← Chapters

#မိစ္ဆာနယ်မြေမှအချက်အလက်#

Vol. 37 Ch. 522

#မိစ္ဆာနယ်မြေမှအချက်အလက်#

Vol. 37 Ch. 522

လူတစ်ယောက်ကပို၍အားကောင်းလေလေ၊ သူ့ကိုသတ်ရန်ဟူသည် ပို၍ခက်ခဲလေလေဖြစ်သည်။

မြေအင်မော်တယ်အစောပိုင်းနယ်ပယ်နှင့် အလယ်အလတ်နယ်ပယ်ကို ဥပမာပြောရမည်ဆိုပါက ကျင့်ကြံခြင်းအဆင့်တွင် အနည်းငယ်မျှသာ ကွာခြားသော်လည်း ကြားက ကွာဟချက်ကမူ အတော်လေးကြီးမားသည်။

တဖက်လူကို သတ်ရန်ဆိုတာကလည်း အတော်လေးခက်ခဲသည်။

မည်သို့ပင်ဆိုစေကာမူ မည်သည့်မြေအင်မော်တယ်တွင် ဝှက်ဖဲအနည်းငယ်မရှိဘဲ နေမည်နည်း။

သို့စေကာမူ ယွမ်ချောင်က မြေအင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်ဖြစ်သည်။

မျောက်ဝံနတ်ဆိုးမျိုးနွယ်၏ အင်မော်တယ်ကျင့်စဉ်တဖြစ်လဲ ဆွဲငင်အားနယ်ပယ်၏ ပြန်လည်ဖွဲ့စည်းမှုနှင့် ယန်ဝေရှန်း၏ ခွန်အားအပြည့်တိုက်ချက်အောက်တွင် ကျိယွန်တွင် ခုခံရန်အတွက် အခွင့်အရေးတခုလေးပင်မရှိဘဲ အသတ်ခံရသည်။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကလူများက ဒီကမ္ဘာကြီးထဲကနေ လုံး၀ပျောက်ကွယ်သွားခဲ့သည့် ကျိယွန်ကိုကြည့်နေမိကြသည်။

သူတို့၏မျက်နှာများပေါ်၌ စိတ်ပျက်အားငယ်မှုကပေါ်လာကြသည်။

ဂိုဏ်းချုပ်က ယခုလိုအလွယ်တကူအသတ်ခံရလိမ့်မည်ဟု သူတို့မည်သို့မည်ပုံ ထင်ထားကြမည်နည်း။

ငန်းဆိပ်ကမ်းဂိုဏ်းသားများကလည်း ကြက်သေသေနေကြသည်။

ဒီဇာတ်ညွှန်းနှင့်ပတ်သက်ပြီး တခုခုမှားနေတာလား!

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ငါတို့ရဲ့ငန်းဆိပ်ကမ်းဂိုဏ်းထက် ပိုပြီးအားကောင်းသင့်တာမဟုတ်ဘူးလား!

သို့စေကာမူ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ်က မြေအင်မော်တယ်တစ်ဦးဖြစ်ပြီး နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၌ အားအကောင်းဆုံးတည်ရှိမှုတခုလည်းဖြစ်သည်။

သူကယခုလေးတင်ပေါ်လာပြီး စကားနှစ်ခွန်းသာပြောရသေးသည်။ ပြာပင်မကျန်တော့သည်အထိ သေခြင်းတရားကို ကြုံကြိုက်လိုက်ရသည်။

ဇာတ်ညွှန်းကပြောင်းပြန်ဖြစ်သွားတာများလား!

သို့သော်တချို့တပည့်သားများက ယွမ်ချောင်ကိုအရင်ကမြင်ဖူးထားကြသည်။ သူက ရှောင်ဟိုင်ဟုခေါ်သည့်မဟူရာနောက်ကနေ အစောင့်အဖြစ်လိုက်ပါလာခြင်းပင်။

ဒီမဟူရာကိုလည်း ယဲ့ချိုး၏ ညီငယ်လေးဟုပြောကြသည်။

လူတိုင်းကတည်ငြိမ်နေသည့်အမူအရာများဖြင့် စကားပြောကာရယ်မောနေကြသည့် ထိုနှစ်ဦးကိုကြည့်လိုက်မိကြ၏။

သူတို့အနည်းငယ်အံ့ဩသင့်နေမိကြသည်။

ဒီနှစ်ယောက်က ဘယ်ကလာကြတာလဲ!

ထို့နောက် ဖြစ်ပျက်လာမည့်အရာများအပေါ် စိတ်ထင့်နေစရာမလိုတော့။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက တောင်ထိပ်သခင်ငါးဦးနှင့် ယန်ဝေရှန်းကြောင့် လုံး၀သုတ်သင်ခံရသည်။

တခဏအကြာတွင် ငန်းဆိပ်ကမ်းဂိုဏ်းအတွင်း အလောင်းများကတောင်ပုံပုံလာပြီး သွေးများက မြစ်တစင်းပမာ စီးတွေနေကြသည်။

စိမ်းလန်းနေသည့်တောင်များက သွေးနီရောင်ပြောင်းလဲသွားကြ၏။

သွေးအနံ့အသက်က နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တခုလုံးအတွင်း ပျံ့သွားပုံရသည်။

မည်သူကမှဒါကိုမမျှော်လင့်ထားကြပေ။

နေ့တ၀က်ပင်မကြာသေးခင်အချိန်အတွင်းနယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက သုတ်သင်ဖယ်ရှားခံရသည်။

ငန်းဆိပ်ကမ်းဂိုဏ်းတွင်မူ လူတစ်ယောက်လေးပင် ဒဏ်ရာမရခဲ့ပါ။

ဒါကဂိုဏ်းနှစ်ဂိုဏ်းအကြား အကြီးအမားဆုံးရှုံးမှုများဖြစ်လာမည်ကို မျှော်‌လင့်စောင့်ဆိုင်းနေကြသည့် ပထမတန်းစားအင်အားစုများမှ အဆင့်မြင့်တပ်များကို ဆွံအသွားစေသည်။

သို့စေကာမူ ဒီရှုထောင့်ကနေကြည့်မည်ဆိုပါက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်ကို ကြီးစိုးမည့်ဂိုဏ်းက ငန်းဆိပ်ကမ်းဂိုဏ်းအဖြစ် ပြောင်းလဲသွားလေပြီ။

ယခုကနေစပြီး ငန်းဆိပ်ကမ်းဂိုဏ်းက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏ အခြေခံအုတ်မြစ်ကိုရယူပြီးနောက်တွင် နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်အတွင်း မည်သည့်အင်အားစုကမှ သူတို့ကိုရင်ဆိုင်နိုင်မည်မဟုတ်တော့ပေ။

တချိန်တည်းမှာပင် အလယ်အလတ်အဆင့်ကြယ်နယ်မြေရှိ ဆိုးယုတ်သည့်အော်ရာဖြင့် ပြည့်နှက်နေသော ကြယ်ပိုင်နက်တခုတွင် အမှောင်ထုကကောင်းကင်၌ ပြည့်နှက်နေပြီး မိစ္ဆာချီများက ကြယ်ပိုင်နက်၏ နေရာတိုင်းတွင် ပြည့်နှက်နေသည်။

ခန်းမတခုထဲတွင် ကြည့်ကောင်းသည့်အသားအရေရှိသောလူတစ်ယောက်က ကျင့်ကြံနေသည်။

မရေမတွက်နိုင်လောက်သောတစ္ဆေများက သူ့ကို၀န်းရံနေကြပြီး ဟစ်ကြွေးနေကြ၏။

ထိုအချိန်တွင် ကျော၌အစိမ်းရောင်တောင်ပံပါရှိသည့် မိစ္ဆာသတ္တဝါတစ်ဦးက ထိုလူရှေ့တွင်ပေါ်လာပြီး ဒူးထောက်ကာ လေးစားစွာပြောသည်။

"အရှင်ရှီနန်၊ အဲဒီလူတွေဘယ်မှာလဲဆိုတာ ကျွန်တော်တို့ရှာတွေ့ပါပြီ"

ရှီနန်မျက်လုံးများကိုဖွင့်လိုက်သည်။

ဒီနေရာကမိစ္ဆာနယ်မြေဖြစ်သည်။

ထိုမျက်လုံးများက လှောင်အိမ်တခုနှင့်တူပြီး မရေမတွက်နိုင်လောက်သည့်တစ္ဆေများကို လှောင်အိမ်ထဲတွင် ဖိနှိပ်ထားသည်။

မိစ္ဆာဘုရင်က ရှီနန်၏အကြည့်ကို ရင်ဆိုင်မိသောအခါ မရေမတွက်နိုင်လောက်သည့် တစ္ဆေများက သူ့ကို၀န်းရံနေသည့်ပမာ ခံစားလိုက်ရသည်။

ရှီနန်တုံ့ပြန်သည့်အချိန်တွင် သူ့တကိုယ်လုံးမှ ချွေးအေးများပင်စီးကျလာသည်။

"ဘယ်မှာလဲ"

"အရှင်....အရှင်၊ ယဲ့ချိုးပိုင်နဲ့ အဲဒီကိုယ်ခန္ဓာကျင့်ကြံသူက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်မှာရှိပါတယ်"

"နယ်နိမိတ်မဲ့အင်ပါယာရဲ့မင်းသားက လက်ရှိ နတ်တံဆိပ်ဂိုဏ်းမှာရှိပါတယ်"

"ဟိုကြယ်စွမ်းအားကိုကျင့်ကြံတဲ့ကောင်လေးကတော့ ဘယ်နေရာမှာလဲဆိုတာ မတွေ့ရသေးပါဘူး"

ရှီနန်အသာအယာခေါင်းညိတ်သည်။

"ကျန်တဲ့သူတွေကို အလောတကြီး ရှာနေစရာမလိုဘူး"

"အဆင့်နိမ့်ကြယ်နယ်မြေက ပုရွက်ဆိတ်လေးတွေရဲ့လက်ရှိအခြေအနေအကြောင်းနဲ့ပတ်သက်ပြီး အမိန့်ထုတ်ဝေလိုက်"

"အဲဒီအချိန်ကျရင် ငါတို့သူတို့ကိုရှာစရာမလိုဘူး၊ သူတို့ကငါတို့ကိုလာရှာကြလိမ့်မယ်"

မိစ္ဆာဘုရင်ကခေါင်းညိတ်သည်။

သူထွက်သွားရန်ပြင်နေစဉ်မှာပင် ရှီနန်၏ တားဆီးခြင်းကိုခံလိုက်ရသည်။

"စကားမစပ်၊ တဘက်လူက မိစ္ဆာနယ်မြေထဲကို သူတို့ရဲ့အချက်အလက်တွေကိုဖုံးကွယ်ပြီး ခိုး၀င်လာတာကနေ ကာကွယ်နိုင်ဖို့အတွက် မိစ္ဆာနယ်မြေထဲက အ၀င်အထွက်ကို သေချာစောင့်ကြည့်ဖို့ လူတိုးမြှင့်ထားဖို့ပြောလိုက်"

သူတို့က အတော်လေးဉာဏ်နီဉာဏ်နက်များကြသည့်လူများဖြစ်တာကို ရှီနန်ခံစားနေရသည်။

ထိုအချိန်တွင် ငန်းဆိပ်ကမ်းဂိုဏ်း၌ ဂိုဏ်းချုပ်၏ပင်မခန်းမတွင် တောင်ထိပ်သခင်ငါးဦးက စုစည်းနေကြ၏။

ယဲ့ချိုးပိုင်၊ မုဇီရှင်းနှင့်ရှောင်ဟိုင်တို့ကလည်း ဒီနေရာတွင်ရောက်နေကြသည်။

"အခုမင်းတို့ထွက်သွားတော့မှာမလား"

ယန်ဝေရှန်း ယဲ့ချိုးပိုင်အားကြည့်ရင်း အပြုံးဖြင့်မေးသည်။

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"အခုနယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီဆိုတော့ ကျွန်တော့်ရဲ့ပန်းတိုင်ကလည်းအောင်မြင်သွားပါပြီ၊ ကျွန်တော်တို့ကို ဂရုစိုက်စောင့်ရှောက်ပေးတဲ့အတွက် ဂိုဏ်းချုပ်နဲ့ တောင်ထိပ်သခင်ငါးယောက်ကို ကျေးဇူးအများကြီးတင်ပါတယ်"

ကောင်းကင်မြင့်တောင်ထိပ်သခင်က ခံစားချက်အပြည့်ဖြင့်သက်ပြင်းချသည်။

"မင်းလိုပါရမီရှိတဲ့လူတယောက်ကို သေးငယ်တဲ့ နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်မှာ မပိတ်ဆို့ထားနိုင်ပါဘူး"

"အပြင်ပကိုသွားတာကကောင်းပါတယ်၊ အဲဒီနောက်မှပဲ မင်းရဲ့ကြောက်ခမန်းလိလိပါရမီကို အပြည့်အ၀လှုံ့ဆော်နိုင်မှာလေ"

ယန်ဝေရှန်းကလည်းခေါင်းညိတ်သည်။

"မှန်တယ်၊ ဒါပေမယ့်သတိရပါ၊ ငန်းဆိပ်ကမ်းဂိုဏ်းက အမြဲတမ်းမင်းတို့ရဲ့ ကျောထောက်နောက်ခံအဖြစ် ရှိနေတယ်၊ တကယ်လို့ပြဿာနာတခုခုရှိလာခဲ့ရင် အချိန်မရွေး မင်းတို့ပြန်လာလို့ရတယ်"

ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်နှင့်မုဇီရှင်းတို့က ကျေးဇူးတင်စွာခေါင်းညိတ်ကြသည်။

သူတို့က ငန်းဆိပ်ကမ်းဂိုဏ်းတွင် အချိန်အကြာကြီးရှိမနေခဲ့သည့်တိုင် တဖက်လူက သူတို့ကိုကူညီရန်အတွက် အားစိုက်ထုတ်မှုကို အပြည့်အ၀ပေးခဲ့သည်။ ယဲ့ချိုးပိုင်နှင့် မုဇီရှင်းတို့အဖို့ ဒီကျေးဇူးကို သတိရမှတ်မိနေရန်ပင် လုံလောက်နေပါပြီ။

ငန်းဆိပ်ကမ်းဂိုဏ်းက ဒီဆုံးဖြတ်ချက်ကိုလည်း ချမှတ်ခဲ့ကြသည်။

နှစ်များစွာအကြာတွင် ယဲ့ချိုးပိုင်က အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ အရှင်သခင်ဖြစ်လာပေလိမ့်မည်။

ယဲ့ချိုးပိုင် ကောင်းကင်မုန်းတီးတောင်ထိပ်သို့ပြန်လာပြီး ကျန်းကျိအားနှုတ်ဆက်ကာ ကျဲလောင်ဆီသို့လျှောက်သွားသည်။

လက်ရှိတွင် ကျဲလောင်က ချောမွတ်နေသည့်ကျောက်တုံးတစ်တုံးပေါ်၌ လဲလျောင်းနေသည်။ သူကဘူးသီးခြောက်ကိုကိုင်ပြီး ခေါင်းမော့ကာ အဆက်မပြတ်သောက်နေသည်။

သို့စေကာမူ ယခုတကြိမ်တွင် သူကပုံမှန်ထက်အနည်းငယ်ပိုသောက်သည်။

"မင်းအခုထွက်သွားတော့မှာလား"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"အခုသွားပါတော့မယ်"

"သွားပါ၊ အပြင်လောကကြီးက အရမ်းကြီးမားတယ်၊ ဂရုစိုက်ပါ"

ယဲ့ချိုးပိုင်ပြုံးသည်။

"ဒီကိစ္စပြီးသွားတဲ့အခါကျရင် ကျွန်တော်ပြန်လာပြီး အဖိုးကြီးကျဲနဲ့တခွက်လောက်သောက်ပါမယ်"

ကျဲလောင်ကစိတ်မရှည်စွာလက်ယမ်းပြသည်။

ယဲ့ချိုးပိုင်လက်နှစ်ဖက်ဆုပ်ပြီးနောက် ထွက်သွားလေတော့သည်။

သေရည်အိုးသုံးအိုးသာ ကျဲလောင်ဘေးတွင် ကျန်သောအခါမှသာ ကျဲလောင် စူးစမ်းလိုသည့်အသွင်ဖြင့်ကြည့်ရင်း တငုံသောက်ပြီး မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်သည်။

"ဒီကောင်စုတ်လေးကတော့၊ ဒီလိုကောင်းတဲ့အရာမျိုးကို မင်းဘာလို့ မြန်မြန်ဆန်ဆန် မယူလာရတာတုန်း"

ယဲ့ချိူးပိုင်နှင့်ကျန်သောသူများက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်ကနေ ထွက်လာကြသည်။

လူများစွာက လေဟာနယ်သင်္ဘောပေါ်၌ထိုင်နေကြသည်။ ထိုအချိန်တွင် လူတိုင်း၏မျက်နှာက ကြည့်ရဆိုးသွားကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့က မိစ္ဆာနယ်မြေကနေတဆင့် သတင်းများကို ရရှိလိုက်ကြသောကြောင့်ပင်။

မုကျန်းထင်နှင့်ကျန်သောသူများက သေလုမြောပါးအခြေအနေတွင်ရှိနေကြလေပြီ။

မုဇီရှင်းအတော်လေးပူပန်သွားသည်။

"အစ်ကိုကြီး၊ ကျွန်တော်တို့အခုဘာလုပ်ကြမလဲ" ရှောင်ဟိုင်မေးသည်။

"ကြည့်ရတာ သူတို့ကကြာကြာမခံနိုင်လောက်တော့ဘူး"

ယဲ့ချိုးပိုင်မည်းမှောင်သည့်အမူအရာဖြင့် တခဏမျှတွေးတောနေသည်။

"အခုအချိန်ပူပန်နေတာက အသုံးမ၀င်ဘူး"

"တဖက်လူက ဒီလိုသတင်းတွေကို ဖြန့်ကြက်လိုက်ပြီဆိုတော့ သူတို့က ငါတို့ကို ဆွဲဆောင်ချင်နေတာဖြစ်ရမယ်"

"ဒါပေမယ့် ငါသေချာပေါက်ဦးလေးနဲ့ တခြားသူတွေကိုသေခွင့်ပေးမှာမဟုတ်ဘူး"

"ဘာပဲဆိုဆို သူတို့သေသွားရင် ငါတို့က ကိုယ်ထင်ပြမှာမဟုတ်တော့ဘူးလေ၊ ငါတို့က အမှောင်ထဲမှာ ခွန်အားကိုစုစည်းကြလိမ့်မယ်၊ ဒါကရှီနန်နဲ့ ကျန်တဲ့သူတွေ မြင်ချင်နေတဲ့အရာမဟုတ်ဘူး"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

ယဲ့ချိုးပိုင် မုဇီရှင်းကိုဖက်ကာ သူမအား တည်ငြိမ်အောင်လုပ်ပြီးနောက် ဆက်ပြောသည်။

"ငါအရင်က ဂိုဏ်းချုပ်ဆီက ကြယ်မြေပုံတခုကိုရရှိခဲ့တယ်"

"မိစ္ဆာနယ်မြေနဲ့အနီးဆုံးနေရာက ကောင်းကင်ပိတ်ဖုံးဒေသပဲ၊ အဲဒီကိုအရင်သွားကြရအောင်"

"ရှီရှန်း၊ မုဖူရှန်းတို့နဲ့တွေ့ပြီးနောက်မှ ငါအစီအစဉ်တွေရေးဆွဲမယ်"

ဒီသတင်းကိုရပြီးနောက် မုဖူရှန်းနှင့်ရှီရှန်းတို့ကလည်း သေချာပေါက်အထဲကို၀င်ရန်အတွက် နည်းလမ်းတခုစဉ်းစားကြပေလိမ့်မည်။

သို့သော် မိစ္ဆာနယ်မြေက သေချာပေါက်အစောင့်အကြပ်ထူထပ်ပေလိမ့်မည်။ ထို့ကြောင့် သူတို့က မိစ္ဆာနယ်မြေနှင့် အနီးဆုံးနယ်မြေကိုသာ ရွေးချယ်ကြပေလိမ့်မည်။

အပိုင်း(523) coming။

All Chapters