ထာဝရ ပြန်လည်ကုသရေး အလင်း
Vol. 24 Ch. 347
Child of light (ကျန်းကုန်း)
Volume 12: Chapter 22 - Eternal Recovery Light
ဓားကို လေထဲမှာ တစ်ချက်လှည့်ပြီး လက်နှစ်ဖက်နဲ့ ကိုင်ထားလိုက်တယ်။ ကျုပ်လက်ထဲမှာ ရွှေရောင်အလင်းတန်းကြီး တစ်ခု ပေါ်လာတယ်။
“သွားတော့..”
ပေါ့ပေါ့ပါးပါးနဲ့ လက်တစ်အလှုပ်မှာ ရွှေရောင် တောက်ပြီး ထွက်ပြေးသွားတဲ့ စုန်းမိစ္ဆာ ဟာအာယွဲ့တိဆီ တိုးဝင်သွားတယ်။ ဟာအာယွဲ့တိရဲ့ ပုံစံပြောင်းသွားတဲ့ မီးခိုးရောင်မြူခိုးတွေ ဆီရောက်သွားပြီး လေထဲမှာ ရုတ်တရက် ရပ်သွားတယ်။ ရွှေရောင် အမှုန်အမွှားတွေ မြူခိုးထဲမှာ တောက်ပလာတယ်။ အထဲက ရွှေရောင်အလင်းတန်းတွေ တဖြည်းဖြည်း တောက်ပလာတယ်။ ဟယ်အာယွဲ့တိ ရဲ့အော်သံတွေ မြူခိုးထဲကနေ ထွက်လာတယ်။
“ဖူး……”
အနက်ရောင် မြူခိုးတွေ ရွှေရောင်အလင်းတန်းကြောင့် ပျောက်သွားရော။ အချိန် တခနလေးနဲ့ မိစ္ဆာဘီလူးကြီး (၂)ကောင် ကျုပ်သတ်ပစ်လိုက်ပြီးသွားပြီပဲ။
တိုက်ပွဲဝင်နေဆဲ ဖြစ်တဲ့ မိစ္ဆာဘုရင်၊ နဂါးဘုရင်နဲ့ ဖီးနစ် ကိုကြည့်လိုက်မိတယ်။ သူတို့တွေက ဦးဆောင် တိုက်ပွဲဝင်သူတွေဆိုတော့ ကြည့်ယုံနဲ့တင် ရလဒ် သေချာ မသိရဘူး။ ကျုပ်လဲ ပြန်ကုစားဖို့ အချိန်မရသေးတော့ သန့်ရှင်းသောဓားကို ပြန်ဆွဲကိုင်လိုက်တယ်။ သွေးမိစ္ဆာ ခယ်အံသဲအာကျိ နဲ့ ရှောင်ကျင်းတို့ တိုက်ပွဲကို ဦးတည်ပြီး ကျုပ်ခန္ဓာကိုယ်က ငွေရောင် အလင်းတန်း တစ်ခု ဖြစ်သွားတယ်။ နဂါးဘုရင်ကို မကူညီခင် သူနဲ့အရင် တိုက်မှ ဖြစ်မယ်။ အောင်ပွဲ အရိပ်အခြေတွေ ကျုပ်တို့ဘက်မှာ မြင်လာရပြီ။ ပျောက်နေတဲ့ ယုံကြည်မှုတွေလဲ ပြန်ရလာတယ်။
သွေးမိစ္ဆာ ခယ်အံသဲအာကျိလဲ သူ့အတွက် အန္တရာယ်ရှိလာပြီလို့ ခံစားမိလိုက်တယ်ထင်တယ်။ လက်သီးကို ကျစ်ကျစ်ဆုပ်ထားတယ်။ သွေးမြူခိုးတွေနဲ့ ရှောင်ကျင်းရဲ့ ရွှေရောင် အလင်းတန်းတွေ အချင်းချင်း အပြင်းအထန် ထိပ်တိုက်တွေ့နေလေရဲ့။ သူတို့ ခန္ဓာကိုယ်တွေကလဲ လေထဲမှာ တဝုန်းဝုန်း ဖြစ်နေကြတာပေါ့ဗျာ။ ကျုပ်ကျောပြင်မှာ အတောင်(၆)ခု ဖြန့်ထားလို့ သူလန့်သွားတယ်။ သန့်ရှင်းသောဓား ကျုပ်လက်ထဲကနေ ခယ်အံသဲအာကျိဆီကို တခမ်းတနားကြီး ဝေ့ဝိုက် ဝင်သွားတယ်။ သန့်ရှင်းသောဓားက သွေးမိစ္ဆာ ပြေးလမ်းမှန်သမျှ ပိတ်ထားပြီး နတ်ဘုရားအရှိန်အဝါတွေနဲ့ ထုတ်လွှတ်နေလေရဲ့။ ငွေရောင်အလင်းတန်းရဲ့ ထိပ်ဖျားက သွေးမြူခိုးတွေကို ခေါင်းတည်ထားတယ်။
“သေစမ်း….”
ကျုပ်လဲ ဓားရိုးကို လက်နှစ်ဖက်နဲ့ ပြန်ဖမ်းကိုင်လိုက်ပြီး အစွမ်းကုန် တိုက်ကွက်ထုတ်လိုက်တယ်။ ရွှေရောင်အလင်းတန်းတွေ ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားရော။ သွေးမြူခိုးတွေ သန့်ရှင်းသောဓားကို မတားနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်ထဲကို စူးစူးနစ်နစ် ထိုးဖော်သွားလိုက်တာများ ကောင်းကင်ကြီးတောင် တုန်မတတ် အော်ငြီးသံကြီး ကြားလိုက်ရတော့တာပဲ။
“အရှင် မိစ္ဆာဘုရင် ငါ့အတါက် လက်စားချေလိမ့်မယ်….”
ခယ်အံသဲအာကျိ ဒေါသတကြီး ပြောရင်း သူ့ရင်ဘတ်သူ ထုလိုက်တယ်။
“အုန်း……”
သူ့ကိုယ်သူ ဖျက်ဆီးဖို့ မထင်မှတ်ဘဲ ရွေးသွားတာဗျ။ သွေးနတ်ဆိုး ပျောက်သွားတော့ ကျုပ်လဲ စွမ်းအား လှိုင်းလုံးကြီးကြောင့် လွှင့်သွားတော့တာပဲ။ စွမ်းအားတွေ တော်တော်များများ သုံးလိုက်ရလို့ ကျုပ်ခန္ဓာကိုယ်က နတ်ဘုရားစွမ်းအားတွေတောင် တောက်လောင်တုန်ခါပြီး သွေးတစ်ပွက်အံလိုက်ရတယ်။ ခန္ဓာကိုယ်က ထုတ်လွှတ်နေတဲ့ ရွှေရောင် အရှိန်အဝါတွေလဲ နည်းနည်းလေး မှိန်ဖျော့သွားတယ်။
ကျုပ် ပြန်ကုစားဖို့ အချိန်မရှိသေးဘူး။ ခန္ဓာကိုယ်ကို ငြိမ်အောင် ထိန်းပြီးတာနဲ့ ရှောင်ကျင်း အနား ပြေးသွားလိုက်တယ်။ ကျုပ်ရဲ့ မြင့်မြတ်စွမ်းအားတွေနဲ့ ရှောင်ကျင်း ခန္ဓာကိုယ်ကို ဖုံးရင်း သန့်ရှင်းသောဓား စွမ်းအား သုံးလိုက်တယ်။ နောက်ဆုံးတော့ ကျုပ်အကူအညီနဲ့ ရှောင်ကျင်းရဲ့ခန္ဓာကိုယ်က အဆိပ်သင့်သွေးအမှုန်အမွှားတွေ ထွက်လာတယ်။ အားနည်းသွားပေမယ့် သူကောင်းကောင်း နေကောင်းတယ်ဆိုတာ ကျုပ်သိလိုက်ရတယ်။
“ရှောင်ကျင်း. သွားအနားယူလိုက်.. ကျန်တာတွေကို ချေမှုန်းဖို့ မင်းအဖေ နဂါးဘုရင်ကို ငါသွားကူလိုက်အုံးမယ်..”
အမောတကော အသက်ရှူရင်း ရှောင်ကျင်းကို ညွှန်ကြားလိုက်တာလေ။
ရှောင်ကျင်း စိုးရိမ်တကြီးနဲ့…
“သခင်.. မင်း ဂရုစိုက်နော်..”
ကျုပ်လဲ ပြန်ပြုံးပြပြီး..
“စိတ်မပူနဲ့.. ဒီ သတ္တဝါယုတ်တွေ ငါတို့ကို ဘယ်တော့မှ မနိုင်စေရဘူး..”
စကားဆုံးတာနဲ့ သန့်ရှင်းသောဓားကို လက်နှစ်ဖက်နဲ့ ကိုင်မြှောက်ရင်း မိစ္ဆာဘုရင်ကို တိုက်ခိုက်နေတဲ့ နဂါးဘုရင်နဲ့ ဖီနစ်ဘက် ဦးတည်သွားလိုက်တယ်။
အဲ့အချိန်မှာ နဂါးဘုရင် ဒေါသထွက်နေတဲ့ပုံပဲ။ အရိပ်(၃)ခုထဲကနေ ညည်းတွားသံ တစ်ခု ထွက်လာတယ်။ မီးခိုးရောင် စွမ်းအားလုံးတစ်ခု လျှပ်စီးလက်သလို ထွက်တာလာ။ ကျုပ် တော်တော် လန့်ပြီး မိစ္ဆာဘုရင်ကိုတောင် တိုက်ဖို့ စိတ်မကူးနိုင်တော့ဘူး။ ကျုပ်ရှေ့မှာ အလင်းဒိုင်း အခိုင်အမာချဖို့ပဲ အားစိုက်လိုက်ရတော့တယ်။ မိစ္ဆာဘုရင်ရဲ့ စွမ်းအားကို ကျုပ်သိတာပေါ့။ သူ့စွမ်းအား ပြင်းပြင်းတွေကို ကျုပ်ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။
မီးခိုးရောင် စွမ်းအင်လုံးကြီးကတော့ စွမ်းအားအပြည့်နဲ့ ကျုပ်နားကို အမြန်ဆုံးရောက်လာတယ်။ ချက်ချင်း ဖြေရှင်းရမယ်ဆိုတာ တွေးမိတော့ ကျုပ်ရဲ့ အထွတ်အထိပ်အနေအထား ရောက်အောင် စွမ်းအားတွေ တိုးမြှင့်ဖို့ ကြိုးစားတဲ့အခါ မီးခိုးရောင်စွမ်းအင်လုံးက ရုတ်တရက် အောက်ဘက် ထိုးဆင်းသွားတယ်။ လျှပ်စီးခံတပ်ကို ဦးတည်သွားတာနဲ့အမျှ နှစ်ခါတောင် အမြန်ဆုံး နေရာရွှေ့လိုက်ရတယ်။ လေထဲကို ပစ်လွှတ်လိုက်တဲ့ စွမ်းအား အမှားကြောင့် ချက်ချင်း သွေးအံလိုက်ရသေးတယ်။ မီးခိုးရောင် စွမ်းအင်လုံးကြီး ခံတပ်ကို သွားနေတာ ကြည့်နေလိုက်ရတော့တယ်။
“မဟုတ်ဘူး….”
အဖျက် စွမ်းအားပြင်းလွန်းလှတဲ့ စွမ်းအင်လုံးကြီး ခံတပ်ကို တည့်တည့် ထိသွားတယ်။ ခိုင်မာပါတယ်ဆိုတဲ့ ခံတပ်ကြီး တုန်ခါသွားတာပဲ။ ခံတပ်အလယ်မှာ အပေါက်ကြီး တစ်ပေါက် ပေါ်လာတယ်။ မိစ္ဆာဘုရင်ရဲ့ လျှပ်တပျက် တိုက်ကွက်ကြောင့် အနည်းဆုံး လူပေါင်း (၁၀၀၀)လောက် အသက်ဆုံးရှုံးသွားရတယ်။ မိစ္ဆာတွေ စိတ်လှုပ်ရှားတကြီးနဲ့ ခံတပ်ဆီကို ဦးတည်ပြီး အရှိန်အဟုန်နဲ့ တိုးသွားတာပေါ့။ သူ့တို့ ဦးတည်ရာက စောစောက ပွင့်ထွက်သွားတဲ့ အပေါက်ကြီးဆီကိုလေ။ ရုတ်တရက် ပေါက်ကွဲမှုကြောင့် လူသားတွေ အံ့အားသင့် နေတုန်းဆိုတော့ ခုခံစွမ်းအား ကျဆင်းသွားတဲ့အချိန် မိစ္ဆာတွေ အခွင့်ကောင်းယူပြီး ခံတပ်ထဲကို ခနလေးနဲ့ ဝင်နိုင်သွားတာပေါ့။
မိစ္ဆာဘုရင်ဆီကို ချေမှုန်းဖို့ မသွားနိုင်တော့ဘူး။ ကျုပ်လဲ မျက်လုံးတွေ သွေးလိုရဲရဲနီရင်း ခံတပ်ဆီ အရောက်သွားလိုက်ရတော့တယ်။ မီးခိုးရောင် စွမ်းအင်လုံးကြီး ပေါက်ကွဲသွားတဲ့အချိန် လူသား စစ်သည်တော်တွေရဲ့ မျက်လုံးထဲမှာ စိတ်ပျက်အားငယ်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေ ကျုပ်သေချာ မြင်လိုက်ရတယ်။ မိစ္ဆာတွေကို သေချာပေါက် အောင်မြင်ခွင့် ပေးလို့မရဘူးလေ။ ကျုပ်သာ ရှေ့ကနေ မဟန့်တားရင် ခံတပ် ဘယ်လိုမှ ထိန်းနိုင်မှာ မဟုတ်တော့ဘူး။ ငွေရောင်အရှိန်အဝါတွေ နဲ့ သန့်ရှင်းသောဓားကို ကိုင်ပြီး အထက်ကနေ မိုးခုတ်ချလိုက်သည်။ တွင်းထဲကထွက်လာတဲ့ မိစ္ဆာတွေဆိုတာ မိစ္ဆာဘီလူးတွေနဲ့ နှိုင်းယှဉ်လို့ မရတော့ ကျုပ်တိုက်ကွက်အောက်မှာ ပြာတွေ ဖြစ်သွားတော့တယ်။ သွေးရောင်မျက်လုံးနဲ့အတူ ငွေရောင် အလင်းဓားချက်တွေ ဆက်တိုက် ထုတ်နေမိတော့တာပဲ။ ကျုပ် ဆက်တိုက် တိုက်ခိုက်မှုနဲ့ သေကြေ ဒဏ်ရာရတဲ့ မိစ္ဆာတွေ အများကြီး ပေါ်လာတော့တာပဲ။ ခံတပ်ရှေ့က မြေပြန့်မှာ အချိန်တိုအတွင်း အကုန်အသတ်ခံရတော့တာပဲ။ သန့်ရှင်းသောဓားအောက်မှာ မရေမတွက်နိုင်တဲ့ မိစ္စာတွေ အသက်ဆုံးကုန်ကြတယ်။
နဂါးဘုရင်နဲ့ ဖီးနစ်ဆီကနေ ဒေါသတကြီး အော်သံတွေ ကြားနေရတယ်။ မိစ္ဆာဘုရင်ရဲ့ တိုက်ကွက်တွေကို သိပ်ပြီး ခံနိုင်ရည်မရှိတော့ဘူးဆိုတာ ကျုပ်သေချာ သိနေပေမယ့် ခံတပ်ကနေလဲ ခွာလို့ရမသေးဘူး။ ကျုပ်ဘာလုပ် သင့်လဲ။ စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာတာနဲ့ မိစ္ဆာတွေကို ဟန့်တားထားရင်းနဲ့..
“အို လင်းရောင်ခြည်… သင့်မှာ အကန့်သတ်မဲ့ စွမ်းအားတွေ ရှိတယ်.. သင့်ရှေ့မှာ အမှောင်ဆိုတာ ဘာမှ မဟုတ်တော့ဘူး.. မိုးကုတ်စက်ဝိုင်းအထိရောက်မယ့် ပြန်လည်ကုသရေး အလင်းရောင်ခြည်.. ကမ္ဘာကြီးပေါ် ဆင်းသက်လို့ ကျုပ်အတွက် ကန့်သတ်မဲ့ ပြန်လည်ကုသရေးအလင်းတောင် ထုတ်ပေးပါလော့.. ဝေဒနာတွေ ကုစားလို့ ဆင်းရဲဒုက္ခအားလုံးကို ပယ်ပျောက် ကင်းဝေးပါစေ… တားမြစ် ထာဝရ ပြန်လည်ကုသရေး အလင်း”
မြင်သာတဲ့ အလင်းအစက်အပြောက်တွေ ကျုပ်ကို ဗဟိုချက်အဖြစ် အဆက်မပြတ် စုစည်းလာတယ်။ အလင်း ပင်လယ်ကြီးထဲမျာ ရေချိုးနေရသလို ခံစားလိုက်ရတယ်။ ရှင်းပြလို့ မရအောင်ကို ခံစားလို့ကောင်းတာ။ အလင်း အမှုုန်အမွှားတွေအားလုံး ကျုပ်အမိန့်အတိုင်း နားထောင်ရင်း စိတ်တွေကြည်လာတယ်။ ကျုပ်ခြေထောက် အောက်မှာ ရွှေရောင် ဆဋ္ဌဂံကြီး ပေါ်လာတော့ မှောင်မဲနေတဲ့ ကောင်းကင်ကြီး ချက်ချင်းကို လင်းထိန်သွားတယ်။
============= (*^*)=============
အပိုင်း( ၃၄၈ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား