← Chapters

#နတ်တံဆိပ်ဂိုဏ်း#

Vol. 37 Ch. 523

#နတ်တံဆိပ်ဂိုဏ်း#

Vol. 37 Ch. 523

မုကျန်းထင်အဖမ်းခံရသော်လည်း မိစ္ဆာနယ်မြေမှ မုကျန်းထင်၊ မုလီပိုင်နှင့်ကျန်သောသူများ၏အခြေအနေများက အရမ်းမကောင်းဘူးဟူသည် သတင်းများပင်ထွက်လာခဲ့သည်။

ဒါကိုသိသော်လည်း မုဖူရှန်းဆင်ခြင်တုံတရားပျောက်ဆုံးသွားခြင်းမရှိပါ။

ယခုသူတို့မိစ္ဆာနယ်မြေကိုသွားပါက သေရန်အတွက်စောင့်ဆိုင်းနေသလိုဖြစ်သွားပေလိမ့်မည်။

ဒါ့အပြင် တဖက်လူများအဖို့ မုကျန်းထင်နှင့်ကျန်သောသူများကို ယခုလိုကွပ်မျက်ရန်ဟူသည်မဖြစ်နိုင်။

မည်သို့ပင်ဆိုစေကာမူ ဒါကစံအိမ်တော်ကတပည့်များကိုဆွဲဆောင်ရန်အတွက် တခုတည်းသောငါးစာတခုဖြစ်ပေသည်။

သူတို့သာသေဆုံးသွားမည်ဆိုပါက ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက မိစ္ဆာနယ်မြေ၏ သူလျှို့များကိုချက်ချင်းရှောင်ရှားပြီး လျှို့ဝှက်စွာကျင့်ကြံကြပေလိမ့်မည်။

သူတို့၏ပါရမီအရ မိစ္ဆာနယ်မြေကိုဖျက်ဆီးရန်အတွက် အချိန်အတိုင်းအတာတခုသာလိုအပ်သည်။

အလင်းဖြာနယ်မြေက ကောင်းကင်နယ်မြေနှင့်ကပ်လျက်တည်ရှိသည်။

အလင်းဖြာနယ်မြေတွင် နတ်တံဆိပ်ဂိုဏ်းဟုခေါ်သည့် အင်အားကြီးဂိုဏ်းတစ်ဂိုဏ်းရှိသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် နတ်တံဆိပ်ဂိုဏ်းကို ဒုတိယတန်းစားအင်အားစုတခုအဖြစ် သတ်မှတ်၍ရသည်။

ဒါက အားကောင်းသည့်အခြေခံအုတ်မြစ်ကြောင့်တင်မဟုတ်ဘဲ ကောင်းကင်နယ်မြေတွင် နတ်တံဆိပ်ဂိုဏ်းက နတ်အဆောင်ဂိုဏ်း၏ အစိတ်အပိုင်းတခုဖြစ်သောကြောင့်ပင်။

နတ်အဆောင်ဂိုဏ်းကို အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးက လေးစားကြသည်။

ဒါ့အပြင် အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် နတ်အဆောင်ဂိုဏ်းက ခြယ်လှယ်လွှမ်းမိုးထားသည့်အင်အားစုများအနက်တခုဖြစ်သည်။

ကမ္ဘာ့အဆောင်တာအိုက သူတော်စင်အဆောင်များကနေတဆင့် ဆင်းသက်လာခြင်းပင်။

ဒီစကားလုံးများက အခြေအမြစ်မရှိတာမဟုတ်ပေ။

လွန်ခဲ့သည့်လအနည်းငယ်က မုဖူရှန်းက နတ်တံဆိပ်ဂိုဏ်းတွင်ရှိနေပြီး တာ၀န်များကို အဆက်မပြတ်ပြီးမြောက်ရင်း အကူအညီရမှတ်များကို ဖလှယ်နေခဲ့သည်။

ထို့နောက်သူကဂိုဏ်းထဲတွင် အဆောင်ပစ္စည်းများစွာကို လှဲလှယ်ခဲ့ပြီး သူ့ကိုယ်သူ ဂူတခုထဲတွင် ပိတ်ဆို့ကာ အဆောင်များကို ကမန်းကတန်းထွင်းထုနေခဲ့သည်။

သူ့ခွန်အားကိုတိုးတက်လာစေရန်အတွက် မုဖူရှန်း၏ရူးသွပ်မှုက နတ်တံဆိပ်ဂိုဏ်း၏တပည့်များနှင့် အဆင့်မြင့်လူများ၏အာရုံကို အလျင်အမြန် ဆွဲ‌ဆောင်သွားခဲ့သည်။

ထိုအချိန်တွင် အကြီးအကဲတစ်ယောက်က အပြင်က‌နေသတိပေးသည်။

နတ်တံဆိပ်ဂိုဏ်းက သူတို့၏ တာအိုအဆောင်များဖြင့်ကျော်ကြားသည်။

သူကအဆောင်ရေးရာ၌ ထူးခြားပြီး ကောင်းကင်၊ မြေကြီး၊ အနက်နှင့်အဝါရောင်ဂူလေးလုံးထဲတွင် မတူညီသည့် အဆောင်အစီအရင်များရှိသညိ။

ဒါက လေ့ကျင့်သူများအား အဆောင်များကိုထွင်းထုသောအခါ သူတို့စိတ်အခြေအနေကို တိုးတက်စေရန်ဖြစ်ပြီး အတိုင်းအတာတခုအထိ ကောင်းကင်နှင့် မြေကြီးစွမ်းအားအပေါ် သူတို့၏အသိကလည်း တိုးတက်လာမည်ဖြစ်သည်။

တချိန်တည်းမှာပင် ဒါက ဝိဉာဉ်စွမ်းအားကိုလည်းအနည်းငယ်တိုးမြှင့်ပေးသည်။ သို့သော် အလကားရသည့်နေ့လည်စာဟူ၍မရှိပေ။

အသီးသီးဂူထဲကို၀င်ရန်အတွက် အကူအညီရမှတ်များကို ပေးချေရသည်။

မုဖူရှန်းနေထိုင်သည့် နတ်တံဆိပ်ဂိုဏ်းတခုလုံးတွင် သီးခြားနေရာကိုးခုတည်းသာရှိသည်။ လိုအပ်သည့် အကူအညီရမှတ်များကလည်း အတော်လေးကြောက်စရာကောင်းသည်။

တနေ့တည်းအတွက်ပင် ဒါက အကူအညီရမှတ်၁၀၀၀ကုန်ကျလေသည်။

ထိုအချိန်တွင် နောက်ဆုံးတော့မုဖူရှန်းထွက်လာသည်။ သူ့မျက်လုံးများက သွေးရောင်လွှမ်းနေသည်။

အဆောင်အခင်းအကျင်း၏အကူအညီနှင့်ပင် မုဖူရှန်း၏မြင့်မားသည့် အားကောင်းသောအဆောင်အဆက်မပြတ်ရေးဆွဲနည်းက ပြန်လည်ကောင်းမွန်လာသည့်နှုန်းထက် စွမ်းအင်အများကြီးပို၍ကုန်ခမ်းသည်။

အကြီးအကဲကမုဖူရှန်းကိုကြည့်ရင်း မျက်မှောင်ကြုတ်သည်။

"မုဖူရှန်း၊ ကြိုးစားတာကကောင်းပါတယ်၊ ဒါပေမယ့် တခါတလေတော့မင်းရပ်ဖို့လိုတယ်၊ မင်းဒီလိုသာဆက်လုပ်နေမယ်ဆိုရင် အဆောင်တာအိုအတွက် ကောင်းမှာမဟုတ်ဘူး"

မုဖူရှန်းလက်နှစ်ဖက်ဆုပ်လိုက်သည်။

"သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ချီယန်က ဒီစကားကို အကြိမ်ပေါင်းများစွာကြားခဲ့ရသည်။

သူကကောင်းကင်သီးခြားနေရာမှအမိန့်ကိုစောင့်ကြပ်နေခြင်းဖြစ်ပြီး ဒီနေရာ၌ ထိုင်နေခြင်းဖြစ်သည်။

သူ့အတွက်မူ သူကအကြိမ်ပေါင်းများစွာ သတိပေးခဲ့သော်လည်း မုဖူရှန်းက ဒီစကားလုံးတွေကို အကြိမ်ပေါင်းများစွာပြောခဲ့ပြီး တခါမှနားမထောင်ခဲ့ပေ။

ထို့နောက် မုဖူရှန်း တာ၀န်ခန်းမရှိရာသို့လျှောက်သွားသည်။

ထိုနေရာက နတ်တံဆိပ်ဂိုဏ်းက သူတို့၏တာ၀န်များကိုထုတ်ပြန်ထားသည့်နေရာဖြစ်သည်။

ထွင်းထုရန်အတွက်တာ၀န်များရှိသလို အဆောင်များကိုလည်းပုံဖော်၍ရသည်။

သဘာ၀ရတနာများ၊ မှော်သားရဲများ၏ မှော်အူတိုင်များနှင့်တခြားအရာများကို ရှာဖွေရသည့် တာ၀န်များလည်းရှိသည်။

ပုံမှန်အားဖြင့် မုဖူရှန်းက အဆောင်များကို ထွင်းထုရန်ရွေးချယ်လေ့ရှိသည်။

တာ၀တ်ရမှတ်များကိုရနေစဉ် သူက သူ့၏အဆောင်တာအိုကိုလည်း မြှင့်တင်နိုင်သည်မဟုတ်ပေလော။

ထိုအချိန်တွင် ချီယန်က မုဖူရှန်းကျောကိုကြည့်ကာပြောသည်။

"မုဖူရှန်း၊ မင်းအကူအညီရမှတ်တွေကို လိုအပ်ရင် အဆောင်မျှော်စင်ကိုသွားလို့ရတယ်"

မုဖူရှန်းတဘက်လှည့်သွားသည်။

ဒီလအနည်းငယ်အတွင်း မုဖူရှန်း၏သတိထားတတ်သည့်စရိုက်နှင့်အတူ ဒီနေရာက အခြေအနေရပ်များကို နားလည်ရန်အတွက် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားခဲ့သည်။

အဆောင်မျှော်စင်က နတ်အဆောင်ဂိုဏ်းက ထူထောင်ခဲ့သည့် ကြားနေဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။

ကမ္ဘာကြီးထဲက အဆောင်သခင်တိုင်းက ၀င်နိုင်ပြီး သက်ဆိုင်ရာအဆောင်သခင်အဆင့်ကို ရရှိရန်အတွက် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သည်။

ရှားပါးအဆောင်ပစ္စည်းများ၊ သို့မဟုတ် ပြီးသတ်ထားသည့် စည်းတံဆိပ်များကိုပင် ရောင်းချလေ့ရှိသည်။

"မင်းအဆောင်သခင်တစ်ယောက်ဖြစ်လာနိုင်သရွေ့ ဂိုဏ်းကမင်းကိုသက်ဆိုင်ရာ အကူအညီရမှတ်တွေပေးလိမ့်မယ်၊ ဘာပဲဆိုဆို ဒါက နတ်တံဆိပ်ဂိုဏ်းရဲ့ဂုဏ်သတင်းကို တိုးမြှင့်ဖို့အတွက် နည်းလမ်းတခုလို့လည်းပြောလို့ရတယ်"

မုဖူရှန်းခေါင်းညိတ်သည်။ ချီယန်ကို ထပ်မံကျေးဇူးတင်ပြီးနောက် သူအဆောင်မျှော်စင်ရှိရာဘက်သို့ ထွက်ပြေးသွားလေတော့သည်။

မုဖူရှန်းထွက်ပြေးသွားသည်ကိုကြည့်ရင်း ချီယန်ဖြည်းညင်းစွာသက်ပြင်းချသည်။

"အဆောင်တာအိုမှာ ဒီကလေးရဲ့ပါရမီက အရမ်းကြောက်ဖို့ကောင်းတယ်... ဒါပေမယ့် သူကကိုယ့်ကိုကိုယ်အရမ်းတွန်းအားပေးနေတယ်၊ ဒါကကောင်းတဲ့အရာမဟုတ်ဘူး"

ထို့နောက်သူခေါင်းခါယမ်းကာ တံမြက်စည်းကိုကောက်ကိုင်ပြီး ဂူပတ်လည်က ကြွေကျနေသည့်သစ်ရွက်များနှင့် ဖုန်မှုန့်များကို ဆက်လက်လှည့်နေလေတော့သည်။

အလင်းဖြာနယ်မြေ၏ အဆောင်မျှော်စင်က အဆောင်မြို့တွင်တည်ရှိသည်။

အဆောင်မျှော်စင်ကလွဲပြီး ထိုနေရာ၌ တခြားအင်အားစုများမရှိပါ။ ဒီမြေက ကြားနေမြေတခုဟုဆို၍ရသည်။

အလင်းဖြာနယ်မြေက အင်အားစုတိုင်းက အဆောင်များရယူရန်အတွက် ဒီနေရာကို လာကြရသည်။

အဆောင်များနှင့် အစီအရင်များကိုအသုံးပြုပုံက ကွဲပြားသော်လည်း ကျင့်ကြံသူများ၏ တိုက်ပွဲတွင် သို့မဟုတ် ကျင့်ကြံခြင်းတွင် အတော်လေးအသုံး၀င်သည်။

မုဖူရှန်း အဆောင်မြိုကိုရောက်လာပြီးနောက် သူ့အော်ရာကိုဖုံးကွယ်ကာ ရုပ်သွင်ကိုပြောင်းလဲလိုက်သည်။

ပထမအချက်က ဒါက မိစ္ဆာနယ်မြေက သူလျှိုများ သူ့အနေရာကို အတိအကျရှာတွေ့ခြင်းကနေ တားဆီးရန်ဖြစ်သည်။

ဒုတိယအချက်က အဆောင်မျှော်စင်တွင် အဆောင်သခင်ရာထူးကိုရပြီးနောက် သူ့ကိုယ်သူအာရုံမစိုက်မိစေရန်နှင့် မလိုအပ်သည့်ပြဿာနာများမဖြစ်လာစေရန်ဖြစ်သည်။

ယခုလိုအခြေအနေမျိုးတွင်ပင် မုဖူရှန်းသူ့၏မူလရည်ရွယ်ချက်ကို မမေ့ပေ။

အကယ်၍ လုချန်ရှန်းသာဒီအကြောင်းကို သိမည်ဆိုပါက သူ့ကိုသေချာပေါက် ကျွမ်းကျင်သူတစ်ယောက်ဟု ခေါ်ဆိုမည်ဖြစ်ကာ တချိန်တည်းတွင် စိတ်သက်သာရာရသွားပေလိမ့်မည်။

တခဏအကြာတွင် မုဖူရှန်းရပ်လိုက်သည်။ သူ့ရှေ့တွင် ကောင်းကင်ထိထိုးတက်နေသည့် ဆလင်ဒါမျှော်စင်တခုရှိသည်။

မျှော်စင်ကိုယ်ထည်ကသာမန်ပုံပေါ်ပြီး ကျောက်တုံးများဖြင့်ပြုလုပ်ထားသည်။

သို့စေကာမူ မုဖူရှန်း မရေမတွက်နိုင်လောက်သော အစွမ်းထက်အဆောင်များ၏စွမ်းအားကို ခံစားနေရသည်။

ဒီမျှော်စင်ထဲတွင် မရေမတွက်နိုင်သည့် အမျိုးအမည်မသိ အဆင့်မြင့်အဆောင်များကပ်ထားတယ်ဆိုတာ သိသာထင်ရှားနေသည်။

လူများကရောက်လာကြပြီး အဆောင်မျှော်စင်၀င်ပေါက်သို့လျှောက်သွားကြ၏။

မုဖူရှန်းကလည်း လူအုပ်စုကြီးထဲလျှောက်သွားပြီး သူ့၀န်းကျင်က ဆွေးနွေးမှုများကို နားထောင်လိုက်သည်။

"လင်းမိသားစုရဲ့သမီးကြီးက ဒီနေ့ဒီကိုရောက်လာပြီး မြေအဆောင်သခင်တစ်ယောက်ဖြစ်လာဖို့အတွက် ပြင်ဆင်နေပြီလို့ ငါကြားခဲ့ရတယ်"

"အင်း၊ မမလေးလင်းရဲ့ပါရမီက အရမ်းကြောက်ဖို့ကောင်းတယ်၊ နှစ်အနည်းငယ်အတွင်းမှာ သူကဒီအဆင့်ကိုတောင်ရောက်နေပြီ"

"လင်းကလန်ရဲ့မမလေးတင်မဟုတ်ဘူး၊ နတ်တံဆိပ်ဂိုဏ်းက ဒင်းရှောင်ချင်းလည်း ကောင်းကင်အဆောင်သခင်စာမေးပွဲကို ဖြေမယ်လို့ ငါကြားခဲ့တယ်"

"သူက နတ်တံဆိပ်ဂိုဏ်းက ရွေးချယ်ထားတဲ့သူပဲလေ၊ အဆင်ပြေမှာပေါ့"

အဆင့်နိမ့်ကြယ်နယ်မြေတွင် အဆောင်သခင်များကို အတိအကျခွဲခြားထားသည့် အမျိုးအစားများမရှိပေ။

မည်သို့ပင်ဆိုစေကာမယ အဆင့်နိမ့်ကြယ်နယ်မြေတွင် အဆောင်တာအိုက မဖွံ့ဖြိုးသေးပါ။

တချို့ဂိုဏ်းများက အဆောင်တာအိုက နားလည်သည့်အခြေခံအဆင့်သာရှိသေးသည်။

နတ်တံဆိပ်ဂိုဏ်းကိုရောက်လာပြီးနောက်မှသာ အဆောင်သခင်များအကြား တိကျသည့်အဆင့်များရှိတာကို မုဖူရှန်းသိလိုက်ရသည်။

ကနဦးအဆင့်၊ ကောင်းကင်၊ ကမ္ဘာမြေ၊ အနက်နှင့် အဝါရောင်တို့ဖြစ်သည်။

ကောင်းကင်အဆောင်သခင်အထက်တွင် ဝိဉာဉ်အဆောင်သခင်ရှိပြီး သူ့အထက်တွင် ကောင်းကင်ဘုံအဆောင်သခင်ဖြစ်သည်။

မုဖူရှန်းဒီအကြောင်းကိုတွေးနေမိသည်။ ငါ့ရဲ့အဆောင်တွေအပေါ်အောင်မြင်မှုအရဆိုရင် သူဝိဉာဉ်အဆောင်သခင်တစ်ယောက်တော့ဖြစ်လာနိုင်တယ်မလား!

အပိုင်း(524) coming။

All Chapters