← Chapters

ဖီးနစ်နှင့် နဂါးစွမ်းအား

Vol. 24 Ch. 349

ဖီးနစ်နှင့် နဂါးစွမ်းအား

Vol. 24 Ch. 349

Child of light (ကျန်းကုန်း)

Volume 12: Chapter 24 - Might of the Phoenix and Dragon

တချိန်တည်းမှာပဲ ဖီးနစ်က သူ့ခန္ဓာကိုယ်အရွယ်အစား ထက်ဝက်လောက် ထပ်လျော့ချပြီး နဂိုကထက် (၄)ပုံ(၁)ပုံ ဖြစ်သွားတယ်။ ထူးဆန်းတဲ့ အနီရောင်ဖျော့ဖျော့ကနေ ကြီးမားလွန်းတဲ့ စွမ်းအားတွေ ထုတ်လွှတ်နေလေရဲ့။ ပတ်ဝန်းကျင်က အပူချိန်ကလဲ ဆက်တိုက်တိုးလာနေတယ်။

“ကောင်းကင်ယံက ဖီးနစ်အက”

စွမ်းအားတွေကနေ အနက်ရောင် ဖီးနစ်ကြီးတစ်ကောင် ပေါ်လာတယ်။ ပတ်ဝန်းကျင်က လေထုလဲ ရုတ်တရက် ပူလာလိုက်တာများဗျာ။ သူနဲ့ ကျုပ်ကြားမှာ တော်တော် ကွာသေးတဲ့အပြင် မြင့်မြတ်စွမ်းအားတွေနဲ့ ထပ်ဆင့်ကာကွယ်ထားတာတောင် အကူရှိန်တွေ ခံစားနေရတုန်းပဲ။

မိစ္ဆာဘုရင်ရဲ့ စွမ်းအားတွေလဲ အကန့်အသတ်ထိ ရောက်သွားပုံပဲ။ မီတာ(၁၀၀)လောက်မြင့်တဲ့ မီးခိုးရောင် လေဆင်နှာမောင်းက ကျုပ်တို့ဘက် ရွှေ့လာတယ်။ ဆိုးယုတ်လွန်းတဲ့ အငွေ့အသက်တွေ ဆက်တိုက်ထွက်လာတယ်။ မြေပြင်နဲ့ ကောင်းကင်က မိစ္ဆာတွေ ထာဝရပြန်လည် ကုသရေးအလင်းရောင်ရဲ့ ကာကွယ်မှုဆုံးသွားတော့ ခံတပ်ဆီကို အရူးအမူး ထိုးဝင်တိုက်ကုန်ကြရော။

နဂါးဘုရင်၊ ဖီးနစ်နဲ့ ကျုပ်တို့တွေ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး လှမ်းပစ်လိုက်တယ်။

“အား…….”

သန့်ရှင်းသောဓားက တားမြစ်အလင်း၊ အနဂါးဘုရင်ရဲ့ တိုက်ပွဲနဂါးနဲ့ ကောင်းကင်ယံမှ ဖီးနပ်ကခုန်ခြင်းတွေက ငွေရောင်၊ ရွှေရောင်၊ အနီရောင် အသီးသီးနဲ့ မီးခိုးရောင် လေဆင်နှာမောင်းဆီ တိုးဝင်သွားကြတော့တယ်။

နတ်ဘုရားစွမ်းအားတွေ အားလုံးနီးပါး ကုန်သွားတဲ့အတွက် ဖျက်ဆီးခြင်းအလင်း တိုက်ကွက် ထုတ်ပြီးတာနဲ့ ကျုပ်ခန္ဓာကိုယ်လဲ ပျော့သွားတဲ့ပုံပဲ။ နဂါးဘုရင်ရဲ့ သူ့ကျောပေါ်ကျအောင် ထိန်းပေးထားတယ်။ နဂါးဘုရင်နဲ့ ဖီးနစ်တို့ အခြေအနေလဲ ကျုပ်လိုပါပဲ။ ဖီးနစ်လဲ နဂါးဘုရင်နား လာနေလိုက်တယ်။ ကျုပ်တို့ ပစ်လွှတ်လိုက်တဲ့ အပြင်းထန်ဆုံး တိုက်ကွက်ရဲ့ ရလဒ်ကို မှော်လင့်တကြိး ကြည့်နေကြတာပေါ့။

ဖျက်ဆီးခြင်းအလင်း၊ တိုက်ပွဲနဂါး၊ ကောင်းကင်ယံမှ ဖီးနစ်ကခုန်ခြင်း တွေ လေဆင်နှာမောင်းကြီးဆီ တစ်ပြိုင်တည်း ဝင်သွားတော့ လောကကြီး ငြိမ်သွားသလိုပဲ။ မိစ္ဆာဘုရင် ပစ်လိုက်တဲ့ လေဆင်နှာမောင်းကြီးလဲ မလှည့်တော့ဘဲ ငြိမ်သွားတယ်။

ရုတ်တရက် ဖီးနစ်အော်သံ ပေါ်လာတယ်..

“မကောင်းတော့ဘူး.. နောက်ဆုတ်ကြ…”

သူ နဂါးဘုရင်ကို ဆွဲခေါ်ရင်း ခံတပ်ဘက်ကို တဟုန်ထိုး ပျံသွားလိုက်တယ်။

အသံတွေ ပျောက်နေရာကနေ ပုံမှန်ပြန်ဖြစ်သွားပေမယ့် ကျုပ်တို့ နောက်မှာ မျှော်လင့်မထားတဲ့ လှိုင်းလုံးကြီးတစ်ခု ထွက်လာပြီး ကျုပ်တို့ (၃)ယောက်စလုံးကို ကောင်းကင်ပေါ်ထိ တွန်းထုတ်လိုက်ပါလေရော။ ဖီးနစ်နဲ့ နဂါးတို့တွေ စွမ်းအင်လှိုင်းလုံးကြီးရဲ့ သက်ရောက်မှုကို ကာကွယ်ဖို့ သူတို့ခန္ဓာကိုယ်တွေကို သုံးလိုက်ကြတယ်။ ခပ်ပါးပါးလောက်လေး ဒဏ်ထိသွားတယ်ဆိုတာတောင် သေးအံလိုက်ရသေးတယ်ဗျာ။ ကျုပ်ရဲ့ အလင်းအတောင်ပံတွေ ပတ်ဝန်းကျင်က အလင်းဓာတ်တွေ ဆက်တိုက်ဆုတ်ယူနေလို့သာမဟုတ်ရင် ကျုပ်ဖြင့် ထိန်းထားနိုင်မယ်တောင် မထင်ဘူး။

ကျုပ်တို့တွေ ဘယ်လောက်ထိ လွင့်သွားမှန်းမသိပေမယ့် နောက်ဆုံးတော့ ထိန်းနိုင်သွားတယ်။ နဂါးဘုရင်ရဲ့ ဒဏ်ရာ ဘယ်လောက်ပြင်းလဲဆို ဖီးနစ်သာထိန်းမထားရင် ကောင်းကင်ပေါ်က ပြုတ်ကျသွားလောက်တဲ့ အခြေအနေဆိုတော့ သူက ဒဏ်ရာအပြင်းဆုံးပေါ့။

နဂါးဘုရင်က..

“ကျန်းကုန်း… ငါတို့တွေ မင်းကို ထပ်မကူညီနိုင်တော့ဘူး.. အရာအားလုံး မင်းအပေါ် မူတည်သွားပြီ..”

ကျုပ်လဲ တော်တာ်လေး စိတ်ပူသွားပြီး..

“ဦးလေး နဂါးမင်း .. ဒဏ်ရာတော်တော် ပြင်းသွားလား..”

နဂါးဘုရင် သူ့ဘေးနားက အရှိန်အဝါ ခပ်မှိန်မှိန်ဖြစ်နေတဲ့ ဖီးနစ်ကို ကြည့်ပြီး..

“စိတ်မပူပါနဲ့ ဒီနေရာမှာ မသေနိုင်ပါဘူးလေ.. အနေအထားအရ ဖီးနစ်နဲ့ ငါ မသေနိုင်ပေမယ့် လူသားမျိုးနွယ်ကိုတော့ နောင်နှစ်ပေါင်း (၁၀၀)လောက်ထိ ဆက်မြင်နိုင်ပါ့မလား ဆိုတာတော့ သံသယ ဝင်မိနေတယ်.. ကျန်းကုန်း မင်းပြန်သွားရင် ဖီးနစ်နဲ့ငါ ပြန်ကုစားဖို့ ထွက်သွားနှင့်ပြီလို့ ရှောင်ကျင်းကို ပြောလိုက်.. မင်းသာ မိစ္ဆာမျိုးနွယ်ကို တကယ်ကြီး သုတ်သင်နိုင်ပြီဆိုရင် သူ့ကို ငါ့အစား နဂါးမျိုးနွယ်ကို အုပ်ချုပ်ခိုင်းလိုက်.. ကြိုးစားနော် ကလေး.. မင်းသေချာပေါက် အောင်မြင်မယ်လို့ ငါယုံတယ်.. ငါတို့ နှစ်ယောက်စလုံး တိုက်ခိုက်စွမ်းအားတွေ ဆုံးရှုံးသွားပေမယ့် တိုက်ပွဲက ထွက်လာမယ့် စွမ်းအားတွေကိုတော့ ခံနိုင်မှာ မဟုတ်တော့ဘူး.. မိစ္ဆာဘုရင်လဲ ဒဏ်ရာအပြင်းအထန် ရသွားမှာ သေချာတယ်.. ငါတို့လောက် ဒဏ်ရာ မပြင်းထန်ပေမယ့် မင်းနောက်ထပ် တိုက်မယ့် တိုက်ပွဲမှာတော့ အကျိုးရှိမှာ သေချာတယ်.. စိတ်မကောင်းပါဘူးကွာ.. ငါတို့ သွားနှင့်တော့မယ်..”

စကားဆုံးတာနဲ့ နဂါးဘုရင်ရဲ့ မျက်လုံးထဲမှာ ရွှေရောင်အလင်းတစ်ခု ဖြတ်ပြေးသွားတယ်။ ရုတ်တရက် ကျုပ်ခန္ဓာကိုယ်ထဲကို စွမ်းအားတစ်ခု တိုးဝင်လာတယ်တယ်။ နဂါးဘုရင်ရဲ့ စွမ်းအားတွေ ပံ့ပိုးမှုအောက်မှာ စောစောက ခမ်းခြောက်သွားတဲ့ စွမ်းအားတွေ ကောင်းလာနေတယ်။ ပတ်ဝန်းကျင်က အလင်းဓာတ်တွေကိုလဲ အမြန်နှုန်းနဲ့ စုတ်ယူနိုင်လာတယ်။

နဂါးဘုရင်ရဲ့ ခန္ဓာကိုယ် ပျော့သွားပြီး မျက်လုံးတွေ မှေးရင်း ကျုပ်ကိုကြည့်နေတယ်။ ဖီးနစ် အော်သံတစ်ချက်နဲ့ အတူ နဂါးဘုရင်ကို ခေါ်ပြီး ပျံသွားရော။ ကျုပ် အံ့အားသင့်နေယုံကလွဲလို့ ဘာမှ မကူညီနိုင်တော့ဘူး။ နဂါးဘုရင် ပြောသွားသလိုဆို ကျုပ်တို့ ပူးပေါင်းတိုက်ကွက်က သူ့ကို အနိုင်မယူနိုင်သေးဘူး။ လောလောဆယ် နဂါးဘုရင်နဲ့ ဖီးနစ်ရဲ့ အကူအညီ ဆုံးရှုံးသွားပြီ။ ဒီလောက် အစွမ်းထက်တဲ့ မိစ္ဆာဘုရင်ကို ဘယ်လိုများ ဆက်တိုက်ရပါ့မလဲ။ ကျုပ်လဲ အံကြိတ်ရင်း အောက်ဘက်ကို ပြန်ဆင်းလာခဲ့လိုက်တယ်။ ကျုပ်လဲ လမ်းကြောင်းသေချာထိန်းရင်းနဲ့ ပတ်ဝန်းကျင်က အလင်းဓာတ်တွေကို အရူးအမူး စုစည်းနေလိုက်တယ်။ ခံတပ်ရှေ့ကို ရောက်တော့ နဂါးဘုရင်ရဲ့ တတိယအကြိမ် အကူအညီနဲ့ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ပြန်ကောင်းလာခဲ့ပြီ။

ကျုပ်ရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းက တော်တော်ကို အံ့ဩစရာဗျာ။ အစက ကောင်းကင်နဲ့ မြေပြင်တခွင် ဖုံးနေတဲ့ မိစ္ဆာတွေ ထင်မထားလောက်အောင်ကို ပြောင်းလဲသွားတယ်။ ကောင်းကင်နဲ့မြေပြင် အချင်း (၁)ကီလိုမီတာအတွင်းက မိစ္ဆာတွေ ပျောက်သွားပြီး ကွင်းပြင်ပေါ်မှာ တွင်းကြီးတစ်ခု ပေါ်လာတယ်။ ကျုပ်တို့ ပူးပေါင်း တိုက်ကွက်ကြောင့် ဖြစ်သွားတာနေမယ်ဗျ။ ဒီခံတပ် ခနလောက် ဘေးကင်းသွားယုံတင်မဟုတ်ဘူး မိစ္ဆာဘီလူး (၃)ကောင်ကို သုတ်သင်နိုင်လိုက်တာ ဆိုတော့ တော်တော်လေး ဝမ်းသာမိသွားတယ်။ မိစ္ဆာဘုရင်လဲ ကျုပ်တို့ရဲ့ ပူးပေါင်းတိုက်ကွက်ကနေ ထွက်လာတဲ့ စွမ်းအားလှိုင်းဒဏ် မခံနိုင်တော့လို့ မြေပြင်ပေါ်ထိ ရောက်သွားပြီး မိစ္ဆာတွေ တော်တော်လေး ဆုံးရှုံးသွားရတယ်လို့ ပြောရလိမ့်မည်။ နဂါးဘုရင်ပြောသလိုပဲ ဒဏ်ရာ အပြင်းအထန် ရသွားပုံပဲ။

မိစ္ဆာတွေနဲ့ တိုက်ခိုက်နေတဲ့ ကောင်းကင်က နဂါးကြီးတွေ ပိုပြီးတောင် အရူးအမူး တိုက်နေကြလေရဲ့။ သူ့တို့ ဒဏ်ရာတွေတောင် ဂရုမစိုက်ဘဲ မျက်စိရှေ့က ရန်သူမှန်သမျှ ဆက်တိုက်ကို တိုက်နေကြတော့တာပဲ။ ကျုပ်စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။ နဂါးဘုရင်ကြီး အပြင်းအထန် ဒဏ်ရာရသွားလို့ အဲ့နဂါးတွေ တုန်လှုပ်ချောက်ချားသွား စေတယ်လေ။

ပင်လယ်ဘက် ကြည့်လိုက်တော့ မိစ္ဆာဘုရင် ပျောက်နေတာ တွေ့လိုက်ရတယ်။ ဒါပေမယ့် မိစ္ဆာတော်တော် များများ ပင်လယ်ဘက်ကနေ ဆက်တိုက်ထွက်လာပြီး ခံတပ်ဘက်ကို ချီတက်လာကြတုန်းပဲ။ ကျုပ် ရှောင်ကျင်းအနား အမြန်သွားပြီး..

“ရှောင်ကျင်း… မင်းအဖေ ဒဏ်ရာ အပြင်းအထန် ရသွားလို့ ဖီးနစ်နဲ့အတူ သွားကုနေပြီ.. သူမသွားခင် မင်း နဂါးမျိုးနွယ်ကို ဦးဆောင်ရမယ်လို့ မှာသွားတယ်.. မြန်မြန်သွားတော့.. မင်းမျိုးနွယ်ရဲ့ လက်ရှိအခြေအနေ တော်တော် ကြောက်စရာကောင်းနေတယ်.. မင်း သွားထိန်းချုပ်မှ ရမယ်.. မင်း ခံတပ်ကို ကာကွယ်ဖို့ပဲ လိုတယ်.. မင်း မိစ္ဆာတွေကို တိုက်ခိုက်ဖို့ မလိုဘူး.. မိစ္ဆာဘုရင်က အားလုံးကို အဆုံးသတ်ဖို့ တစ်ခုတည်းသော သော့ချက်ပဲ…”

ရှောင်ကျင်းမျက်လုံးထဲမှာ ဝမ်းနည်းမှုတွေ ပေါ်လာတယ်။

“သခင်.. ငါ့အဖေ တကယ် အသက်ရှင်သေးလား.. ဒါဆို သူ့အသက်စွမ်းအား ဘာလို့ မခံစားနိုင်ရတာလဲ.. အဲ့ဒါ ငါတို့ မျိုးနွယ်ဝင်တွေကို ဒီလို အခြေအနေမျိုး ဖြစ်သွားတာပဲ.. သခင်.. မင်းငါ့ကို မလိမ်နဲ့တော်..”

ရှောင်ကျင်း မျက်လုံးထဲကနေ မျက်ရည်တွေ စီးကျလာတယ်..။

============= (*^*)=============

အပိုင်း( ၃၅၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters