မိစ္ဆာဘီလူးကြီး (၃)ကောင်ကို ချေမှုန်းခြင်း
Vol. 24 Ch. 346
Child of light (ကျန်းကုန်း)
Volume 12: Chapter 21 - Soloing the Three Great Monsters
ဖီနစ်ငှက်သည် (၃၃)မီတာကျယ်သော အတောင်ကို ခတ်၍ မီးတောက်ကြီးတစ်ခု ဖြန့်ကျက်ကာ..
“မိစ္ဆာဘုရင်.. နင် အရင်က ငါ့ခန္ဓာကိုယ်ကို တံဆိပ်ခတ်ပြီး နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့တာ… ဒီနေ့တော့ ပြန်ပေးဆပ်ရမယ့် အချိန်ရောက်ပြီ..”
ပြီးတော့ ကျုပ်ဘက်ကို လှည့်ပြီး မျက်လုံးထဲမှာလဲ စေတနာ အလင်းတန်းတွေနဲ့..
“ကလေး.. မင်း ငါ့အတွက် လုပ်ပေးခဲ့တာ ပြန်ပေးဆပ်ဖို့ အချိန်တန်ပြီလေ.. ငါပေးခဲ့တဲ့ ကတိ မမေ့ပါဘူး..”
ကျုပ်နှလုံးသား ပူလာပြီး ထပ်တောင် ကြားချင်နေသလိုပဲ။ ဖိအားကြီးတစ်ခု ကျုပ်အပေါ် ရောက်လာသလိုပဲ။ ကျာစစ်ခယ်လီသောင်ရဲ့ တိုက်ကွက်ကို တားဖို့ ဓားအမြန်ပြန်ရုတ်လိုက်ရတယ်။ အမှောင်ဓားနဲ့ အလင်းဓား ထိပ်တိုက်တွေ့သွားတော့ ကျာစစ်ခယ်လီသောင်နဲ့ ကျုပ်ခန္ဓာကိုယ်တွေ အပြင်းအထန် တုန်လှုပ်ပြီး နောက်ကို ကိုယ်စီလွင့်သွားရောပဲ။
ကောင်းကင်က ဖီနစ်ငှက်ကတော့ သူမျက်လုံးထဲမှာ မိစ္ဆာဘုရင်ကလွဲလို့ ကျန်တာတွေ ဘာမှ မမြင်တော့တဲ့ အတိုင်းပဲ။
“နဂါးဘုရင်.. ဒီနေ့တော့ ဒီမိစ္ဆာကို အတူတူ တိုက်ကြတာပေါ့.. ငါတို့ သေသေရှင်ရှင် ငါစွမ်းသမျှ လုပ်လိုက်တာပေါ့”
နဂါးဘုရင် ရယ်ရင်းနဲ့..
“ကောင်းပြီ ကောင်းပြီ… ညီနောင်ဖီးနစ် ငါတို့ မတွေ့ဖြစ်တာ အတော်ကြာပြီနော့.. နှစ်တွေတောင် ရာချီ လောက်ပြီ.. ဒီနေ့ နဂါးနဲ့ ဖီးနစ် ပေါင်းစပ်လိုက်ကြတာပေါ့..”
စကားဆုံးတာနဲ့ နဂါးဘုရင် ခေါင်းမော့ပြီး ပြတ်ပြတ်သားသား ကြည်ကြည်လင်လင်နဲ့ နဂါးဟိန်းသံ ထွက်လာတယ်။ သူ့ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းတွေ အပြင်းအထန် ထွက်လာတာဆိုတော့ ဒဏ်ရာ အပြင်းအထန် ခံနေရတဲ့ပုံ မပေါ်ဘူး။ သူ့ စွမ်းအား အရှိန်အဝါတွေ ကောင်းကင်တခွင့် ပျံ့နေရောပဲ။ နဂါးဘုရင်ဆိုလာ ဘာလဲဆိုပြီး ကမ္ဘာကြီးကို သက်သေပြနေသလိုပဲဗျို့။
ဖီနစ်ကလဲ ရယ်ပြီး တစ်ချက် အော်လိုက်တယ်။ မိုးကုတ်စက်ဝိုင်းထိအောင်ကိုပဲ ကောင်းကင်ယံမှာ နဂါးဟိန်းသံနဲ့ ဖီးနစ်အော်သံ ဆက်တိုက် ထွက်နေတယ်။ ဒီလိုမျို အခြေအနေတွေ ပြောင်းလဲသွားတော့ ကျုပ်လဲ ယုံကြည်ချက်တွေ တိုးလာတယ်။ ကျာစစ်ခယ်လီသောင်ရဲ့ အမှောင်မိစ္ဆာဓားကို ဆက်တိုက် တိုက်ခိုက်ဖို့ သန့်ရှင်းသောဓားကို အစွမ်းကုန် ထုတ်သုံးလိုက်တယ်။
မိစ္ဆာဘုရင်ရဲ့ အမူအရာ ဆက်တိုက် ပြောင်းလဲပြီး ရင်းရင်ဘတ်ရှေ့မှာ လက်နှစ်ဖက် ဆန့်ပြီး..
“နင်တို့ အားလုံး စုံပြီဆိုတော့ ငါ့စိတ်အလိုတွေ ချက်ချင်း ဖြည့်ရသေးတာပေါ့..”
စကားဆုံးတာနဲ့ သူကျောမှာ ဖြူပြာရောင် ဆံနွယ်အရှည်ကြီး တလွင့်လွင့်နဲ့ သူ့မျက်လုံးထဲကနေ မိစ္ဆာအနီရောင် အလင်းတန်းနဲ့အတူ ကြီးမားလွန်းတဲ့ နတ်ဆိုးအရင်းအမြစ်တစ်ခု သူ့ကျောပြင်ကနေ ထွက်လာတယ်။ စွမ်းအား ကြီးလွန်းတဲ့ မိစ္ဆာရောင်ဝါတွေ သူ့ကျောမှာ အပြည့်ပဲ။ မီးခိုးရောင် အရှိန်အဝါက နဂါးဘုရင်နဲ့ ဖီးနစ်ကနေ ထုတ်လွှတ်တဲ့ အရှိန်အဝါနဲ့ ဆန့်ကျင်ဘက်ပဲ။
“အား….”
ဒေါသတကြီးအော်သံ ဘယ်ကမှန်းမသိ ကြားလိုက်ရတယ်။ အရွယ်အစားအမျိုးအမျိုး ရှိတဲ့ ရွှေ၊ အနီရောင်နဲ့ မီးခိုးရောင်တွေ ဗဟိုတခုကနေ တပြိုင်တည်း ထါက်လာတယ်။ အဲ့ ပုံရိပ်(၃)ခု တောက်လျှောက်ကို ထိပ်တိုက်တွေ့နေတာ။ သူတို့ဆီကနေ ထွက်လာတဲ့ စွမ်းအားတွေကြောင့် ကျာစစ်ခယ်လီသောင်၊ ရှောင်ကျင်းနဲ့ သွေးမိစ္ဆာနဲ့ ကျုပ်တို့ အနည်းဆုံး (၁)ကီလိုမီတာလောက်ထိ တပြိုင်တည်း ဆုတ်ပေးလိုက်ရတယ်။ လက်ရှိ အခြေအနေအရဆို တိုက်ပွဲမှာ ဘယ်သူ အသာစီးရနေတယ်ဆိုတာ မြင်ရဖို့ အရမ်းခက်နေတုန်းပဲ။
ကျုပ်စွမ်းအားတွေ အကန့်အသတ်နဲ့ ထုတ်လွှတ်ပြီး ကျာစစ်ခယ်လီသောင်ကို အရူးအမူး တိုက်နေရတော့ သူတို့တိုက်ပွဲကို စိတ်မဝင်စားနိုင်ပါဘူးဗျာ။ တောက်ပနေတဲ့ သန့်ရှင်းသောဓားက အရိုင်းဆန်တဲ့ အမှောင် မိစ္ဆာဓားနဲ့ ဆက်တိုက် ထိတွေ့နေတော့တာပေါ့။ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားတွေ ကောင်းကင်တခွင် ပျံ့သွားတော့တာပဲ။
သန့်ရှင်းသောဓားဆိုတာ နတ်ဘုရား မျိုးနွယ်မှာ ထိပ်တန်း နတ်ဘုရား လက်နက်ဆိုတော့ အမှောင်မိစ္ဆာဓား ဘယ်လိုလုပ် ခံနိုင်မှာတဲ့တုန်း။ တစ်လက်နဲ့တစ်လက် ထိချက်တွေကနေ အမှောင်မိစ္ဆာဓားပေါ်မှာ အက်ရာ လေးတွေ တဖြည်းဖြည်း ပေါ်လာတယ်။ ဒါပေမယ့် ကျာစစ်ခယ်လီသောင်ကတော့ နတ်ဆိုးစွမ်းအားတွေ ဆက်တိုက်ကို အပြင်းအထန် ဖြန်ကျက်နေတာဆိုတော့ သူဂရုမစိုက်ပါဘူးလေ။
ကျုပ် ခန္ဓာကိုယ်က နတ်ဘုရားစွမ်းအားတွေ ထူးထူးခြားခြားကိုပဲ စိတ်လှုပ်ရှားနေပုံပဲ။ ကျုပ်ကျောက အလင်း အတောင်ပံ(၆)ခုကနေ ပတ်ဝန်းကျင်က သဘာဝစွမ်းအားတွေကို ဆက်တိုက် စုပ်ယူနေတယ်။ မြစ်ကြီး တစ်စင်းလို စွမ်းအားတွေက ကျုပ်ခန္ဓာကိုယ်ထဲကို ဆက်တိုက်ဝင်နေတာဆိုတော့ ကျုပ်ရဲ့ အထွတ်အထိပ် အခြေအနေကို ထိန်းထားနိုင်တာပေါ့။ ဓားချက်တွေ တစ်ချက်ပြီးတစ်ချက် ခုတ်လိုက်တာပေါ့။ အချိန်ကြာလာ တာနဲ့အမျှ ကျာစစ်ခယ်လီသောင်နဲ့ ဟယ်အာယွဲ့တိ တို့ရဲ့ ပေါင်းစပ်ခန္ဓာကိုယ်ကနေ စွမ်းအားတွေ တဖြည်းဖြည်း လျော့လာပြီး ကျုပ်တိုက်ကွက်တွေက်ို ခံနိုင်ရည် မရှိတော့ဘူး။ ခန္ဓာကိုယ်က ဆက်တိုက် နောက်ဆုတ်နေရတယ်။ အမှောင်မိစ္ဆာဓားပေါ်က အက်ကြောင်းတွေလဲ ပိုကြီးလာပြီ။
ကျာစစ်ခယ်လီသောင် သူ့စွမ်းအားတွေကို ဘယ်ဘက်လက်ထဲမှာ ဝေ့ဝဲစုစည်းပြီး ရုတ်တရက် ရှေ့ကို တွန်းထုတ်လိုက်တော့ သူ့မှာ အားနည်းချက်တစ်ခု ပေါ်လာတယ်။ အနက်ရောင် မြူခိုးတွေ ထုတ်ဖို့ ပါးစပ်နဲ့ မှုတ်ထုတ်လိုက်တယ်။ မြူနက်တွေက ထူးဆန်းတဲ့ စွမ်းအားနဲ့ တွေ့ပြီး အနက်ရောင် အလင်းတန်းတွေ ပိုတောင် ပြင်းထန်လာသေးတယ်။ အနက်ရောင် မြူခိုးပုံစံ အရိုး (၁၀)ချောင်းကျော် ကျုပ်ဆီ ဦးတည်လာတယ်။ သူ သေလုနီးပါး ဖြစ်နေပြီဆိုတာ သိတာတောင် ခုခံချင်နေသေးတာကိုး။ ကျုပ်လဲ ခန္ဓာကိုယ်ရှေ့က သန့်ရှင်းသောဓား ကိုပဲသုံးလိုက်တာပေါ့။ ငွေရောင်အလင်းတွေ ရုတ်တရက် ထွက်လာတယ်။ သူ့အရိုးတွေမှာတောင် အလင်းတန်းတွေ ဖုံးနေသလိုပဲ။ အရိုးတွေက မြင့်မြတ်အလင်းတွေကို ခုခံနေသလိုပဲ။ ဒါပေမယ့် ကျုပ် ဘယ်လိုလုပ် ခွင့်ပြုမှာတုန်း။ သန့်ရှင်းသော အလင်းတန်းရဲ့ ပြင်းထန်စွမ်းအားတွေကို ထိန်းသိမ်းနိုင်အောင် နတ်ဘုရား အစောင့်နဲ့ သန့်ရှင်းသောဓားထဲကို စွမ်းအားတွေ ဆက်တိုက် ထိုးထည့်ပေးလိုက်တယ်။
နောက်ဆုံး ပုံမှန်မဟုတ်တဲ့ အော်သံတွေ ကြားလိုက်ရပြီး အရိုးတွေအကုန် ပျောက်သွားတယ်။ ကျာစစ်ခယ်လီသောင် သူ့ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တုန်ခါနေတဲ့အပြင် ဒဏ်ရာအပြင်းအထန်ရသွားပြီ။ အဲ့အခွင့်အရေး ဘယ်လက်လွတ်ခံလိမ့်မတုန်း။ ကျုပ်ခန္ဓာကိုယ်ကို ဓားထောက်ရပ်ပြီး နောက်တစ်ချက် ခုတ်ချလိုက်သည်။ ဓားကနေ ငွေရောင်အလင်းတန်းတွေ ရုတ်တရက် ထွက်သွားတယ်။ ကျုပ်စွမ်းအားတွေအားလုံး သန့်ရှင်းသောဓားထဲမှာ စုပေးလိုက်တာလေ။
ကျာစစ်ခယ်လီသောင် မျက်လုံးထဲမှာ အကြောက်တရားတွေ ပေါ်လာတယ်။ သူ့အမှောင်မိစ္ဆာဓားကို လက်နှစ်ဖက်နဲ့ ခပ်ကြမ်းကြမ်းမြှောက်ရင်း ကျုပ်ဆီ ပြေးဝင်လာတယ်။ နောက်ဆုံးအချိန် ရောက်ပြီဆိုတော့ ကျုပ်လဲ ဘာလို့ စွမ်းအား ချန်နေအုံးမှာလဲ။ ကြွေးကြော်သံတစ်ခုနဲ့အတူ ကျုပ်လက်ထဲက သန့်ရှင်သောဓားကနေ စွဲမက်စရာ အလင်းတန်းတစ်ခုနဲ့အတူ အမှောင်မိစ္ဆာဓာကိုပါ သိမ်းခုတ်ချလိုက်တယ်။ ဓား ဓားချင်း ထိပ်တိုက် တွေ့တော့တာပေါ့ဗျာ။ ကျာစစ်ခယ်လီသောင်နဲ့ အနီးကပ် တိုက်ရတာလေ။ အပြန်အလှန် ဖိအားတွေ ပေးရင်း အမှောင်မိစ္ဆာဓားလဲ သန့်ရှင်းသောဓားရဲ့ စွမ်းအားအောက်မှာ တဖြည်းဖြည်း ပျက်စီးလာပြီ။
“ငရဲသာ သွားလိုက်တော့..”
ကျုပ်လဲ ဒေါသတကြီး အော်ရင်း သန့်ရှင်းသောဓားကို အကန့်အသတ်ထိ မြှင့်လိုက်တယ်။ အမှောင်မိစ္ဆာဓားက မိစ္ဆာအငွေ့အသက်တွေ တဖြည်းဖြည်း မှိန်သွားတယ်။ အခုဆို ကျုပ်က ကျာစစ်ခယ်လီသောင်ရဲ့ ကျောဘက်မှာ ရောက်နေတယ်။ သူ့ခန္ဓာကိုယ်ကြီး အဲ့နေရာမှာ အသံတိတ်ပျံနေသလိုပဲ။ အချိန်တွေလဲ ရပ်သွားသလိုပဲ။
“အုန်း…..”
ကျာစစ်ခယ်လီသောင် ပိုင်ထားတဲ့ နတ်ဆိုးစေနတ်ရဲ့ ခန္ဓာကိုယ် လုံးဝ ပွင့်ထွက်သွားတယ်။ အစိမ်းရောင် မြူခိုးတစ်ခု သူ့ခန္ဓာကိုယ်ထဲက ထွက်လာပြီး ရှောင်ကျင်းကို တိုက်ခိုက်နေတဲ့ ခယ်အံသဲအာကျ်ိ ဆီကို ဦးတည်သွားရော။ ကျာစစ်ခယ်လီသောင်ရဲ့ ခန္ဓာကိုယ်ကို သန့်ရှင်းသောဓားနဲ့ ပိုင်းလိုက်တော့ သူ့ဝညာဉ်ပါ ချေမှုန်းခံလိုက်ရတာ သေချာသိလိုက်တယ်။ နတ်ဆိုးဘုရင်စေတန်ရဲ့ ခန္ဓာကိုယ်ထဲမှာ သူ့ဝိညာဉ်မရှိတော့ စုန်းမိစ္ဆာ ဟာအာယွဲ့တိရဲ့ ဝိညာဉ်လဲ အပြင်းအထန် ဒဏ်ရာရသွားပုံပဲ။ အခု ကျုပ်ဆီကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မီးခိုးရောင် အခိုးအငွေ့တွေပေါ့ဗျာ။ ဟာအာယွဲ့တိ က သွေးနတ်ဆိုး ခယ်အံသဲအာကျိ ခန္ဓာကိုယ်နဲ့ နောက်တစ်ကြိမ် ပေါင်းဖို့ ကြိုစားနေတာလေ။ ဘယ် အဖြစ်ခံမှာလဲ။
============= (*^*)=============
အပိုင်း( ၃၄၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား