#သာမန်မူလတောင်ပေါ်က သေခြင်းရှင်ခြင်းတိုက်ပွဲ#
Vol. 37 Ch. 519
သာမန်မူလတောင်ပေါ်က သေခြင်းရှင်ခြင်းတိုက်ပွဲ!
နှစ်လကြာ လှုပ်လှုပ်ရွရွဖြစ်သွားပြီးနောက် နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်က ကျင့်ကြံသူတိုင်းက ဒီအကြောင်းကိုသိခဲ့ကြသည်။
ထိုအချိန်တွင် ဂိုဏ်းနှင့်အင်အားစုများစွာက လူများက ဂိုဏ်းနှစ်ဂိုဏ်း၏ ပါရမီရှင်တပည့်နှစ်ဦးကြားက သေခြင်းရှင်ခြင်းတိုက်ပွဲကို ကြည့်ရှုရန်အတွက် သာမန်မူလတောင်အနီးသို့ရောက်လာကြသည်။
"နှစ်လ၊ ငန်းဆိပ်ကမ်းဂိုဏ်းက ယဲ့ချိုးက ဘယ်လောက်ထိတိုးတက်လာသလဲဆိုတာ ငါတကယ်သိချင်မိတယ်"
"အများကြီးတိုးတက်ဖို့ဆိုတာက မဖြစ်နိုင်ဘူး၊ သူ့ပါရမီက ဘယ်လောက်ပဲကြောက်ဖို့ကောင်းနေပါစေ အချိန်က အရမ်းတိုတောင်းနေဆဲလေ"
"ဒါမှမဟုတ် ဒီနှစ်လကို သူထွက်ပြေးဖို့အတွက်များ အသုံးပြုခဲ့လား"
"မင်းမှာဦးနှောက်ရောရှိသေးလား၊ တကယ်လို့ဒီစိန်ခေါ်မှုကိုသူလက်မခံချင်ရင် ဘာလို့အရင်က လောင်းကြေးကို လက်ခံခဲ့ရတာလဲ၊ ငန်းဆိပ်ကမ်းဂိုဏ်းက သူ့ကို ကာကွယ်ပေးဖို့အတွက် ကျရှုံးတော့မှာရှင်းနေပြီ"
"မင်းထပ်ပြီးဆဲနေပြန်ပြီလား"
"မင်းကိုငါဆဲတော့ရောဘာဖြစ်လဲ"
သေခြင်းရှင်ခြင်းတိုက်ပွဲမစသေးခင် ထိုနှစ်ယောက်က အကြိုအချိုပွဲတခုကို စတင်နေကြလေသည်။
နေမင်းကြီးကလုံး၀မြှင့်တက်လာသည်။
ကောင်းကင်နှင့်မြေကြီးကိုဖုံးလွှမ်းထားသည့် သိပ်သည်းသောအော်ရာက သာမန်မူလတောင်ပေါ်သို့ရောက်လာသည်။
လူတိုင်းအံ့ဩသင့်သွားကြပြီး လှမ်းကြည့်လိုက်ကြ၏။
နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက လူများက ဦးစွာရောက်လာကြပြီး စုမင်ရွှယ်က ရှေ့ဆုံးတွင်ရပ်နေသည်။
သူကလက်နှစ်ဖက်ပိုက်ရာ နှာခေါင်းရှုံ့သည်။
"ငန်းဆိပ်ကမ်းဂိုဏ်းကလူတွေဘယ်မှာလဲ၊ ဒီနှစ်လအတွင်း သူတို့မှာနိုင်ဖို့အခွင့်အလမ်းမရှိဘူးလို့ခံစားရတာမို့ ပုန်းဖို့အတွက် ဆုံးဖြတ်လိုက်ကြတာများလား"
ထိုအသံကျဆင်းလာသည်နှင့်တပြိုင်နက် အသံတစ်သံထွက်လာသည်။
"ငါတို့ကဘာလို့သေချာပေါက်နိုင်မယ့် အခြေအနေကို ရှောင်ရှားရမှာလဲ"
ထို့နောက် အော်ရာများကထိုးထွက်လာပြီး ပုံရိပ်များက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနှင့် ဆန့်ကျင်ဘက်တွင်ပေါ်လာသည်။
သူတို့က ငန်းဆိပ်ကမ်းဂိုဏ်းမှဖြစ်သည်။
ထို့ထဲတွင် ကျဲလောင်ကိုယ်တိုင်ရောက်လာပြီး နောက်တွင်ရှိနေသည်။
ပထမနေရာတွင် ယဲ့ချိုးပိုင်၊ မုဇီရှင်းနှင့် ရှောင်ဟိုင်တို့ရှိသည်။
"နိုင်ဖို့သေချာတဲ့အခြေအနေလား" စုမင်ရွှယ်နှာခေါင်းရှုံ့လိုက်သည်။
"နှစ်လပဲရှိပါသေးတယ်၊ မင်းကအရမ်းပါရမီရှိပြီး ကောင်းကင်ဘုံကိုအန်တုနိုင်တဲ့ အခွင့်အလမ်းတခုရခဲ့မယ်ဆိုရင်တောင် သွေးပြောင်းလဲခြင်းနယ်ပယ်ကိုတော့ မချိုးဖျက်နိုင်ပါဘူး၊ ဟုတ်တယ်မလား"
စုမင်ရွှယ်၏အမြင်အရ အကယ်၍သူ့ကိုသာအနိုင်ယူလိုပါက အနည်းဆုံးသွေးပြောင်းလဲခြင်းနယ်ပယ်ကိုရောက်ရန်လိုအပ်သည်။
ဒါ့အပြင်သူကအခု သာမန်မူလအထွတ်အမြတ်ကျင့်စဉ်၏အခြေခံတွေကိုနားလည်ခဲ့ပြီးဖြစ်သည်။ သူက သာမန်သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကိုပင် တိုက်ခိုက်နိုင်လေပြီ။
ယဲ့ချိုးပိုင်၏အမူအရာကထူးမခြားနားပေ။
"အဓိပ္ပာယ်မရှိတာတွေပြောနေစရာမလိုဘူး၊ စလိုက်ကြရအောင်"
စုမင်ရွှယ်အေးစက်စွာနှာခေါင်းရှုံ့သည်။
ရုတ်ချည်းဆိုသလို သွေးပြောင်းလဲခြင်းနယ်ပယ်တ၀က်အဆင့်အော်ရာက ပေါက်ကွဲသွား၏။
"စုမင်ရွှယ်ရဲ့အော်ရာကပိုအားကောင်းတာ ရှင်းနေပြီပဲ၊ သွေးပြောင်းလဲခြင်းက ပြီးဆုံးလုနီးပါးဖြစ်ပုံရတယ်...."
"တကယ်လို့သူ့ကိုအနိုင်ယူချင်ရင် သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူဖြစ်မှ ရတော့မယ်"
တခြားတဘက်တွင် ယဲ့ချိုးပိုင်က ဒီမြင်ကွင်းကိုမြင်ရသည့်တိုင် သူ့အမူအရာကပြောင်းလဲသွားခြင်းမရှိချေ။
ကိုးပေရှည်ကြယ်ကြွေဓားကို လက်ထဲတွင်ကိုင်ကာ သူရှေ့တလှမ်းတိုးလိုက်သည်။
သူ့အော်ရာက ကြောက်မက်ဖွယ်ရာဝဲဂယက်တခုအဖြစ်ပြောင်းသွားပြီး ချက်ချင်းထွက်လာသည်။
ထိုအချိန်တွင် လူတိုင်း၏အမူအရာက ပြောင်းလဲသွားသလို အလွန်အမင်း တုန်လှုပ်ချောက်ချားသွားကြ၏။
"သဟဇာတတာအိုနယ်ပယ်လား"
"အရင်ကအချက်အလက်တွေကမှားယွင်းနေပြီး ယဲ့ချိုးက တကယ်တော့ တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက်လား"
"သတင်းတွေကမမှားနိုင်ဘူး၊ ဖြစ်နိုင်ချေတခုပဲရှိတယ်၊ လွန်ခဲ့တဲ့နှစ်လအတွင်းမှာ သူတာအိုနယ်ပယ်ကို ချိုးဖျက်သွားတာဖြစ်ရမယ်...."
"ဒါကိုမွန်းစတားလို့တောင်ခေါ်လို့မရတော့ဘူး...."
စုမင်ရွှယ်နှင့် သူ့နောက်က နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကလူများပင် ဆွံအသွားကြ၏။
နှစ်လတည်းမှာ အာရုံထွေပြားခြင်းနယ်ပယ်ကနေ တာအိုနယ်ပယ်ကိုချိုးဖျက်သွားတာလား!
ဒီလိုလူမျိုးကိုရှင်သန်ခွင့်ပေးလို့မရဘူး!
ဒါကိုတွေးမိသောအခါ စုမင်ရွှယ်၏ မျက်လုံးအစုံ၌ သတ်ဖြတ်လိုသည့်ဆန္ဒက ပေါ်လာခဲ့သည်။ သူကလုံး၀ဖုံးကွယ်မထားပေ။
"သူတာအိုနယ်ပယ်ကိုချိုးဖျက်သွားတော့ရောဘာဖြစ်လဲ"
သူအေးစက်စွာအော်ဟစ်ကာ လက်ဖဝါးကိုမြှောက်လိုက်သည်။
သူ့လက်ဖဝါးရှေ့တွင် ရေစက်များက ပါးလွှာသည့်လေထုထဲကနေထွက်လာသည်။
လက်ဖဝါးကိုဝှေ့ယမ်းသောအခါ ရေစက်တစ်သောင်းက မုန်တိုင်းတစ်စင်းပမာ ယဲ့ချိုးပိုင်ထံ ပစ်၀င်သွားကြ၏။
ဒါကိုမြင်သည့်တိုင် ယဲ့ချိုးပိုင်၏မျက်လုံးများ၌ အကြောက်တရားဟူ၍မရှိပေ။
သူရှေ့တလှမ်းတိုးလိုက်စဉ် သူ့ဓားဆန္ဒက ကောင်းကင်ပေါ်ထိုးတက်သွားသည်။
အန္တိမဓားဆန္ဒကပေါက်ကွဲလာပြီး သာမန်မူလတောင်အနီးရှိ လေဟာနယ်ကို လွှမ်းခြုံပစ်သည်။
တချိန်တည်းမှာပင် ဓားပိုင်နက်က ဓားဆန္ဒက ထက်ရှသည့်ဓားများအဖြစ် တခုပြီးတခုသိပ်သည်းစုစည်းသွားကာ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနေသည့် ရေစက်တစ်သောင်းကို ထိုးဖောက်ပစ်သည်။
ဂရုန်း........!
ရေစက်တစက်က ယခုလိုအစွမ်းထက်စွမ်းအားကို ထုတ်လွှတ်နိုင်တာက စိတ်ကူးကြည့်ရန်ပင်ခက်ခဲသည်။
၎င်းက ဥက္ကာခဲများကျလာသည့်ပမာ။
ဓားကရေစက်များကိုထိသော်လည်း ရေစက်၏တိုက်ရိုက်ထိုးဖောက်ခြင်းကိုခံရသည်။
ထို့နောက် နောက်ထပ်ဓားဆန္ဒဓားနှစ်လက်ကို ပိုင်းဖြတ်လိုက်ပြန်သည်။
၎င်းနောက်တွင်သာ ရေစက်တစ်စက်က ပြန့်ကြဲသွားလေတော့သည်။
စုမင်ရွှယ် အဆုံးမဲ့ဓားရှည်အလင်းတန်းများနှင့် ရေစက်များကအချင်းချင်းထိုးဖောက်နေကြသည်ကိုကြည့်ရင်း နှာခေါင်းရှုံ့သည်။
"ဒါပဲဆိုရင်တော့ ငါအရမ်းစိတ်ပျက်မိမှာ"
စုမင်ရွှယ်၏လှောင်ပြောင်သံကိုကြားရသော်လည်း ယဲ့ချိုးပိုင်ပြန်မဖြေပေ။
လက်တွေ့ဘ၀က စကားလုံးအားလုံးကို ချိုးဖျက်နိုင်သည့်ထက်မြက်သည့်လက်နက်တစ်ခုဖြစ်သည်။
စကားလုံးတွေကအမြဲလိုလိုဗလာရှိပြီး လက်တွေ့မကျပေ။
သူဘယ်လောက်ပဲ၀င့်ကြွားပြောဆိုနေပါစေ ဒါကလက်တွေ့ဖြစ်လာမည်မဟုတ်ပေ။
ယဲ့ချိုးပိုင်လက်တစ်ဖက်နှင့်ဓားကိုကိုင်ကာ ကျန်တစ်ဖက်နှင့် လက်တံဆိပ်များ ဖန်တီးလိုက်၏။
ရုတ်ချည်းဆိုသလိုဓားပိုင်နက်ထဲတွင် ဖိနှိပ်ခြင်းဆန္ဒအမျှင်တန်းများထွက်လာသည်။
ထို့နောက် ကောင်းကင်ပြိုကျလာသည့်အလား ရေစက်တစ်သောင်းကို ဖိနှိပ်ပစ်သည်။
ကောင်းကင်ဖိနှိပ်ခြင်းနယ်ပယ်!
ကောင်းကင်ဖိနှိပ်ခြင်းနယ်ပယ်၏လွှမ်းမိုးမှုအောက်တွင် ဒါကိုရင်ဆိုင်နိုင်လာသည်။
ဤသည်ကိုမြင်သောအခါ စုမင်ရွှယ်နှာခေါင်းရှုံ့ရင်း လက်ဝှေ့ယမ်းလိုက်၏။
ရေကလေထဲကနေစိမ့်၀င်ကာ လခြမ်းပုံဓားချက်တခုကိုဖန်တီးပြီး ယဲ့ချိုးပိုင်အား ပိုင်းဖြတ်သည်။
လခြမ်းပုံဓားချက်က ကိုယ်ပေါ်သို့ကျလာသည့်ရေစက်တသောင်းကဲ့သို့ စွမ်းအားက အတော်လေးများလာသည်။
ယဲ့ချိုးပိုင်ရှေ့တလှမ်းတိုးကာ လက်ထဲက ကြယ်ကြွေဓားဖြင့် ပိုင်းဖြတ်လိုက်သည်။
ကောင်းကင်ဖိနှိပ်ခြင်းနယ်ပယ်က ဖုံးလွှမ်းထားပြီး ရှေးဦးမူလအကြွင်းဓားလေးစင်းက လေထဲတွင် သိပ်သည်းသွား၏။
ထိုအချိန်တွင် ယင်နှင့်ယန်လျှပ်စီးနဂါးနှစ်ကောင်က စုမင်ရွှယ်ထံသို့ဟိန်းနေကြပြီး ဓားဖြင့် ပိုင်းချလိုက်လေသည်။
ဆန္ဒနယ်ပယ်များစွာအဖြစ်သို့ပေါင်းစည်းရင်း ရှေးဦးမူလအကြွင်းမဲ့ဓားလေးစင်းက အဖြူနှင့်အနက်လျှပ်စီးနဂါးနှစ်ကောင်၏ ရစ်ပတ်ခြင်းကိုခံထားရပြီး လခြမ်းပုံဓားချက်ကို ခုခံရင်ဆိုင်သည်။
ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်၊ ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်!
သူကယင်ယန်တွန်းကန်မှုကိုမသုံးလျှင်ပင် ထုတ်လွှတ်ထားသည့်ယင်ယန်ကမ္ဘာ့ဖျက်ဆီးခြင်းက ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်၏ အထွတ်အထိပ်အဆင့်တဖြစ်လဲ ၎င်း၏စွမ်းအားက ထူးခြားနေဆဲပင်။
ထို့ကြောင့်ချက်ချင်းဆိုသလို လခြမ်းပုံဓားချက်အား ရိုက်ခွဲပစ်ပြီး စုမင်ရွှယ်အား ပိုင်းဖြတ်ပစ်သည်။
စုမင်ရွှယ်၏အမူအရာကမည်းမှောင်နေပြီး လက်ဖဝါးအစုံကိုအတူတကွဖိထားကာ ဘေးဖက်သို့ဖြန့်လိုက်သည်။
သူ့လက်ထဲတွင် ဓားမောက်ရှည်တစ်လက်ပေါ်လာသည်။
"မင်းမှာပဲ ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ရှိနေတာမဟုတ်ဘူး"
"ရေလ ကောင်းကင်အားလှုပ်ယမ်းခြင်း"
အေးစက်သည့်အော်သံနှင့်အတူ စုမင်ရွှယ် ရေလဓားမောက်ရှည်ကိုကိုင်ကာ ယဲ့ချိုးပိုင်အား ပိုင်းချလိုက်သည်။
လပြည့်ကဲ့သို့ဓားပလင်းက ဓားကနေ လင်း၀င်းစွာထွက်လာပြီး ဖျက်ဆီးခြင်းနှင့် စုတ်ဖြဲလိုသည့်ဆန္ဒကိုသယ်ဆောင်ထားကာ လေဟာနယ်အားပိုင်းဖြတ်ရင်း ရှေးဦးမူလအကြွင်းမဲ့ဓားလေးစင်းနှင့်တိုက်မိသွားသည်။
ဂျုန်း.......!
ထိုနှစ်ခုတိုက်မိသည့်နေရာတွင် အော်ရာများက အဆက်မပြတ်ထိုးတက်နေသည်။
ပတ်၀န်းကျင်လေဟာနယ်ကပုံပျက်သွားသည်။ အောက်ကပရိသတ်များကလည်း ထိတ်လန့်သွားကြ၏။
"တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက်နဲ့ သွေးပြောင်းလဲခြင်းတ၀က်နယ်ပယ်ကျင့်ကြံသူတစ်ယောက်က ဒီလောက်ထိ တိုက်ခိုက်လို့ရတာလား"
"ငန်းဆိပ်ကမ်းဂိုဏ်းက ယဲ့ချိုးကို ဒီလောက်ထိ ကာကွယ်ပေးချင်နေတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ၊ သူမသေသေးသရွေ့ ဒီကြယ်ပိုင်နက်ရဲ့အထွတ်အထိပ်မှာ သေချာပေါက်ရပ်တည်လိမ့်မယ်"
"သနားစရာပဲ.... ဒီလိုပါရမီရှင်က လမ်းတ၀က်မှာပင် သေဆုံးရတော့မယ်..."
သူ့နောက်က ကျဲလောင်ကအမူအရာကင်းနဲ့နေသော်လည်း သူ့မျက်လုံးများက စိုးရိမ်ပူပန်စိတ်ဖြင့်ပြည့်နှက်နေသည်။
အကယ်၍ယဲ့ချိုးပိုင်ကသာ စုမင်ရွှယ်၏ ပြိုင်ဘက်မဟုတ်ပါက သူလောင်းကြေးကို ဆုတ်ဖြဲပစ်ရမည်ဆိုလျှင်ပင် ဘာပဲပေးဆပ်ရပေးဆပ်ရ ယဲ့ချိုးပိုင်ကို ကယ်တင်မည်ဖြစ်သည်။
ဒီစိတ္တဇကောင်လေးက ဒီနေရာတွင်သေ၍မရပေ။ သူ့ခရီးစဉ်က အဝေးကြီးတွင် ရှိနေဆဲပင်။ ဒါက ကြယ်များ၏ပင်လယ်ဖြစ်သည်။
ထိုအချိန်တွင် လပြည့်ဓားချက်က ရှေးဦးမူလအကြွင်းဓားလေးစင်းကို တိုက်ရိုက် ချိုးဖျက်ပစ်သည်။
တချိန်တည်းမှာပင် လပြည့်ဓားချက်ကလည်းပျောက်ကွယ်သွားရသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ စုမင်ရွှယ်၏ အမူအရာကမည်းမှောင်သွား၏။
"မင်းက တာအိုနယ်ပယ်လေးနဲ့ ငါ့ကို ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ကို အတင်းအကျပ်အသုံးပြုရအောင် လုပ်နိုင်တဲ့ ပထမဆုံးလူလို့ပြောလို့ရတယ်"
"ဒါပေမယ့် သနားစရာပဲ...."
စုမင်ရွှယ်၏မျက်လုံးများကအနည်းငယ်ပြူးကျယ်သွား၏။ သူ့နဖူးပေါ်၌ ရှေးဟောင်းစာလုံးတစ်လုံးက ခပ်ရေးရေးပေါ်ပေါက်လာခဲ့သည်။
အပိုင်း(520) coming။