#ကောင်းကင်အဆောင်သခင်အဆင့်အကဲဖြတ်မှု#
Vol. 37 Ch. 524
အဆောင်သခင်တစ်ဦး၏ အဆင့်အကဲဖြတ်မှုက သူအချိန်မရွေးပါ၀င်နိုင်သည့်အရာတခုပင်။
သို့သော် ထိုသို့ဆိုလျှင်ပင် နေ့စဉ်နေ့တိုင်း လူအနည်းငယ်မျှသာပါ၀င်ကြပြီး အဆောင်သခင်များကလည်း အရမ်းနည်းပါးသည်။
မုဖူရှန်းတစ်ယောက်ကိုဆွဲကာမေးလိုက်သည်။
"တာအိုမိတ်ဆွေလေး၊ အဆောင်သခင်အကဲဖြတ်မှုမှာ ဘယ်လိုပါ၀င်ရမလဲ"
ထိုစကားကိုကြားသောအခါ ကျောင်းရီဆွံအသွားသည်။ ထို့နောက်မျက်မှောင်ကြုတ်လိုက်၏။
"မင်းကဒါကိုသိတောင်မသိဘဲ အကဲဖြတ်မှုမှာ ပါ၀င်ချင်သေးတာလား"
သူ့အသံကစိတ်မရှည်မှုဖြင့်ပြည့်နှက်နေသော်လည်း သူပြောလိုက်ပါသေးသည်။
"တာအိုမျှော်စင်ကို၀င်ပြီးတဲ့အခါကြရင် ပထမထပ်မှာ အကြီးအကဲတစ်ယောက်ရှိတယ်၊ သူ့ကိုရှာပြီးအခြေအနေကိုရှင်းပြလိုက်၊ မင်းမူလသလင်းကျောက်ဆယ်တုံးပေးပြီးရင်ပါ၀င်လို့ရပြီ"
မုဖူရှန်းပြုံးကာခေါင်းညိတ်သည်။
"ကျေးဇူးပါ တာအိုမိတ်ဆွေလေး"
ထို့နောက် သူအထဲ၀င်ရန်အတွက် ပြင်ဆင်လိုက်သည်။
ကျောင်းရီစူးစမ်းလိုသည့်အသွင်ဖြင့်မေးသည်။
"ဘယ်အဆင့်အဆောင်သခင်စာမေးပွဲကို မင်းပါ၀င်ဆင်နွှဲချင်တာလဲ"
ထိုစကားကိုကြားသောအခါ မုဖူရှန်းတခဏမျှတွေးလိုက်သည်။
အကြီးအကဲချီယန်၏ပြောစကားအရ အဝါရောင်ဆန်းကြယ်အဆင့်အဆောင်သခင်တစ်ဦးက ဆုလာဘ်အဖြစ် မည်သည့်အကူအညီရမှတ်မှမရရှိပေ။
ဒီအဆင့်နှစ်ဆင့်က အဆောင်သခင်များစွာက နတ်တံဆိပ်ဂိုဏ်းတွင်ရှိသည်။
မြေအဆောင်သခင်များကိုမူ အကူအညီရမှတ် ၁၀၀၀စီ ဆုချီးမြှင့်လေ့ရှိသည်။
ကောင်းကင်အဆောင်သခင်ကိုမူ အကူအညီရမှတ် ၅၀၀၀ဆုချသည်။
ဝိဉာဥ်အဆောင်သခင်များအတွက်မူ အကူအညီရမှတ်စုစုပေါင်း ၁၀၀၀၀ထက်ပင် ပိုပေသည်။
သို့စေကာမူ အဆောင်၏သုတေသနက နောက်ဆုံးအဆင့်ကိုပင်ရောက်နေလေပြီ။ ထို့ကြောင့် အကူအညီရမှတ်၅၀၀၀က လုံလောက်ပါသည်။
အကယ်၍သူသာရောက်လာသည်နှင့်တပြိုင်နက် ဝိဉာဉ်အဆောင်သခင်အဆင့်ကိုဖြတ်ကျော်သွားပါက အာရုံစိုက်မှုများစွာရသွားပေလိမ့်မည်။
ထိုအချိန်တွင် တခုခုဖြစ်ပျက်လာမှာကို သူကြောက်သည်။ မည်သို့ပင်ဆိုစေကာမူ သူကဝိဉာဉ်အဆောင်သခင်မဟုတ်ပေလော။
ဒီအဆင့်က နတ်တံဆိပ်ဂိုဏ်း၏ ပြင်ပဂိုဏ်းအကြီးအကဲများနှင့်ပင် ယှဉ်၍ရနေလေပြီ။
မုကျန်းထင်အဖမ်းခံရပြီးနောက် အကယ်၍သူသာ သူ့ပါရမီကပြသပြီး မတ်တံဆိပ်ဂိုဏ်း၏အာရုံကိုရရှိပါက မိစ္ဆာနယ်မြေကို ကိုင်တွယ်ရန်အတွက် သူ့ကိုကူညီရန် နတ်တံဆိပ်ဂိုဏ်းကို တောင်းဆိုရမလားဟု မုဖူရှန်းအတွေး၀င်ခဲ့သည်။
သို့စေကာမူ ဒါကအရမ်းပေါ်ပေါ်ထင်ထင်ဖြစ်သွားပါက မိစ္ဆာနယ်မြေဘက်တွင် ဆူပူမှုကြီးတခုကိုသေချာပေါက်ဖြစ်သွားစေလိမ့်မည်။
ထို့ကြောင့် သူသာပြသလိုပါက နတ်တံဆိပ်ဂိုဏ်းက အဆင့်မြင့်လူများကို တိုက်ရိုက်သိစေမှရမည်။ သူကိုယ်တိုင်ဒီနေရာတွင် ပြသ၍မရပေ။
ဒီအကြောင်းကိုတွေးမိသောအခါ မုဖူရှန်းပြောသည်။
"ကောင်းကင်အဆောင်သခင်"
မုဖူရှန်း၏အသံကိုကြားရသောအခါ ကျောင်းရီ၏မျက်နှာက တောင့်တင်းသွား၏။
အဆောင်သခင်အကဲဖြတ်မှုကိုတောင်မသိတဲ့လူတစ်ယောက်က ကောင်းကင်အဆောင်သခင်အဆင့်အကဲဖြတ်မှုကို ဆင်နွှဲချင်တာလား!
"မင်း... မင်းနောက်နေတာလား"
ကောင်းကင်အဆောင်သခင်များကို အလင်းဖြာနယ်မြေတခုလုံးတွင် ပထမတန်းစားအင်အားစုအများအပြားက ဧည့်သည်များအဖြစ်ပင် ရှုမြင်ကြသည်။
ဒါကိုမဆိုထားနဲ့၊ မုဖူရှန်းကအတော်လေးငယ်ရွယ်သေးပုံရသည်။ သူကတကယ်ပဲ ကောင်းကင်အဆောင်သခင်လား!
နတ်တံဆိပ်ဂိုဏ်းမှာ ဒင်းရှောင်ချင်းလိုမျိုးရွေးချယ်ခံရသူတွေပဲ ဒီလိုအဆင့်ကို ရောက်နိုင်တာမလား!
မုဖူရှန်းပြုံးလိုက်သည်။
"သေချာပေါက်မဟုတ်ဘူးပေါ့"
ကောင်းကင်အဆောင်သခင်တစ်ဦးက အာရုံစူးစိုက်မှုအများကြီးမရှိဘဲ နတ်တံဆိပ်ဂိုဏ်းမှ အာရုံအနည်းငယ်ကို ဆွဲဆောင်နိုင်သည်။
ဒါက မုဖူရှန်းစုံစမ်းစစ်ဆေးမှု၏ရလဒ်ပင်။
ထို့နောက်သူအဆောင်မျှော်စင်ရှိရာသို့ လျှောက်သွားသည်။
မုဖူရှန်း၏နောက်ကျောကိုကြည့်ရင်း ကျောင်းရီသံသယဖြစ်လာသည်ာ
သူကဟန်ဆောင်နေတာလား ဒါမှမဟုတ် သူ့မှာတကယ်ပဲစွမ်းရည်ရှိတာလား!
အဆောင်မျှော်စင်ထဲတွင် မုဖူရှန်းစိတ်ကူးယဉ်ထားသလောက် လူအများကြီးမရှိပေ။
သို့စေကာမူ ဒီအကြောင်းကိုတွေးကြည့်သောအခါတွင် ဒါကအဓိပ္ပာယ်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ အဆောင်မျှော်စဉ်က ကြားနေဂိုဏ်းတခုပင်မဟုတ်ပေလော။
အဆောင်မျှော်စင်က အဆောင်သခင်များက တခြားဂိုဏ်းများနှင့် မင်းမျိုးနွယ်မိသားစုများထဲတွင်၀င်နိုင်သည်။
ပုံမှန်အခြေအနေများတွင် အဆောင်မျှော်စင်၏ အဆောင်သခင်က အဆောင်မျှော်စင်တွင် မနေပါ။
ပထမအလယ်တွင် သစ်သားစားပွဲတခုရှိသည်။ စာပွဲဘေးတွင် အဖိုးအိုတစ်ယောက်က သိုးမွေးစာလိပ်တခုပေါ်တွင် ရေးကာ ရေးဆွဲနေသည်။
သူ့ရှေ့တွင် လှပသည့်အမျိုးသမီးတစ်ဦးနှင့် စက္ကူယပ်တောင်ကိုကိုင်ထားသည့် ဇိမ်ခံအ၀တ်အစားများ၀တ်ထားသော အမျိုးသားတစ်ဦးရှိသည်။
ထိုလူကပြုံးပြသည်။
"လင်းယောင်၊ ဒီတကြိမ်နင်ယုံကြည်မှုရှိလား"
"ဒါပေမယ့်ဘာမှမဖြစ်ပါဘူး၊ တကယ်လို့ နင်မဖြတ်ကျော်နိုင်ရင် ငါလမ်းညွှန်ပေးမှာပါ"
ထိုလူကယုံကြည်မှုရှိပုံရသည်။
သို့စေကာမူ သူ့စကားလုံးများက မုဖူရှန်းကိုရယ်ချင်သွားစေသည်။
တာကော၊ မင်းလိုမျိုးမိန်းမလိုက်စားတဲ့လူမျိုးရှိသေးလို့လား!
ဘယ်လိုစကားပြောရမလဲဆိုတာကိုရောမင်းသိလား!
ဒါက ဒီတခါသူမစမ်းသပ်မှုကို မကျော်လွှားနိုင်ဘူးလို့ ဆိုလိုနေတာမလား!
မျှော်လင့်ထားသည့်အတိုင်းပင် လင်းယောင်၏အမူအရာက ပို၍ပင် အေးစက်သွားသည်။
"ဒင်းရှောင်ချင်း၊ ငါ့ကိုဂရုစိုက်နေမယ့်အစား ကောင်းကင်အဆောင်သခင်အဆင့်အကဲဖြတ်မှုကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတာစဉ်းစားပါ"
"ဘာပဲဆိုဆို ကောင်းကင်အဆောင်သခင်အဆင့်အကဲဖြတ်မှုက အရမ်းခက်ခဲတယ်"
သို့စေကာမူ ဒင်းရှောင်ချင်းက ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။
"အဆင်ပြေပါတယ်၊ ငါကောင်းကောင်းပြင်ဆင်ပြီးပါပြီ၊ ဒါကပြဿာနာကြီးတခုတော့မဟုတ်ပါဘူး"
သူစကားပြောပြီးသည်နှင့် အကြီးအကဲက နှာခေါင်းရှုံ့သည်။
"နတ်တံဆိပ်ဂိုဏ်းကကောင်လေး၊ ကောင်းကင်အဆောင်သခင်အဆင့်အကဲဖြတ်မှုက မင်းထင်ထားသလောက် မလွယ်ကူဘူး"
"ဒါကတခြားသူတွေအတွက်ပါပဲ"
ဒင်းရှောင်ချင်း၏မျက်နှာက အထင်ကြီးမှုများဖြင့်ပြည့်နှက်နေသည်။
ထိုအချိန်တွင် မုဖူရှန်းလျှောက်လာသည်။
"စီနီယာ၊ ကျွန်တော်အဆောင်သခင်အဆင့်အကဲဖြတ်မှုမှာ ပါ၀င်ချင်ပါတယ်"
ခေါင်းပင်မမော့ဘဲ အကြီးအကဲက သိုးမွေးစာလိပ်ကိုပစ်ပေးသည်။
"ဒီထဲဖြည့်လိုက်"
မုဖူရှန်းတချက်လှမ်းယူကာဖြည့်လိုက်သည်။
လင်းယောင်ကလှည့်ပင်မကြည့်ပေ။ သူမက မုဖူရှန်းအားတချက်လေးသာကြည့်ပြီး အကြည့်လွှဲလိုက်သည်။
ဒင်းရှောင်ချင်း မုဖူရှန်းကိုမြင်သောအခါ သူအံ့ဩသင့်သွားရသည်။
"မုဖူရှန်း"
လင်းယောင်မေးလိုက်သည်။
"နင်သူ့ကိုသိလို့လား"
ဒင်းရှောင်ချင်း၏အမူအရာက အနည်းငယ်ထူးဆန်းနေသည်။
"သူကနတ်တံဆိပ်ဂိုဏ်းက အချိန်တိုအတွင်းမှာ၀င်လာခဲ့တာ၊ ဒါပေမယ့် သူကကျင့်ကြံခြင်းစိတ္တဇတယောက်ပဲ"
"သူက အကူအညီရမှတ်တွေရဖို့အတွက် တာ၀န်တွေဆက်လုပ်ပြီးတော့ အဆောင်တွေထွင်းထုဖို့အတွက် ကောင်းကင်အဆင့်သီးခြားဂူထဲကိုသွားလေ့ရှိတယ်"
ကောင်းကင်အဆင့်ဂူလား!
လင်းယောင်မေးသည်။
"ဒီလိုဆိုရင် ကြည့်ရတာ ဒီလူရဲ့အဆောင်က အရမ်းအစွမ်းထက်တာပေါ့"
ဒင်းရှောင်ချင်းခေါင်းခါယမ်းသည်။
"သူ့အဆောင်စွမ်းရည်ကိုဘယ်သူမှမမြင်ဖူးဘူး"
မုဖူရှန်းဘေးကနေ ထိုစကားလုံးများကို ကြားသောအခါ စိတ်ထဲကနေ သက်ပြင်းချမိသည်။
သူ့အဖေကိစ္စကြောင့် သူအနည်းငယ်ပူပန်နေခဲ့ပြီး ဒါကိုအနာဂတ်အတွက် သတိပေးချက်တခုအဖြစ် မှတ်ယူခဲ့သည်။
ထိုအတွေး၀င်လာသည်နှင့် မုဖူရှန်း ပြီးသွားသည့်သိုးမွေးစာလိပ်ကို အကြီးအကဲအား ပေးသည်။
အကြီးအကဲကချက်ချင်းခေါင်းမော့ကာ မုဖူရှန်းအားလေးနက်စွာကြည့်လိုက်သည်။
"ကောင်းကင်အဆောင်သခင်အဆင့်အကဲဖြတ်မှုလား၊ ဒီလိုဆိုရင် နောက်ကျရင် မင်းဒင်းရှောင်ချင်းနဲ့အတူသွားလို့ရတယ်"
မုဖူရှန်းခေါင်းညိတ်သည်။
တခြားတဘက်တွင် ဒင်းရှောင်ချင်းနှင့်ကျန်တစ်ယောက်က ထိုစကားကိုကြားပြီး တုန်လှုပ်ချောက်ချားသွားကြ၏။
ငါ့လိုမျိုးလား၊ ကောင်းကင်အဆောင်သခင်လား!
လင်းယောင်ကလည်းအနည်းငယ်အံ့ဩသင့်သွားသည်။
ဒင်းရှောင်ချင်းကကြွားဝါတတ်သော်လည်း သူ့ခွန်းအားက ထိပ်တန်းအဆင့်တွင်ရှိသည်။
နတ်တံဆိပ်ဂိုဏ်းတွင် သူက မျက်စိကျစရာအကောင်းဆုံးရွေးချယ်ခံရသူဖြစ်သည်။
ဒီမုဖူရှန်းက ဒင်းရှောင်ချင်းလိုမျိုး ကောင်းကင်အဆောင်သခင်အဆင့်အကဲဖြတ်မှုမှာပါ၀င်ချင်တာလား!
"နင့်မှာ... ယုံကြည်မှုရှိလား"
မုဖူရှန်းပြုံးသည်။
"ဒါက ကျုပ်ရဲ့ပထမဆုံးအကဲဖြတ်မှုပါ၊ ကျုပ်မှာယုံကြည်ချက်တော့မရှိပါဘူး၊ ဒါကိုစမ်းသပ်ချက်တခုလို့ပဲ ယူဆထားပါတယ်"
ထိုစကားကိုကြားသောအခါ ဒင်းရှောင်ချင်းကလည်းပြုံးပြသည်။
"မင်းကလည်း နတ်တံဆိပ်ဂိုဏ်းက တပည့်တယောက်ဆိုတော့ ငါတို့ကို ဂိုဏ်းတူတပည့်တွေအဖြစ် မှတ်ယူလို့ရတာပေါ့"
"ဂိုဏ်းတဂိုဏ်းတည်းက စီနီယာအစ်ကိုတယောက်အနေနဲ့ ကောင်းကင်အဆောင်သခင်အဆင့်အကဲဖြတ်မှုက အရမ်းခက်ခဲတယ်ဆိုတာ ငါမင်းကိုသတိပေးပါရစေ၊ မင်းကျရှုံးတဲ့အခါ စိတ်ဓာတ်မကျပါနဲ့"
မုဖူရှန်းဒါကိုကြားသော်လည်း မည်သည့်စကားမှပြန်မပြောဘဲ ပြုံးရုံသာပြံးပြရင်း ခေါင်းညိတ်ပြသည်။
အမွေးတိုင်တစ်တိုင်သာကုန်ပြီးအချိန်တွင် အကြီးအကဲကထရပ်သည်။
"ကောင်းပြီ၊ ဒင်းရှောင်ချင်းနဲ့ မုဖူရှန်းတို့က ငါ့နောက်လိုက်ခဲ့ကြ၊ လင်းယောင်၊ မင်းကသူတို့ပြီးရင် အကဲဖြတ်မှုကို ဆောင်ရွက်လို့ရတယ်"
ထို့နောက် မုဖူရှန်းနှင့်ဒင်းရှောင်ချင်းတို့က အကြီးအကဲနောက်မှလိုက်သွားကြ၏။
သူကဘေးအခန်းထဲကို၀င်သွားသည်။
မုဖူရှန်းရှေ့တွင် သစ်သားစားပွဲတချို့ရှိသည်။ သစ်သားစားပွဲများပေါ်၌ အဆောင်စာရွက်အနည်းငယ်ရှိသည်။
"ကောင်းကင်အဆောင်သခင်အဆင့်အတွက် စမ်းသပ်မှုတခုတည်းပဲရှိတယ်"
အကြီးအကဲကစကားပြောပြီးနောက် အဆောင်တခုကို ထုတ်ယူသည်။
"မင်းတို့ ငါ့လက်ထဲမှာရှိတဲ့ ကောင်းကင်အဆင့်အဆောင်စည်းတံဆိပ်ဖြစ်တဲ့ ငရဲမီးအဆင့်အဆောင်ကို ပြန်ထုထွင်းနိုင်သရွေ့ စမ်းသပ်မှုကို အောင်မြင်နိုင်တယ်"
ဒင်းရှောင်ချင်း၏အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။
ငရဲမီးအဆင့်အဆောင်က ကောင်းကင်ဘုံအဆောင်စည်းတံဆိပ်များထဲတွင်ပါ၀င်သော်လည်း ရှားပါးပစ္စည်းတခုတော့မဟုတ်ပါ။
သို့သော် စည်းတံဆိပ်ထွင်းထုခြင်း၏ အသေးစိတ်အချက်အလက်များက အတော်လေးရှုပ်ထွေးသည်။
အကယ်၍ဂရုမစိုက်ပါက အမှားတခုလုပ်မိသည်နှင့် အားထုတ်မှုအားလုံးက အလဟာဿဖြစ်သွားနိုင်သည်။
သူကိုယ်တိုင်ပင်လျှင် တစ်ရာရာခိုင်နှုန်း ပုံတူပွားနိုင်မယ်ဆိုတာကိုအာမမခံနိုင်ပေ။ တခြားတဘက်တွင် မုဖူရှန်းကတချက်ကြည့်ပြီးနောက် စတင်ထွင်းထုလေတော့သည်။
အပိုင်း(525) coming။