#စုမင်ရွှယ်၏သေခြင်းတရား၊ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းစစ်ကြေညာခြင်း#
Vol. 37 Ch. 520
စုမင်ရွှယ်၏မျက်ခုံးများအကြား ရှေးဟောင်းစာလုံးပေါ်လာသည်နှင့် ရှေးဆန်ပြီးနက်ရှိုင်းသည့်အော်ရာက စုမင်ရွှယ်ကိုဗဟိုပြုရင်း ဖြည်းညင်းစွာ လွင့်မြောလာသည်။
"သာမန်မူလအထွတ်အမြတ်ကျင့်စဉ်လား"
"စုမင်ရွှယ်က သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို တကယ်နားလည်ခဲ့တာပဲ၊ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းရဲ့ သူတော်စင်သားတော်ပီသပါပေတယ်..."
"သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ရဲ့ အစွန်းလေးကိုတောင်မထိဖူးတဲ့ ပါရမီရှင်တွေဘယ်လောက်များလဲဆိုတာမင်းသိလား"
စုမင်ရွှယ်က သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကိုနားလည်ခဲ့သော်လည်း သူ့မျက်ခုံးကြားသို့ကြည့်မည်ဆိုပါက အလွန်အမင်းသေးငယ်ပုံရပြီး ရှေးဟောင်းစကားလုံးတွေကမှိန်ဖျော့နေသည်။
သူက သာမန်မူလအထွတ်အမြတ်ကျင့်စဉ်၏ ၀င်ပေါက်လေးကို ထိရုံမျှထိတွေ့နိုင်ခဲ့ခြင်းဖြစ်သည်။
သို့စေကာမူ ဤသို့ဆိုလျှင်ပင် စုမင်ရွှယ်ကိုနယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တွင် ထိပ်တန်းပါရမီရှင်တစ်ဦးအဖြစ် မှတ်ယူ၍ရနေလေပြီ။
စုမင်ရွှယ်နှာခေါင်းရှုံ့သည်။
"ငါ့ကို သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို သုံးဖို့အတွက် တွန်းအားပေးနိုင်ခဲ့တာမို့ မင်းဂုဏ်ယူနေသင့်တယ်"
စုမင်ရွှယ်လက်ကိုဆန့်ထုတ်ကာ ရေလဓားမောက်ရှည်ကို လက်ထဲတွင်ပြန်ကိုင်လိုက်သည်။
ထိုအချိန်တွင် သာမန်မူလအထွတ်အမြတ်ကျင့်စဉ်၏တိုးမြှင့်မှုနှင့်အတူ ရေလဓားမောက်ရှည်က အဆင့်မြင့်ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်တခုအဖြစ် စတင်လာသည်။
ထို့နောက် သူ့အော်ရာက အဆက်မပြတ်ထိုးတက်သွားပြီး ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ် အထွတ်အထိပ်အဆင့်သို့ ရောက်သွား၏။
ဒါကစကားလုံးနှစ်လုံးသာကွာခြားသော်လည်း စွမ်းအားကမူ မြင်သာသည့်နှုန်းဖြင့် တိုးတက်လာခဲ့သည်။
"မင်းအခုဒါကိုဘယ်လိုတားဆီးမလဲ"
ထို့နောက် စုမင်ရွှယ်ရေလဓားမောက်ရှည်ကိုကိုင်ကာ ပိုင်းချလိုက်လေသည်။
လပြည့်ဓားချက်က လေဟာနယ်ထဲတွင်လင်း၀င်းကာ ယဲ့ချိုးပိုင်အားပိုင်းဖြတ်ပစ်သည်။
သာမန်မူလအထွတ်အမြတ်ကျင့်စဉ်၏ အဆင့်မြှင့်တင်မှုကြောင့် ရေလ ကောင်းကင်ကို လှုပ်ခါယမ်းခြင်းက ပိုင်းဖြတ်နေသည်ကို စုမင်ရွှယ်ကြည့်နေသည်။
ယဲ့ချိုးပိုင်ကလုံး၀ကြောက်ရွှံ့ခြင်းမရှိဘဲ ယင်းအစားသူကရယ်မောလိုက်သည်။
"မင်းတယောက်တည်းကပဲ သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို နားလည်တယ်ထင်နေတာလား"
ရှေးဟောင်းစာလုံးတလုံးက ယဲ့ချိုးပိုင်၏ မျက်ခုံးကြားတွင်ပေါ်လာသည်။
ယှဉ်၍မရနိုင်သည့်ဆန်းကြယ်အော်ရာတခုကပေါက်ကွဲသွား၏။
ဒီမြင်ကွင်းကိုမြင်သောအခါ စုမင်ရွှယ်တုန်လှုပ်ချောက်ချားသွားသည်။
ယဲ့ချိုးပိုင်၏မျက်ခုံးကြားက ရှေးဟောင်းစာလုံးက အလွန်အမင်းသိပ်သည်းသည်။ သူ့၏ သာမန်မူလအထွတ်အမြတ်ကျင့်စဉ်အပေါ် နားလည်နိုင်စွမ်းက စုမင်ရွှယ်ထက် အများကြီးပိုမြင့်မားနေသည်မှာ သိသာထင်ရှားနေသည်။
နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကလူများပင်လျှင် ထိတ်လန့်နေကြသည်။
ဒီကာလအတွင်း သူကတာအိုနယ်ပယ်ကိုချိုးဖျက်ခဲ့သည်သာမက သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကိုလည်း နားလည်သွားခဲ့သည်။
ဒါဘယ်လိုကြောက်မက်ဖွယ်ရာပါရမီမျိုးလဲ!
ထိုအချိန်တွင် ယဲ့ချိုးပိုင်က ကြယ်ကြွေဓားကိုကိုင်ထားပြီး ယန်နှင့်ယင်လျှပ်စီးနှစ်ကြောင်းက ဓားတဝိုက်တွင် လှည့်ပတ်နေကြသည်။
တချိန်တည်းမှာပင် အဆုံးမဲ့ဆန္ဒက ယဲ့ချိုးပိုင်ကိုယ်ထဲကဓားဆန္ဒနှင့်ပေါင်းစပ်သွားပြီး ကောင်းကင်ပေါ်ထိုးတက်သွား၏။
ရှေးဦးမူလဓားကျမ်း!
တတိယဓားချက်!
ကောင်းကင်ခွဲခြမ်းဓားသွား!
တခဏအကြာတွင် ဓားဆန္ဒက ပေါက်ကွဲကာကောင်းကင်ပေါ်ထိုးတက်လာသည်။
ကြောက်မခန်းလိလိဓားဆန္ဒက ကောင်းကင်ကိုထိုးဖောက်ချင်နေသည့် ဧရာမဓားတစ်လက်အဖြစ် သိပ်သည်းသွားပုံရသည်။
တချိန်တည်းမှာပင် သာမန်မူလအထွတ်အမြတ်ကျင့်စဉ်က ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်အထွတ်အထိပ်အဆင့်ဖြစ်သည့် ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်ကို အင်မော်တယ်ဆန္ဒအနည်းငယ်ကိုပင် ဝေဝါးဝါးသယ်ဆောင်လာစေဟည်။
ဝိဉာဉ်ပညာရပ်များအထက်တွင် အင်မော်တယ်ပညာရပ်များရှိပြီး သာမန်မူလအထွတ်အမြတ်ကျင့်စဉ်က ကျင့်ကြံခြင်းကျင့်စဉ်ကို အဆင့်တစ်ဆင့် အားသုံးမြှင့်တင်ပေးနိုင်သည်ဟုဆို၍ရသော်လည်း ရှေးဦးမူလဓားကျမ်း၌ ဘာတိုးတက်မှုမှမရှိပါ။
ဆန့်ကျင်စွာပင် သူရှေးဦးမူလဓားကျမ်းကိုသုံးသောအခါ ၎င်းက သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို ပယ်ချခဲ့သည်။
ဒါက ၎င်းကသာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို အထင်သေးနေသည့်အသွင်။
ယဲ့ချိုးပိုင် ကျင့်ကြံခြင်းနည်းစနစ်မျိုးစုံကိုသုံးပြီးနောက် သူ့ဒန်တျန်ထဲက ဝိဉာဉ်ချီကလည်း မြင်နိုင်သည့်အမြန်နှုန်းဖြင့် စီးဆင်းသွားကြ၏။
သူ့မျက်နှာကဖြူဖျော့သွားသည်။
ရှေ့တည့်တည့်က လပြည့်ဓားချက်ကိုကြည့်ရင်း ယဲ့ချိုးပိုင်ပိုင်းချလိုက်လေသည်။
ကြောက်ခမန်းလိလိဓားဆန္ဒက ဧရာမဓားအဖြစ်သို့ပြောင်းလဲသွားပြီး ယင်နှင့်ယန်လျှပ်စီးနဂါးနှစ်ကောင်က ဧရာမဓားကို ရစ်ခွေထားကာ ဒေါသတကြီးဟိန်းသံများကို ထုတ်လွှတ်ရင်း ဓားက လပြည့်ဓားချက်ထံ ဦးတည်သွား၏။
သူ့အော်ရာက ကမ္ဘာကြီးကိုပင်ဖျက်ဆီးနိုင်သည့်အလား အပြင်းအထန်ထိုးတက်လာသည်။
အလွန်အမင်းပုံပန်းပျက်လာပြီးနောက် ဖြတ်သန်းသွားသည့်လေဟာနယ်တွင် အက်ကြောင်းများပင်ပေါ်လာလေပြီ။
လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် ဧရာမဓားက လပြည့်ဓားချက်ကို အမှတ်တကယ် ချိုးဖျက်ပစ်လေသည်။
ထို့နောက်ရပ်တန့်မနေဘဲ စုမင်ရွှယ်အားလည်း တိုက်ရိုက်ပိုင်းဖြတ်ပစ်သည်။
သူမည်မျှပင်တွေးတောနေပါစေ ယဲ့ချိုးပိုင်က သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို လုံး၀ကျွမ်းကျင်နေလိမ့်မည်ဟု စုမင်ရွှယ် တခါမှ မတွေးတောခဲ့ဖူးပါ။
အလျင်အမြန်ပင် စုမင်ရွှယ်အံကြိတ်ကာ ထပ်မံပိုင်းချလိုက်ပြန်သည်။
ရေဆန္ဒက ယှဉ်၍မရလောက်အောင်လေးလံနေသည်။ ထို့နောက် ယင်ယန်ဓားပေါ်သို့ ကျဆင်းလာသည့်ဥက္ကာခဲတခုပမာ ရပ်တည်နေသည်။
အလျင်အမြန်တိုက်ခိုက်မှုတခုက ယဲ့ချိုးပိုင်၏ဓားကို မည်သို့မည်ပုံရပ်တန့်နိုင်မည်နည်း။
ရုတ်ချည်းဆိုသလို စုမင်ရွှယ်လက်ထဲက ရေလဓားမောက်ရှည်က တိုက်ရိုက်ကျိုးပဲ့သွားပြီး ရေစက်များစွာအဖြစ်ပြောင်းသွားကာ နေရာအနှံ့လွင့်စင်သွားကြ၏။
ဒါကိုမြင်သောအခါ စုမင်ရွှယ်၏မျက်နှာကဖြူဖျော့သွားပြီး အပြင်းအထန်နောက်ဆုတ်ကာ ယဲ့ချိုးပိုင်၏ဓားကို ရှောင်တိမ်းချင်သည်။
သို့သော် မုဇီရှင်းအပေါ် မိစ္ဆာအတွေးများရှိသည့် စုမင်ရွှယ်ကို ယဲ့ချိုးပိုင်မည်သို့ လွှတ်ပေးနိုင်မည်နည်း။
သူ့မျက်လုံးများကအနည်းငယ်အေးစက်နေပြီး အမူအရာကင်းမဲ့စွာပင် ရှေ့သို့ တလှမ်းလှမ်းလိုက်သည်။ ထို့နောက် သူ့လက်ထဲကကြယ်ကြွေဓားဖြင့် ရှေ့သို့ ပိုင်းချလိုက်လေသည်။
နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏ ဥပဒေစိုးမိုးရေခန်းမသခင်ဂေါင်ရွီက ဒေါသတကြီးအော်ဟစ်သည်။
"ရဲတင်းလိုက်တာ"
သို့စေကာမူ ယဲ့ချိုးပိုင်ကဂရုမစိုက်ပေ။ သူ့မျက်နှာကအေးစက်ပြီးပြတ်သားနေသည်။ ယဲ့ချိုးပိုင်အတွက် စုမင်ရွှယ်က သေချာပေါက် သေရမည်မှာ သိသာထင်ရှားနေသည်။
ဂေါင်ရွီ၏မျက်နှာကကြည့်ရဆိုးသွားပြီး သူယဲ့ချိုးပိုင်အားရိုက်ချင်သော်လည်း ကျဲလောင်က ဂေါင်ရွီရှေ့တွင်ပေါ်လာပြီး လက်ဖဝါးဖြင့် ပြန်ရိုက်လိုက်သည်။
ဂေါင်ရွီအလျင်အမြန်နောက်ဆုတ်လိုက်ရသော်လည်း ကျဲလောင်ကမူ ထိုနေရာ၌ပင်ရှိနေသေးပြီး သူ့အမူအရာက မပြောင်းလဲပေ။ ယခုလေးတင်တိုက်ခိုက်မှုက သူ့အပေါ် သက်ရောက်မှုမရှိသည့်အလားပင်။
ဂေါင်ရွီ၏အမူအရာကကြည့်ရဆိုးသွားသည်။
"မင်းတို့ရဲ့ငန်းဆိပ်ကမ်းဂိုဏ်းက တကယ်ပဲအဆုံးထိသွားတော့မှာလား"
ကျဲလောင် ဘူးသီးခြောက်ကိုမြှောက်ကာ သေရည်တငုံသောက်လိုက်ပြီး ဂေါင်ရွီအား စိုက်ကြည့်သည်။
"ဒါကသေခြင်းရှင်ခြင်းတိုက်ပွဲလို့ပြောတဲ့သူတွေထဲမှာ မင်းလည်းပါတယ်လေ၊ အခုမင်းကပဲ စည်းမျဉ်းတွေကိုချိုးဖျက်ချင်နေပြီလား၊ မင်းမျက်နှာကိုရော မင်းဂရုစိုက်သေးရဲ့လား"
"စုမင်ရွှယ်က ဂိုဏ်းချုပ်ရဲ့ကိုယ်ပိုင်တပည့်ပဲ၊ တကယ်လို့သူ့ကိုသတ်ရင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ငန်းဆိပ်ကမ်းဂိုဏ်းကို ဖျက်ဆီးဖို့အတွက် ဂိုဏ်းတခုလုံးရဲ့ အင်အားကိုအသုံးပြုလိမ့်မယ်"
သူက ကျဲလောင်၏ခေါင်းမာသည့်အမူအရာကိုကြည့်နေသည်။ ဂေါင်ရွီပူပန်နေသော်လည်း သူလုပ်နိုင်တာဘာမှမရှိပေ။
ယဲ့ချိုးပိုင်က ကြယ်ကြွေဓားကိုကိုင်ကာ စုမင်ရွှယ်အနားပို၍ပို၍တိုးကပ်သွားသည်ကို သူတို့ကြည့်နေရုံသာတတ်နိုင်တော့သည်။
ယဲ့ချိုးပိုင်လက်ထဲက ကြယ်ကြွေဓားက စုမင်ရွှယ်ခေါင်းပေါ်ကျရန်ပြင်နေစဉ် မြေအင်မော်တယ်အော်ရာတခုက ယဲ့ချိုးပိုင်အား ဖိနှိပ်ပစ်သည်။
ယဲ့ချိုးပိုင်၏မျက်သူငယ်အိမ်များက ပြူးကျယ်သွား၏။ သူ့ကိုယ်ခန္ဓာက လေထဲတွင်ပင် ရပ်သွားသည်။
ထိုအချိန်တွင် သာမန်မူလတောင်တခုလုံးမှ အေးစက်သည့်အသံတစ်သံထွက်လာသည်။
"ကျိယွန်၊ စည်းမျဉ်းတွေကို မင်းချမှတ်ခဲ့တာနော်"
ထိုစကားလုံးများပြောပြီးနောက် နောက်ထပ်မြေအင်မော်တယ်အော်ရာတခုပေါ်လာပြီး ယဲ့ချိုးပိုင်ကိုယ်ခန္ဓာအား ဖိနှိပ်ထားသည့်အော်ရာကို ခုခံလိုက်သည်။
လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် ယဲ့ချိုးပိုင်က စုမင်ရွှယ်၏ကိုယ်အား ပိုင်းဖြတ်ပစ်သည်။
ထိုအချိန်တွင် စုမင်ရွှယ်၏အသက်ဓာတ်ကပျောက်ကွယ်သွား၏။ သူ့ဝိဉာဉ်ပင်လျှင် သူ့ကိုယ်ခန္ဓာနှင့်အတူ ယဲ့ချိုးပိုင်၏ဓားကြောင့် ပိုင်းဖြတ်ခံရသည်။
ယခုအချိန်၌ အင်မော်တယ်တစ်ယောက်ပင်လျှင် စုမင်ရွှယ်၏အသက်ကို မကယ်တင်နိုင်တော့ပါ။
သူတကယ်သတ်ပစ်လိုက်တာလား!
အောက်ကကြည့်ရှုသူများက ဒီမြင်ကွင်းကိုကြည့်ရင်း အံ့ဩသင့်နေကြသည်။
ငန်းဆိပ်ကမ်းဂိုဏ်းက တကယ်ပဲ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက စစ်ပွဲတခုစတင်မှာကို မကြောက်တာလား!
ဒါမှမဟုတ် ငန်းဆိပ်ကမ်းဂိုဏ်းက ပြင်ဆင်ပြီးသားဖြစ်နေတာကြောင့်လား!
စုမင်ရွှယ်သေဆုံးသွားသည့်အချိန်တွင် ကောင်းကင်ထဲ၌ ကျိယွန်၏အသံက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တခုလုံးအတွင်း ပျံ့သွားသည်။
"နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်က အရှင်သခင်တစ်ယောက်ပဲလိုအပ်တယ်"
"နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကတော့ ငန်းဆိပ်ကမ်းဂိုဏ်းကိုဖျက်ဆီးဖို့အတွက် ဂိုဏ်းတခုလုံးကို စုရုံးပြင်ဆင်ရမယ်"
ထိုစကားလုံးများကိုပြောပြီးနောက် ကျိယွန်၏အော်ရာကချက်ချင်းပျောက်ကွယ်သွား၏။
နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကလူများကလည်း ကြည့်ရဆိုးနေသည့်အမူအရာများဖြင့် ထွက်သွားကြသည်။
ယန်ဝေရှန်းက ယဲ့ချိုးပိုင်ဘေးသို့ရောက်လာသည်။
"ဂိုဏ်းကိုအရင်ပြန်ကြရအောင်"
နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ငန်းဆိပ်ကမ်းဂိုဏ်းနှင့် စစ်ပွဲစတင်တော့မည်ဟူသောသတင်းက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တခုလုံးအတွင်း ချက်ချင်းပြန့်သွားခဲ့သည်။
ဒီအရာအားလုံး၏အကြောင်းရင်းက ယဲ့ချိုးပိုင်ပင်ဖြစ်လေသည်။
အချိန်တခုအထိ ယဲ့ချိုးဟူသောနာမည်က နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တွင် ပဲ့တင်ထပ်နေလေသည်။
အပိုင်း(521) coming။