်မူလလျှို့ဝှက်နယ်မြေမှာကျင့်ကြံဖို့လိုတယ်"

ထိုစကားကိုကြားသောအခါ ယန်ဝေရှန်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါကနည်းနည်းခက်ခဲနိုင်တယ်၊ နောက်ဆုံးအကြိမ် မင်းတို့သုံးယောက်က သာမန်မူလလျှို့ဝှက်နယ်မြေထဲကို၀င်ခွင့်ပေးတုန်းက ငါသာမန်မူလရတနာဒင်္ဂါးတွေအများကြီးသုံးပြီးပြီ"

"တကယ်လို့နောက်ထပ်နှစ်လသာ ထပ်သုံးရမယ်ဆိုရင် ငါတခြားဂိုဏ်းတွေကနေ လှဲလှယ်ဖို့အတွက် ငါ့ရဲ့အရင်းအမြစ်တွေအများကြီးသုံးဖို့လိုလိမ့်မယ်"

ထိုစကားကိုကြားသောအခါ လူတိုင်းအကူအညီမဲ့စွာကြည့်လိုက်ကြသည်။

ယဲ့ချိုးပိုင်ပခုံးတွန့်လိုက်သည်။

"ဒီလိုဆိုမှတော့......"

သို့သော်သူစကားပြော၍မပြီးသေးခင်မှာပင် ရှောင်ဟိုင်က ယဲ့ချိုးပိုင်ဘေးသို့ ရောက်လာသည်။

"ဂိုဏ်းချုပ်ယန်၊ အရင်းအမြစ်တချို့ကိုသုံးတာပိုကောင်းပါတယ်၊ အချိန်တန်တဲ့အခါ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို ကိုင်တွယ်ပြီးတဲ့အခါကျရင် အရာအားလုံး ကျုပ်တို့ဆီမှာ ရှိလာမယ်လေ"

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကိုကိုင်တွယ်မယ်!

ယန်ဝေရှန်းမျက်မှောင်ကြုတ်လိုက်သည်။

"နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ငါတို့ထက်ပိုအားကောင်းတယ်၊ ငန်းဆိပ်ကမ်းဂိုဏ်းက စစ်ပွဲကိုမကြောက်ဘူးဆိုပေမယ့် နိုင်နိုင်ချေအခွင့်အရေးက သုညနီးပါးပဲ"

"ကျုပ်ပါ၀င်မယ်ဆိုရင်ရော"

ရှောင်ဟိုင်နောက်က ယွမ်ချောင်ကိုမြင်သောအခါ ယန်ဝေရှန်းအနည်းငယ်ကြက်သေသေသွားသည်။

ထိုအချိန်တွင် ယွမ်ချောင်သူ့ခွန်အားကို ထုတ်ဖော်လိုက်၏။ မြေအင်မော်တယ်နယ်ပယ်အော်ရာက ပေါက်ကွဲသွား၏။

ဒါကိုမြင်သောအခါ ယန်ဝေရှန်းတုန်လှုပ်ချောက်ချားသွားသည်။

မြေအင်မော်တယ်နယ်ပယ်!

နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တခုလုံးတွင်ပင်လျှင် သူနှင့် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ်ကျိယွန်တို့ကသာ မြေအင်မော်တယ်နယ်ပယ်ဖြစ်သည်။

ဒီလူကဘယ်နေရာကနေလာတာလဲ!

ထို့နောက် သူယဲ့ချိုးပိုင်ကိုကြည့်လိုက်၏။

ရှောင်ဟိုင်က သူ့ညီငယ်လေးဖြစ်ပုံရသည်။

သို့စေကာမူ ဒီမြေအင်အင်မော်တယ်က ရှောင်ဟိုင်အားနာခံပုံရသည်။

ကိုယ်ပိုင်အစောင့်အဖြစ် မြေအင်မော်တယ်ပင်ရှိနေလေရာ ဒီနှစ်ယောက်နောက်ကွယ်က ဂိုဏ်းကရိုးရှင်းမည်မဟုတ်ပေ။

ထိုစဉ် ယန်ဝေရှန်းရုတ်တရက် ကျယ်လောင်စွာရယ်မောလေတော့သည်။

"တကယ်လို့မင်းသာကူညီဖို့ဆန္ဒရှိရင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို ဘာမှကြောက်စရာမလိုတော့ဘူး"

မြေအင်မော်တယ်ကျွမ်းကျင်သူနှစ်ဦးက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တခုလုံးရှိ ဂိုဏ်းနှင့်အင်အားစုများက ပြောင်းလဲပစ်ရန်လုံလောက်ပါသည်။

"ဒီလိုဆိုမှတော့ ငါ့နောက်လိုက်ခဲ့ပါ"

ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့က တစ်ဦးကိုတစ်ဦးကြည့်ကာပြုံးပြရင်း ယန်ဝေရှန်းနောက်မှ လိုက်သွားကြသည်။

တခြားဂိုဏ်းများထံမှ သာမန်မူလရတနာဒင်္ဂါးများကိုလှဲလှယ်ပီးနောက် ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့က သာမန်မူလလျှို့ဝှက်နယ်မြေသို့ အောင်မြင်စွာ ၀င်သွားခဲ့ကြသည်။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနှင့် ငန်းဆိပ်ကမ်းဂိုဏ်းတို့၏စိန်ခေါ်မှုက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တခုလုံးအတွင်း ပျံ့နှံ့သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ခုစလုံးက အားအကောင်းဆုံးဂိုဏ်းများဖြစ်လေရာ သတင်းများက အလျင်အမြန်ပင် ပြန့်သွားခြင်းပင်။

"ယဲ့ချိုးလား၊ အဲဒါက အာရုံထွေပြားခြင်းနယ်ပယ်ပဲရှိသေးတဲ့ အဲဒီလူမလား၊ သူက ဘာကြောင့် စုမင်ရွှယ်ရဲ့စိန်ခေါ်မှုကို လက်ခံရဲရတာလဲ"

"နှစ်လအကြာမှာလို့ပြောခဲ့တာမလား"

"နှစ်လ၊ သူဘယ်လောက်ပဲပါရမီရှိရှိ နှစ်လအတွင်းမှာ အာရုံထွေပြားခြင်းနယ်ပယ်ကနေ သွေးပြောင်းလဲခြင်းနယ်ပယ်တ၀က်အဆင့်ကျင့်ကြံသူကို တိုက်ခိုက်နိုင်မယ့် နယ်ပယ်ကို သူချိုးဖျက်နိုင်မယ်လို့ မင်းထင်နေတာလား၊ တကယ်လို့သူသာမနိုင်ဘူးဆိုရင် ဒါက ယဲ့ချိုးသေတော့မယ်လို့ ဆိုလိုနေတာမလား"

"ဒီလိုလည်းပြောလို့မရဘူး၊ ဒီလိုကြောက်စရာကောင်းတဲ့ပါရမီနဲ့ဆိုရင် သူကလည်း ငတုံးတယောက်တော့မဟုတ်ဘူးလေ၊ အဲဒီနေ့ရောက်မှ သူတွေးတာကို ငါတို့သိနိုင်တော့မယ်..."

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းတွင် စုမင်ရွှယ်က နေအိမ်ရှိ အိပ်ရာကြီးတခုပေါ်၌လဲနေသည်။

အိပ်ရာပေါ်၌ ဆွဲဆောင်မှုရှိသည့်အမျိုးသမီးဆယ်ယောက်ကျော်က သူ့ကို ပြုစုပေးနေကြသည်။

ထိုသတင်းကိုကြားပြီးနောက် စုမင်ရွှယ်နှာခေါင်းရှုံ့သည်။

"နှစ်လလား၊ ဟမ့်၊ ဒီတော့ငါမင်းကို နောက်ထပ်နှစ်လအသက်ရှင်ခွင့်ပေးရတော့မှာပေါ့"

"ဒီကာလမှာ မင်းဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ပျော်ပါးခံစားလိုက်ပါဦး...."

သာမန်မူလလျှို့ဝှက်နယ်မြေတွင် ယဲ့ချိုးပိုင်ကျင့်ကြံရန်အတွက် နေရာတခုကို ချက်ချင်းရှာတွေ့သွား၏။

ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်နှင့် သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကိုအသုံးပြုခြင်းဖြင့်ပင် စုမင်ရွှယ်ကို သေချာပေါက်ကိုင်တွယ်နိုင်သော်လည်း ယဲ့ချိုးပိုင် ဒီဝှက်ဖဲအပေါ် အားမကိုးရန် အကောင်းဆုံးကြိုးစားနေဆဲဖြစ်လေရာ သူကျင့်ကြံရန် လိုအပ်ပါသေးသည်။

ရှောင်ဟိုင်ကမူ သာမန်မူလလျှို့ဝှက်နယ်မြေသို့၀င်ပြီးနောက် သူ့ကိုခေါ်နေပုံရသည့်အော်ရာတခုကို သူခံစားမိပုံရသည်။

ထိုအော်ရာနောက်ကနေလိုက်ရင်း သူ သာမန်မူလလျှို့ဝှက်နယ်မြေ၏ အနက်ဆုံးအပိုင်းသို့ အလျင်အမြန်ပျံသန်းသွားလေတော့သည်။

အော်ရာများစုစည်းနေသည့်နေရာကို သူရောက်လာသောအခါ ကောင်းကင်ထိလုနီးပါးမြင့်မားသည့် အရွယ်အစားကြီးမားသော မျောက်ဝံနတ်ဆိုးတကောင်က မိုးထိသစ်သားတုတ်တစ်ချောင်းကို ကိုင်ထားတာကို တွေ့လိုက်ရသည်။

အပိုင်း(518) coming။

All Chapters