#မနက်ခင်းခုံရုံးမှတိုက်ပွဲ#
Vol. 37 Ch. 529
နောက်နေ့တွင် ထျန်မင်းမင်းဆက်၏ အင်ပါယာခုံရုံးမှ အစည်းအဝေးကို နေထွက်ခါနီးတွင် ကျင်းပနေပြီဖြစ်သည်။
သို့စေကာမူ ထိုအချိန်တွင် နန်းတော်ထဲက ၀န်ကြီးများ၏မျက်နှာများက မည်းမှောင်နေကြပြီး စိတ်ပျက်အားငယ်မှုများ ပေါ်လွင်နေကြသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း တခြားမင်းဆက်နှစ်ခုက ထျန်မင်းမင်းဆက်ကို စိတ်ပျက်စရာအခြေအနေအခုအထိ တွန်းပို့ပစ်ခဲ့သည်။
ထိုအချိန်တွင် ဧကရာဇ်က ရုတ်တရက် မုဖူရှန်းကိုလှမ်းကြည့်လိုက်၏။
"ကိုယ်စားအုပ်ချုပ်သူ၊ မင်းအဖြေတခုစဉ်းစားမိခဲ့တယ်လို့ ငါချီယောင်ဆီက ကြားခဲ့ရတယ်"
၀န်ကြီးအားလုံးက မုဖူရှန်းကိုလှည့်လိုက်ကြသည်။
သို့သော်သူကငယ်ရွယ်လွန်းသဖြင့် သူတို့ကိုဘာမျှော်လင့်ချက်မှ မပေးခဲ့ပေ။
သေခြင်းတရားက ကံကြမ္မာသတ်မှတ်ထားပြီးဖြစ်ကာ နောက်ပြန်လှည့်၍မရတော့သည့်အသွင်။
ထျန်ချီယောင်က မှိန်ဖျော့စွာပြုံးရင်း မုဖူရှန်းအား တောက်ပသည့်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။
မုဖူရှန်းခေါင်းညိတ်ကာ ပြောရန်ပြင်နေစဉ်မှာပင် အိမ်ရှေ့မင်းသားထျန်ချင်းဟီကပြောသည်။
"ခမည်းတော်၊ ကိုယ်စားအုပ်ချုပ်သူရဲ့အစီအစဉ်ကို အလောတကြီးနားထောင်နေစရာမလိုပါဘူး၊ သားတော်လည်း အကူတစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်"
ဧကရာဇ်လှည့်ကြည့်လိုက်သည်။
"အို၊ ဘယ်သူများလဲ"
ထျန်ချင်းဟီပြုံးကာ ကွန်ကျုံးယန်ကို ရှေ့သို့တွန်းလိုက်သည်။
လူတိုင်း ကွန်ကျုံးယန်ကိုမြင်သောအခါ အားလုံးကြက်သေသေသွားကြသည်။
"ဒီလူကွန်ကျုံးယန်က အရင်က အကန့်အသတ်မဲ့တိုက်ကြီးမှာ အဆောင်သခင်တစ်ဦးအဖြစ် အတော်လေးပါရမီရှိပြီး အလင်းဖြာတိုက်ကြီးမှာ ဦးတည်သွားနိုင်ခဲ့တဲ့လူမလား"
"ဟုတ်တယ်၊ အဲဒါသူပဲ"
"သူသာဆိုရင်တော့ တကယ်မျှော်လင့်ချက်ရှိလာပြီ"
၀န်ကြီးများ၏ချီးမွမ်းစကားကိုမြင်သောအခါ ထျန်ချင်းဟီမှိန်ဖျော့စွာပြုံးရင်း မီးအပေါ်သို့လောင်စာအနည်းငယ် ထပ်ထည့်ပေးလိုက်သည်။
"ဒါ့အပြင် ဆရာကွန်က ကောင်းကင်အဆောင်သခင်နယ်ပယ်ကိုရောက်နေတာကြာပါပြီ"
ဒီသတင်းကိုကြားရခြင်းက ၀န်ကြီးများ၏ ယုံကြည်မှုကို ပို၍ပင်တိုးမြှင့်ပေးခဲ့သည်။
ထျန်ချီယောင်၏အမူအရာက အနည်းငယ်လေးနက်သွားသည်။
ဝါရင့်ကောင်းကင်အဆောင်သခင်တစ်ဦးနှင့် အသစ်မြှင့်တက်လာသည့်အဆောင်သခင်တို့က ကမ္ဘာကြီးတမျှကွာခြားသည်။
လူတိုင်းက မုဖူရှန်းကို ကောင်းကင်အဆောင်သခင်အသစ်တစ်ဦးအဖြစ်သာ ရှုမြင်ကြသည်။
မုဖူရှန်းထိုစကားကိုကြားသောအခါ သူအံ့ဩသင့်သွားဟန်ဆောင်လိုက်သည်။ သို့သော်သူ့မျက်လုံးများတွင် ပြောင်းလဲမှုမရှိချေ။
ကွန်ကျုံးယန်ကပြုံးသည်။
"ကျုပ် အိမ်ရှေ့မင်းသားရဲ့တောင်းဆိုချက်ကို သဘောတူထားပြီးပြီဆိုမှတော့ ထျန်မင်းမင်းဆက်ကို ဒီမျှော်လင့်ချက်မဲ့အခြေအနေကနေ လွတ်မြောက်ဖို့အတွက် အကောင်းဆုံးကြိုးစားကူညီပေးပါမယ်"
"ဒါပေမယ့်တောင်းဆိုချက်တခုရှိတယ်၊ ဒါက ကျုပ်ဆုံးဖြတ်ချက်ဖြစ်ရမယ်"
"သေချာတာပေါ့၊ ဒီလူငယ်ကိုယ်စားအုပ်ချုပ်သူလေးကို ဖယ်နိုင်ရင်အကောင်းဆုံးပေါ့"
သူထိုစကားပြောစဉ် ကွန်ကျုံးယန်က လူငယ်ဆိုသောစကားကို ပို၍ကျယ်လောင်စွာပြောလိုက်သည်။
ဒါကိုကြားသောအခါ မုဖူရှန်းရယ်မောလိုက်သည်။ ကြည့်ရသည်မှာ သူတို့က သူ့အတွက် ဒီနေရာတွင်ရှိနေပုံရသည်။
ထျန်ချီယောင်၏မျက်နှာက ကြည့်ရဆိုးသွားသည်။
"ဆရာကွန်၊ ရှင်တို့နှစ်ယောက်လုံးက ထျန်မင်းမင်းဆက်ကိုကူညီဖို့ ဒီမှာရှိနေကြတာဆိုတော့ နှစ်ယောက်စလုံးပူးပေါင်းလုပ်ဆောင်တာက ပိုမကောင်းဘူးလား"
ကွန်ကျုံးယန်ရယ်မောကာ ခေါင်းခါယမ်းသည်။
"အရှင်မင်းသမီး၊ မင်းသမီးမသိလောက်တာဖြစ်မယ်၊ တကယ်လို့ နှစ်ဖက်စလုံးမှာ အမြင်မတူရင် အဆောင်သခင်က အဆောင်ထွင်းထုတဲ့အချိန် တိူးတက်မှုကို အတော်လေးနှေးကွေးသွားစေနိုင်တယ်၊ အခုအချိန်က ထျန်မင်းမင်းဆက်အတွကိ သေစေလောက်တဲ့အချိန်ကာလကို ရောက်နေပြီဖြစ်ပြီး အချိန်အများကြီးမကျန်တော့ဘူးလေ"
"နောက်ဆုံးဆုံးဖြတ်ချက်က အရှင်မင်းကြီးလက်ထဲမှာရှိပါတယ်၊ သူကျုပ်ကိုရွေးချယ်ရင် သူတည်ရှိနေလို့မရဘူး"
"သူဒီလူငယ်အုပ်ချုပ်သူလေးကိုရွေးချယ်ရင် ကျုပ်ကိုယ်တိုင်ထွက်သွားပါမယ်"
နောက်ဆုံးစာသားကခြိမ်းခြောက်မှုတခုပင်။
ဧကရာဇ်၏မျက်နှာက အတော်လေးကြည့်ရဆိုးနေသည်။ သို့သော် လက်ရှိအခြေအနေက သူ့ကိုဒေါသထွက်ခွင့်မပေးပါ။
ထိုစကားကိုကြားသောအခါ မုဖူရှန်းပြုံးလိုက်သည်။
"အစက တကယ်လို့ကျုပ်သာ ဆရာကွန်နဲ့အတူတွဲလုပ်ရရင် သဘောတူမလိုပါပဲ၊ လူတစ်ယောက်ပိုလာတာကလည်း ဘယ်လိုပဲဆိုဆို နောက်ထပ်လူတစ်ယောက်ရှိလာတာကို ဆိုလိုတာပဲလေ"
"ဒါပေမယ့် တဖက်လူကဒီလိုပြောနေပြီဆိုမှတော့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုက သိပ်မကောင်းလောက်တော့ဘူးလို့ ကျုပ်ယုံကြည်ပါတယ်၊ ဒီကိစ္စမှာ ကျုပ်တို့ အရှင်မင်းကြီးကို ဆုံးဖြတ်ခွင့်ပေးပြီး တယောက်ကိုပဲ နောက်ချထားရုံပဲပေါ့"
ဧကရာဇ်ကတွန့်ဆုတ်နေပုံရသည်။
ထိုအချိန်က ထျန်ချင်းဟီက ပဏာမခြေလှမ်းလှမ်းကာပြောလာသည်။
"ခမည်းတော်၊ ဆုံးဖြတ်ချက်တခုချဖို့ ခက်ခဲနေမှတော့ ဘာလို့ ကိုယ်စားအုပ်ချုပ်သူနဲ့ ဆရာကွန်ကို နှစ်ဘက်စလုံးရဲ့နည်းစနစ်တွေကို ဆွေးနွေးခွင့်မပေးရတာလဲ၊ သားတော်တို့ပိုကောင်းတဲ့သူကိုသုံးလို့ရတယ်လေ"
ထျန်ချီယောင်က သူမအစ်ကိုကို နက်ရှိုင်းစွာတချက်စိုက်ကြည့်လိုက်သည်။ သူကပြင်ဆင်ထားပြီးသားဖြစ်သည်။
ဧကရာဇ်၏မျက်လုံးများက လင်း၀င်းသွားကြပြီးခေါင်းညိတ်သည်။
"ဒီလိုလုပ်ကြတာပေါ့၊ ဆရာကွန်၊ မင်းရဲ့အကြံဉာဏ်ကိုငါ့ကိုပြောပါ"
၀န်ကြီးအားလုံးက ဆရာကွန်ကိုကြည့်နေကြသည်။ အရင်ကပါရမီရှင်အဖြစ် လူသိများသည့် ဒီဆရာကွန်က ဘယ်လိုအညွှန်းမျိုးပေးမလဲဆိုတာ သူတို့သိချင်ကြသည်။
ကွန်ကျုံးယန်က မုဖူရှန်းကိုတချက်စိုက်ကြည့်ရင်း ယုံကြည်မှုအပြည့်ဖြင့်ပြုံးသည်။
ထို့နောက်သိုလှောင်လက်စွပ်ထဲကနေ အဆောင်တခုကို ထုတ်ယူလိုက်သည်။
၀န်ကြီးအားလုံး၏အကြည့်များက ဆွဲဆောင်ခံလိုက်ရသည်။
အဆောင်က သိပ်သည်းသည့်အစိမ်းရောင်အလင်းတခုကို ထုတ်လွှတ်ပေးနေသည်။ အစိမ်းရောင်ပလင်းအလယ်တွင် အဖြူရောင်အစက်အပျောက်များရှိသည်။
"ဒါကကောင်းကင်အဆင့်အဆောင်ဖြစ်တဲ့ ဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်ပါ"
ကောင်းကင်အဆင့်အဆောင်!
၀န်ကြီးအားလုံးတုန်လှုပ်ချောက်ချားသွားကြ၏။
ကောင်းကင်အဆောင်သခင်တစ်ဦးအတွက်ပင် ကောင်းကင်အဆင့်အဆောင်ကို အောင်မြင်စွာ သန့်စင်နိုင်ရန်အတွက် အောင်မြင်မှုနှုန်းက အရမ်းကြီးမမြင့်မားပေ။
ဒါ့အပြင် သူတို့က အဆောင်သခင်များမဟုတ်လျှင်ပင် ဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်အကြောင်းကို ကြားဖူးတာကြာပါပြီ။
ဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်က ကောင်းကင်အဆင့်အဆောင်များအကြား ထိပ်တန်းကုသအဆောင်များအနက်မှတခုဟုဆို၍ရသည်။
သန့်စင်မှုအတွက် အောင်မြင်နှုန်းနှင့် လိုအပ်သည့်ပစ္စည်းများက အတော်လေးခက်ခဲသည်။
သို့စေကာမူ တချို့၀န်ကြီးများကမူ အတွေးနက်နေပုံရသည်။
ဧကရာဇ်ပင်လျှင် ပျော်ရွှင်နေသည့်အမူအရာကိုမပြဘဲ သူ့မျက်လုံးများ၌ တွန့်ဆုတ်မှုတခုရှိနေသည်။
ကွန်ကျုံးယန်ဆက်ပြောသည်။
"သူတို့က ထျန်မင်းမင်းဆက်ရဲ့တံခါးကို ဖွငိ့ဖို့ပတွက် သစ်သားဝိဉာဉ်အဆောင်ကိုသုံးကြမှတော့ ကျုပ်တို့က သူတို့ထက်ပိုတိုးမြှင့်အောင်လုပ်ဖို့ပဲလိုတာပါ"
"တစ္ဆေမီးအဆောင်ကတော့ ဘယ်လိုပဲဆိုဆို မြေအဆင့်အဆောင်တခုပဲလေ၊ ဒါကိုကိုင်တွယ်ဖို့အတွက် ကျုပ်သက်ဆိုင်ရာ ကောင်းကင်အဆင့်အဆောင်တခုကို ယူလို့ရပါတယ်"
ထိုစကားပြောပြီးနောက်တွင် ထျန်ချင်းဟီက အောင်ပွဲခံသည့်အပြုံးတခုကို ပြသလိုက်သည်။
ထို့နောင် ထျန်ချီယောင်အား ခြိမ်းခြောက်နေသည့်အမူအရာဖြင့်စိုက်ကြည့်သည်။
သို့သော်ထျန်ချီယောင်က ဒေါသထွက်ပုံမရဘဲ ယင်းအစားရယ်ချင်စိတ်သာဖြစ်နေသည်။
ဧကရာဇ်ကသူ့ကိုချက်ချင်းမချီးမွမ်းဘဲ ယင်းအစား မုဖူရှန်းကိုကြည့်လိုက်သည်။
"ကိုယ်စားအုပ်ချုပ်သူ၊ မင်းရဲ့အဖြေကရော"
ဒီမြင်ကွင်းက ထျန်ချင်းဟီနှင့် ကွန်ကျုံးဟန်တို့ကိုအချင်းချင်းကြည့်မိစေသည်။
ဒီအခြေအနေက တခုခုတော့ မူမမှန်ဖြစ်နေတယ်မလား!
မုဖူရှန်းကရယ်မောလိုက်သည်။
"ဟုတ်ကဲ့၊ ဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်ကို ထွင်းထုနိုင်ဖို့အတွက် ဆရာကွန်ရဲ့အောင်မြင်မှုတွေက အရမ်းမြင့်မားနေရမယ်"
ကွန်ကျုံးယန်ထိုစကားကိုကြားသောအခါ သူမပျော်ပေ။
ဘာလို့သူကငါ့ကိုလှောင်နေသလို ငါခံစားနေရတာလဲ!
"ဒါပေမယ့်....."
ထင်ထားသည့်အတိုင်းပင် မုဖူရှန်းက အကြောင်းအရာကိုပြောင်းပစ်ကာ အပြုံးဖြင့်ပြောသည်။
"မမေ့ပါနဲ့၊ ဒါကအဆောင်သခင်ပြိုင်ပွဲတခုပါ၊ အဆောင်သခင်တွေက အချင်းချင်းယှဉ်ပြိုင်လို့ရတယ်၊ အမြင့်ဆုံးထွင်းထုခြင်းအဆင့်ရှိတဲ့သူက အနိုင်ရမယ်"
"ဒါကတော့ မင်းဆက်တွေအကြားက စီးပွားရေးစစ်ပွဲတခုပဲ"
မုဖူရှန်းက နယ်နိမိတ်မဲ့အင်ပါယာ၏ အိမ်ရှေ့မင်းသားဖြစ်သည်။ ယခုလိုအခြေအနေမျိုးနှင့် သူအရမ်းရင်းနှီးပါသည်။
ဧကရာဇ်၏မျက်လုံးများက အနည်းငယ်လင်း၀င်းသွားကြ၏။
ထျန်ချီယောင်လည်း မှိန်ဖျော့စွာပြုံးလိုက်မိသည်။
"အကန့်အသတ်တိုက်ကြီးက လူဘယ်နှစ်ယောက်များ ဒီဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်ကို ၀ယ်နိုင်သုံးနိုင်မလဲဆိုတာ ဆရာကွန်စဉ်းစားမိရဲ့လားဆိုတာ ကျုပ်သိချင်တယ်"
ကွန်ကျုံးယန်၏အနူအရာကနောက်ဆုံးတွင်ပြောင်းလဲသွား၏။
နောက်ဆုံးတော့ ဧကရာဇ်နှင့်၀န်ကြီးများက ဘာကြောင့် အံ့ဩသင့်သည့်အမူအရာများကို မပြသရသလဲဆိုတာ သူနားလည်သွားလေပြ္။
ဒါက မူမမှန်သည့်အရင်းအမြစ်တခုဖြစ်နေသောကြောင့်ပင်။
"တကယ်လို့ မင်းဆက်တခုက ဈေးကွက်ကိုပြန်သိန်းချင်ရင် တကိုယ်တော်ကျင့်ကြံသူတွေနဲ့ ဂိုဏ်းအများစုတတ်နိုင်တဲ့အရာကို စဉ်းစားဖို့လိုတယ်"
"ကျုပ်ကတော့ အဆောင်နှစ်ခုကို ရေးထွင်းထားပါတယ်"
"အဲဒါက သစ်သားဝိဉာဉ်အဆောင်နဲ့ တစ္ဆေမီးအဆောင်တို့ပဲ...."
အပိုင်း(530) coming။