← Chapters

ဖီးနစ်ငှက် ပြန်လာခြင်း

Vol. 24 Ch. 345

ဖီးနစ်ငှက် ပြန်လာခြင်း

Vol. 24 Ch. 345

Child of light (ကျန်းကုန်း)

Volume 12: Chapter 20 - The Phoenix Returns

မသတီစရာ ခံစားချက်တွေကြောင့် စိတ်ပျက်လာတယ်။ ဓားကို လက်နှစ်ဖက်နဲ့ ကိုင်ထားပြီး ခန္ဓာကိုယ်ထဲကနေ အလင်းတန်း ပြင်းပြင်းတွေ ထွက်လာပြီး..

“မိစ္ဆာဘုရင်.. အိပ်မက် မက်မနေနဲ့.. မင်း ဒီကမ္ဘာကြီးကို သိမ်းပိုက်ချင်တယ်ဆိုရင် ငါ့အလောင်း ဖြတ်သွားနိုင်မှ ရမယ်..”

မိစ္ဆာဘုရင်ရဲ့ မျက်လုံးထဲမှာ အေးဆက်ဆက် အလင်းတွေ လင်းလာတယ်..

“ကောင်းပြီလေ.. နင့်ဆန္ဒ ဖြည့်ပေးရမှာပေါ့..”

မိစ္ဆာဘီလူး (၃)ကောင်နဲ့ သူ့ငယ်သားတွေဆီ စူးစူးဝါးဝါး တစ်ချက်အော်လိုက်တော့ ကျုပ်တို့ လျှပ်စီးခံတပ်ဆီဘက်ကို တဟုတ်ထိုး အရူးအမူး ချီတက်လာကြရော။

ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်။ ခံတပ်ထိပ်က မှော်စွမ်းအားသုံး အမြှောက်ကြီးတွေ စပစ်ပြီလေ။ အဲ့အထဲက တစ်ခုစီက အနည်းဆုံး မိစ္ဆာ(၁၀၀)လောက်ရဲ့ အသက်တွေ ယူသွားပါလေရော။ နဂါးဘုရင်ရဲ့ ဩဇာအာဏာပါတဲ့ အသံကြီးနဲ့အတူ နဂါးမျိုးနွယ်ကလဲ လေပေါ်မှာ ပျံနေတဲ့ မိစ္ဆာတွေကို ပိတ်ဆို့ဖို့ ပျံသွားလိုက်ကြတယ်။ နောက်ဆုံးတော့ တိုက်ပွဲကြီး စပြီပေါ့ဗျာ။

ရှောင်ကျင်းတောင် ဒေါသတကြီး ဟိန်းရင်း သူ့ခန္ဓာကိုယ်ကနေ ရွှေရောင် အလင်းတန်းတစ်ခု သူခေါင်းကို ဗဟိုပြုပြီး ထိုးထွက်လာတယ်။ မှော်စွမ်းအားတွေ ချိုးဖျက်မယ့် မန္တန်တစ်မျိုးပေါ့ဗျာ။ အချိန်ကြာလာတာနဲ့အမျှ ကျုပ်ကောင်းကင်ပေါ် ပျံတက်သွားလိုက်တယ်။ မိစ္ဆာဘီလူး (၃)ကောင်ဘက်ကို ဓားကိုင်ပြီး လွှဲခုတ်လိုက်တယ်။ ရှောင်ကျင်းနဲ့ ကျုပ်ရဲ့ ပေါင်းစပ်စွမ်းအားအေက်မှာ မိစ္ဆာဘီလူး(၃)ကောင်ရဲ့ ခန္ဓာကိုယ်တွေ ချက်ချင်း ငြိမ်သွားပြီး အသံကျယ်ကြီး တစ်ချက်နဲ့အတူ နောက်ပြန် လွင့်သွားကြတယ်။ ရှောင်ကျင်းက သွေးမိစ္ဆာ ခယ်အံသဲအာကျိကို တိုက်နေတဲ့အချိန်မှာ အမှောင်မိစ္ဆာ ကျာစစ်ခယ်လီသောင်နဲ့ စုန်းမိစ္ဆာ ဟာအာယွဲ့တိ တို့တွေ ရှောင်ကျင်းကို တားဖို့ ဒိုင်းတစ်ခု လုပ်လိုက်တယ်။ ပြင်းထန်တဲ့ အလင်းတန်းတွေ သန့်ရှင်းသောဓားက ဆက်တိုက် ထုတ်လွှတ်နေပြီး အမှောင်မိစ္ဆာနဲ့ စုန်းမိစ္ဆာကို ဖုံးသွားတယ်။

ခံတပ်က တိုက်ပွဲကလဲ အရမ်းကို ပြင်းထန်နေပြီ။ အိုက်ရှား မှော်တပ်ဖွဲ့ ဆရာလောင်လွင်တိနဲ့ ဆရာချွဲစုန့်ကျန်း တို့ ခေါင်းဆောင်မှုနဲ့ စွမ်းအားကြီးတွေ ထုတ်လွှတ်ပြီး မိစ္ဆာတွေကို သတ်ဖြတ်နေကြတယ်။ ဒါပေမယ့် မှော်စွမ်းအား နည်းသွားတာနဲ့ မိစ္ဆာတွေရဲ့ အလှည့်ဆိုတာ သိနေတော့ မြို့ရိုးထိပ်က စစ်သည်တွေ စွမ်းအား လျော့မချရဲကြဘူး။ တိုက်ပွဲက တောမီးကြီးလို တောက်လောင်နေပြီ။

“တောက်ပသော သန့်ရှင်းသောဓား အလင်းတန်း..”

လခြမ်းကွေးလို အလင်းတန်းတစ်ခု အမှောင်မိစ္ဆာ ကျာစစ်ခယ်လီသောင်နဲ့ စုန်းမိစ္ဆာ ဟာအာယွဲ့တိတို့ဆီ တိုးဝင်သွား တော့ အဲ့နှစ်ကောင် သွေးတွေ ပန်းထွက်ပြီး နောက်ကို လွှင့်ထွက်သွားရောပဲ။ ကျုပ် သူတို့နောက်လိုက်ဖို့ စိတ်မဝင်စားပါဘူး.. ရှောင်ကျင်းကို ဖိနှိပ်နေတဲ့ သွေးမိစ္ဆာ ခယ်အံသဲအာကျိကိုလဲ အဲ့နည်းနဲ့ပဲ တွယ်လိုက်တယ်။ အခုဆို မိစ္ဆာဘီလူး(၃)ကောင်စလုံး အပြင်းအထန် ဒဏ်ရာရသွားပြီ။

မိစ္ဆာဘုရင်က အမှောင်မိစ္ဆာ ကျာစစ်ခယ်လီသောင်ကို သူ့လက်တစ်ဖက်နဲ့ ကိုင်ထားပြီး နောက်တစ်ဖက်က စုန်းမိစ္ဆာ ဟာအာယွဲ့တိကို ကိုင်ထားတယ်။ သူ့မျက်လုံးကနေ အနီရောင် အလင်းတန်းတွေ ပြင်းထန်လာတာနဲ့အမျှ သူ့လှုပ်ရှားမှု မထိန်းနိုင်တော့တာသိပြီး နည်းနည်း လန့်သွားသလိုပဲ။ ကျုပ်လဲ ကြောက်စရာအကောင်းဆုံး ရန်သူကို အာရုံစိုက်လာရပြီဆိုတော့ ကျုပ်ရဲ့ နတ်ဘုရားစွမ်းအား အားလုံး သန့်ရှင်းသောဓာထဲကို အမြန်ဆုံး ထည့်လိုက်တယ်။

အဲ့အချိန် အဘိုးကြီးတစ်ယောက်အသံကြားလိုက်ရတယ်..

“နင့် ပြိုင်ဘက်က ငါပဲ…”

အသံနဲ့အတူ အချင်း (၃)မီတာလောက်ရှိတဲ့ အလင်းဘောလုံးကြီးတစ်လုံး မိစ္ဆာဘုရင်ဆီကိုတိုးဝင်သွားတယ်။ မိစ္ဆာဘုရင်ရဲ့ မျက်လုံးထဲမှာ ဒေါသအလင်းတွေ လင်းသွားတယ်။ သူ့လက်ကနေ အလင်းလုံးကြီးဆီကို မှောင်မြူခိုးတွေ ပစ်လွှတ်ပြီးတာနဲ့ အမှောင်မိစ္ဆာ ကျာစစ်ခယ်လီသောင်နဲ့ စုန်းမိစ္ဆာ ဟာအာယွဲ့တိ တို့ကို ကျုပ်ဆီ အားပြင်းပြင်းနဲ့ ပစ်ထည့်လိုက်တယ်။ အလင်းလုံးနဲ့ မီးခိုးရောင် မြူခိုးတွေ အပြင်းအထန် ထိပ်တိုက် တွေ့သွားပြီး ဘာသံမှာမကြားဘဲ အကုန်ပျောက်သွားတယ်။ ကောင်းကင်မှာ ပျံနေတဲ့ နဂါးဘုရင်ရဲ့ ခန္ဓာကိုယ်ကြီး တုန်လှုပ်သွားပြီး သူ့မျက်လုံးကြီးတွေနဲ့ မိစ္ဆာဘုရင်ကို စူးစိုက်ကြည့်နေလေရဲ့။

တုန့်ဆိုင်းနေရမယ့် အချိန်မဟုတ်ဘူးဆိုတာ ကျုပ်သိနေတယ်။ နဂါးဘုရင်က မိစ္ဆာဘုရင်ကို သေချာပေါက် မယှဉ်နိုင်ဘူးလေ။ သူက ကျုပ်အတွက် အခွင့်အရေး ဖန်တီးပေးဖို့ ကြိုးစားနေတာဗျ။ ကျုပ်လဲ သန့်ရှင်းသောဓားကို အားထည့်ပြီး အမှောင်မိစ္ဆာ ကျာစစ်ခယ်လီသောင် နဲ့ စုန်းမိစ္ဆာ ဟာအာယွဲ့တိ တို့ဆီကို တောက်ပသော သန့်ရှင်းသောဓား အလင်းတန်း နဲ့ ထုတ်ချလိုက်တယ်။ အမှောင်နတ်ဆိုး ကျာစစ်ခယ်လီသောင် ဒေါသတကြီး အော်ရင်း အမှောင်မိစ္ဆာဓားကို ရှေ့ကနေ ကန့်လန့် ခံရင်း မီးခိုးရောင် ဒိုင်းကာကြီးတစ်ခု ဖန်တီးလိုက်သေးတယ်။ ဟာအာယွဲ့တိလဲ မြူခိုးပုံစံပြောင်းပြီး ကျာစစ်ခယ်လီသောင် ကိုယ်ထဲကို ဝင်သွားတယ်။ ထင်မထားတာက အဲ့အချိန်မှာ သူတို့ရထားတဲ့ ဒဏ်ရာတွေ အကုန်ပျောက်သွားလို့ တုန်လှုပ်သွားရသေးတယ်။ မိစ္ဆာဘုရင်က အချိန်တိုလေးအတွင်း သူတို့ဒဏ်ရာတွေအားလုံးကို တကယ်ကြီး ကုပေးလိုက်တဲ့ပုံပဲ။

ဟာအာယွဲ့တိရဲ့ ခန္ဓာကိုယ်က ကျာစစ်ခယ်လီသောင်ရဲ့ ခေါင်းထဲကို ပေါင်းစပ်သွားတဲ့အချိန် ကျာစစ်ခယ်လီသောင် ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် ကြီးလာတယ်။ မီးပုံးပျံကြီးလို သူ့ခန္ဓာကိုယ်ကြီးက တော်တော်ကို ကြောက်ဖို့ကောင်းတာ။ အသံကြီးတစ်သံနဲ့အတူ ကျုပ်ရဲ့ သန့်ရှင်းသော အလင်းပိုင်းချက်ကို ကာနိုင်လိုက်တယ်ဗျ။

ကျုပ်လဲ လန့်သွားပြီး ခန္ဓာကိုယ်ထဲက မြင့်မြတ်စွမ်းအားတွေ ချက်ချင်း ဖြန့်ထုတ်လိုက်တယ်။ သန့်ရှင်းသောဓားကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ခန္ဓာကိုယ်ရှေ့မှာ မြှားတစ်စင်းလို ကိုင်ထားလိုက်တယ်။ ကျုပ်မျက်လုံးထဲကနေ ရွှေရောင်အလင်းတန်း ပြင်းပြင်းတွေ ထွက်လာပြီး..

“သန့်ရှင်းသောအလင်း ဖျက်စီးခြင်း..”

ပြိုးပြိုးပြက်ပြက် အလင်းတန်း ငွေရောင်စက်ဝိုင်းတစ်ခု ရုတ်တရက် ထုတ်လွှတ်လိုက်တော့ မရေတွက်နိုင်တဲ့ ငွေရောင်အလင်းတန်းတွေ ကျာစစ်ခယ်လီသောင်ဆီကို တိုးဝင်သွားတော့တာပဲ။

အမှောင်မိစ္ဆာဓားကိုကိုင်းရင်း ကျာစစ်ခယ်လီသောင်ရဲ့ ခန္ဓာကိုယ်ကနေ မီးခိုးရောင် အလင်းတန်းတစ်ခု ထွက်လာတယ်။ ပြူကျယ်နေတဲ့ မျက်လုံးတွေနဲ့ အဲ့ကောင် ဒေါသတကြီးအော်တော့တာ…

“ကောင်းကင်နဲ့ မြေပြင် ဖြိုခွဲဖို့ စုန်းနဲ့ အမှောင်စွမ်းအားတွေ ပေါင်းစည်းလိုက်စမ်းပါ.. အမှောင်နတ်ဆိုးရဲ့ ဖျက်ဆီးခြင်း မြှား..”

ဒေါသအပြည့်နဲ့ အော်ပြီးတဲ့အချိန် ပတ်ဝန်းကျင်က မီးခိုးရောင်မြူခိုးတွေ ကျုပ်ပစ်လွှတ်လိုက်တဲ့ နတ်ဘုရား အလင်းတန်းတွေဆီကို မြှားပုံသဏ္ဍာန် ဖြစ်သွားတယ်။ ဆက်တိုက် ပွတ်တိုက်သံတွေကြားလိုက်ရတယ်။ ကျုပ်ခန္ဓာကိုယ်ကလဲ အနည်းဆုံး မီတာ(၁၀၀)လောက် နောက်ကို ပြန်လွှင့်သွားတယ်။ ကျာစစ်ခယ်လီသောင်လဲ ထင်မထားဘဲ ဒဏ်ရာရသွားတဲ့ ပုံပဲ။ ကျုပ်စွမ်းအားတွေ သူ့အပေါ် ဘာလို့ အသုံးမဝင်ပါလိမ့်။

ရှောင်ကျင်းလဲ ရွှေရောင်စွမ်းအားတွေ ဆက်တိုက် ထုတ်ပေးနေတယ်။ သူ့ခြေသည်းတွေ ထုတ်ပြီး သွေးမိစ္ဆာ ခယ်အံသဲအာကျိကို တိုက်ခိုက်လိုက်တယ်။ ဒီကောင့်ကိုလဲ အချိန်တိုလေးနဲ့ အဆုံးသတ်ပေးနိုင်မယ့်ပုံ မပေါ်ဘူးဗျ။ မိစ္ဆာတွေ ခံတပ်ကို အရူးအမူး တိုက်ခိုက်နေပေမယ့် ခံတပ်အနေနဲ့ ခံနိုင်ရည် ရှိနေတဲ့ပုံပဲ။ နဂါးမျိုးနွယ် အကူအညီနဲ့ မြေပေါ်မှာဖြစ်ဖြစ် ဝေဟင်မှာဖြစ်ဖြစ် ခနလေးနဲ့တော့ အကြပ်အတည်း မတွေ့လောက်သေးဘူးဗျ။

နဂါးဘုရင်ရဲ့ ခန္ဓာကိုယ်ကနေ သွေးတွေ ပန်းထွက်ပြီး ကောင်းကင်မှာ ပျံဝဲရင်း ဝမ်းနည်းပူဆွေးသံကြီး ကြားလိုက်ရတယ်။ အပြင်းအထန် ဒဏ်ရာရသွားတာ သေချာတယ်ဗျ။ မိစ္ဆာဘုရင်က အချိန်တိုလေးနဲ့ နဂါးဘုရင်ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်လိုက်နိုင်လိုက်တာပဲ။ တကယ်လို့ သူသာ ကျုပ်ကို တိုက်မယ်ဆို ကျုပ်လဲ ခံနိုင်မှာ မဟုတ်တာ သေချာတယ်။

ဒီလောက် အရေးကြီးတဲ့အချိန် ဖီးနစ်ငှက်အော်သံ ပြတ်ပြတ်သားသား ကြားလိုက်ရပြီး နဂါးဘုရင်နောက် ဆက်လိုက်မယ့် မိစ္ဆာဘုရင် တုန်လှုပ်သွားတယ်။ အနီရောင် ပုသဏ္ဍာန်တစ်ခုက လျှပ်တပျက်ရောက်လာပြီး လေပေါ်ပျံနေတဲ့ မိစ္ဆာတွေကို ချက်ချင်းကို တိုက်တော့တာပဲ။ အနီရောင်အလင်းတန်း ဖြတ်သွားတဲ့ လမ်းကြောင်း တလျှောက် မိစ္ဆာတွေ မရေတွက်နိုင်လောက်အောင်ကို သေကုန်ပြီး လမ်းကြောင်းက နဂါးဘုရင်ဘက်ကို ဦးတည်လာတယ်။ လေထုတောင် ပူလောင်နေသလိုပဲ။ တောက်ပတဲ့ အနီရောင်အလင်းတန်းအောက်မှာ နဂါးဘုရင် ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ သွေးထွက်ရပ်ပြီး ပြန်ကောင်းလာနေတယ်။ အာ.. မိတ်ဖက်တစ်ယောက် အချိန်ကောင်းမှာ ရောက်လာတာပဲ။ အဲ့ဒါ အရင်တုန်းက စစ်ဖုန့်ရီ သုံးလိုက်တဲ့ မီးဖိုနီကြီးပဲ။

မိစ္ဆာဘုရင်က..

“ဘာလဲ.. မင်းက ဒီလိုမျိုး အုတ်ရောရော ကျောက်ရောရောနဲ့ ဘာမဟုတ်တဲ့ ကိစ္စတွေမှာ ဝင်ပါချင်သေးတာလား..”

============= (*^*)=============

အပိုင်း( ၃၄၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters