#တာ၀န်ပြီးစီးခြင်း၊ ဂိုဏ်းချုပ်ဆင့်ခေါ်ခြင်း#
Vol. 37 Ch. 531
ဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်!
ကောင်းကင်အဆင့်အဆောင်များအနက် အထိရောက်ဆုံးအဆောင်တခုနဖြစ်လဲ ဒီအဆောင်က ရေးထွင်းရန်အတွက် အခက်ခဲဆုံးတွေထဲကတခုလည်းဖြစ်သည်။
အသစ်တိုးတက်လာသည့် ကောင်းကင်အဆောင်သခင်ဖြစ်သောမုဖူရှန်းက ဒါကို ရေးထွင်းနိုင်မှာမဟုတ်တာ ကွန်ကျုံးယန်ယုံကြည်သည်။
ထို့ကြောင့် ၎င်းကိုထုတ်ပြပြီးနောက်တွင် သူက မီးလျှံအင်ပါယာဘုရင်နှင့် နဂါးတိမ်ဘုရင်တို့၏ အသိအမှတ်ပြုမှုကို ချက်ချင်းရသွားခဲ့သည်။
ထိုသတင်းပျံ့နှံ့လာသောအခါ မျှော်လင့်ထားသည့်အတိုင်းပင် သစ်သားဝိဉာဉ်အဆောင်နှင့် တစ္ဆေမီးအဆောင်တို့၏တန်ဖိုးက ကျဆင်းသွားသဖြင့် မရမတွက်နိုင်လောက်သော တကိုယ်တော်ကျင့်ကြံသူများနှင့်ဂိုဏ်းများက အရူးအမူး၀ယ်ကြလေတော့သည်။
မူလသလင်း၃၀၀ပဲကျသင့်တဲ့ မြေအဆင့်အဆောင်လား!
သူတို့ကတွေးပင်မတွေးရဲကြတော့။
ကုန်သည်များပင် မီးခိုးနံ့ကို ချက်ချင်းအနံ့ခံမိသဖြင့် မင်းဆက်နှစ်ခု၏ အဆောင်များကို ကြည့်ရန်အတွက်လှည့်လာသည်။
သက်ရောက်မှုက ထျန်မင်းမင်းဆက်လောက်အားမကောင်းသော်လည်း ဈေးပေါပါသည်။
တချိန်တည်းမှာပင် ဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်က အကန့်အသတ်မဲ့တိုက်ကြီးထဲမှ ထိပ်တန်းအင်အားစုများ၏ စိတ်၀င်စားမှုကိုပါ လှုံ့ဆော်ပစ်ခဲ့သည်။
သူတို့အတွက် ကောင်းကင်အဆင့်အဆောင်ကပို၍အဓိပ္ပာယ်ရှိသည်။
ထိုအချိန်တွင် ထျန်မင်းမင်းဆက် ကိုယ်စားအုပ်ချုပ်သူနေအိမ်၌ ထိုနေ့တွင်ပင် ချီယောင်က စိုးရိမ်ပူပန်စွာ ထိုသတင်းများအား မုဖူရှန်းအားပြောခဲ့သည်။
မုဖူရှန်းဒေါသထွက်ရမည့်အစား ရယ်သာရယ်မောလိုက်သည်။
ထျန်ချီယောင်စိတ်ရှုပ်သွားသည်။
"အစ်ကိုကြီးမု၊ ဘာလို့ရယ်နေသေးတာလဲ၊ ဒါကကောင်းတဲ့အရာတခုမဟုတ်ဘူးလေ"
သို့စေကာမူ မုဖူရှန်းကပြုံးသည်။
"အမြန်လုပ်စရာမလိုပါဘူး၊ သူတို့ရဲ့ရေးထွင်းတဲ့နည်းလမ်းက တစ္ဆေမီးအဆောင်နဲ့ သစ်သားဝိဉာဉ်အဆောင်တွေကို မူလသလင်း၃၀၀နဲ့ရောင်းချဖို့ပဲ၊ ဒါကြောင့် သူတို့က ကြီးမားတဲ့ဆုံးရှုံးမှုအခြေအနေတခုမှာရှိတယ်"
"သူတို့က ကျုပ်တို့ကို သေတဲ့အထိဆွဲချပစ်ဖို့အတွက် ဒီဈေးကိုသုံးချင်တာပဲ"
ထျန်ချီယောင်ကြက်သေသသွားသည်။
"ဒီလိုဆိုကျွန်မတို့ဘာလုပ်သင့်လဲ"
"ကျုပ်တို့လည်းလက်လျှော့ကြတာပေါ့" မုဖူရှန်း ဂရုမစိုက်သည့်အသွင်ပြောသည်။
"အဲဒီအဆင့်ပိုမြှင့်ထားတဲ့အဆောင်တွေကို ရေးထွင်းတဲ့ကုန်ကျစရိတ်က မူလသလင်း၂၅၀ပဲရှိတာဆိုတော့ ၂၈၀ လုပ်ကြတာပေါ့"
"ဒီကိစ္စမှာ သူတို့ရဲ့ဘဏ္ဍာငွေတွေက ဒီလိုဆုံးရှုံးမှုကို ခံနိုင်ရည်ရှိမလားဆိုတာ ကြည့်ကြရအောင်...."
"ဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်ကတော့...."
မုဖူရှန်းခရမ်းရောင်လျှပ်စီးဖြင့် တဖျပ်ဖျပ်လင်း၀င်းနေသည့်အဆောင်တခုကို ထုတ်ယူကာ ထျန်ချီယောင်အားပေးသည်။
ဒါကိုမြင်သောအခါ ထျန်ချီယောင် လေးနက်သည့်အမူအရာဖြင့်ယူလိုက်၏။
အဆောင်ကနေစီးဆင်းနေသည့် ခရမ်းလျှပ်စီးတခုတည်းကပင် သူမအား အကြောက်တရားကိုခံစားရစေသည်။
မည်သို့ပင်ဆိုစေကာမူ သူမက တာအိုနယ်ပယ်ကျင့်ကြံသူတစ်ဦးဖြစ်နေသေးသည်။
"အစ်ကိုကြီးမု၊ ဒါကကောင်းကင်အဆင့်အဆောင်လား"
မုဖူရှန်းခေါင်းညိတ်သည်။
"မှန်တယ်၊ ဒီအဆောင်ကို မိုးသက်မုန်တိုင်းအဆောင်လို့ခေါ်တယ်၊ ယူပြီးရောင်းလိုက်၊ အဲဒီကုသဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်နဲ့ယှဉ်ရင် ဒါကပိုပြီး လူကြိုများလာမှာအသေအချာပဲ",
အကောင်းဆုံးကာကွယ်မှုက တိုက်ခိုက်ခြင်းပင်။ ဒါကမပြောင်းလဲသည့်အခြေခံသဘောတရားတခုပေတည်း။
အပြင်းအထန်ဒဏ်ရာရပြီး ကိုယ့်ကိုကိုယ်ကုစားရန်အတွက် အဆောင်များကိုသုံးနေမည့်အစား တဘက်လူကို သတ်ဖြတ်ခြင်းနည်းလမ်းများနှင့် သတ်တာက ပိုကောင်းသည်မဟုတ်ပေလော။
ထျန်ချီယောင်အံ့ဩစွာခေါင်းညိတ်ရင်း ချက်ချင်းတဖက်လှည့်ကာထွက်သွားလေတော့သည်။
ထျန်ချီယောင်ထွက်သွားပြီးနောက် မုဖူရှန်း ရေးထွင်းခြင်းအလှည့်သစ်တခုကိုစတင်သည်။
သူက ဝှက်ဖဲအနည်းငယ်သာပြင်ဆင်ထားသည်။
တခြားဘက်က တခုခုလုပ်တာကနေ ကာကွယ်တားဆီးရန်အတွက် နောက်ထပ်အဆောင်အနည်းငယ်ကို သူထွင်းထုနိုင်ပါသည်။
ထို့ကြောင့် မုဖူရှန်းနောက်ထပ် မြေအဆင့်အဆောင်သုံးခုနှင့် ကောင်းကင်အဆင့်အဆောင်နှစ်ခုကို ထပ်မံရေးထွင်းလိုက်၏။
ထိုအချိန်တွင် ထျန်မင်းတော်၀င်နန်းတော်၌ ထျန်ချင်းဟီက ကျယ်လောင်စွာပြောသည်။
"ခမည်းတော်၊ ကြည့်ပါဦး၊ ကွန်ကျုံးယန်ကို နှင်ထုတ်ပြီးနောက်မှာ အခြေအနေက ပိုမဆိုးသွားဘူးလား"
"မုဖူရှန်းလိုမျိုး ငယ်ရွယ်တဲ့ ကောင်းကင်အဆောင်သခင်တစ်ယောက်က ဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်နဲ့ ယှဉ်နိုင်တဲ့ ကောင်းကင်အဆင့်အဆောင်တခုကို ထုတ်လုပ်နိုင်မှာလဲ"
ဧကရာဇ်၏မျက်နှာအမူအရာက အနည်းငယ်မည်းမှောင်သွားသည်။
အမှန်ပြောရပါက သူစတင်နောင်တရလာမိသည်။
သို့စေကာမူ သူကွန်ကျုံးယန်ကို ဂရုမစိုက်ခဲ့တာကို နောင်တရမပေ။
မုဖူရှန်းအရင်ကအကြံပြုခဲ့သည့်နည်းလမ်းက တကယ်တမ်းတွင် ပို၍မှန်ကန်ပြီး ယုတ္တိတန်ပါသည်။
အကယ်၍ သူသာထိုအချိန်က ကွန်ကျုံးယန်ကို အကျိုးအမြတ်များပိုပေးခဲ့မည်ဆိုပါက ဒီအဆင့်ထိပင် တိုးတက်လာမည်မဟုတ်။
"ခမည်းတော်၊ သားတော်တို့အမြန်သွားပြီး ဆရာကွန်ကိုပြန်ဖိတ်ရမယ်"
ထျန်ချင်းဟီအကြံပြုသည်။
"မုဖူရှန်းကိုနှင်ထုတ်ပြီး ဆရာကွန်ကို အကျိုးအမြတ်တွေပိုပေးမယ်လို့ ကတိပေးရမယ်"
ဧကရာဇ်တခုခုပြောရန်ပြင်လိုက်စဉ် နန်းတော်အပြင်ဘက်ကနေ နှစ်လိုဖွယ်အသံတစ်သံထွက်လာသည်။
"အစကတော့ ငါထီးနန်းကိုစိတ်မ၀င်စားဘူး"
"ဒါပေမယ့်အခုတော့နင်က အရမ်းမိုက်မဲလာနေပြီဆိုတော့ နင့်လက်ထဲထီးနန်းလွှဲပေးတာက ထျန်မင်းအင်ပါယာအတွက် ကပ်ဘေးတခုပဲဖြစ်လာလိမ့်မယ်"
ထျန်ချီယောင်အေးစက်သည့်မျက်နှာဖြင့် လျှောက်လာသည်။
"နင်ဒီလိုဦးနှောက်မရှိတဲ့အစီအစဉ်ကို ဘယ်လိုတွေးနိုင်တာလဲ"
ထျန်ချီယောင်ကသူနှင့်စကားများနေတာမြင်ရသောအခါ ထျန်ချင်းဟီက ပို၍ပင် ရှက်လာသည်။
"နင့်မှာအခုပိုကောင်းတဲ့အကြံရှိလို့လား"
"မုဖူရှန်းကိုပဲနင်အားကိုးနေတုန်းလား"
သူစကားပြောပြီးသည်နှင့်တပြိုင်နက် ထျန်ချီယောင်လက်ထဲတွင် ခရမ်းလျှပ်စီးနှင့် အဆောင်တခုပေါ်လာသည်။
"ကောင်းကင်အဆင့်အဆောင်၊ မိုးသက်မုန်တိုင်းအဆောင်၊ တာအိုနယ်ပယ်အထွတ်အထိပ်အဆင့်က ငါတောင်မှ ဒါကိုမခံနိုင်လောက်ဘူး"
ထျန်ချင်းဟီအနည်းငယ်ကြက်သေသေသွားသည်။
တာအိုနယ်ပယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများပင် ခုခံနိုင်မရှိသည့် ကောင်းကင်အဆင့်အဆောင်!
ဒါကကောင်းကင်အဆင့်အဆောင်၏ အထွတ်အထိပ်အဆင့်ပေတည်း။
ဒီအဆောင်က ဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်ထက် မနိမ့်ကျသည့်အဆောင်ပေတည်း။
သို့စေကာမူ ဈေးနှုန်းက ဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်ထက် အများကြီးပိုမြင့်သည်။
"ဒါဘယ်ကလဲ"
"အစ်ကိုကြီးမုရေးထွင်းခဲ့တာ၊ သူကအခုလိုအခြေအနေမျိုးကို အရင်ကတည်းက မျှော်လင့်ထားပြီးသား"
ထို့နောက် သူမအကြောင်းအရာကိုပြောင်းပစ်ပြီး ထျန်ချင်းဟီအားကြည့်ကာ နှာခေါင်းရှုံ့သည်။
"အစ်ကို၊ အစ်ကိုကြီးမုက ကွန်ကျုံးယန်ထက် နိမ့်ကျတယ်လို့ နင်အခုထိ တွေးနေတုန်းလား"
ထိုစကားကိုကြားသောအခါ ထျန်ချင်းဟီ၏အမူအရာက အလွန်အမင်းကြည့်ရဆိုးသွားသည်။
သူပါးစပ်ဟလိုက်သော်လည်း ဘာတခုမှမပြောနိုင်ပေ။ အချက်အလက်များက စကားလုံးတွေထက် ပိုအဓိပ္ပာယ်ရှိသည်။ ယခုအချိန် တခုခုပြောတာက အသုံးမ၀င်ပါ။
ထိုအချိန်တွင် ဧကရာဇ်ကရယ်မောသည်။
"ကောင်းပြီ၊ ဒီလိုဆိုရင် ကိုယ်စားအုပ်ချုပ်သူပြောတဲ့အတိုင်းလုပ်ကြမယ်"
"အဖေ၊ သမီးတစ်ယောက်ယောက်ကို စေလွှတ်ထားပြီးပါပြီ"
ထိုသတင်းပျံ့သွားသည်နှင့်တပြိုင်နက် ကွန်ကျုံးယန်၏အမူအရာက အတော်လေးအကျည်းတန်သွားသည်။
"သူတကယ်ပဲ မိုးသက်မုန်တိုင်းအဆောင်ကို ရေးထွင်းနိုင်ခဲ့တာလား"
မိုးသက်မုန်တိုင်းအဆောင်ကိုအောင်မြင်စွာရေးထွင်းနိုင်မည့်အခွင့်အလမ်းများက သူ့အတွက်ပင် အလွန်အမင်းနိမ့်ကျသည်။
ဒါ့အပြင် ရက်အနည်းငယ်အတွင်း မိုးသက်မုန်တိုင်းအဆောင်များစွာ ထွက်လာခဲ့သည်။
ဒါကဆိုလိုတာက မုဖူရှန်းတွင် အလွန်မြင့်မားသည့်အောင်မြင်နှုန်းတခုရှိနေခြင်းပင်။
မီးထိုးမရှိသည့်ဒီစစ်ပွဲက နယ်မြေပျက်စီးခြင်းအန္တရာယ်များဖြင့် ပြည့်နှက်နေသည်။
ဆယ်ရက်ကြာပြီးနောက် နောက်ဆုံးအခိုက်အတန့်ကိုပင်ရောက်လာလေပြီ။
မိုးသက်မုန်တိုင်းအဆောင်က ဝိဉာဉ်သစ်အရိုးပြန်လည်အားဖြည့်ခြင်းအဆောင်ကို မြေအဆင့်အဆောင်တွင် လုံး၀ဖိနှိပ်ထားနိုင်သဖြင့် မြေအဆင့်အဆောင်များတွင် ဈေးနှုန်းကို မူလသလင်း၃၀၀ထိ လျှော့ချခဲ့သည့်တိုင် ဒါက မုဖူရှန်းကို အဆောင်ရေးထွင်းခြင်းကနေ မတားဆီးနိုင်ပေ။
အကယ်၍ဆက်၍သာနိမ့်ကျသွားမည်ဆိုပါက ဆုံးရှုံးမှုတခုဖြစ်လာပေလိမ့်မည်။
ဒီဈေးကွက်စစ်ပွဲတွင် မင်းဆက်နှစ်ခုက လုံး၀ရှုံးနိမ့်သွားခဲ့ရသည်။ ထို့နောက်သူတို့ကိုစောင့်ဆိုင်းနေသည့်အရာက ဈေးကွက်သိမ်းပိုက်ခံရခြင်းပင်။
တနေ့တည်းမှာပင် မင်းဆက်နှစ်ခုက ငြိမ်းချမ်းရေးအတွက် သံတမန်များ စေလွှတ်ခဲ့သည်။
မုဖူရှန်းရလဒ်ကိုမသိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ချီယောင်က ထိုနေ့က ရလဒ်များကို မုဖူရှန်းအားပြောပြချင်သော်လည်း ကိုယ်စားအုပ်ချုပ်သူနေအိမ်က ဗလာကျင်းနေခဲ့သည်။
မုဖူရှန်း ဆွဲဆောင်ဖွယ်ရာအမျိုးသမီးတစ်ချို့၏ကံကြမ္မာနှင့်မဆက်စပ်နေချင်ပေ။ ထိုအချိန်တွင် ပြဿာနာတပုံတပြိုက်ကြီးက မဖိတ်ကြားဘဲ ရောက်လာပေလိမ့်မည်။
သူပစ္စည်းများကိုအလျင်အမြတ်ထုပ်ပိုးသည်။ သုံးရက်ကြာပြီးနောက် မုဖူရှန်း နတ်တံဆိပ်ဂိုဏ်းသို့ ပြန်လာခဲ့သည်။
အကြီးအကဲချီ မုဖူရှန်းပြန်လာတာကိုမြင်သောအခါ ပြောသည်။
"ငါရလဒ်ကိုသိပြီးပါပြီ၊ ဒီတာ၀န်ပြီးမြောက်ဖို့အတွက် မျှော်လင့်ချက်တွေက ငါစိတ်ကူးထားတာထက် သာလွန်နေတယ်"
မုဖူရှန်းပြုံးသည်။
"ကျုပ်ကကံကောင်းသွားတာပါ"
ကံကောင်းသွားတာလား!
အကြီးအကဲချီကဒေါသတကြီးနှာခေါင်းရှုံ့သည်။
"ကောင်းပြီ၊ ဟန်ဆောင်နေတာရပ်တော့၊ ဂိုဏ်းချုပ်ဆီကိုအရင်သွားလိုက်၊ သူမင်းကိုတွေ့ချင်နေတယ်"
"ပြီးရင် ငါနဲ့အတူ ဆုလာဘ်ရယူဖို့အတွက် အဆောင်မျှော်စင်ကိုလိုက်ခဲ့"
မုဖူရှန်းအားတက်သွားသည်။
နောက်ဆုံးတော့ဒီလိုဖြစ်လာပြီပေါ့!
ထို့နောက် သူကသင့်တော်သည့်ညှိုနှိုင်းမှုတချို့ကိုထုတ်ပြရန်သာလိုအပ်ပြီး နတ်တံဆိပ်ဂိုဏ်းကို သူ့အား မိစ္ဆာနယ်မြေကို တိုက်ခိုက်ရာ၌ ကူညီခိုင်းခြင်းပင်။
အပိုင်း(532) coming။