#ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်#
Vol. 37 Ch. 526
မုဖူရှန်း နတ်တံဆိပ်ဂိုဏ်းကိုပြန်လာပြီး ကောင်းကင်အဆင့်သီးခြားဂူသို့ ရောက်လာသောအခါ ချီယန်က တံမြက်စည်းနှင့် ဂူကို သန့်ရှင်းရေးလုပ်နေဆဲပင်။
မုဖူရှန်းသိလိုစိတ်ဖြင့်မေးသည်။
"အကြီးအကဲချီ၊ ဒါကအရမ်းသန့်ရှင်းနေပြီမလား၊ ဘာလို့ဆက်လှည့်နေရသေးတာလဲ"
ချီယန်က ခေါင်းမလှည့်ဘဲဖြေသည်။
"ဖုန်မှုန့်ကြောင့်မဟုတ်ပါဘူး၊ စိတ်အခြေအနေအတွက်ပါ"
"အဆောင်သခင်တစ်ယောက်အတွက် အရေးအကြီးဆုံးအရာက စိတ်အခြေအနေပဲ"
ထိုစကားကိုကြားသောအခါ မုဖူရှန်းပြုံးသည်။
"အကြီးအကဲချီပြောတာမှန်ပါတယ်"
"ငါ့အကြောင်းပြောနေတာရပ်တော့" ချီယန် တံမြက်စည်းကိုပစ်ချကာ မုဖူရှန်းအားမေးသည်။
"အကဲဖြတ်မှုက ဘယ်လိုလဲ"
မုဖူရှန်းရွှေတံဆိပ်ကိုထုတ်ယူကာ အပြုံးဖြင့်ပြောသည်။
"ကျုပ်ကံကောင်းပြီး ကောင်းကင်အဆောင်သခင်အဆင့်တံဆိပ်ကိုရခဲ့တယ်"
ကောင်းကင်အဆောင်သခင်အဆင့်ပဲလား!
ချီယန်အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
လွန်ခဲ့သောလအနည်းငယ်က မုဖူရှန်းဂူထဲတွင်ထွင်းထုနေစဉ် ထုတ်လွှတ်ခဲ့သည့်အော်ရာက ကောင်းကင်အဆောင်သခင်တစ်ဦးတွင် ရှိသင့်သည်အရာမဟုတ်တော့။ ဒါက ဝိဉာဉ်အဆောင်သခင်ဖြစ်ရန်အတွက်ပင် လုံလောက်တာထက်ပိုသည်။
"မုဖူရှန်း၊ မင်းဘာလုပ်ချင်တာလဲ"
မုဖူရှန်းပြုံးသည်။
"အကြီးအကဲချီ၊ ဘာကိုဆိုလိုချင်တာလဲ"
ချီယန်သူ့ကိုသတိပေးသည်။
"မင်းရည်ရွယ်ချက်ကဘာလဲဆိုတာ ငါမသိပေမယ့် မင်းခွန်အားကို အရမ်းကြီးဖုံးကွယ်ထားမယ်ဆိုရင် ဒါကမင်းရဲ့စိတ်အခြေအနေကို သက်ရောက်လိမ့်မယ်"
"ငယ်ရွယ်ပေမယ့် မမောက်မာဘူး၊ မင်းဒီလမ်းကြောင်းမှာ မင်းဘယ်လိုရှေ့ဆက်သွားနိုင်မလဲ"
ထိုစကားကိုကြားသောအခါ မုဖူရှန်း၏မျက်လုံးများကလင်း၀င်းသွားပြီး သိချင်စိတ်ဖြင့်မေးလိုက်၏။
"ကျုပ်ခွန်အားကိုဖုံးကွယ်ထားတာလား၊ အကြီးအကဲချီဘာပြောနေသလဲဆိုတာ ကျုပ်မသိဘူး"
"ဒီအကြောင်းကိုအခုမပြောဘဲနေကြရအောင်၊ အကြီးအကဲချီ၊ ဒီအကူအညီရမှတ်တွေက ကောင်းကင်သီးခြားအဆောင်မှာ ငါးရက်ကျင့်ကြံဖို့အတွက် လုံလောက်တယ်မလား"
ထို့နောက် သူကအကူအညီရမှတ်တုံကင်ကို အကြီးအကဲချီအားပေးကာ ဂူထဲသို့၀င်သွားသည်။
ချီယန်မှာ မုဖူရှန်း၏နောက်ကျောကိုကြည့်ရင်း အကူအညီမဲ့စွာခေါင်းခါယမ်းမိသည်။
ဒီကောင်လေးက မျိုးစေ့ကောင်းတစေ့ပင်။ အကယ်၍ သူ့စိတ်အခြေအနေကသာ ဒီစရိုက်ကြောင့် ထိခိုက်ခဲ့ပါက ဒီတိုးတက်မှုများက ဆုံးရှုံးမှုတွေကို အစားထိုးနိုင်မည်မဟုတ်ပေ။
ဒီအကြောင်းကိုတွေးမိသောအခါ သူတဖက်လှည့်ပြီးနောက် ပျောက်ကွယ်သွား၏။
ဂူထဲတွင် ဝိဉာဉ်ချီက အတော်လေးသိပ်သည်းထူထပ်သည်။
အခင်းအကျင်းစွမ်းအားက မုဖူရှန်းကိုလွှမ်းခြုံသွားပြီး သူ့စိတ်အခြေအနေကို အမျိုးအမည်မသိစေဘဲ အလွန်အမင်း တည်ငြိမ်သွားစေသည်။
တချိန်တည်းမှာပင် အဆောင်များ၏ မထင်ရှားသည့်စွမ်းအားက ကျင့်ကြံသူများကို ဒီနေရာ၌ ထွင်းထုခွင့်ပြုပြီး နောက်ထပ်သက်ရောက်မှုများစွာရှိသည်။
ထို့ကြောင့်လည်း ကောင်းကင်သီးခြားအခန်းကို၀င်ရန်အတွက် အကူအညီရမှတ်များစွာကိုလိုအပ်ရခြင်းပင်။ ၀င်ရန်အတွက် အကူအညီရမှတ်များကို အမြဲလိုလိုရကြသည့် တပည့်များစွာလည်းရှိသည်။
မုဖူရှန်းအဆောင်ကိုးခုကိုထုတ်လိုက်၏။
အဆောင်ကိုးခုစလုံးတွင် မတူညီသည့်လျှပ်စီးပုံစံများထွင်းထုထားသည်။
ခရမ်းလျှပ်စီးက ထိုလျှပ်စီးပုံစံများပေါ်၌ လှည့်ပတ်နေသည်။ ချင်ချင်းဆိုသလို ဂူတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
ခရမ်းရောင်လျှပ်စီးက သစ်သားစားပွဲပေါ် တင်လိုက်ရုံမျှဖြင့် ကောင်းကင်နှင့်မြေကြီးအကြား ကမောက်ကမဖြစ်စေပုံရသည်။
ဒါက ဒီရက်တွေအတွင်း မုဖူရှန်း၏ အားထုတ်မှုများ၏ရလဒ်ပင်။
ဒါက စည်းတံဆိပ်စာအုပ်ထဲမှ အဆောင်တာအို၏အခြေခံအဆင့်ထဲက နောက်ဆုံးအဆောင်ပေတည်း။
ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်!
မုဖူရှန်း ဒီအဆောင်ကိုမြင်သောအခါ ထိတ်လန့်တုန်လှုပ်သွား၏။
အဆောင်ကိုးခုက အစီအရင်၏မျက်လုံးအဖြစ်လုပိဆောင်ပြီး ခရမ်းကောင်းကင်မိုးကြိုး၏စွမ်းအားကိုစုစည်းပေးသည်။
ဒါက အစီအရင်စွမ်းအားနှင့် အဆောင်စွမ်းအားတို့၏ ပြီးပြည့်စုံသည့်ပေါင်းစပ်မှုတခုပင်။
ထုတ်လွှတ်ထားသည့်နတ်လျှပ်စီးစွမ်းအားက အင်မော်တယ်တပိုင်းနယ်ပယ်ကျင့်ကြံသူတစ်ဦးကိုပင်သတ်ပစ်နိုင်သည်။
သူ့ဆရာဆိုသည့်အတိုင်းပင် ဒီစည်းတံဆိပ်စာအုပ်၏ အခြေခံအဆောင်တာအိုကပင် အတော်လေးကြောက်မက်ဖွယ်ကောင်းနေပြီဟု သူပြောနိုင်တော့သည်။
သို့စေကာမူ ယခုတွင် မုဖူရှန်းနောက်ဆုံးအဆင့်ကိုရောက်နေလေပြီ။
သူ အခင်းအကျင်းအဆောင်ကိုးခုထဲတွက် နတ်လျှပါစီးစွမ်းအားကို ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်သရွေ့ အောင်မြင်သည်ဟု ယူဆ၍ရသည်။
သို့သော်ဒီနောက်ဆုံးအဆင့်တွင် သူက အစီအရင်ကို တည်ဆောက်ရင်း အစီအရင်အဆောင်ကိုးခုကို ပေါင်းစပ်ချင်ခဲ့သည်။
သူကအခင်းအကျင်းအစီအရင်များကို အချိန်ခဏကြာကျင့်ကြံခဲ့သော်လည်း ကျွမ်းကျင်သူဟုယူဆ၍မရသေးပါ။
မုဖူရှန်း မေ့စေ့ကိုပွတ်သပ်ရင်း အတွေးနက်နေသည်။
အကူအညီရဖို့အတွက် ပြင်ပကမ္ဘာက အခင်းအကျင်းသခင်တွေကိုရှာဖို့လိုသေးတာလား!
သို့စေကာမူ ဒီအတွေးသူ့စိတ်ထဲ၀င်လာသည်နှင့် ချက်ချင်းပယ်ချပစ်လိုက်သည်။
ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်က သူ့ဝှက်ဖဲတွေထဲကတခုဖြစ်သည်။ တခြားမည်သူ့ကိုမှ သူသိခွင့်မပေးနိုင်ပေ။
တချိန်တည်းမှာပင် အပြင်လူများသာ မိုးကြိုးအခင်းအကျင်းအဆောင်ကိုမြင်မည်ဆိုပါက သူ့စွမ်းရည်ကို အဆောင်သခင်တစ်ဦးအဖြစ် သူတို့ဆုံးဖြတ်ကြပေလိမ့်မည်။
ဒါကသူ့ခွန်အားကိုထုတ်ဖော်မိသလိုဖြစ်သွားပေလိမ့်မည်။
ဒီနည်းလမ်းကအလုပ်မဖြစ်ပေ။
ဒီလိုဆိုမှတော့ သူကိုယ်တိုင်သာလုပ်နိုင်တော့သည်။
မုဖူရှန်းနဖူးကိုပွတ်သပ်ရင်း မိုးကြိုးအခင်းအကျင်းအဆောင်ကိုးခုကို ဂရုတစိုက်ကြည့်ရင်း တွေးနေသည်။
အကယ်၍အဆောင်ကို ကောင်းကင်နှင့်မြေကြီးစွမ်းအားကို အဆောင်စာရွက်ထဲတွင် ရေးဆွဲရန်အသုံးပြုပါက အစီအရင်၏စွမ်းအားက အစီအရင်တခု၏ အခြေခံအဖြစ် ပစ္စည်းများကိုအသုံးပြုပြီး အစီအရင်၏မျက်လုံးအဖြစ်လည်း သုံး၍ရသည်။ ကောင်းကင်နှင့်မြေကြီးစွမ်းအားကို ငှားယူခြင်းဖြင့် အစွမ်းထက်စွမ်းအားနှင့်အတူ ပေါက်ကွဲအောင်လုပ်၍ရသည်။
နှစ်ခုလုံးက ကောင်းကင်နှင့်မြေကြီးစွမ်းအားကိုသုံးရလေရာ တနည်းအားဖြင့် သူသာကောင်းကင်နှင့်မြေကြီးစွမ်းအားကို စုစည်းနိုင်ပြီး မိုးကြိုးအခင်းအကျင်းအဆောင်ကိုးခုနှင့်ဆက်သွယ်နိုင်သရွေ့ ပိုအဆင်ပြေသွားသည်မဟုတ်ပေလော။
ထိုအချက်ကိုတွေးမိသောအခါ မုဖူရှန်းသူ့လက်ထဲက အဆောင်စုတ်တံကို လှုပ်ယမ်းလိုက်၏။
သူ့ဝိဉာဉ်စွမ်းအားကမျက်ခုံးကြားကနေ ထိုးထွက်လာသည်။
ပတ်၀န်းကျင်ကကောင်းကင်နှင့်မြေကြီးစွမ်းအားက အဆောင်စုတ်တံဆီသို့ စုဝေးလာကြ၏။
ထို့နောက် မုဖူရှန်းသူ့လက်ထဲ အဆောင်စုတ်တံကိုလှုပ်ယမ်းရင်း လေထဲတွင် လိုင်းတကြောင်း ရေးဆွဲလိုက်သည်။
ကောင်းကင်နှင့်မြေကြီးစွမ်းအားက အဆောင်ကိုးခုအကြား သိပ်သည်းသွား၏။
မုဖူရှန်း မိုးကြိုးအခင်းအကျင်းအဆောင်ကိုးခုနှင့် ဆက်သွယ်ရန် ကောင်းကင်နှင့်နြေကြီးစွမ်းအားကိုသုံးသောအခါ တခဏအကြာတွင် ၎င်းက မိုးကြိုးအခင်းအကျင်းအဆောင်များမှ ထုတ်လွှတ်သည့် ခရမ်းကောင်းကင်နတ်မိုးကြိုးစွမ်းအားကြောင့် တချိန်တည်းမှာပင် ပျှံ့နှံ့သွားရသည်။
၎င်းက ကောင်းကင်နှင့်မြေကြီးစွမ်းအားကို ပယ်ချပစ်နေသည့်ပမာ။
မုဖူရှန်းအနည်းငယ်ကြက်သေသေသွား၏။
ထို့နောက်သူနောက်ထပ်အကြိမ်ရေအနည်းငယ်ထပ်လုပ်သည်။ ဒီကာလအတွင်း သူကကမ္ဘာကြီး၏စွမ်းအားကို ပို၍ပို၍စုစည်းနိုင်ရန် ကြိုးစားသည်။
သို့သော်ကျရှုံးမှုဖြင့်သာ အဆုံးသတ်သွားရသည်။
မုဖူရှန်းတွေးလိုက်မိပြန်သည်။
ငါနားလည်ထားတာကမှားနေတာများလား!
ရွှီး......!
ထိုအချိန်မှာပင် လျှပ်စစ်စီးကြောင်းများ၏အသံက မုဖူရှန်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
လျှပ်စီး....!
ဒါများဖြစ်နိုင်လား!
သူကတစ်စုံတစ်ရာကိုတွေးမိသွားပုံရပြီး သူ့အမူအရာကလေးနက်သွား၏။
ထို့နောက်မုဖူရှန်း ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ သူ့လက်ထဲက အဆောင်စုတ်တံဖြင့် ကောင်းကင်အား ခွဲခြမ်းပစ်လိုက်သည်။
ကိုးသွယ်ရှေးဦးမိုးကြိုးကျင့်စဉ်က မုဖူရှန်းကိုယ်ထဲကနေ ထိုးထွက်လာသည်။
၎င်းကလျှပ်စီးနဂါးတကောင်အဖြစ် ပြောင်းလဲသွားပုံပေါ်ပြီး ဟိန်းကာ တိမ်များအကြားပြေး၀င်သွားသည်။
တခဏအကြာတွင် တိမ်မည်းများက ကောင်းကင်အားဖုံးလွှမ်းသွားကြပြီး လျှပ်စီးလက်ကာ မိုးကြိုးပစ်ချလေတော့သည်။
ခရမ်းလျှပ်စီးနဂါးများက တိမ်များအကြား လွင့်မြောနေသည်။
နတ်တံဆိပ်ဂိုဏ်းတွင် အကြီးအကဲများနှင့် တပည့်အားလုံးက ကောင်းကင်ပေါ် မော့ကြည့်လိုက်ကြသည်။
"ဘာဖြစ်သွားတာလဲ၊ ဘာလို့ဒီလောက်အစွမ်းထက်နေရတာလဲ"
"သူကလျှပ်စီးကိုဆွဲဆောင်အောင်လုပ်ပြီး လျှပ်စီးစွမ်းအားကို ငှားယူနေတာလား"
"ဒီလိုအစွမ်းထက်လျှပ်စီးစွမ်းအားတခုကို ရေးဆွဲဖို့ သူ့ ဘယ်အဆင့်ရှိတဲ့အဆောင်ကို ထွင်းထုချင်တာများလဲ...."
"အဲဒီနေရာက ကောင်းကင်အဆင့်ဂူတဂူဖြစ်ပုံရတယ်၊ တချို့ဂိုဏ်းအကြီးအကဲတွေက အဆောင်တွေကိုလေ့လာနေကြတာများလား....."
အပြန်လမ်းတွင် ချီယန် ထိုမြင်ကွင်းကို မြင်သောအခါ အနည်းငယ်တုန်လှုပ်သွား၏။
ဒီစိတ္တဇလေးကို သူအမှန်တကယ်လျှော့တွက်ခဲ့မိခြင်းပင်။
ထိုအချိန်တွင် ဂူ၌ မုဖူရှန်းလက်ထဲက အဆောင်စုတ်တံကိုထပ်မံလှုပ်ယမ်းကာ အော်ဟစ်သည်။
"လျှပ်စီး"
ရုတ်ချည်းဆိုသလို တိမ်မည်းများထဲမှ မရေမတွက်နိုင်လောက်သည့် ခရမ်းလျှပ်စီးနဂါးများက အဆက်မပြတ်ဟိန်းနေကြ၏။
ထိုဟိန်းသံက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။
ထို့နောက်လျှပ်စီးတိုင်များအဖြစ်ပြောင်းလဲကာ မုဖူရှန်း၏စုတ်တံပေါ်သို့ကျဆင်းလာကြသည်။
လာနေပြီ....!
မုဖူရှန်း၏အမူအရာကလေးနက်နေသည်။ သူကလက်ထဲက အဆောင်စုတ်တံကို ဝှေ့ယမ်းရင်း မိုးကြိုးအခင်းအကျင်းအဆောင်ကိုးခုရှိရာသို့ညွှန်ပြလိုက်သည်။
တခဏအကြာတွင် မုဖူရှန်းကိုယ်ထဲက ဝိဉာဉ်ချီက ပကတိမျက်စိဖြင့်မမြင်နိုင်သည့် နှုန်းတခုနှင့် အမြန်ပျောက်ကွယ်သွားကြ၏။
ကျန်လက်တစ်ဖက်နှင့် မုဖူရှန်း သိုလှောင်လက်စွပ်ထဲကနေ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲပစ်သွင်းလိုက်သည်။
လျှပ်စီးနှင့် လျှပ်စီးပမာဏအများအပြားကိုလမ်းညွှန်ပေးမေရခြင်းက ဝိဉာဉ်စွမ်းအားနှင့် ဝိဉာဉ်ချီများကိုကုန်ခမ်းစေသည်။
ဂျုန်း.....!
ခရမ်းလျှပ်စီးတိုင်များက အဆောင်ကိုးခုရှိရာသို့ အရူးအမူးပစ်ကျလာကြသည်။
ထိုအချိန်တွင် ၀န်းကျင်ကသစ်သားစားပွဲများနှင့် အလှဆင်ပစ္စည်းများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြ၏။
အဆောင်အစီအရင်၏အကာအကွယ်သာမရှိပါက ဂူက ဒီလျှပ်စီးကြောင့် ပြိုကွဲသွားပေလိမ့်မည်။
အပိုင်း(527) coming။