← Chapters

#မြေအင်မော်တယ်များ၏တိုက်ပွဲ၊ ယွမ်ချောင်တိုက်ခိုက်ခြင်း#

Vol. 37 Ch. 521

#မြေအင်မော်တယ်များ၏တိုက်ပွဲ၊ ယွမ်ချောင်တိုက်ခိုက်ခြင်း#

Vol. 37 Ch. 521

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက အပြင်ပက တပည့်နှင့်အကြီးအကဲအားလုံးကို ဆင့်ခေါ်ပြီးဖြစ်ကာ ငန်းဆိပ်ကမ်းဂိုဏ်းရှိရာဘက်သို့ ဦးတည်နေပြီး သတ်ဖြတ်လိုသည့်ဆန္ဒက ကောင်းကင်တခွင်ပြည့်နှက်နေသည်။

တခြားတဘက်တွင် ငန်းဆိပ်ကမ်းဂိုဏ်း၏ အထက်ပုဂ္ဂိုလ်များကဘာတခုမှမလုပ်ကြပါ။

သူတို့ကကြေငြာချက်တခုထုတ်ပြန်ခဲ့သော်လည်း ဘာမှတော့မပြောခဲ့ကြပေ။

"နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ဆယ့်ငါးမိနစ်အတွင်းရောက်လာလိမ့်မယ်"

ဒါကလူတိုင်းကို ထိတ်လန့်ကာ ဝေခွဲမရဖြစ်သွားစေသည်။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ငါတို့ငန်းဆိပ်ကမ်းဂိုဏ်းထက်အားကောင်းတာမလား!

ဘာလို့ဂိုဏ်းချုပ်နှင့်တောင်ထိပ်သခင်ငါးယောက်က နည်းနည်းလေးတောင် စိုးရိမ်ပူပန်နေပုံမရတာလဲ!

သူတို့ကခုခံမှုကိုလက်လျှော့လိုက်ကြတာများလား!

ဒါမှမဟုတ် တန်ပြန်ဆောင်ရွက်မှုတခုခု ရှိနေလို့များလား!

ပြင်ပအင်အားစုများက သက်၀င်လှုပ်ရှားစွာဆွေးနွေးနေကြ၏။

အလားတူပင် နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၏ ပထမတန်းစားအင်အားစုများကလည်း ငန်းဆိပ်ကမ်းဂိုဏ်းကို ကောင်းမွန်သည့်ပြပွဲတခုကိုကြည့်နေသည့်အသွင်အပြင်ဖြင့် ကြည့်နေကြသည်။

ထိပ်တန်းအင်အားစုနှစ်ခုကြားကစစ်ပွဲက တဖွဲ့ကသေရမည်ဖြစ်ကာ တဖက်က ဒဏ်ရာရသွားပေလိမ့်မည်။

ထိုအချိန်က သူတို့တိုက်ခိုက်ရမည့်အချိန်ပေတည်း။

"ဒါပေမယ့်ဒီတကြိမ်ဘာလို့ ငန်းဆိပ်ကမ်းဂိုဏ်းက အရမ်းမဆင်မခြင်လုပ်ရတာလဲ၊ သူတို့ဘာလို့ တပည့်တယောက်ကို ဒီလိုအရှုပ်တွေလုပ်ခွင့်ပေးထားရတာလဲ"

"ဟုတ်တယ်၊ ယဲ့ချိုးရဲ့ပါရမီက အရမ်းကြောက်စရာကောင်းတယ်ဆိုရင်တောင် အချိန်တိုအတွင်းမှာ သူက သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကိုနားလည်ခဲ့သလို သူ့နယ်ပယ်ကလည်း အဆက်မပြတ် ချိုးဖျက်သွားခဲ့တယ်၊ ငါတကယ်လျှော့တွက်မိခဲ့တာပဲ"

"ပါရမီရှင်ဖြစ်နေတော့ရောဘာအသုံး၀င်လို့လဲ"

"လမ်းတ၀က်မှာသေဆုံးခဲ့ရတဲ့ပါရမီရှင်ဆိုတာက အသုံးမ၀င်ဘူး"

"မှန်တယ်"

"ငါသာဆိုရင် ယဲ့ချိုးကိုအဝေးကိုပို့ပစ်မှာ၊ ငါသူ့ကိုအချိန်ပေးနေသရွေ့ သူကအနာဂတ်မှာ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတခုဖြစ်လာမယ်ဖြစ်ပြီး ငန်းဆိပ်ကမ်းဂိုဏ်းအတွက်လည်း မီးတောက်ကိုပြန်လည်လောင်ကျွမ်းစေဖို့အတွက် အခွင့်အရေးတခုရလာလိမ့်မယ်"

မည်သို့ပင်ဆိုစေကာမူ နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်က ဂိုဏ်းအားလုံးက ငန်းဆိပ်ကမ်းဂိုဏ်းကို သိပ်အထင်မကြီးကြပေ။

နှစ်ဘက်ကြားက ခွန်အားအရာ၌ကွာခြားချက်က နည်းနည်းကြီးမားနေတုန်းပင်။

ဂိုဏ်းများကလူသိရှင်ကြားဆွေးနေချိန် ငန်းဆိပ်ကမ်းဂိုဏ်းတွင် အော်ရာများက ဂိုဏ်းအပြင်ဘက်တွင်စုဝေးလာကြ၏။

နောက်ဆုံးအငွေ့အသက်ကမူ ကောင်းကင်က ပြိုကျလာသည့်အလားပင်။

အင်မော်တယ်တာအိုဆန္ဒများက ငန်းဆိပ်ကမ်းဂိုဏ်းကို မည်သည့်ငါးမှမလွတ်မြောက်စေရန်အတွက် ကာကွယ်သည့်အနေဖြင့် ၀န်းရံထားသည်။

သူတို့ကတိုက်ခိုက်ကြတော့မည်ဖြစ်လေရာ မည်သည့်အနာဂတ်ပြဿာနာကိုမှ ချန်ထားခဲ့၍မရပေ။

ဒီအော်ရာကို နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ် ကျိယွန်ထုတ်လွှတ်ထားခြင်းဖြစ်သည်။

ငန်းဆိပ်ကမ်းဂိုဏ်းကလူများက ကြောက်ရွှံ့သွားကြ၏။

မြေအင်မော်တယ်နယ်ပယ်၏ အစွမ်းထက်အော်ရာဖိကျလာတာကို မြင်ရသောအခါ တပည့်များအားလုံးကလေးနက်သွားကြသည်။

ထိုအချိန်တွင် နူးညံ့သည့်အသံတစ်သံက ငန်းဆိပ်ကမ်းဂိုဏ်းအပေါ် ကောင်းကင်ယံမှတဆင့် ဂိုဏ်းတခုလုံးအတွင်း ပဲ့တင်ထပ်ကာထွက်လာသည်။

"ယန်ဝေရှန်း၊ ဒီနှစ်တွေအတွင်း မင်းဘယ်လောက်များများ တိုးတက်လာသလဲဆိုတာ ကြည့်ရအောင်"

သူစကားလုံးများပြီးစီးသွားသည်နှင့်တပြိုင်နက် ယန်ဝေရှန်း၏ပုံရိပ်က ဂိုဏ်းအပေါ်ဘက်တွင်ပေါ်လာသည်။

"ငါတို့ကြိုးစားကြည့်လို့ရပါတယ်၊ ဒါပေမယ့်ဒါကစစ်ပွဲတခုဆိုမှတော့ တရားမျှတမှုကို ငါတို့ထည့်သွင်းစဉ်းစားနေစရာမလိုဘူးမလား"

ထိုစကားကိုကြားသောအခါ ကျိယွန်အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

တရားမျှတမှုလား!

သူတို့ခွန်အားအရ နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၌ ဘာကိုများတရားမျှတသည်ဟု သတ်မှတ်၍ရမည်နည်း။

နောက်အခိုက်အတန့်၌ ကျိယွန်၏အမူအရာကပြောင်းလဲသွား၏။

ထိတ်လန့်နေသည့်အမူအရာနှင့်အတူ သူနောက်ဘက်သို့ ရိုက်ချလိုက်သည်။

ရုတ်ချည်းပင် မုန်တိုင်းတစင်းက ကောင်းကင်နှင့်မြေကြီးအကြား တိုက်ခတ်သွားသည်။ ကောင်းကင်နှင့်မြေကြီးစွမ်းအားက ဒီလက်ဖဝါးချက်ထဲတွင် ပေါင်းစပ်နေသည့်အသွင်။

ဒါကမြေအင်မော်တယ်နယ်ပယ်၏စွမ်းအားပေတည်း။ လှုပ်ရှားမှုတိုင်းတွင် သူတို့က ကမ္ဘာကြီး၏စွမ်းအားကို ငှားယမ်းနိုင်သည်။

လက်ဖဝါးနှင့်လက်သီးချက်တစ်ချက်က စုဆုံတွေ့ရှိသွားကြ၏။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသည့်အကြည့်များအောက်တွင် ကျိယွန်၏မျက်နှာက အနည်းငယ်ဖြူဖျော့သွားသည်။ သူက ဗလုံးဗထွေးတချက်ညည်းရင်း နောက်သို့ လွင့်စင်သွားလေတော့သည်။

အနက်၀တ်လူတစ်ယောက်က လက်သီးချက်ကိုရုတ်သိမ်းကာ ညင်သာစွာခေါင်းညိတ်သည်။

"မင်းတုံ့ပြန်မှုကမဆိုးဘူးဘဲ"

ဒီလူကဘယ်သူလဲ!

သူက ကျိယွန်ကိုတောင် တချက်တည်းနဲ့ လွင့်စင်သွားအောင် လုပ်နိုင်တာလား!

ဒါက အလျင်စလိုကာကွယ်မှုတခုဖြစ်ပြီး ကျိယွန်တွင် ခွန်အားကိုအသုံးပြုရန်အတွက် အချိန်အများကြီးမရှိခဲ့သော်လည်း သူကမြေအင်မော်တယ်တစ်ယောက်ဖြစ်နေသေးသည်။

ဒါက လက်သီးထိုးလိုက်သည့်လူကလည်း မြေအင်မော်တယ်နယ်ပယ်ဖြစ်သည်ကို ဆိုလိုနေသည်။

ကျိယွန်အားသုံးကာ သူ့ကိုယ်သူအတင်းရပ်စေပြီး သူ့အမူအရာက အတော်လေးကြည့်ရဆိုးနေသည်။

ထိုအချိန်မှသာ ယန်ဝေရှန်း ဘာလို့ဒီလိုစကားလုံးတွေကို ပြောခဲ့သလဲဆိုတာ သူနားလည်သွားခဲ့သည်။

"မင်းဘယ်သူလဲ၊ နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်မှာ တတိယမြေအင်မော်တယ်မရှိသင့်ဘူး"

ယွမ်ချောင်ရယ်မောလိုက်သည်။

"ငါဘယ်သူလဲဆိုတာအရေးမကြီးပါဘူး၊ သေလူတစ်ယောက်က သိဖို့မထိုက်တန်ဘူး"

ထိုစကားကိုကြားသောအခါ ကျိယွန်၏အမူအရာကပို၍ပင် ကြည့်ရဆိုးသွားသည်။ သူကယန်ဝေရှန်းအား လှမ်းကြည့်သည်။

"ဂိုဏ်းချုပ်ယန်၊ မင်းက မြေအင်မော်တယ်ကျွမ်းကျင်သူတယောက်ရဲ့အကူအညီကိုတောင်ရခဲ့တာဆိုတော့ အတော်လေးအထင်ကြီးစရာပဲ"

"ဒီနေ့ ငါ့ရဲ့နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက အရှုံးကို၀န်ခံတယ်"

စကားပြောပြီးသည်နှင့် သူကနယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက တပည့်များ၊ အကြီးအကဲများနှင့်အတူ နောက်ဆုတ်ချင်နေသည်။

သို့စေကာမူ ယွမ်ချောင်ရှေ့တလှမ်းတိုးကာ ကျိယွန်ထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။

တချိန်တည်းမှာပင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနောက်ဘက်မှ အင်မော်တယ်တပိုင်းနယ်ပယ်ကျွမ်းကျင်သူငါးဦးက သူတို့၏ နောက်ဆုတ်မှုကို တားဆီး‌ထားသည်။

သူတို့က ငန်းဆိပ်ကမ်းဂိုဏ်း၏ တောင်ထိပ်သခင်ငါးဦးဖြစ်သည်။

ယန်ဝေရှန်းပြုံးလိုက်သည်။

"ကျိယွန်၊ စစ်ပွဲကိုစတင်ဖို့ပြောခဲ့တာ မင်းပဲလေ၊ အခုစစ်ပွဲကစပြီဆို‌တော့ ကျားကို တောင်ထဲကို ဘယ်လိုပြန်အောင်းခွင့်ပေးလို့ရမလဲ၊ မင်းရောပေးနိုင်လို့လား"

ကျိယွန်၏မျက်နှာကနက်မှောင်သွားပြီး လေးနက်စွာပြောသည်။

"ဒီလိုဆိုရင် မြေအင်မော်တယ်နှစ်ယောက်က ငါ့ကိုသတ်ဖို့အတွက် တန်ဖိုးကြီးကြီးမားမားတခုပေးဆပ်ရမယ်"

"ဒါ့အပြင် မင်းဂိုဏ်းကလည်း မြေအင်မော်တယ်တွေအကြားတိုက်ပွဲမှာ လုံး၀ပျက်သုဉ်းသွားရလိမ့်မယ်"

ကျိယွန်ပြောသည့်စကားက ယုတ္တိမတန်တာတော့မဟုတ်ပါ။

နယ်ပယ်တူက လူနှစ်ယောက်ရှိလျှင်ပင် မြေအင်မော်တယ်နယ်ပယ်၌ သူတို့ကို သတ်ရန်ဟူသည် ခက်ခဲသည်။

ဒါ့အပြင်သူက အင်မော်တယ်ကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ကျန်နှစ်ယောက်က သေသည်အထိ တိုက်ခိုက်လိုပါက တန်ဖိုးကြီးကြီးမားမားတခု ပေးဆပ်ရပေလိမ့်မည်။

ဤသည်သာမက မြေအင်မော်တယ်သုံး‌ယောက်ကြားက သေခြင်းရှင်ခြင်းတိုက်ပွဲတွင် အင်မော်တယ်နယ်ပယ်ကို မရောက်သေးသည့်ကျင့်ကြံသူများက တခြားအားလှိုင်းများကို ခံနိုင်ရည်ရှိမည်မဟုတ်။

သို့စေကာမူ ယွမ်ချောင်ကရယ်မောသည်။

"မြေအင်မော်တယ်တွေကြားမှာတော့ ကွာခြားချက်တွေရှိသေးတယ်၊ မင်းကမင်းကိုယ်မင်းအရမ်းအထင်ကြီးနေတာပဲ"

ထို့နောက်ယွမ်ချောင်လက်နှစ်ဖက်ကို အတူတကွရိုက်လိုက်သည်။

သူတို့သုံးယောက်၀န်းကျင်က ကောင်းကင်က ပြိုကျလုဆဲဆဲဖြစ်လာသည်။

ထို့နောက် ကျိယွန်ကိုယ်ပေါ်သို့ကျဆင်းလာပြီး သူ့ကိုယ်ခန္ဓာအား အတင်းကိုင်းညွတ်သွားစေသည်။

ဆွဲငင်အားနယ်ပယ်!

ထို့စဉ် သူ့အတွက်လှုပ်ရှားရန် အနည်းငယ်ခက်ခဲလာသည်ကို ကျိယွန်ခံစားလိုက်ရသည်။

သူ့ရှေ့ကလူက အမှန်တကယ်ပင် မြေအင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်ဖြစ်နေသည်လား။

သူတစ်ခုခုပြောချင်နေသော်လည်း ယွမ်ချောင်၏ကိုယ်က သူနှင့်နီးကပ်လာသည်။ ထို့နောက်လက်သီးတချက်ပစ်သွင်းလိုက်သည်။

လေဟာနယ်က အဆက်မပြတ် တလွှာပြီးတလွှာပြိုကွဲသွားသည်။

ကောင်းကင်နှင့်မြေကြီးစွမ်းအားက ထိုးထွက်လာပြီး ယွမ်ချောင်၏လက်သီးချက်တွင် စုစည်းလာကြ၏။

၎င်းရုပ်ပိုင်းဆိုင်ရာခွန်အားတခုတည်းကပင် လေဟာနယ်ကို ပြိုကွဲသွားစေသည်။

ယွန်ချောင်တိုက်ခိုက်လိုက်သည့် အခိုက်အတန့်မှာပင် ယန်ဝေရှန်းကလည်း လှုပ်ရှားသည်။

လှံရှည်တစင်းက သူ့လက်ထဲတွင်ပေါ်လာပြီး လေပြင်းများက လှံအားဖြတ်သန်းကာ ၀န်းရံပစ်သည်။

ထို့နောက် သာမန်မူလအထွတ်အမြတ်ကျင့်စဉ်၏ ရှေးဟောင်းစကားလုံးက သူ့မျက်ခုံးကြားတွင် လင်း၀င်းတောက်ပလာသည်။

ယန်ဝေရှန်း လှံကိုပစ်လွှတ်လိုက်သည်။

လေပြင်းက ဆူနာမီတခုအဖြစ်ပြောင်းလဲသွားပြီး ကျိယွန်ကျောဘက်သို့ တိုး၀င်သွား၏။

ဒီမြင်ကွင်းကိုမြင်သောအခါ ကျိယွန်၏ အမူအရာက အတော်လေးပင် ကြည့်ရဆိုးသွားသည်။

ယန်‌ဝေရှန်း၏တိုက်ခိုက်မှုက အဆင်ပြေသေးသော်လည်း ယွမ်ချောင်၏လက်သီးချက်က သူ့နှလုံးကိုခုန်ပေါက်စေသည်။

သူက သာမန်မူလအထွတ်အမြတ်ကျင့်စဉ်ကို အသက်သွင်းလိုက်စဉ် ဓားမောက်ရှည်တလက်က သူ့လက်ထဲတွင်ပေါ်လာသည်။ ထို့နောက် ပိုင်းချလိုက်သည်။

"ရေလ ကောင်းကင်ကို လှုပ်ယမ်းခြင်း"

ကျိယွန် ပြီးပြည့်စုံသည့်သာမန်မူလအထွတ်အမြတ်ကျင့်စဉ်နှင့်အတူ အသုံးပြုသည့် ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်က အင်မော်တယ်ကျင့်စဉ်များနှင့် အတော်လေးနီးစပ်နေပြီဟုဆို၍ရသည်။

သို့သော်ဘာအရေးနည်း။

လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် ယွမ်ချောင်၏လက်သီးချက်က ဓားမောက်ရှည်ကို ရိုက်ချိုးပစ်ပြီး ကျိယွန်ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားသည်။

ကျိယွန်နောက်က ဆူနာမီကလည်း သူ့ကို တိုက်ရိုက်ပင် ရိုက်ခတ်သွား၏။

ဘုန်း.....!

မြေအင်မော်တယ်နှစ်ဦးအတူတကွ တိုက်ခိုက်ကြသောအခါ ဒါက ကမ္ဘာကြီးပြိုကွဲသွားသည့်အလားပင် ထင်ရသည်။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက လူများက ဒီမြင်ကွင်းကိုမြင်သောအခါ အလွန်အမင်း စိုးရိမ်ပူပန်သွားကြ၏။

သို့စေကာမူ ဆူနာမီပျောက်ကွယ်သွားပြီးနောက် သူတို့၏မျက်လုံးများက စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားရသည်။

အပိုင်း(522) coming။

All Chapters