← Chapters

#အဆောင်မျှော်စင်၏ တာ၀န်#

Vol. 37 Ch. 527

#အဆောင်မျှော်စင်၏ တာ၀န်#

Vol. 37 Ch. 527

ကောင်းကင်အဆင့်ဂူထဲတွင် ငါးရက်တာကုန်ဆုံးသွားခဲ့သည်။

မုဖူရှန်း သူ့ရှေ့က ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်ကိုးခုကိုကြည့်ရင်း‌ နောက်ဆုံးတော့ ကျေနပ်စွာခေါင်းညိတ်သည်။

ယခုလိုအစွမ်းထက်အော်ရာရှိသည့် မိုးကြိုးအခင်းအကျင်းအဆောင်တခုလေးအတွက် သူအများကြီးအားစိုက်ထုတ်ခဲ့ရသည်။ ကိုးခုလုံးကို မိုးကြိုးအစီအရင်တခုဖြစ်လာစေရန် ပေါင်းစပ်လိုက်ပါက မည်မျှပင် အစွမ်းထက်လိမ့်မည်နည်း။

မုဖူရှန်း ကောင်းကင်အခင်းအကျင်းအဆောင်ကို စနစ်တကျသိမ်းဆည်းကာ ဂူထဲကထွက်လာသည်။

ငါးရက်ကြာပြီးနောက် သူကအကူအညီရမှတ်အားလုံးကိုအသုံးပြုပြီးဖြစ်သည်။

ထိုအချိန်ဂူအပြင်ဘက်တွင် ချီယန်က ထိုင်ခုံတစ်လုံးပေါ်တွင်ထိုင်ကာ မျက်လုံးများကိုမှိတ်ရင်းအနားယူနေသည်။

မုဖူရှန်းလျှောက်လာပြီး ချီယန်အား အနည်းငယ်ဦးညွတ်လိုက်သည်။

"ကျေးဇူးပါအကြီးအကဲ"

မျက်လုံးမဖွင့်ဘဲ ချီယန်မေးသည်။

"မင်းဘာလို့ငါ့ကိုကျေးဇူးတင်နေရတာလဲ"

မုဖူရှန်း၏နှလုံးသားက မှန်တချပ်ကဲ့သို့ကြည်လင်နေပြီး ပြန်ဖြေသည်။

"ကျုပ်က လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီလိုကြီးမားတဲ့ဆူပူမှုကြီးတခုကိုဖြစ်စေခဲ့တယ်၊ တကယ်လို့အကြီးအကဲရဲ့အကူအညီကြောင့်သာမဟုတ်ဘူးဆိုရင် ဒီနေရာက သေချာပေါက် လူအုပ်စုကြီးရဲ့၀န်းရံခြင်းကို ခံနေရလောက်ပြီ၊။ အဲဒီအချိန်ကျရင် ပုန်းဖို့အတွက်နည်းလမ်းရှိမှာမဟုတ်တော့ဘူး"

နောက်ဆုံးတော့ ချီယန်ကမျက်လုံးဖွင့်လာသည်။ သူကမုဖူရှန်းအားတည့်တည့်စိုက်ကြည့်သည်။ သူ့အကြည့်က ဓားတစင်းအလား မုဖူရှန်းအား ထိုးဖောက်မြင်ချင်နေသည့်အသွင်။

"မင်းကဉာဏ်ကောင်းပေမယ့် ငါ့ဆီကတော့ ဖုံးကွယ်ထားလို့မရပါဘူး"

မုဖူရှန်းလက်အစုံကိုဆန့်တန့်ကာပြုံးသည်။

"အကြီးအကဲချီကဒါကိုခံစားမိတယ်မလား"

မုဖူရှန်း၏အပြုံးကိုမြင်သောအခါ ချီယန်ရုတ်တရက်ပြောလာသည်။

"မင်းငါ့ကိုတမင်တကာသိအောင်လုပ်တာမလား"

မုဖူရှန်းပြုံးနေသော်လည်းဘာမှမပြောပါ။ သူဘာတခုမှပြောစရာမလိုပေ။

ချီယန်ခေါင်းညိတ်သည်။

"မင်းဘာလုပ်ချင်နေမှန်းငါမသိပေမယ့် အခုငါမမေးသေးပါဘူး"

ထိုစကားကိုကြားသောအခါ မုဖူရှန်းပြုံးကာဦးညွတ်သည်။

"ကျေးဇူးပါအကြီးအကဲ"

"ဒါပေမယ့်အခြေအနေတွေတော့ရှိတယ်"

အကြောင်းအရာကိုပြောင်းပစ်ပြီးနောက် ချီယန်ထရပ်ပြီး မုဖူရှန်းဆီသို့လျှောက်လာသည်။

သူကသစ်သားတုံကင်တခုကိုထုတ်ယူလိုက်စဉ် အထဲတွင် စကားလုံးတလုံးထွင်ထုထားသည်။

"ဒါက ထျန်မင်းတော်၀င်မိသားစုရဲ့ ရင်ခွင်ပိုက်အုပ်ချုပ်သူတုံကင်ပဲ"

"အလင်းဖြာနယ်မြေက မင်းဆက်အားလုံးက အဆောင်တွေကို သူတို့နယ်မြေတွေရဲ့ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုကြတယ်"

"ဒါပေမယ့် ပါရမီတွေယုတ်လျော့လာတဲ့အခြေအနေတွေရဲ့အောက်မှာ ထျန်မင်းမင်းဆက်ကို တခြားမင်းဆက်တွေက တိတ်တဆိတ်သိမ်းပိုက်ထားကြတယ်"

မုဖူရှန်းအနည်းငယ်လန့်သွားသည်။

ဘုရားသခင်ရေ၊ ဒီအတွက်သူက စောင့်နေတာပဲဟ!

အလကားရတဲ့နေ့လညါဆိုတာရှိမှ မရှိတာလေ!

သို့စေကာမူ ဒါကပြဿာနာကြီးမဟုတ်ပေ။

အကယ်၍သူလက်ခံပြီး တာ၀န်ကိုပြီးမြောက်ပါက အဆင့်မြင့်လူများ၏ တန်ဖိုးထားခြင်းကိုခံရပေလိမ့်မည်။

ဒီစစ်ဆင်ရေးအတွင်း သူအရမ်းမကြွားဝါမိစေရန်ဂရုစိုက်နေသရွေ့ အဆင်ပြေပါသည်။

ဒီအကြောင်းကိုတွေးမိသောအခါ မုဖူရှန်းခေါင်းညိတ်ပြီး တုံကင်ကိုယူလိုက်သည်။

"ကျုပ်ဘာလုပ်ဖို့လိုလဲ"

ဒါကိုမြင်သောအခါ ချီယန်၏နှုတ်ခမ်းအစုံကအပြုံးဖြင့် ကွေးညွတ်သွား၏။

"အလင်းဖြာနယ်မြေမှာ အဆောင်တွေက အင်ပါယာအများစုရဲ့အခြေခံအုတ်မြစ်လို့ငါပြောခဲ့တယ်မလား"

"မင်းလုပ်ရမှာက ထျန်မင်းမင်းဆက်ရဲ့ စီးပွားရေးဈေးကွက်ကို ပြန်သိမ်းဖို့ပဲ"

"ဘယ်လိုလုပ်ရမလဲဆိုတာကတော့ မင်းအပေါ်မူတည်တယ်"

မုဖူရှန်းခေါင်းညိတ်သည်။

"ကျုပ်နားလည်ပါပြီ၊ ဒါပေမယ့်အကြီးအကဲ၊ ဆုလာဘ်တခုခုတော့ရှိသင့်တယ်မလား"

ချီယန်ကအေးစက်စွာညည်းတွားသည်။

"သေချာတာပေါ့ဟ၊ အဲဒါပြီးတဲ့အခါကျရင် အဆောင်မျှော်စင်က တယောက်ယောက်ကို စုံစမ်းစစ်ဆေးဖို့အတွက် စေလွှတ်လိမ့်မယ်၊ မင်းအောင်မြင်နေသရွေ့ အဆောင်မျှော်စင်က မင်းကို ကျေနပ်စေမယ့်ဆုလာဘ်တခု ပေးလိမ့်မယ်"

အဆောင်မျှော်စင်!

ကြည့်ရတာ ဒီအကြီးအကဲချီက အဆောင်မျှော်စင်နှင့်ဆက်နွှယ်နေပုံပဲ!

နတ်တံဆိပ်ဂိုဏ်းက ဒီအကြီးအကဲက မရိုးရှင်းဘူး!

"ဒီလိုဆိုမှတော့ အကြီးအကဲချီ၊ ကျုပ်သွားလိုက်ပါတော့မယ်"

"ကောင်းပြီ"

မုဖူရှန်းမြေပုံကိုယူကာ အကန့်အသတ်မဲ့တိုက်ဆီသို့ဦးတည်လိုက်သည်။

အလင်းဖြာနယ်မြေကို တိုက်ကြီးများစွာအဖြစ် ခွဲခြားထားသည်။

နတ်တံဆိပ်ဂိုဏ်းနှင့်အဆောင်မျှော်စင်က အလင်းဖြာတိုက်တွင်တည်ရှိသည်။

ဒီနေရာက အလင်းဖြာနယ်မြေ၏ဗဟိုပင်။

အကန့်အသတ်မဲ့တိုက်ကမူ ဝေးလံခေါင်သီသည့်နေရာတခုဟုယူဆ၍ရသည်။

သာမန်လူများပြောစကားအရဆိုပါက ဒါကကျေးလက်ဒေသတခုပင်။

မြေပုံကအချက်အလက်များကိုနားလည်ပြီးသောအခါ အကန့်အသတ်မဲ့တိုက်တွင် မင်းဆက်သုံးခုရှိတာကို မုဖူရှန်းနားလည်သွားသည်။

ထျန်းမင်မင်းဆက်၊ မီးလျှံမင်းဆက်နှင့် နဂါးတိမ်မင်းဆက်တို့ဖြစ်သည်။

ယခုအချိန်တွင် ထျန်မင်းမင်းဆက်က ကျန်သောမင်းဆက်နှစ်ခု၏ဖိနှိပ်ခြင်းကိုခံနေရသည်။

ရလဒ်အဖြစ် မြို့များစွာက အဆောင်လုပ်ငန်းများက လုယက်ခံလိုက်ရသည်။

ထျန်မင်းမင်းဆက်တွင် အကြီးအကဲများကလည်းအမဲလိုက်ခံရသဖြင့် ဒါက ထျန်မင်းမင်းဆက်ကို ချွတ်ခြုံကျမည့်အဆင့်ထိ ဖြစ်သွားစေသည်။

မုဖူရှန်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

ယခုလိုအခြေအ‌နေများက မထူးဆန်းပါ။

လူသားသွေးလွှမ်းစစ်ပွဲဖြစ်စေ၊ သို့မဟုတ် ယခုလိုစီးပွားရေးစစ်ပွဲဖြစ်စေ နှစ်ခုလုံးက အင်ပါယာနခုကို အတော်လေးထိခိုက်စေသည်။

သို့စေကာမူ သူ့အတွက်ဒီတာ၀န်ကို တယောက်တည်းပြီးမြောက်ရန်ဟူသည် စိန်ခေါ်မှုတရပ်လည်းဖြစ်သည်။

မုဖူရှန်းဒီအကြောင်းကိုအရမ်းကြီးတွေးမနေတော့ပါ။

ရက်အနည်းငယ်ကြာပြီးနောက် မုဖူရှန်း ထျန်မင်းမင်းဆက်ရှိရာသို့ရောက်လာသည်။

အနီးအနားတွင်လူအနည်းငယ်မျှသာရျှသည်။

ဖြတ်သန်းသည့်၀န်ကြီးအားလုံးတွင် ပူပန်နေသည့်မျက်နှာအမူအရာများရှိသည်။

ဒါကိုမုဖူရှန်းမြင်ခဲ့သည်။

ကြည့်ရသည်မှာ နောက်ထပ်အချိန်ဆွဲရန်အတွက်ပင် အချိန်မကျန်တော့သည့် အခြေအနေကိုအမှန်တကယ်ရောက်နေပုံရသည်။

မုဖူရှန်းနန်းတော်ထဲ၀င်ရန်ပြင်နေခိုက် အင်ပါယာအစောင့်နှစ်ဦးက လက်ထဲက လှံများဖြင့် မုဖူရှန်းကိုတားလိုက်ကြသည်။

"ရပ်လိုက်၊ အင်ပါယာနန်းတော်က တားမြစ်နေရာပဲ"

မုဖူရှန်းခြေလှမ်းများကိုရပ်လိုက်ပြီး တုံကင်ကို ထုတ်ပြသည်။

ဒါကိုမြင်သောအခါ အင်ပါယာနှစ်ယောက်က ချက်ချင်းဒူးထောက်လိုက်ကြသည်။

မုဖူရှန်းခေါင်းညိတ်သည်။

"ငါဧကရာဇ်ကိုတွေ့ချင်တယ်"

အင်ပါယာအစောင့်တစ်ယောက်က အလျင်အမြန်ပြောသည်။

"ဟုတ်ကဲ့၊ ကျွန်တော်အခုချက်ချင်း တင်ပြလိုက်ပါမယ်"

ထို့နောက် သူကချက်ချင်းဆိုသလိုနန်းတော်ထဲသို့ပြေး၀င်သွား၏။ တခဏကြာပြီးနောက် မုဖူရှန်းကို၀င်ခွင့်ပေးရန်အတွက် သူပြန်လာသည်။

မုဖူရှန်းလှေကားထစ်ပေါ်ကနေလျှောက်သွားပြီး နန်းတော်ထဲသို့၀င်သွား၏။

ထိုအချိန်တွင် ပင်မခန်းမ၌ နဂါး၀တ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က မြင့်မားသည့်ခုံတွင်ထိုင်နေသည်။

ဒီလူကဧကရာဇ်ဖြစ်ရမယ်!

သူ့နောက်တွင် အမျိုးသားနှင့်အမျိုးသမီးတစ်ဦးရပ်နေကြသည်။

အမျိုးသားက မုဖူရှန်းကိုမြင်သောအခါ သိချင်စိတ်ဖြင့်မေးသည်။

"မင်းကအဆောင်မျှော်စင်ကလား"

"ဘာလို့အရမ်းငယ်သေးတာလဲ"

မုဖူရှန်းတုံကင်ကိုထုတ်ယူကာ တည်ငြိမ်စွာပြောသည်။

"ဒီတုံကင်ကတော့အတုမဖြစ်နိုင်ဘူးမလား"

ခုံမြင့်ပေါ်က ဧကရာဇ်ကခေါင်းညိတ်သည်။

"အဲဒါကတကယ်ပဲ ငါ့မင်းဆက်ရဲ့တုံကင်ပါ"

အိမ်ရှေ့စံမင်းသားထျန်ချင်းဟီက မျက်မှောင်ကြုတ်သည်။

"ခမည်းတော်၊ ဒီလိုသာဆိုရင် အဆောင်မျှော်စင်က သားတော်တို့ရဲ့တောင်းဆိုချက်ကို ဂရုမစိုက်တာမလား"

"သူတို့ကဒီလိုငယ်ရွယ်တဲ့အဆောင်သခင်တစ်ယောက်ပဲပို့လိုက်တယ်၊ မြေအဆောင်သခင်အဆင့်ကိုတောင် မရောက်သေးဘူးထင်တယ်၊ သူကတခြားမင်းဆက်နှစ်ခုနဲ့ ဘယ်လိုယှဉ်ပြိုင်မှာလဲ"

သူ့ဘေးကအမျိုးသမီးက ထျန်မင်းမင်းဆက်၏မင်းသမီးထျန်ချီယောင်ဖြစ်သည်။

သူမမည်သည့်စကားမှမဆိုဘဲ မုဖူရှန်းကိုသာ တိတိတဆိတ်အကဲခတ်နေသည်။

ဧကရာဇ်ဒီစကားကိုကြားသောအခါ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

မှန်ပေသည်။ မုဖူရှန်းကအတော်လေးငယ်ရွယ်သည်။ အဆောင်သခင်ဟူသည် ရှားပါးသည့် အလုပ်အကိုင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လိုအပ်သည့်ပါရမီက အတော်လေးပြင်းထန်သောကြောင့်ပင်။

"မိတ်ဆွေလေး၊ မင်းကဘယ်အဆင့်အဆောင်သခင်လဲ"

မုဖူရှန်း ကောင်းကင်အဆောင်သခင်အဆင့်တံဆိပ်ကိုထုတ်ပြသည်။

ထျန်ချင်းဟီရော ထျန်ချီယောင်ပါ ထိတ်လန့်သွားကြ၏။

"ရွှေတံဆိပ်၊ ကောင်းကင်အဆောင်သခင်လား"

ဧကရာဇ်ချက်ချင်းပင်ထရပ်လိုက်မိသည်။

"ဒီလိုတောင်ငယ်ရွယ်တဲ့ကောင်းကင်အဆောင်သခင်လား"

ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ရာပုံရိပ်တခုရောက်လာပုံပင်။

ထိုအချိန်တွင် မုဖူရှန်းပြောလာသည်။

"ကျုပ်ရဲ့အရည်အချင်းကိုသက်သေပြပြီးပြီဆိုတော့ ကျုပ်ဘာလိုချင်သလဲဆိုတာကို ပြောပြပါမယ်"

ထျန်ချင်းဟီအနည်းငယ်မျက်မှောင်ကြုတ်သွားသည်။

"ဒါကထျန်မင်းမင်းဆက်ပဲ၊ မင်း......"

မုဖူရှန်း ထျန်ချင်းဟီအား ကြည့်ကာ အေးစက်စွာပြောသည်။

"မင်း မင်းဆက်ပျောက်ကွယ်သွားမှာကို စောင့်နေမှာလား"

ထျန်ချင်းဟီ၏အမူအရာက ကြည့်ရဆိုးသွားသော်လည်း ဘာစကားမှမပြောတော့ပါ။

ထိုအချိန်တွင် ထျန်ချီယောင်ကပြုံးသည်။

"ကိုယ်စားအုပ်ချုပ်သူ၊ ရှင်ပြောလို့ရပါတယ်"

မုဖူရှန်းခေါင်းညိတ်သည်။

"ပထမအခြေအနေက ကျုပ်အတွက် ပစ္စည်းတွေကိုရှာပေးရမယ်"

"ဒုတိယ၊ တခြားမင်းဆက်တွေရဲ့အချက်အလက်တွေပို ကျုပ်ကိုချက်ချင်းပေးပါ"

"တတိယတခုကတော့ အရေးအပါဆုံးတခုပဲ"

"ကျုပ်တခုခုလုပ်နေတဲ့အချိန် ဘယ်သူမှ ကန့်ကွက်တာ ၀င်စွက်ဖက်တာကို မလိုချင်ဘူး"

ထို့‌နောက် မုဖူရှန်း ထျန်းချင်းဟီအားတချက်ကြည့်ကာပြုံးသည်။

"ဒီမင်းသားအပါအ၀င်ပေါ့၊ ဘယ်လိုထင်လဲ"

ထျန်းမင်ဧကရာဇ်ကတုံ့ဆိုင်းသွားသည်။

"ဒါက....."

ထျန်ချီယောင်ချက်ချင်းပြောသည်။

"ကျွန်မတို့သဘောတူတယ်"

အပိုင်း(528) coming။

All Chapters