← Chapters

#ဈေးကွက်စစ်ပွဲ#

Vol. 37 Ch. 530

#ဈေးကွက်စစ်ပွဲ#

Vol. 37 Ch. 530

သစ်သားဝိဉာဉ်အဆောင်နှင့် တစ္ဆေမီးအဆောင်လား!

မုဖူရှန်း၏စကားလုံးများကိုကြားသောအခါ ၀န်ကြီးအားလုံးက လန့်သွားသည်သာမက ထျန်ချီယောင်နှင့်ဧကရာဇ်ပင်လျှင် တုံ့ပြန်မိသွားကြသည်။

ထျန်ချင်းဟီနှာခေါင်းရှုံ့သည်။

"ဒီအဆောင်နှစ်ခုကို တခြားမင်းဆက်နှစ်ခုက ရောင်းနေတယ်လေ၊ ဒီအဆောင်နှစ်ခုင ဘာအကျိုးရှိလို့လဲ"

ကွန်ကျုံးယန်ကလည်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

မုဖူရှန်းအဖို့ တခြားအင်ပါယာနှစ်ခုအကြောင်းမသိဘူးဆိုတာက မဖြစ်နိုင်ပေ။

ဒီလိုဆိုရင် သူဘာကြောင့် ဒီအဆောင်နှစ်ခုကို ရေးထွင်းခဲ့ရတာလဲ!

ဒီလိုပြောတဲ့လူတွေက အရူးမဟုတ်တာတော့သေချာတယ်!

ဒါပေမယ့် ဒီအဆောင်နှစ်ခုကြားက ကွာခြားချက်ကဘာလဲ!

ကွန်ကျူံးယန်အတော်ကြာကြာစိုက်ကြည့်နေသော်လည်း သူမပြောနိုင်ပေ။

ထိုအချိန်တွင် ဧကရာဇ်ကမျက်မှောင်ကြုတ်ကာ ထျန်ချီယောင်အားကြည့်လိုက်သည်။

"ချီယောင်၊ သတင်းအချက်အလက်တွေကို ကိုယ်စားအုပ်ချုပ်သူကိုမပြထားဘူးလား"

ထျန်ချီယောင်ခါးသီးစွာပြုံးသည်။

"အဖေ၊ သမီးမနေ့ကတည်းက သူ့ကိုပေးခဲ့ပါတယ်"

ဒါဆိုဘာလို့လဲ!

ဧကရာဇ်က မုဖူရှန်းကိုကြည့်ရင်း သူ့အဖြေကိုစောင့်ဆိုင်းနေသည်။

မုဖူရှန်း လူတိုင်း၏အမူအရာများပြောင်းလဲသွားတာကိုမြင်ပါသည်။ ဒီလိုဖြစ်ပျက်လာမှာကို သူခန့်မှန်းထားပြီးဖြစ်သည်။

ထို့ကြောင့် သူရှင်းပြသည်။

"အဆောင်နာမည်က အတူတူပဲဆိုပေမယ့် ကြီးမားတဲ့ခြားနားချက်တခုရှိတယ်"

"ကျုပ်အခုပြောခဲ့သလိုပဲ စီးပွားရေးလုပ်ငန်းနဲ့အဆင့်မြင့်အဆောင်တွေက ရောင်းသူတစ်ယောက်ရဲ့အမြင့်ဆုံး အကန့်အသတ်ကို ဆုံးဖြတ်ပေးတယ်"

"ဒါပေမယ့် အဆင့်နိမ့်အဆောင်ကို တန်ဖိုးနည်းနည်းနဲ့ ပိုကောင်းတဲ့သက်ရောက်မှုတခုအဖြစ် ဖန်တီးနိုင်တယ်၊ ဒါက ရောင်းသူတစ်ယောက်ရဲ့ အနိမ့်ဆုံးအကန့်အသတ်ကို အတိအကျသတ်မှတ်ပေးတယ်၊ ပြီးတော့ ဒါကအရောင်းသမားတစ်ယောက်ရဲ့ အခြေခံလည်းဖြစ်တယ်"

ဧကရာဇ်နှင့် ကွန်ကျုံးယန်တို့က မုဖူရှန်း၏စကားလုံးများကိုကြားသောအခါ နဖြည်းဖြည်းတုံ့ပြန်လာကြ၏။

ထျန်ချီယောင်အံ့ဩသင့်သွားသည်။

"အစ်ကိုမု၊ အစ်ကိုပြောတာက ဒီအဆောင်နှစ်ခုရဲ့ထုတ်လုပ်မှုစရိတ်ကို လျှော့ချလိုက်တာလား"

ကွန်ကျူံးယန်၏အမူအရာက ပို၍ပင် လေးနက်လာသည်။

"မဖြစ်နိုင်ဘူး၊ သစ်သားဝိဉာဉ်အဆောင်နဲ့ တစ္ဆေမီးအဆောင်တွေကို အဆောင်သခင်အများစုကလေ့လာကြပြီးဖြစ်သလို အနည်းဆုံးထိလျှော့ချထားတာ"

"သက်ရောက်မှုကိုအာမမခံနိုင်ဘူးဆိုရင် ကျုပ်ကိုယ်တိုင်တောင် ကုန်ကျစရိတ်ကို ထပ်ပြီးလျှော့ချလို့မရတော့ဘူး"

ထိုစကားကိုကြားသောအခါ မုဖူရှန်းနှာခေါင်းရှုံ့သည်။

"ကုန်ကျစရိတ်ကိုလျှော့ချဖို့အတွက် တကယ်လုပ်ပြီးပါပြီ၊ ဒါ့အပြင်သက်ရောက်မှုကလည်း တခြားမင်းဆက်နှစ်ခုက ရောင်းချတဲ့အဆောင်တွေထက် သေချာပေါက်ပိုကောင်းလိမ့်မယ်"

၀န်ကြီးအားလုံးတုန်လှုပ်သွားကြ၏။

ဒီစကားလုံးများကိုပြောလိုက်ခြင်းက မိုးကြိုးပစ်ချလိုက်သည့်အလားပင်။

အကယ်၍မုဖူရှန်းပြောတာသာ မှန်နေပါကဒီကိစ္စတွင် မူလဈေးကွက်ကို ပြန်ရနိုင်မည်သာမက တခြားမင်းဆက်နှစ်ဆက်၏ ဈေးကွက်တွေကိုလည်း အလွန်မြန်ဆန်သည့်နှုန်းဖြင့် သိမ်းပိုက်နိုင်ပေလိမ့်မည်။

မုဖူရှန်းအဆောင်နှစ်ခုကို ကွန်ကျုံးယန်ဆီသို့ပစ်ပေးကာ စနောက်လိုက်သည်။

"ကျုပ်ကိုမယုံဘူးဆိုရင် ခင်ဗျားစမ်းသပ်ကြည့်လို့ရတယ်၊ ဆရာကွန်"

ကွန်ကျုံးယန်ကြည့်ရဆိုးနေသည့် အမူအရာဖြင့် လှမ်းယူလိုက်၏။

ကောင်းကင်အဆောင်သခင်တစ်ဦးတဖြစ်လဲ သူကပြောင်းလဲမှုများကို ဝိဉာဉ်ကနေပင် ခံစားနိုင်သည်။

သစ်သားဝိဉာဉ်အဆောင်၏ကုစားသည့်သက်ရောင်မှုဖြစ်စေ တစ္ဆေမီးအဆောင်၏ သေစေနိုင်သည့်သက်ရောက်မှုဖြစ်စေ အားလုံးက အတိုင်းအတာတခုအထိ အားကောင်းလာခဲ့သည်။

"ဒီနေရာမှာ ကုန်ကျစရိတ်ကို မင်းဘယ်လိုလျှော့ချခဲ့တာလဲ"

မုဖူရှန်းပြုံးလိုက်သည်။

"ဒီအကြောင်းကိုတော့ကျုပ်ပြောလို့မရဘူး"

ထို့နောက် သူကဧကရာဇ်အားကြည့်ကာ လက်နှစ်ဖက်အားဆုပ်သည်။

"အရှင်မင်းကြီး၊ တခြားမင်းဆက်နှစ်ခုမှာ ဒီအဆောင်နှစ်ခုကို မူလသလင်း၈၀၀နဲ့ရောင်းတာဆိုတော့ ကျုပ်တို့က မူလသလင်း၆၀၀နဲ့ရောင်းလို့ရတယ်"

ထျန်ချီယောင်ပြုံးလိုက်သည်။

ထျန်ချင်းဟီမှာအစိမ်းရောင်သမ်းသွားပြီး သူ့မျက်နှာကအတော်လေးမည်းမှောင်သွားသည်။

ဘယ်အစီအစဉ်ကို ဧကရာဇ်ရွေးချယ်မလဲဆိုတာ သိသာထင်ရှားနေလေပြီ။

ဧကရာဇ် အူလှိုင်းသည်းလှိုက်ရယ်မောလိုက်လေတော့သည်။

"ကောင်း‌တယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ နတ်တံဆိပ်ဂိုဏ်းကတပည့်ဆိုတဲ့အတိုင်းပါပဲ၊ မင်းပြောတဲ့အတိုင်း ငါတို့လုပ်ကြမယ်"

၀န်ကြီးအားလုံးကလည်း ၀မ်းသာနေသည့်အမူအရာကိုယ်စီများကိုထုတ်ဖော်လိုက်ကြ၏။

ဒီလိုဆိုပါက ထျန်မင်းမင်းဆက်ကို ကယ်တင်နိုင်မည်သာမက တခြားမင်းဆက်နှစ်ခုကိုပင် ဖိနှိပ်လာနိုင်ပေသည်။

"မြန်မြန်သွားပြီး ကိုယ်စားအုပ်ချုပ်သူလိုအပ်တဲ့ ပစ္စည်းတွေကို အိမ်တော်ကို ချက်ချင်းပို့ကြ"

ဒီမြင်ကွင်းကိုမြင်ပြီးနောက် ကွန်ကျုံးယန်က ကြည့်ရဆိုးသည့်အမူအရာဖြင့် ထွက်သွားသည်။

ထျန်ချင်းဟီကလည်း မည်းမှောင်သည့်အမူအရာဖြင့်ထွက်သွားသည်။

နေအိမ်သို့ပြန်လာပြီးနောက် မုဖူရှန်းက ထျန်ချီယောင်ကိုပြောသည်။

"ထုတ်ကုန်တွေကို ‌လူသိရှင်ကြားမလုပ်ထားဘူးဆိုရင် ဒါကအသုံးမ၀င်ဘူး"

"အရှင်မင်းသမီး၊ ဒီသတင်းကိုဖြန့်ဝေဖို့အတွက် လက်အောက်ငယ်သားတချို့ကို မြို့အသီးသီးကိုစေလွှတ်ထားပေးပါ"

ထျန်ချီယောင်ပြုံးသည်။

"ကျွန်မသိပါတယ်၊ ဒီလိုလုပ်ဖို့အတွက်တောင် တစ်ယောက်ယောက်ကို စေလွှတ်ပြီးပါပြီ"

"အရှင်မင်းသမီးကဉာဏ်ကောင်းသားပဲ"

ထျန်ချီယောင်ပါးစပ်လေးကိုဖုံးကာ ရယ်မောနေသည်။

"ဒါပေမယ့်အစ်ကိုမု၊ ကျွန်မကို မင်းသမီးလို့မခေါ်ပါနဲ့လား၊ ကျွန်မကိုချီယောင်လို့ပဲခေါ်ပါ"

တျန်ချီယောင်၏အမူအရာကိုမြင်ရသောအခါ မုဖူရှန်းချက်ချင်းပင် နိုးကြားသွားသည်။

အစ်မကြီး၊ ဘာတွေဖြစ်နေတာလဲ!

ခင်ဗျားအသံနဲ့အမူအရာက အရမ်းအန္တရာယ်များလွန်းတယ်!

သွေးဆောင်သည့်မိန်းမများကလက်မခံနိုင်စရာဖြစ်သည်။ မဟုတ်ပါက ပြဿာနာအားလုံးရောက်လာပေလိမ့်မည်။

အကယ်၍လုချန်ရှန်းသာကြားမည်ဆိုပါက သေချာပေါက်အလွန်ပျော်သွားပေလိမ့်မည်။

ဒီတပည့်က သူနဲ့အတော်လေးတူတာပဲ!

သုံးရက်အတွင်းမှာပင် မုဖူရှန်းရေးထွင်းခဲ့သည့် သစ်သားဝိဉာဉ်အဆောင်နဲ့ တစ္ဆေမီးအဆောင်တို့ကို အဓိကမြို့များတွင် ရောင်းချနေလေပြီ။

လျှို့ဝှကိကျင့်ကြံသူအများစုနှင့် အင်အားစုများက ထျန်မင်းမင်းဆက်က အဆောင်နှစ်ခုအကြောင်းကိုသိသွားကြသည်။

"မင်းတို့ကြားရဲ့လား၊ ထျန်မင်းမင်းဆက်က ရောင်းချနေတဲ့ သစ်သားဝိဉာဉ်အဆောင်နဲ့ တစ္ဆေမီးအဆောင်တို့က ပိုပြီးထိရောက်မှုရှိတယ်တဲ့"

"ဒီလိုဆိုရင် ဈေးကပိုပြီးကြီးလာမယ်မလား၊ မူလဈေးနှုန်းဖြစ်တဲ့ မူလသလင်း၈၀၀ကတောင် အရမ်းဈေးကြီးနေပြီလေ"

"မဖြစ်နိုင်ဘူး၊ ထျန်မင်းမင်းဆက်က သတ်မှတ်ထားတဲ့ရောင်းဈေးက မူလသလင်း၆၀၀ပဲရှိတယ်"

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရက်အနည်းငယ်ကြာလေ့လာကြပြီးနောက် တကိုယ်တော်ကျင့်ကြံသူများနှင့် အမျိုးမျိုးသောဂိုဏ်းများက ၀ယ်ရန်အတွက်လာကြသည်။

တခြားကုန်သည်များကဒါကိုမြင်ပြီးနောက် ဒီအဆောင်နှစ်ခုကိုအသုတ်လိုက်စတင်၀ယ်ယူကြပြီး တခြားမင်းဆက်နှစ်ခု၏ အဆောင်များကို ဖြည်းဖြည်းချင်း အစားထိုးသွားကြသည်။

ဈေးနှုန်းကပိုမြင့်မားပြီး အကျိုးသက်ရောက်မှုမကောင်းသည့် အဆောင်များကို မည်သူကများသုံးတော့မည်နည်း။

တော်၀င်မိသားစုဖြစ်နေလျှင်ပင် ရောင်းချသူများက သူတို့၏ဂုဏ်သတင်းကို ဂရုမစိုက်ကြတော့ပေ။

သူတို့၏မျက်လုံးထဲတွင် ငွေရှာခြင်းက ပထမဆုံးဦးစားပေးဖြစ်သည်။

ဒီသတင်းက နဂါးတိမ်မင်းဆက်နှင့် မီးလျှံမင်းဆက်အား အလျင်အမြန်ပင် ဒေါသထွက်သွားစေသည်။

နဂါးတိမ်မင်းဆက်နန်းတော်အတွင်း ဧကရာဇ်နှစ်ပါးက တွေ့ဆုံပွဲလုပ်နေကြသည်။

မင်းဆက်နှစ်ခုလုံးက ကောင်းကင်အဆောင်သခင်များကလည်းရှိနေကြသည်။

နဂါးတိမ်ဘုရင်က အောက်က ကောင်းကင်အဆောင်သခင်နှစ်ဦးက မည်းမှောင်သည့်အမူအရာဖြင့်ကြည့်နေသည်။

"လူကြီးမင်းတို့၊ ဒီကိစ္စကိုဘယ်လိုထင်ပါသလဲ"

ကောင်းကင်အဆောင်သခင်တစ်ဦးက လေးနက်သည့်အမူအရာဖြင့်ပြောသည်။

"ယုတ္တိတန်စွာပြောရရင် ဒါကမဖြစ်နိုင်ဘူး"

"မှန်ပါတယ်" နောက်ထပ်ကောင်းကင်အဆောင်သခင်တစ်ဦးကလည်းဆက်ပြောသည်။

"ဒီအဆောင်နှစ်ခုကို နှစ်ထောင်ချီကြာရေးထွင်းထားပြီး အဆုံးအစွန်အထိ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ထားပြီးပါပြီ"

မီးလျှံနယ်မြေဘုရင်ကအေးစက်စွာနှာခေါင်းရှုံ့ရင်း အဆောင်နှစ်ခုကို ပစ်ပေးလိုက်သည်။

ကောင်းကင်အဆောင်သခင်နှစ်ဦးက တချက်ကြည့်လိုက်စဉ် သူတို့ထိတ်လန့်သွားကြပြီး အချင်းချင်းကြည့်လိုက်မိကြသည်။

အကျိုးသက်ရောက်မှုက တကယ်ပဲပိုကောင်းလာတာလား!

ဒါ့အပြင် ၎င်း၏တည်ဆောက်ပုံကို သူတို့မပြောနိုင်ပေ။

ဒါကိုထွင်းထုခဲ့သည့်လူက သူ့ဝိဉာဉ်စွမ်းအားဖြင့် တမင်တကာဖုံးကွယ်ထားခဲ့သည်မှာ သိသာထင်ရှားနေသည်။

"အခုဒီအကြောင်းကိုပြောနေတာက အသုံးမ၀င်ဘူး၊ ခင်ဗျားတို့ကောင်းကင်အဆောင်သခင်နှစ်ယောက်က ဘာများထပ်လုပ်နိုင်သေးလဲ"

ဧကရာဇ်၏အမေးကိုကြားသောအခါ ကောင်းကင်အဆောင်သခင်နှစ်ဦးက တိတ်ဆိတ်နေကြသည်။

ထိုအချိန်တွင် အပြင်ကနေ အသံတစ်သံထွက်လာသည်။

"ကျုပ်မှာနည်းလမ်းတခုရှိလောက်တယ်"

ဟမ်!

လူတိုင်းက၀င်ပေါက်ရှိရာသို့ကြည့်လိုက်စဉ် လူတစ်ယောက်ဖြည်းညင်းစွာ၀င်လာသည်။

"ကွန်ကျုံးယန်"

အကန့်အသတ်မဲ့တိုက်ကြီးမှ မင်းဆက်များ၏အုပ်ချုပ်သူတဖြစ်လဲ သူတို့က ဒီအံ့ဖွယ်လူသား၏ဂုဏ်သတင်းနှင့် အတော်လေးရင်းနှီးသည်မှာသိသာထင်ရှားနေသည်။

ရက်အနည်းငယ်အကြာတွင် မင်းဆက်နှစ်ခုက တချိန်တည်းတွင်ပြောခဲ့ကြပြီး တစ္ဆေမီးအဆောင်နှင့် သစ်သားဝိဉာဉ်အဆောင်တို့၏ ဈေးနှုန်းကို မူလသလင်း၃၀၀အဖြစ် လျှော့ချပစ်ခဲ့သည်။

တချိန်တည်းမှာပင် ကောင်းကင်အဆင့်အဆောင်နှင့် ဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်တို့ကို မူလသလင်း၂၀၀၀ဖြင့်ရောင်းချခဲ့ကြသည်။

ထိုနေ့တွင် ချီယောင်က စိုးရိမ်ပူပန်စွာ ထိုသတင်းများအား မုဖူရှန်းအားပြောခဲ့သည်။

မုဖူရှန်းရယ်မောလိုက်သည်။

ကံကောင်းချင်တော့ ငါ့အင်္ကျီလက်ထဲမှာလည်း တခုခုရှိနေသေးတယ်လေ!

အပိုင်း(531) coming။

All Chapters