#အထွတ်အမြတ်အဆောင်အခမ်းအနား#
Vol. 37 Ch. 532
နတ်တံဆိပ်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် နံပါတ်တစ်အဆောင်သခင်ဂိုဏ်းဖြစ်သည့် နတ်အဆောင်ဂိုဏ်း(မြင့်မြတ်အဆောင်ဂိုဏ်း)၏ ဂိုဏ်းခွဲတခုဖြစ်သည်။
ထို့ကြောင့်ဒီဂိုဏ်းကအားမနည်းပေ။
ဒါ့အပြင် အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းဖြစ်နေသေးသည်။
နတ်တံဆိပ်ဂိုဏ်းချုပ်ဒေါင်ယင်က ကောင်းကင်ဘုံအဆောင်သခင်တစ်ဦးဖြစ်သည်။
ထိုအချိန်တွက် နတ်တံဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမထဲတွင် မုဖူရှန်းရောက်လာသည်နှင့်တပြိုင်နက် ခန်းမထဲရှိ အတွင်းပိုင်းအလွှာကို အဆောင်မျိုးစုံဖြင့် ဖုံးထားတာကို သူခံစားနိုင်သည်။
ထိုအဆောင်များ၏အော်ရာက ခန်းမထဲတွင်ပြည့်နှက်နေခြင်းမဟုတ်ဘဲ ဆန့်ကျင်စွာပင် ပြင်ပကမ္ဘာကိုပြန့်ကာ နတ်တံဆိပ်ဂိုဏ်းတခုလုံးကို လွှမ်းခြုံထားသည်။
ဒါကဂိုဏ်းကိုကာကွယ်ထားနိုင်သလို ဝိဉာဉ်ချီနှင့်ဆန္ဒနယ်ပယ်စွမ်းအားကိုပင် ပို၍ စုစည်းနိုင်သည်။
သို့စေကာမူ သူက အဆောင်များစွာသုံးခဲ့သည်။
"အရမ်းဉာဏ်ကောင်းတာပဲ"
ဒါကမုဖူရှန်း၏အတွင်းစိတ်ထဲကအတွေးကဲ့သို့ပင် အရမ်းမိုက်ပေသည်။ သို့စေကာမူ ဒါက နတ်တံဆိပ်ဂိုဏ်း၏အခြေခံအုတ်မြစ်နှင့်ခွန်အားကို ထင်ဟပ်စေနိုင်သည်။
ထိုအချိန်တွင် ခန်းမထဲ၌ လူဘေးယောက်ရပ်နေကြသည်။
ဦးဆောင်နေသည့်သက်လတ်ပိုင်းအရွယ်လူက သူ့အော်ရာကိုထိန်းချုပ်ကာ စူးစမ်းလေါလာနေသည်။
သူ့ဝိဉာဉ်စွမ်းအားက ကျယ်ပြောနေသည့်ပင်လယ်ပြင်တခုကဲ့သို့ပင် အဆုံးမဲ့သည်။
ဒီလူက နတ်တံဆိပ်ဂိုဏ်းချုပ် ဒေါင်ယင်ဖြစ်သည်မှာ သိသာထင်ရှားနေသည်။
ကျန်သောသုံးယောက်ထဲက တစ်ယောက်ကို မုဖူရှန်းသိသည်။
သူက အဆောင်မျှော်စင်တွင် ကောင်းကင်အဆောင်သခင်အကဲဖြတ်မှုကို ဆောင်ရွက်ခဲ့သည့် ဒင်းရှောင်ချင်းပင်။
ဒင်းရှောင်ချင်းကလည်း မုဖူရှန်းကိုမြင်သည်။ သူထူးဆန်းသည့်အမူအရာဖြင့် ရေရွတ်လိုက်မိသည်။
"ဒီကောင်ကလည်း ဒီတကြိမ် အထွတ်အမြတ်အဆောင်အခမ်းအနားမှာ ပါ၀င်နေတာလား"
အထွတ်အမြတ်အဆောင်အခမ်းအနား!
ထိုစကားလုံးများကိုကြားသောအခါ ဘာကြောင့်ဂိုဏ်းချုပ်ကသူ့ကို ဒီနေရာကို ခေါ်ရသလဲဆိုတာ မုဖူရှန်းနားလည်သွား၏။
မုဖူရှန်း၏ပင်ကိုယ်စရိုက်အရ သူက နတ်တံဆိပ်ဂိုဏ်းကို၀င်ခဲ့ပြီးပြီဖြစ်လေရာ ဂိုဏ်းကိုသေချာကျနစွာစုံစမ်းခဲ့သည်မှာ သဘာ၀ပင်။
ထို့ထဲတွင် အထွတ်အမြတ်အဆောင်အခမ်းအနားက မြင့်မြတ်အဆောင်ဂိုဏ်း၏ အဓိကဖြစ်သည်။
အဆောင်သခင်ပြိုင်ပွဲက ဂိုဏ်းခွဲအားလုံးကိုစုစည်းကာ ပါ၀င်ရန်အတွက် ပါရမီရှင်များကို စေလွှတ်ကြသည်။
အနိုင်ရသူက သိသာသည့်ဆုလာဘ်တခုကိုရရှိမည်ဖြစ်သည်။
ဒီဆုထဲတွင် မြင့်မြတ်အဆောင်ဂိုဏ်းမှ အကြီးအကဲတစ်ဦး၏ ကိုယ်တိုင်တပည့်အဖြစ် လက်ခံနိုင်လောက်သည့်အခြေအနေပင် ပါ၀င်သည်။
ကျန်နှစ်ယောက်က မုဖူရှန်းကို လျစ်လျူရှုထားသည်။ ဒါက အထွတ်အမြတ်အဆောင်အခမ်းအနားဖြစ်သလို အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် တန်ဖိုးမရှိဆုံးအဆောင်သခင်ပြိုင်ပွဲတခုဟုဆို၍ရသည်။
မုဖူရှန်းရှေ့သို့လျှောက်သွားသောအခါ ဒေါင်ယင်က ပြုံးပြသည်။
"မင်းကမုဖူရှန်းဖြစ်ရမယ်၊ မင်းကအတော်လေးစွမ်းဆောင်နိုင်ပြီး ကောင်းကင်အဆောင်သခင်တံဆိပ်ကိုတောင် ရပြီးပြီလို့ အကြီးအကဲချီပြောခဲ့တယ်"
မုဖူရှန်းခေါင်းညိတ်သည်။
"ဒီလိုဆိုရင်တော့ မင်းက ဒီအထွတ်အမြတ်အဆောင်အခမ်းအနားအတွက် အစားထိုးတယောက်အဖြစ် နတ်တံဆိပ်ဂိုဏ်းကို ကိုယ်စားပြုရမယ်"
ဂိုဏ်းတိုင်တွင် အထွတ်အမြတ်အဆောင်အခမ်းအနားအတွက် နေရာငါးခုရှိသည်။
အဓိကကစားသမားလေးဦးနှင့်အစားထိုး(အရံ)ကစားသမားတစ်ဦးပါရှိသည်။
ဒီစကားကိုကြားသောအခါ မုဖူရှန်းအနည်းငယ်မျက်ခုံးပင့်လိုက်မိသည်။
အစားထိုးလား!
ဒါမဖြစ်နိုင်ဘူး!
အစားထိုးဖြစ်လာခြင်းက သူ့၏လက်ရှိအစီအစဉ်ကို အကြီးအကျယ် သက်ရောက်စေလိမ့်မည်။
အတိတ်က မုဖူရှန်း၏ပင်ကိုယ်စရိုက်အရ မုဖူရှန်းသူ့ခွန်အားကို မဖော်ထုတ်ပြတတ်သူဖြစ်ပြီး သူပါ၀င်မည်ပင်မဟုတ်။ အစားထိုးဆိုတာက ပြောနေစရာပင်မလို။
သို့သော်ယခုတော့မတူတော့ပါ။
သူက နတ်တံဆိပ်ဂိုဏ်းထဲတွင် မြင့်မြတ်အဆောင်ဂိုဏ်း၏အာရုံကို ဆွဲဆောင်စေရန်အတွက် အဆင့်မြင့်လူများရှေ့တွင် သူ့ခွန်အားကိုပြသရန်လိုအပ်သည်။
သူက လူသိရှင်ကြားတွင်မူ အဆင့်နိမ့်ချစွာနေသော်လည်း အဆင့်မြင့်လူများ၏အမြင်တွင် သူတတ်နိုင်သမျှ အဆင့်မြင့်မြင့်ထားရမည်။
ထိုစကားကိုကြားသောအခါ မုဖူရှန်းလက်နှစ်ဖက်ဆုပ်ကာ ပြုံးသည်။
"ဂိုဏ်းချုပ်၊ ကျွန်တော်အဓိကနေရာကို ရနိုင်မယ်လို့ထင်ပါတယ်"
အဓိကနေရာလား!
ဒေါင်ယင်မှိန်ဖျော့စွာပြုံးသည်။
သို့စေကာမူ ဒင်းရှောင်ချင်းက လုံး၀အံ့ဩသွားခြင်းမရှိပါ။
ကောင်းကင်အဆောင်သခင်အဆင့်အကဲဖြတ်မှုအပြီးတွင် ကောင်းကင်အဆင့်သီးခြားဂူတွင် ကျင့်ကြံရန်အတွက် ကိုယ့်ကိုကိုယ်တနေကုန်ပိတ်ထားတတ်သည့် ဒီစိတ္တဇလေးတွင် သူ့ထက်ပိုအားကောင်းသည့် အဆောင်သခင်စွမ်းရည်ရှိတာကို သူကောင်းကောင်းသိပါသည်။
တခြားသုံးယောက်က မုဖူရှန်းကိုလှည့်ကြည့်လိုက်ကြ၏။
"အဓိကနေရာလား"
အဖြူ၀တ်လူတစ်ယောက်က ထူးမခြားနားစွာပြောသည်။
"မင်းနတ်တံဆိပ်ဂိုဏ်းမှာရှိတာ ဘယ်လောက်ကြာပြီမို့လဲ၊ မင်းကငါ့နေရာကို အစားထိုးဖို့အရည်အချင်းမရှိဘူး"
မုဖူရှန်းလှည့်ကြည့်လိုက်သည်။
ထိုလူ၏ရုပ်ရည်နှင့်ပင်ကိုယ်စရိုက်အရ သူချက်ချင်းအတည်ပြုနိုင်ခဲ့သည်။
ဒီလူက နတ်တံဆိပ်ဂိုဏ်းမှ ကောင်းကင်အဆောင်သခင်အထွတ်အထိပ်ဖြစ်သည့် အတွင်းပိုင်းဂိုဏ်း၀င် ယန်ဇူကျန်းဖြစ်ရပေမည်။
တချိန်တည်းမှာပင် နောက်တစ်ယောက်က ခေါင်းညိတ်သည်။
"လအနည်းငယ်အတွင်းမှာ အထွတ်အမြတ်အဆောင်အခမ်းအနားမှာ ပါ၀င်ဖို့အတွက် အရင်ဆုံးဂိုဏ်းကိုကိုယ်စားပြုနိုင်တဲ့လူဖြစ်ရတာကပဲ အံ့ဖွယ်ကောင်းနေပါပြီ၊ အရမ်းလောဘမကြီးနဲ့"
ကောင်းကင်အဆောင်သခင်အထွတ်အထိပ်အဆင့်က ကျန်းယင်ရှီ!
အလယ်ကလူကမူ လှည့်ပင်မကြည့်ဘဲ လေးနက်သည့်အမူအရာဖြင့် လက်နှစ်ဖက်ပိုက်ကာပြောသည်။
"မင်းပါရမီကမဆိုးပါဘူး၊ ဆက်လက်ကြိုးစားပါ၊ နောက်တခါတော့ မင်းအဓိကရွေးချယ်မှုကိုရောက်လာနိုင်တာပေါ့"
ဝိဉာဉ်အဆောင်သခင် ယန်လုပင်း!
သို့စေကာမူ ဒင်းရှောင်ချင်းက ရှက်နေပုံရပြီး စကားမပြောပေ။
သူကမုဖူရှန်းလောက်အားမကောင်းသော်လည်း မှန်ကန်သည့်ရွေးချယ်မှုတွင် ရှိနေဆဲပင်။
ဒေါင်ယင်ဒီမြင်ကွင်းကိုကြည့်နေသော်လည်း နားချရန်အတွက် ရည်ရွယ်ချက်မရှိပေ။
မုဖူရှန်းဒီလိုအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သူမြင်ချင်ပါသေးသည်။
အကြီးအကဲချီ နတ်တံဆိပ်ဂိုဏ်းကို၀င်ကတည်းက ဂျူနီယာတယောက်ကို တခါမှ အကြံမပေးခဲ့ဖူးချေ။
အကြီးအကဲချီကို အရမ်းချီးကျုးရစေသည်အထိ မုဖူရှန်းတွင် ဘယ်လိုမွေးရာပါစွမ်းရည်မျိုးရှိလေသနည်း။
သို့စေကာမူ မုဖူရှန်းကပြုံးသည်။
"ဂိုဏ်းကို၀င်လာတဲ့အချိန်နဲ့ကြည့်ရင် ဒါက အရမ်းအလျင်စလိုနိုင်လွန်းတယ်၊ ဒီလိုအရာမျိုးကို ခွန်အားနဲ့ပဲဆုံးဖြတ်လို့ရမယ်"
အိုး မိုင် ဂေါ့ဒ်
ဒါကပထမဆုံးအကြိမ် သူအဆင့်မြင့်မြင့်ပြုမူခြင်းဖြစ်လေရာ ကျင့်သာမရဖြစ်နေသည်။ သို့သော် သူအနည်းငယ်ခံစားလို့ကောင်းနေပြီး ဒါကိုစွဲလန်းနေသလိုခံစားနေရသည်။
အစ်ကိုကြီးက ပြဿာနာရှာတဲ့နေရာမှာ ဒီလောက်တော်နေတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ!
"ဒါပေါ့၊ ခွန်အားကပဲစကားပြောနိုင်တယ်" ယန်ဇူကျန်းက ထူးမခြားနားစွာပြောသည်။
"ဒါပေမယ့် နတ်တံဆိပ်ဂိုဏ်းက အဆောင်သခင်တွေအတွက် ရှေးရိုးစွဲနေရာတခုပဲ၊ လူတစ်ဦးက ၀င်ထားတာပိုကြာလေလေ၊ နတ်တံဆိပ်ဂိုဏ်းနဲ့ထိတွေ့ဖို့အတွက် အရင်းအမြစ်ပိုများလေလေပဲ၊ သူတို့က အပြင်ပကမ္ဘာက အဲဒီအဆောင်သခင်တွေထက် ပိုအားကောင်းတယ်"
"မင်းဘာလို့မကြိုးစားကြည့်ရတာလဲ"
"ကြိုးစားကြည့်ရမယ်၊ မင်းကမထိုက်တန်ဘူး၊ ဒင်းရှောင်ချင်းနဲ့သွားပြိုင်လိုက်"
ထိုစကားကိုကြားသောအခါ မုဖူရှန်းပြုံးသည်။
"ဒင်းရှောင်ချင်းက ငါ့ထက်နိမ့်တယ်"
ထိုစကားကြားသောအခါ ဒင်းရှောင်ချင်း၏မျက်နှာက ၀က်အသည်းရောင်ပြောင်းသွားသည်။ သူပြန်ခံပြောချင်သော်လည်း မပြောနိုင်ပေ။
သေစမ်း၊ မင်းကအမှန်ပြောနေတာဆိုရင်တောင် ဒါကပြောသင့်တဲ့စကားလားဟ!
ငါ့မျက်နှာကိုလည်းထောက်ထားပါဦး!
သုံးယောက်စလုံးက ဒင်းရှောင်ချင်း၏အမူအရာကိုကြည့်ပြီးနောက် သူဘာတွေးနေသလဲဆိုတာ သိလိုက်ကြသည်။
ယွန်ဇူကျန်းက အံ့ဩစွာပြောသည်။
"ဒီလိုဆိုမှတော့ မင်းလိုမျိုးအောက်ခြေလူတန်းစားနဲ့ ဂိုဏ်းမှာတစ်နှစ်ပတ်လုံးကျင့်ကြံနေတဲ့ငါက ဘယ်လောက်ကွဲပြားသလဲဆိုတာ မင်းကိုသိခွင့်ပေးရတော့မှာပေါ့"
အခြေခံလူတန်းစားလား!
လုချန်ရှန်းကိုတွေးမိသွားစဉ် မုဖူရှန်းပြုံးလိုက်မိသည်။
စီနီယာသက်တမ်းအရဆိုရင် ဒီနတ်တံဆိပ်ဂိုဏ်းက လူတွေက သေချာပေါက် အခြေခံလူတန်းစားတွေပဲမလား!
"ငါ့ရဲ့အဆောင်သခင်နယ်ပယ်က မင်းထက်ပိုမြင့်မားတော့ ငါမင်းကိုအနိုင်မကျင့်ပါဘူး၊ မင်းရေးထွင်းချင်တဲ့အဆောင်ကို မင်းရွေးချယ်လို့ရတယ်"
မုဖူရှန်းခေါင်းညိတ်သည်။
"ဒီလိုဆိုရင်တော့ နေကိုးစင်းမီးလျှံအဆောင်"
ထိုစကားကိုကြားသောအခါ လူတိုင်း၏အမူအရာကပြောင်းလဲသွားကြ၏။
ထိုလေးယောက်ထဲက တစ်ဦးတည်းသော ဝိဉာဉ်အဆောင်သခင်ဖြစ်သည့် ယန်လုပင်းပင်လျှင် မုဖူရှန်းကို အံ့ဩသင့်တကြီး ကြည့်လိုက်မိသည်။
ဒီနေကိုးစင်းမီးလျှံအဆောင်က ကောင်းကင်အဆောင်သခင်အထွတ်အထိပ် အဆင့်ဆိုလျှင်ပင် အောင်မြင်နိုင်ချေအရမ်းနည်းပါးသည်။
ဒီအဆောင်က ကောင်းကင်အဆင့်အဆောင်များအနက် ရေးထွင်းရန်အတွက် အခက်ခဲဆုံးအဆောင်များအနက် တခုဟုဆို၍ရသည်။
ယန်ဇူကျန်း၏အမူအရာကအေးခဲသွား၏။
"မင်းနေကိုးစင်းမီးလျှံအဆောင်ကို ရေးထွင်းနိုင်တာလား"
မုဖူရှန်းပြုံးလိုက်သည်။
"ဘာလို့လဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာ မင်းမသိလို့လား"
မုဖူရှန်း၏လှောင်ပြောင်သံကိုကြားရသောအခါ ယန်ဇူကျန်းအေးစက်စွာနှာခေါင်းရှုံ့ရင်း အင်္ကျီလက်ကိုခါယမ်းစဉ် အဆောင်စုတ်တံတခုကို လက်ချောင်းများအကြား ပေါ်လာစေသည်။
"မင်းမှာဒီလိုတောင်းဆိုချက်ရှိနေရင်တော့ ငါမင်းကိုတွေ့ကြုံခံစားခွင့်ပေးရတော့မှာပေါ့"
ယခုလေးတင် ကောင်းကင်အဆောင်သခင်အဆင့်အကဲဖြတ်မှုကို အောင်မြင်ခဲ့သည့်လူက ယခုလိုခက်ခဲသည့်အဆောင်ကို အကြံပြုခဲ့သည်။
မုဖူရှန်းဟန်ဆောင်နေတာလား ဒါမှမဟုတ် သူက ကျားကိုစားရန်ချောင်းနေသည့် ၀က်တကောင်ပမာ ဟန်ဆောင်နေတာလားဆိုတာ သိချင်သည်။
မုဖူရှန်းကလည်း ပြုံးကာ အဆောင်စုတ်တံနှင့် အဆောင်ကိုထုတ်ယူလိုက်သည်။
"ဒီလိုဆိုရင် ငါတို့စကြရအောင်လား"
အပိုင်း(533) coming။