← Chapters

#ဒါပဲလား#

Vol. 37 Ch. 528

#ဒါပဲလား#

Vol. 37 Ch. 528

မုဖူရှန်း၏တောင်းဆိုချက်သုံးခုကိုကြားရသောအခါ ထျန်ချီယောင်က သဘောတူလိုက်ပြီး ဧကရာဇ်ကမူ နှုတ်ဆိတ်နေခဲ့သည်။

ထို့နောက် အိမ်ရှေ့မင်းသားထျန်ချင်းဟီက ကျယ်လောင်စွာကန့်ကွက်လေသည်။

"မဖြစ်နိုင်ဘူး"

ထျန်ချင်းဟီက ဧကရာဇ်ရှေ့သို့လျှောက်သွားပြီး ဒူးထောက်လိုက်သည်။

"ခမည်းတော်၊ ဒီလိုအခြေအ‌နေကို သဘောတူလို့မရဘူး"

"ဒီကောင်းကင်အဆောင်သခင်တံဆိပ်ရဲ့ စစ်မှန်မှုကိုမပြောနဲ့ဦး၊ ဒါကမှန်တယ်ဆိုရင်တောင် ကောင်းကင်အဆောင်သခင်တစ်ယောက်တည်းက တခြားမင်းဆက်နှစ်ခုကို ဘယ်လိုဆန့်ကျင်နိုင်မှာလဲ"

"တခြားတဘက်ကလည်း ခံတပ်ကိုထိန်းသိမ်းထားဖို့အတွက် ကောင်းကင်အဆောင်သခင်တစ်ဦးကို ငှားယမ်းဖို့လည်း တန်ဖိုးပေးဆပ်ခဲ့တယ်"

ထျန်ချီယောင်အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။

သူမ၏ဒီအစ်ကိုကြီးနှင့်ပတ်သက်ပြီး သူမအမြဲဆွံရသည်။

ဒီလိုဆိုရင် သူကဘယ်လိုလုပ်ပြီး ထီးနန်းဆက်ခံနိုင်မှာလဲ!

ဧကရာဇ်ကတိုက်ရိုက်အဖြေမပေးဘဲ ထျန်ချီယောင်ကို လှမ်းကြည့်သည်။

"ချီယောင်၊ သမီးရဲ့အထောက်အပံ့တွေကိုရောဘယ်လိုထင်လဲ"

ထျန်ချီယောင်ကလက်နှစ်ဖက်ဆုပ်သည်။

"ခမည်းတော်၊ အခုသမီးတို့မှာ ပိုကောင်းတဲ့ရွေးချယ်မှုမရှိတော့ဘူး"

"ထျန်းမင်က အဆောင်သခင်အများစုက တခြားအင်ပါယာနှစ်ခုနဲ့ပူးပေါင်းကြပြီးပြီ၊ တချိန်တည်းမှာပဲ အပြင်က အဆောင်သခင်တွေကလည်း သမီးတို့ကို ကပ်ရောဂါတခုလို့မြင်ကြတယ်၊ ဒီအဆောင်သခင်ရဲ့ အခြေအနေရပ်တွေကို သမီးတို့သဘောမတူရင် သေဖို့ပဲရှိတော့တယ်"

"အဲဒီအစား စွန့်စားလိုက်တာကပိုကောင်းတယ်လို့ သမီးထင်ပါတယ်"

ဧကရာဇ်ကခေါင်းညိတ်သည်။

"ဒါကအဓိပ္ပာယ်ရှိတယ်"

ဒါကိုမြင်သောအခါ ထျန်ချင်းဟီ၏မျက်နှာကမည်းမှောင်သွားသည်။

"ဒီကိစ္စမှာ မင်းရဲ့အခြေအနေတွေကို ငါသဘောတူမယ်၊ ငါတို့မင်းလုပ်တာတွေထဲမှာ ၀င်စွက်ဖက်မှာမဟုတ်ဘူး"

မုဖူရှန်းခေါင်းညိတ်သည်။

"ကောင်းပါပြီ"

"တခြားနယ်မြေနှစ်ခုနဲ့ပတ်သက်တဲ့ တိကျတဲ့အချက်အလက်တွေကို ကျုပ်အခုလိုအပ်တယ်"

ဧကရာဇ်ကခေါင်းညိတ်သည်။

"တယောက်ယောက်က မကြာခင် ကိုယ်စားအုပ်ချုပ်ရဲ့နေအိမ်ကို ပို့ပေးလာပါလိမ့်မယ်"

"ဒီလိုဆိုရင်ကျုပ်သွားလိုက်ပါဦးမယ်"

"ကိုယ်စားအုပ်ချုပ်သူကိုပို့ဆောင်လိုက်ကြ"

မုဖူရှန်းထွက်သွားပြီးနောက် ထျန်ချင်းဟီ၏အမူအရာက အတော်လေးအကျည်းတန်နေသည်။

ဘေးက ထျန်ချီယောင်က နူးညံ့စွာပြောသည်။

"အစ်ကို၊ အစ်ကိုဘာမှတုံးအတာမျိုးမလုပ်မိဖို့မျှော်လင့်ပါတယ်၊ ဒီလူက ညီမတို့ ထျန်မင်းမင်းဆက်ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲ"

ထိုစကားကိုကြားပြီးနောက် ထျန်ချင်းဟီနှာခေါင်းရှုံ့ကာထွက်သွားလေတော့သည်။

မုဖူရှန်း နေအိမ်သို့ပြန်ပြီးမကြာခင်မှာပင် ထျန်ချီယောင်က စာလိပ်တခုနှင့်ရောက်လာသည်။

"အဆောင်သခင်ရှင့်၊ တခြားမင်းဆက်နှစ်ခုရဲ့အချက်အလက်တွေကို ဒီထဲမှာ မှတ်တမ်းတင်ထားပါတယ်"

မုဖူရှန်းပြုံးကာ လှမ်းယူလိုက်သည်။

"ကျုပ်ကိုမုဖူရှန်းလို့ပဲခေါ်ပါ"

ထျန်ချီယောင်ကပြုံးပြသည်။

"ဒီလိုဆိရင် ကျွန်မရှင့်ကို အစ်ကိုမုလို့ခေါ်ပါမယ်"

ထို့နောက် မုဖူရှန်းစာလိပ်ကိုဖွင့်ကာ အကြောင်းအရာများကိုဖတ်ရှုလိုက်သည်။

သို့သော်သူပို၍ဖတ်လေလေ မုဖူရှန်း၏မျက်နှာက ပို၍ပို၍ပင်လေးနက်လာသည်။

ထျန်ချီယောင်က မုဖူရှန်း၏အမူအရာကို ကြည့်ရင်း ဂရုတစိုက်မေးသည်။

"တခုခုမှားနေလို့လားအစ်ကိုမု၊ အခြေအနေက သိပ်မကောင်းပုံပဲ"

"အရမ်းကြီးမကောင်းတာတင်မဟုတ်ဘူး" မုဖူရှန်းခါးသီးစွာပြောသည်။

"အခြေအနေကိုပြန်လှန်နိုင်ဖို့အတွက် နည်းလမ်းဆိုတာ မရှိသလောက်ပဲ"

အထဲတွင်မှတ်တမ်းတင်ထားသည့် အချက်အလက်များအရ လုံး၀နောက်ဆုံးအဆင့်ကိုရောက်သွားလေပြီ။

လက်ရှိအခြေအနေကိုအခြေခံပြီးပြောရပါက မင်းဆက်နှစ်ခုက သူတို့၏လက်ရှိအခြေအနေကိုထိန်းထားနိုင်သရွေ့ တစ်ဘအတွင်း ထျန်မင်းမင်းဆက်က ၀င်ငွေရင်းမြစ်အားလုံးကိုဆုံးရှုံးရပေလိမ့်မည်။

ဖျက်ဆီးမှုဆိုတာက အချိန်အတိုင်းအတာတခုသာလိုအပ်သည်။

မုဖူရှန်း၏စကားလုံးများကိုကြားသောအခါ ထျန်ချီယောင်၏မျက်နှာလေးက ဖြူဖျော့သွား၏။

"တခြားနည်းလမ်းမရှိတော့ဘူးလား"

မုဖူရှန်းပြန်မဖြေပေ။ သူကစာလိပ်ထဲတွင် မှတ်တမ်းတင်ထားသည့်အချက်အလက်များကိုကြည့်ရင်း ဒီအခြေအ‌နေကနေ လွတ်မြောက်ရန် နည်းလမ်းတခုတွေးနေသည်။

ထိုအချိန်တွင် နဂါးတိမ်မင်းဆက်နှင့် မီးလျှံမင်းဆက်တို့တွင် သူတို့ကိုကြီးကြပ်နေသည့် ကောင်းကင်‌အဆောင်သခင်တစ်ဦးစီရှိကြသည်။

ထို့ထဲတွင် နဂါးတိမ်မင်းဆက်၏ အဓိကအဆောင်က သစ်သားဝိဉာဉ်အဆောင်ဖြစ်ပြီး ကုသရန်အတွက် အသုံးပြုသည်။

တခြားတဘက်တွင် မီးလျှံနင်းဆက်၌ သေစေနိုင်ချေအတော်လေးမြင့်မားသည့် မီးတစ္ဆေမီးအဆောင်ဖြစ်သည်။

ဒီအဆောင်နှစ်ခုစလုံးက မြေအဆင့်အဆောင်များဖြစ်ကြပြီး တိုက်ကြီး၏ ဈေးကွက်အားလုံးနီးပါးကို သိမ်းထားလေသည်။

ထျန်မင်းမင်းဆက်ကထုထွင်းသည့် အဆောင်ကမူ ကုသရာ၌ဖြစ်စေ သို့မဟုတ် သေစေနိုင်ချေတွင်ဖြစ်စေ တဖက်က အဆောင်နှစ်ခုထက်နိမ့်ကျသည်။

ဒါက ထျန်မင်းမင်းဆက်ကို ရှုံးနိမ့်စေခြင်းပင်။

မုဖူရှန်းပိုအဆင့်မြင့်သည့်အဆောင်များကို ထွင်းထုနိုင်သော်လည်း သူဒီလိုလုပ်ပါက သူ့ခွန်အားကို ထုတ်ဖော်ပြသသလို ဖြစ်သွားပေလိမ့်မည်။

တချိန်တည်းမှာပင် အကန့်အသတ်မဲ့တိုက်ကြီးထဲတွင် အဆင့်မြင့်အဆောင်တခုက သေချာပေါက်အများကြီးပို၍ဈေးကြီးမည်ဖြစ်သည်။ ဒီတိုက်ကြီးကမကြွယ်၀သဖြင့် ထွင်းထုလျှင်ပင် ၀ယ်ယူမည်သူတစ်ယောက်မှရှိမည်မဟုတ်။

ထို့ကြောင့် အဆင့်မြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်သော်လည်း ဈေးကြောင့် ဒီထုတ်ကုန်ကို အများကြီးမရောင်းနိုင်ပေ။

ဒီလိုဖြစ်လာမှတော့.......

မုဖူရှန်းခေါင်းမော့လိုက်သည်။

"ဒါကမဖြစ်နိုင်တာလည်းမဟုတ်ပါဘူး"

ထိုစကားကိုကြားသောအခါ ထျန်ချီယောင်အံ့ဩသင့်သွားရသည်။

"အစ်ကိုမု၊ ကျေးဇူးပြုပြီးပြောပါဦး"

"အဲဒီအဆောင်နှစ်ခုကို ကျုပ်မြင်ရအောင်ယူလာပေးပါ၊ ကျုပ်အဲဒါတွေကိုပုံတူပွားပြီး ပြုပြင်ပြောင်းလဲလို့ရလောက်တယ်၊ ပြီးတော့ ပိုသက်သာတဲ့ဈေးနဲ့ရောင်းလို့ရတယ်"

ထျန်ချီယောင်ကခေါင်းငုံ့ကာရေရွတ်သည်။

"ဈေးနှုန်းစစ်ပွဲလား၊ ဒီနည်းလမ်းကဖြစ်နိုင်တယ်ဆိုပေမယ့်....."

ထိုနေရာတွင် ထျန်ချီယောင်က မုဖူရှန်းကို စိုက်ကြည့်လိုက်သည်။

"အဲဒီအဆောင်နှစ်ခုကို ကောင်းကင်အဆောင်သခင်ကတီထွင်ခဲ့တာပဲ၊ အစ်ကိုမု၊ ရှင့်...."

"မစိုးရိမ်ပါနဲ့၊ ပြဿာနာရှိလာမှာမဟုတ်ဘူး"

ထျန်ချီယောင်ကနောက်ဆုံးတော့ခေါင်းညိတ်သည်။ သူမသိုလှောင်လက်စွပ်ထဲကနေ အဆောင်နှစ်ခုကိုထုတ်ယူကာ မုဖူရှန်းအားပေးလိုက်သည်။

မုဖူရှန်းလက်ခံရရှိပြီးနောက် စူးစမ်းရန်အတွက် ဝိဉာဉ်စွမ်းအားကိုသုံးလိုက်သည်။

ဒါကိုမြင်သောအခါ ထျန်ချီယောင်သူ့ကို မနှောက်ယှက်တော့ဘဲ တိတ်တိတ်လေးထွက်သွားလေတော့သည်။

တခြားတဘက်တွင် ထျန်ချင်းဟီက စံအိမ်သို့ရောက်လာသည်။

သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ဒီနေရာ၌ အချိန်အကြာကြီးစောင့်နေခဲ့သည်။

"အရှင်မင်းသား၊ ဘယ်လိုလဲ"

ထျန်ချင်းဟီရဲ့မျက်နှာကမည်းမှောင်နေပြီး ဒေါသတကြီးပြောသည်။

"ခမည်းတော်နဲ့ ထျန်ချီယောင်တို့က အဆောင်မျှော်စင်က လူတွေကို အရမ်းယုံကြတယ်"

"ဆရာကွမ်၊ ကျုပ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုဆက်ချင်သေးရင် သူ့ကိုခမည်းတော်ရဲ့ ယုံကြည်မှုကို ဆုံးရှုံးအောင်လုပ်ရမယ်"

ကွမ်ကျုံးယန်ခေါင်းညိတ်သည်။

"ဟုတ်တာပေါ့၊ သူကငယ်ရွယ်တဲ့ ကောင်းကင်အဆောင်သခင်လေးတယောက်ပဲလေ၊ သူ့မှာကြောက်ခမန်းလိလိပါရမီရှိရင်တောင် သူကငယ်ရွယ်နေတုန်းပဲ"

ကွန်ကျုံးယန်၏စကားလုံးများကိုကြားရသောအခါ ထျန်ချင်းဟီ၏အမူအရာက နူးညံ့သွားသည်။

ကွန်ကျုံးယန်က ငှားယမ်းရန်အတွက် သူကြီးမားသည့်ဈေးနှုန်းတခုကို ပေးခဲ့ရသည့် ကောင်းကင်အဆောင်သခင်တစ်ဦးဖြစ်သည်။

သို့စေကာမူ သူ့ခမည်းတော်ထံ သူမမိတ်ဆက်သေးခင်မှာပင် ထျန်းချီယောင်က သူ့ကိုအနိုင်ယူလိုက်သည်။

အကယ်၍ မုဖူရှန်းသာ တခုခုကိုအမှန်တကယ် အောင်မြင်သွားပါက သူကသူ့ထီးနန်းကိုထိန်းသိမ်းနိုင်တော့မည်မဟုတ်ပေ။

"အရှင်မင်းသားရဲ့ကတိကိုသတိရပါ၊ တကယ်လို့ ကျုပ်က အရှင်မင်းသားကို နန်းတက်ဖို့ကူညီပေးရင် ဧကရာဇ်မင်းဆရာရာထူးက ကျုပ်အတွက်ဖြစ်ရမယ်"

ထျန်ချင်းဟီခေါင်းညိတ်သည်။

"ခင်ဗျားကျုပ်ကို ထီးနန်းဆက်ခံဖို့အတွက် အပြည့်အ၀ကူညီပေးနေသရွေ့ ကျုပ်ကတိကိုစောင့်ထိန်းမှာပါ"

ကွန်ကျုံးယန်ခေါင်းညိတ်သည်။

"ဒီလိုဆိုမှတော့ မနက်ဖြန်မနက်ကျရင် ကျုပ်နဲ့အဲကောင်ကြားက ခြားနားချက်ကို ဧကရာဇ်ကိုသက်သေပြလိုက်ပါမယ်"

ထိုအချိန် ကိုယ်စားအုပ်ချုပ်သူနေအိမ်တွင် မုဖူရှန်းက အဆောင်နှစ်ခုကို ဆွံအစွာကြည့်နေသည်။

ဒါပဲလား!

တကယ်ဒါပဲလားဟ!

ဒီသစ်သားဝိဉာဉ်အဆောင်နှင့်တစ္ဆေမီးအဆောင်တို့က မြေအဆင့်အဆောင်များဖြစ်ကြသော်လည်း အနိမ့်ဆုံးတည်ရှိမှုများဖြစ်ကာ တည်ဆောက်မှုကလည်း အတော်လေးရိုးစင်းသည်။

မုဖူရှန်းတချက်ကြည့်ရုံနှင့်ဒါကိုမြင်နိုင်သည်။ တိုးတက်အောင်လုပ်နိုင်သည့် နေရာများစွာရှိသည်။ မူလကဒါကခက်ခဲလိမ့်မည်ဟု သူတွေးထင်နေခဲ့ခြင်းပင်။

ကြည့်ရတာ ဈေးကွက်ကိုပြန်သိမ်းရန်ဟူသည် ပြဿာနာကြီးတခုမဟုတ်လောက်ပေ။

ထိုအကြောင်းကိုတွေးမိသောအခါ မုဖူရှန်းအဆောင်စုတ်တံကိုထုတ်ပြီး စတင်တိုးမြှင့်အောင် လုပ်လေတော့သည်။

ရက်တ၀က်အတွင်းမှာပင် တိုးမြှင့်မှုက ပြီးစီးသွားလေပြီ။

အဆောင်နှစ်ခုစလုံးတွင် ပိုကောင်းသည့်သက်ရောက်မှုများရှိပြီး ထွင်းထုသည့်ဈေးကပို၍ပင်နိမ့်ကျသည်။

ထိုအချိန်တွင် သူကဒီအဆောင်နှစ်ခုစလုံးကို ပိုသက်သာသည့်ဈေးနှင့် အစုလိုက်အပြုံလိုက်ရောင်းချရန်သာ လိုအပ်သည်။

သို့စေကာမူ ဘေးကင်းနေစေရန်အတွက် မုဖူရှန်းနောက်ထပ်အဆောင်တခုကို စတင်ထွင်းထုလေတော့သည်။

ကောင်းကင်နယ်ပယ်အထွတ်အထိပ်အဆင့်၊ မိုးသက်မုန်တိုင်းအဆောင်......!

အပိုင်း(529) coming။

All Chapters