← Chapters

#မင်းသားလေးပါး၊ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း#

Vol. 36 Ch. 518

#မင်းသားလေးပါး၊ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း#

Vol. 36 Ch. 518

သာမန်မူလလျှို့ဝှက်နယ်မြေကို မည်သို့မည်ပုံဖွဲ့စည်းခဲ့လေသနည်း။

ဒါကသဘာ၀အတိုင်းကျန်နေခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် လူသားများကဖန်တီးခဲ့သည်။

ရှောင်ဟိုင်ရောက်လာပြီးနောက် အရာအားလုံးကပြေလည်သွားမည်ဟု နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်ကမည်သူမှမသိကြပေ။

ရှောင်ဟိုင်ရှေ့တွင် အရွယ်အစားအလွန်ကြီးသည့်မျောက်ဝံနတ်ဆိုးက မြေပေါ်တွင်ခြေထောက်ကာ ကောင်းကင်၌ခေါင်းက တည်ရှိရင်းနှင့် နှစ်များစွာကြာသေဆုံးနေခဲ့သည်။

သို့စေကာမူ ၎င်း၏ကိုယ်က မပျက်စီးဘဲကျန်ရှိနေသေးသလို ချီနှင့်သွေးများကလည်း ထိုးထွက်နေပြီး ကောင်းကင်မြင့်လှံတံကိုကိုင်ကာ ခေါင်းကိုမော့ရင်း ကောင်းကင်အားစိုက်ကြည့်နေသည်။

၎င်းကကောင်းကင်အား ယှဉ်၍တိုက်ခိုက်နေပုံရသည်။

သူ့မျက်လုံးများ၌ အလင်းမရှိသော်လည်း သူ့၏မဆုတ်မနစ်သည့်ဆန္ဒက ထိုနေရာ၌ ရှိနေဆဲပင်။

ရှောင်ဟိုင် ကျေးရွာခေါင်းဆောင်ပြောခဲ့တာကိုသတိရသွားသည်။

မျောက်ဝံနတ်ဆိုးကလန်က သူ့နောက်ကနေ အမြဲလိုက်ခဲ့သည်။

အန္တရာယ်နှင့်စစ်ကာလမှာပင် တိုက်ခိုက်မှုကိုဦးဆောင်ခဲ့သည့်မျိုးနွယ်စုများက ရှေ့တန်းတွင်အမြဲရှိခဲ့သည်။

သူတို့ထဲတွင် ရှောင်ဟိုင်ရှေ့က ဧရာမအလောင်းကြီးက မျောက်ဝံနတ်ဆိုးကလန်၏ ပထမဆုံးဘိုးဘေးကြီးဖြစ်ပြီး ထိုအချိန်က သူ့ကိုသစ္စာရှိခဲ့သည်။

ဒါကိုတွေးမိသောအခါ ရှောင်ဟိုင်၏အမူအရာက အမြဲလိုလိုတုံးအအပုံမပေါ်တော့ဘဲ ယင်းအစား ပြတ်သားပြီး ဂုဏ်သိက္ခာရှိသည့်အကြည့်တချက်က သူ့မျက်လုံးထဲတွင်ပေါ်လာသည်။

သူအလောင်းဆီသို့ဖြည်းဖြည်းချင်းလျှောက်သွားပြီး လက်ကိုဆန့်ကာ မျောက်ဝံနတ်ဆိုး၏မျက်ခုံးကြားတွင် တင်လိုက်သည်။

"မစိုးရိမ်ပါနဲ့၊ ကျုပ်မျောက်ဝံနတ်ဆိုးကလန်ကို သေချာပေါက်ထိန်းသိမ်းထားပါမယ်၊ အနာဂတ်မှာ မျောက်ဝံနတ်ဆိုးကလန်ရဲ့ပူံရိပ်က ပြောင်းလဲသွားမှာမဟုတ်သလို အမြဲလိုလို မင်းသားလေးပါးကိုလည်း ရှိနေစေရမယ်"

အသံကျဆင်းလာသည်နှင့် အလောင်းက ရှောင်ဟိုင်ပြောသည့်စကားနှင့် သူ့ကတိကိုကြားပုံရသည်။

မျောက်ဝံနတ်ဆိုးအလောင်း၏မျက်ခုံးကြားတွင် အဖြူရောင်ရောင်ခြည်တခုက ဖြည်းဖြည်းချင်းပျံ့လာသည်။

ရှောင်ဟိုင်ရှေ့တွင် အဖြူရောင်ရောင်ခြည်က ဖြည်းညင်းစွာသိပ်သည်းလာပြီး ဝိဉာဉ်ပုံရိပ်ယောင်တခုအဖြစ်ပြောင်းလဲသွား၏။

၎င်း၏ကိုယ်အသွင်အပြင်က ထိုမျောက်ဝံနတ်ဆိုးအလောင်းနှင့် အတိအကျတူညီသည်။ ထို့နောက်အကြိမ်ပေါင်းများစွာ ကျုံ့သွားသည်။

"မျောက်ဝံနတ်ဆိုးမျိုးနွယ်က ယွမ်အိုက နတ်ဆိုးအရှင်ကိုအရိုအသေပေးပါတယ်"

ဝိဉာဉ်ပုံရိပ်ယောင်က ရှောင်ဟိုင်ရှေ့တွင် ဒူးထောက်လိုက်သည်။ သူ့အမူအရာကလေးနက်နေပြီး သူ့မျက်လုံးများက ဖုံးကွယ်မထားနိုင်သည့် စိတ်လှုပ်ရှားမှုနှင့် ပီတိများဖြင့်ပြည့်နှက်နေသည်။

ရှောင်ဟိုင်လက်အနည်းငယ်မြှောက်လိုက်သည်။

"ထပါ"

ကြည့်ရသည်မှာ ဒါကယွမ်အိုချန်ထားခဲ့သည့် စိတ်ဝိဉာဉ်စွမ်းအားတခုဖြစ်ပုံရသည်။

ရှောင်ဟိုင်၏စကားလုံးများကို ကြားသောအခါ ယွမ်အိုထရပ်ပြီး ရှောင်ဟိုင်အား စိတ်လှုပ်ရှားစွာကြည့်သည်။

"နတ်ဆိုးအရှင်၊ အရှင်အဆင်ပြေနေတယ်ဆိုတာသိရတာ အရမ်းကောင်းတာပဲ"

ရှောင်ဟိုင်အကူအညီမဲ့စွာပြောသည်။

"ကျုပ်ကအဆင်ပြေနေတာမဟုတ်ဘူး၊ ကျုပ်အခုဘာတခုကိုမှ မမှတ်မိဘူး"

"ခင်ဗျားသိထားတာတခုခုရှိတယ်ဆိုရင် ကျုပ်ကိုပြောလို့ရတယ်"

ယွမ်အိုခေါင်းညိတ်သည်။

"ဒါက ကျွန်တော့်တာ၀န်ပါ"

"အရင်က နတ်ဆိုးအရှင်ရဲ့အသက်ကို ကယ်ဖို့အတွက် သခင်မက ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းကိုအသုံးပြုပြီး နတ်ဆိုးအရှင်ရဲ့ ဝိဉာဉ်ခုနှစ်ခုရဲ့ခြောက်ခုသောဝိဉာဉ်ကို ခြောက်ခုအဖြစ် ခွဲပစ်ခဲ့တယ်"

"အခုနတ်ဆိုးအရှင်က ဒီမှာရှိနေပြီဆိုတော့ ဒါက အရှင်မှတ်ဉာဏ်အပိုင်းအစနှစ်ခုရပြီးပြီလို့ဆိုလိုနေတာပဲ"

"ကျွန်တော့်မှာတခုရှိတယ်၊ ကျန်တဲ့သုံးခုကတော့ တခြားလူအိုကြီးသုံးယောက်လက်ထဲမှာ ရှိပါတယ်"

ထိုသုံးယောက်က မင်းသားလေးပါးအနက် ကျန်ရှိနေသည့်သုံးပါးဖြစ်သည်။

ရှောင်ဟိုင်ခေါင်းညိတ်သည်။

"အဲဒီတုန်းကအတိအကျဘာဖြစ်ခဲ့တာလဲ"

ရှောင်ဟိုင်၏မေးခွန်းကိုကြားရသောအခါ ယွမ်အို၏မျက်နှာက ဒေါသဖြင့်ပြည့်နှက်သွား၏။

၎င်းက ဝိဉာဉ်ပုံရိပ်ယောင်တခုဖြစ်နေသည့်တိုင် ထိုအချိန်တွင် ၎င်း၏ပုံရိပ်ယောင်မျက်သူငယ်အိမ်များက သွေးနီရောင်ပြောင်းသွားသည်။

"နတ်ဆိုးဘုရင်လေးပါးက အရှင့်ကိုသတ်ဖို့အတွက် ကောင်းကင်သခင်ရဲ့ဂိုဏ်းနဲ့ပူးပေါင်းခဲ့ကြတယ်"

"ဘာလို့လဲ"

"ကျွန်တော်ဒါကိုပြောလို့မရဘူး" ယွမ်အိုကခေါင်းခါယမ်းသည်။

"နတ်ဆိုးအရှင်ရဲ့လက်ရှိခွန်အားက မလုံလောက်သေးဘူး"

ထပ်ပြီးတော့ ဒီစကားပဲလား!

ရှောင်ဟိုင်အကူအညီမဲ့သွားရသည်။

သို့စေကာမူ သူခေါင်းညိတ်ရုံသာတတ်နိုင်သည်။ ယွမ်အိုပြောသည်က အမှန်တရားပင်မဟုတ်ပေလော။

ချက်ချင်းဆိုသလို ယွမ်အိုလက်ကိုဆန့်ထုတ်လိုက်သည်။ ပုံရိပ်ယောင်လက်ဖဝါးပေါ်၌ အနက်ရောင်အစင်တခုရှိသည်။

"နတ်ဆိုးအရှင်၊ ဒါက မှတ်ဉာဏ်အပိုင်းအစတခုပါ၊ ဒါကိုအရင်စုပ်ယူလိုက်ပါ"

ရှောင်ဟိုင်ခေါင်းညိတ်ကာ အနက်ရောင်အလင်းရှိသည့်နေရာသို့ အဝေးကနေ ဆွဲယူကာ မျက်ခုံးအကြားထည့်လိုက်သည်။

မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် ပြည့်လျှမ်းလာကြသည်။

မှတ်ဉာဏ်များက ယွမ်အိုပြောခဲ့တာတွေနှင့် ဘာမှမခြားနားပေ။ သို့သော်နောက်ထပ် မြင်ကွင်းတခုပေါ်လာခဲ့သည်။

ထောင်ကဲ့သို့မှောင်မိုက်နေသည့်နေရာ၌ အားနည်းသည့်မီးတောက်လေးနှင့်အတူ မှိတ်တုတ်မှိတ်တုတ်လင်းနေသည့် ဖယောင်းတိုင်တစ်တိုင်သာရှိသည်။

အားနည်းသည့်မီးတောက်လေးက သံကြိုးများစွာနှင့်ချိပ်ပိတ်ခံထားရသည့် အမျိုးသမီးကို ထင်ဟပ်စေသည်။

ထိုစဉ် အရပ်ရှည်နှင့်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကမေးသည်။

"သူဘယ်မှာလဲဆိုတာ ငါ့ကိုမပြောပြချင်သေးဘူးလား"

"ဒီဂိုဏ်းက စိတ်ရှည်မှုကုန်ခမ်းနေပြီ၊ မင်းသေရမှာကိုမကြောက်ဘူးလား..."

ထို့နောက် အမျိုးသမီးကခေါင်းမော့ကာ လှပသည့်မျက်နှာလေးပေါ်မှ သိမ်မွေ့သည့်အပြုံးကိုပြသစဉ် မြင်ကွင်းကရပ်သွားသည်။

ထိုအမျိုးသမီးကဘယ်သူလဲဆိုတာ သူမမှတ်မိတော့သော်လည်း ထိုမြင်ကွင်းကိုမြင်သောအခါ ရှောင်ဟိုင်၏ကိုယ်မှ နတ်ဆိုးချီက ဒလဟောထိုးတက်လာသည်။

သွေးဆန္ဓကပေါက်ကွဲသွားပြီး နတ်ဆိုးချီနှင့်ရူးသွပ်စွာပင်ရောထွေးသွားသည်။

ထို့နောက် ရှောင်ဟိုင်၏ကိုယ်ကိုရစ်ပတ်ပြီး အနီနှင့်အနက်သံချပ်ကာတခုအဖြစ် ပြောင်းလဲသွား၏။ ထိုထဲတွင် အနီနှင့်အနက်၏မှိန်ဖျော့ဖျော့အလင်းရောင်က ပေါိပေါက်လာသည်။

ရှောင်ဟိုင်၏အော်ရာက အဆက်မပြတ်မြှင့်ဆက်လာသည်။

ထိုစဉ် ယွမ်အို၏အသံကထွက်လာသည်။

"နတ်ဆိုးအရှင်၊ စိတ်လျှော့ပါ၊ အခုဒေါသထွက်တာကအသုံးမ၀င်ပါဘူး၊ အရှင့်ရဲ့ခွန်အားကိုတိုးတက်အောင်လုပ်မှသာလျှင် မမလေးကိုကယ်တင်ပြီး အဲဒီသူပုန်တွေကို သတ်နိုင်မှာပါ"

ထို့နောက်တွင်သာ ရှောင်ဟိုင်၏မျက်လုံးများကကြည်လင်လာသည်။ မှန်ပေသည်။ ယခုသူဒေါသထွက်ရင်း ရူးသွပ်စွာပြုမူ၍မရပေ။ ဒါကအားနည်းသူများ၏ အပြုအမူများသာဖြစ်သည်။

ရှောင်ဟိုင်အသက်ပြင်းပြင်းရှုသည်။

အနက်နှင့်အနီသံချပ်ကာက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး သူ့ကိုယ်ခန္ဓာနှင့် ပေါင်းစပ်သွား၏။

"နောက်ထပ်မှတ်ဉာဏ်အပိုင်းအစကဘယ်မှာလဲ"

ယွမ်အိုကလေးနက်သည့်အသံဖြင့်ပြောသည်။

"ကျွန်တော်တခုပဲသိတယ်၊ အဲဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေရဲ့ အလယ်ဗဟိုဖြစ်တဲ့ ကောင်းကင်ပိုင်နက်မှာရှိတယ်"

"ကျန်တာတွေကိုတော့ ကျွန်တော်လည်း သိပ်မသိဘူး"

ရှောင်ဟိုင်‌ခေါင်းညိတ်သည်။

"လုံလောက်ပါပြီ"

ထို့နောက် ကိုယ်ခန္ဓာက ဝေဝါးလုနီးပါးဖြစ်လာသည့် ယွမ်အိုကိုကြည့်ရင်း ရှောင်ဟိုင်လေးနက်စွာပြောသည်။

"မစိုးရိမ်ပါနဲ့၊ ကျုပ်တည်ရှိနေသရွေ့ မျောက်ဝံနတ်ဆိုးကလန်ရဲ့ပုံရိပ်က ပြောင်းလဲသွားမှာမဟုတ်သလို ဖျက်ဆီးခံရမှာလည်းမဟုတ်ပါဘူး"

ယွမ်အိုပြုံးကာခေါင်းညိတ်သည်။

"အရှင်ကိုယ်တိုင်ပြောတာဆိုတော့ စိတ်ချရပါပြီ၊ နတ်ဆိုးပိုင်နက်က အရှင်ကိုယ်တိုင် ပဲ့ကိုင်ပေးဖို့အတွက် လိုအပ်နေတယ်..."

ထိုစကားပြောပြီးနောက် ယွမ်အို၏ဝိဉာဉ်ပုံရိပ်ယောင်က လုံး၀ပျောက်ကွယ်သွားလေတော့သည်။

မျောက်ဝံနတ်ဆိုးကလန်ရဲ့ ပထမဆုံးဘိုးဘေးကြီးက ဒီကမ္ဘာကြီးထဲကနေ လုံး၀ပျောက်ကွယ်သွားပြီဖြစ်သည်။

ဖျက်ဆီး၍မရနိုင်သည့်အလောင်းကလည်း ကြယ်ရောင်အစက်အပျောက်လေးများအဖြစ် ပြောင်းလဲသွား၏။

အကယ်၍ယဲ့ချိုးပိုင်သာ ဒီနေရာတွင်ရှိမည်ဆိုပါက ထိုကြယ်ရောင်အစက်အပျောက်လေးများထဲတွင်ပါ၀င်သည့်အော်ရာက သာမန်မူလအထွတ်အမြတ်ကျင့်စဉ်နှင့် တူညီတာကို သူရှာတွေ့သွားပေလိမ့်မည်။

ထိုကြယ်ရောင်အစက်အပျောက်လေးများက ရှောင်ဟိုင်၏ကိုယ်ကို၀န်းခံထားကြပြီး သူ့မျက်ခုံးအကြား ဆန်းကြယ်ရှေးဟောင်းစကားလုံးတခုအဖြစ် ဖြည်းဖြည်းချင်း ကျုံ့၀င်သွားသည်။

မည်သို့ပင်ဆိုစေကာမူ သာမန်မူလအထွတ်အမြတ်ကျင့်စဉ်က မင်းသားလေးပါးနှင့် မျောက်ဝံနတ်ဆိုးများ မျိုးဆက်များစွာချီ၍စောင့်ကြပ်လာကြသည့် အထူးကျင့်စဉ်တခုဖြစ်သည်။

နှစ်လဟူသောကာလက ရှည်လျားတိုတောင်းခြင်းမရှိဘဲ မျက်စိတမှိတ်အတွင်း ဖြစ်ပျက်သွား၏။

ကျင့်ကြံသူများအတွက်မူ ကျင့်ကြံခြင်းကာလတခုပင်လျှင် နှစ်လကျော်ကြာမြင့်သည်။

ထိုအချိန်တွင် ပင်လယ်ပေါ်၌ထိုင်နေသည့် ယဲ့ချိုးပိုင်၏ကိုယ်တဝိုက်တွင် ဝိဉာဉ်ချီဝဲဂယက်တခုက လှည့်ပတ်နေသည်။

အထဲကဝိဉာဉ်ချီက အတော်လေးထူထဲသိပ်သည်းသည်။

ယဲ့ချိုးပိုင်အားလှည့်ပတ်နေပြီးနောက် သူ့ဒန်တျန်ထဲစုပ်ယူခံလိုက်ရသည်။

ဝိဉာဉ်ချီဝဲဂယက်က လုံး၀စုပ်ယူခံရသောအခါ သူ့ကိုယ်ထဲကနေ မိုးကြိုးကဲ့သို့ ဟိန်းသံတစ်သံထွက်လာသည်။

သူ့ဒန်‌တျန်ကလည်း ကြီးမားသည့်ပြောင်းလဲမှုတခုကို ကြုံကြိုက်နေရသည်။

ဒီနေရာ၌အပြင်လူများသာရှိမည်ဆိုပါက ဒါက တာအိုနယ်ပယ်ကျင့်ကြံသူ၏ အော်ရာဖြစ်နေတာကို သိလိုက်ရသောအခါ တုန်လှုပ်ချောက်ချားသွားကြပေလိမ့်မည်။

ဒီနှစ်လအတွင်း ယဲ့ချိုးပိုင် လုချန်ရှန်းသူ့ကိုပေးခဲ့သည့်ဆေးလုံးများနှင့် ဒီနေရာက အလွန်အမင်းကြွယ်၀သည့်ဝိဉာဉ်စွမ်းအင်ကို အားကိုးခဲ့သည်။

ထို့နောက် ကျောက်တုံးတတုံးကဲ့သို့ခိုင်မာသည့်တာအိုအခြေခံက သူ့ကိုတာအိုနယ်ပယ်သို့ ချောမွေ့စွာ၀င်ရောက်သွားစေခဲ့သည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်မျက်လုံးဖွင့်လိုက်၏။

"အခုချိန်းဆိုပွဲအတွက် အပြင်ထွက်ဖို့ အချိန်ကျပြီ....."

အပိုင်း(519) coming။

All Chapters