← Chapters

အသက်စွမ်းအား လောင်ကျွမ်းခြင်း

Vol. 24 Ch. 351

အသက်စွမ်းအား လောင်ကျွမ်းခြင်း

Vol. 24 Ch. 351

Child of light (ကျန်းကုန်း)

Volume 12: Chapter 26 - Flame of Life! Burn!

ဆရာကျန်း ခေါင်းညိတ်ပြီး..

“အမြန်သွားနားလိုက်.. လောင်လွင်ကို ငါထိန်းပေးထားမယ်..”

ကျုပ် ပြန်ခေါင်းညိတ်ပြပြီး သမထထိုင်မလုပ်လုပ်တုန်း ခံတပ်ထဲက လူတစ်ချို့ ပြေးထွက်လာတာ တွေ့လိုက်ရတယ်။ အဲ့လူတွေက အစ်ကိုကြီး ကျန်းဟူ၊ မူကျီ နဲ့ ကျန်တဲ့သူတွေပေါ့။ မူကျီက ကျန်းဟူ၊ ရှို့စစ်၊ ရှင်းအောင်းတို့ခန္ဓာကိုယ်တွေကို လေမှော်ပညာနဲ့ တွဲခေါ်လာပြီး ရှောင်ရို့လဲ လူသားပုံစံပြောင်းထားပြီး ကောင်းသဲနဲ့ တုန်းရီတို့ ခန္ဓာကိုယ်တွေကို သူ့စွမ်းအားတွေသုံးပြီး တွဲပေးထားတယ်။ ရှောင်ရို့ ဘယ်တုန်းက သန်မာလာပါလိမ့်။ ရှောင်ရို့ အမြီး(၉)ခု မြေခွေးဖြစ်လာပြီး သူ့စွမ်းအားတွေ (က)သားရဲအဆင့် ရောက်သွားတာ ကျုပ်မသိလိုက်ဘူး။ သူ့ခွန်အားက ရှောင်ကျင်းထက်ညံ့ပေမယ့် မူကျီနဲ့တော့ တူနေပြီ။

ကျုပ်သူတို့နား အပြေးရောက်သွားပြီး အံ့ဩမင်တက်စွာနဲ့ပဲ..

“မူကျီ ဘာလို့ ပြောစကား နားမထောင်တာလဲ.. ဘာလို့ အားလုံးကို ဒီနေရာခေါ်လာတာလဲ..”

ကျန်းဟူ ရယ်မောရင်း..

“ကျန်းကုန်း.. ငါတို့က မိစ္ဆာဘုရင်ကို သုတ်သင်ဖို့ တာဝန်ယူထားရတဲ့ နတ်ဘုရား တမန်တော်တွေလေ.. ဒီတိုက်ပွဲမှာ ငါတို့ ဝင်မပါနိုင်ဘူး.. ငါတို့ ကျင့်ကြံမှု အားနည်းပေမယ့် ရန်သူသတ်တာကို ထိုင်ကြည့်နေရမှာလား.. ငါတို့တွေ မငးကို အစွမ်းရှိသလောက် ထောက်ပံ့မယ်..”

ရှို့စစ်နဲ့ ကျန်တဲ့သူတွေလဲ ခေါင်း တဆတ်ဆတ် ညိတ်ပြနေတယ်။ မူကျီရဲ့ စွဲမက်စရာ မျက်လုံးနဲ့ ကျုပ်ကို စိုက်ကြည့်နေတော့ ကျန်းဟူစကားတွေကို သဘောတူထားတာ သေချာတယ်။

သူတို့ကို ကြည့်ပြီး ငိုရမလား.. ရယ်ရမလားတောင် မသိတော့ဘူး။

“ဒီနေရာက အန္တရာယ်များတယ်.. မင်း ပြန်သင့်ပြီ..”

ရှောင်ရို့က..

“သခင်.. ကျေးဇူးပြုပြီး ငါတို့ ဒီမှာနေပါရစေ.. အစ်မ မူကျီနဲ့ငါ ညီအစ်ကိုတွေကို ပြုစုပေးမယ်လေ..”

လူအုပ်ကြီးရဲ့ ပြတ်ပြတ်သားသား မျက်လုံးတွေ မြင်ရတော့ ထပ်ပြောလဲ အသုံးမဝင်ဘူးဆိုတော့ သက်ပြင်းပဲ ချလိုက်ရတော့တယ်။

“ဒါဆိုလဲ မူကျီ.. ရှောင်ရို့ နင်တို့တွေ ညီအစ်ကိုတွေကို ကူညီပေးအုံး..”

မူကျီ ရုတ်တရက် ထအော်ပြန်တယ်။

“အဲ့ဒါ ငါ့ တော်ဝင်အဖေမို့လား..”

သူ တိုက်ပွဲဝင်နေတဲ့ နတ်ဆိုးဧကရာဇ်ကို မှင်တက်ပြီး ကြည့်နေတာ။

“အမှန်ပဲ.. ယောက္ခမကြီးသာ အချိန်မှီရောက်မလာရင် နင် ငါ့ကိုတောင် မြင်ရမှာ မဟုတ်တော့ဘူး.. ကောင်းပြီ. ငါနင်တို့နဲ့ စကားဆက်ပြောဘဲ ခန္ဓာကိုယ်ထဲက စွမ်းအားတွေ အမြန်ဆုံး ပြန်ရမှ ယောက္ခမကြီးကို ကူညီနိုင်မှာဆိုတော့ ဆက်ပြောနေလို့မရတော့ဘူး..”

စကားဆုံးတာနဲ့ တင်ပျဉ်ခွေထိုင်ပြီး ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေ စကုလိုက်တော့တယ်။

အဲ့အချိန်မှာ နတ်ဆိုးဧကရာဇ်နဲ့ အမှောင်နတ်ဆိုးနဂါးတို့ကို မိစ္ဆာဘုရင် ဆက်တိုက် တိုက်ခိုက်ရင်း နောက်ပြန်ဆုတ်သွားတယ်။ အမှောင်နဂါးက ဝမ်းနည်းပူးဆွေးမုန်းတီးမှုတွေနဲ့။ သူဒဏ်ရာ ရာသွားသလိုပဲ။ မကောင်းတော့ဘူး။ ပြုတ်ကျနေတဲ့ နတ်ဆိုးဧကရာဇ်ကို ဆီးဖမ်းဖို့ ကောင်းကင်ပေါ် အမြန်တက်ခဲ့လိုက်ရတယ်။ နတ်ဆိုးဧကရာဇ်ရဲ့ အမှောင်နတ်ဆိုး သေနတ်တော့ ရှာမတွေ့တော့ဘူး။ သူ့မျက်နှာလဲ စက္ကူတစ်ရွက်လို ဖြူဖွေးနေပြီ။ မဝေးသေးတဲ့ မိစ္ဆာဘုရင်ကို လှမ်းကြည့်ပြီး ကျုပ်တစ်ကိုယ်လုံး အေးစက်သွားယုံကလွဲပြီး မတတ်နိုင်တော့ဘူး။ သူ့နောက်မလိုက်ဘဲ ဒီအတိုင်း ပျံဝဲနေလိုက်ရတယ်။ ကျုပ်မှာ ပြန်ပြီး ကုသဖို့ အခွင့်အရေး မရှိတော့ဘူး။ နတ်ဆိုးဧကရာဇ်နဲ့ အမှောင်နတ်ဆိုးနဂါးလဲ အခုဆို ဒဏ်ရာရသွားပြီဆိုတော့ တိုက်ခိုင်နိုင်တာ ကျုပ်တစ်ယောက်ပဲ ကျန်တော့တယ်။

ကျုပ် ခံတပ်ထိပ်ကိုဆင်းပြီး နတ်ဆိုးဧကရာဇ်ကို မူကျီဆီ အပ်လိုက်တယ်။ ကျုပ်မရှုံးရဘူး။ ကျုပ် မဖြစ်မနေလုပ်ရမယ်။ ကျုပ် မူကျီနဲ့ ရှောင်ရို့ကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်ပြီး..

“ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ..”

ဒီအချိန် ကျုပ်အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ရမယ့် အချိန်ပဲ။ မိစ္ဆာဘုရင် အယုတ်တမာ။ ငါနဲ့အတူ သေရမယ်။ အဲ့အချိန်မှာပဲ ကြောက်စရာကောင်းလွန်းတဲ့ အတွေးတစ်ခု ကျုပ်စိတ်ထဲပေါ်လာတယ်။

ကျုပ် တဖြည်းဖြည်းနဲ့ ပျံလာပြီး ကျန်းဟူနဲ့ ညီနောင်(၄)ယောက်ကို..

“ညီအစ်ကိုတို့ မင်းတို့ နတ်ဘုရားလက်နက်တွေ ဆင့်ခေါ်လိုက်.. လုပ်ရော လုပ်နိုင်သေးလာ.. ကျေးဇူးပြုပြီး နတ်ဘုရားလက်နက်တွေ မင်းတို့ ခန္ဓာကိုယ်ထဲက ထုတ်ပြီး ကောင်းကင်မှာ ပျံဝဲခိုင်လိုက်ကြစမ်းပါ..”

သူတို့ လူအုပ် ခေါင်းညိတ်ပြီး တစ်ပြိုင်တည်းအော်လိုက်ကြတယ်။ တိုက်ပွဲနတ်ဘုရားချပ်ဝတ်၊ ကောင်းကင် နတ်ဘုရားတူ၊ လျှပ်စီးနတ်ဘုရားဒိုင်းကာနဲ့ လေနတ်ဘုရားလေးတွေ လေထုထဲကို အသီးသီး ပျံလာကြတယ်။ ညီအစ်ကို (၅)ယောက် သူတို့လက်နက်တွေကို အပြင်းအထန် ထိန်းချုပ်ထားတယ်။ အဲ့နေ့က သူတို့တွေ ဒဏ်ရာရတာ ပြင်းထန်လွန်းအားကြီးတယ်။ အဲ့လိုမှမဟုတ်ရင် ဒီလိုမျိုး မျှော်လင့်ချက် မဲ့ရတဲ့ အဖြစ်မျိုးထိ တွန်းအားပေးခံရမှာ မဟုတ်ဘူး။

ကျုပ် နောက်ဆုံးအနေနဲ့ သူတို့ အုပ်စုကို ကြည့်လိုက်သည်။ မိစ္ဆာဘုရင်ကို ပြန်ကြည့်ပြီး တွန့်ဆုတ်မနေတော့ဘဲနဲ့..

“နောက်ဆုံး အလင်းတန်းတွေ ထုတ်လွှတ်နိုင်ဖို့ ရဲ့ မူလစွမ်းအားထုတ်လွှတ်ဖို့ အဆုံးမဲ့ အသက်မီးအိမ် တောက်လောင်လိုက်စမ်း…”

နောင်တမရဘဲ အသက်မီးတောက်မန္တန်ရွတ်နေလိုက်တယ်။ အဲ့ဒါ ဘယ်လိုမှ ပြန်ပြင်လို့မရတဲ့ မန္တန်လေ။ အစပိုင်းတော့ ဆရာတိ အဲ့မန္တန်စသင်ပေးတုန်းက ပေါ့ပေါ့တန်တန် မသုံးသင့်ဘူးလို့ ပြောဖူးတယ်။ မန္တန်ဆုံးတာနဲ့ ကျုပ်အသက်စွမ်းအားတစ်ခုလုံး လောင်ကျွမ်းသွားတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျုပ်ဂရုစိုက်မနေဘဲ မိစ္ဆာဘုရင်ကို တိုက်ခိုက်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ကျုပ်တတ်နိုင်သမျှ စွမ်းအား အကုန် ထုတ်လွှတ်ရုံပဲပေါ့။

ဆရာကျန်း ရင်ခွင်ထဲမှာ မှီနေတဲ့ ဆရာတိ အဲ့မန္တန်ရွတ်သံကြားတော့ အလန့်တကြားနဲ့ ချက်ချင်းကိုပဲ..

“ကျန်းကုန်း.. မင်း အဲ့မန္တန် မသုံးရဘူး……..”

ကျုပ် ဆရာတိကို ပြုံးပြပြီး အလေးအနက် ဦးညွတ်လိုက်တယ်။

“ဆရာ… နှစ်ပေါင်းအများကြီး သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျန်းကုန်းက ဆရာ့ကို ပြုစုနိုင်တော့မယ်မထင်ဘူး.. ကျေးဇူးပြုပြီး ကျုပ်မိဘတွေကို စောင့်ရှောက်ပေးပါ..”

ကျုပ်စကားတွေကမှ နောက်ကျနေသေးတယ်။ ခန္ဓာကိုယ် ပတ်ဝန်းကျင်မှာ ရောင်စုံမီးတောက်တွေ တောက်လာတယ်။ ပြိုးပြိုးပြက်ပြက်နဲ့ ရောင်စုံအလင်းတန်းတွေ ကျုပ်ခန္ဓာကိုယ်ကနေ ထုတ်လွှတ်လိုက်တော့ အကြုံစဖူး ရက်စက် ကြမ်းကြုတ်တဲ့ စွမ်းအားတစ်ခု ကျုပ်နှလုံးသားကနေ ထွက်လာတယ်။ သန့်ရှင်းသောဓားလဲ အရင်ကထက်တောင် စွမ်းအားပိုကောင်းလာသေးတယ်။ အလင်းတန်းတွေ ကျုပ်ပတ်ဝန်းကျင်မှာ လျှပ်စီးတွေ လက်နေသလိုပဲ။ ကျန်းဟူနဲ့ ကျန်တဲ့သူတွေ ဆင့်ခေါ်ထားတဲ့ နတ်ဘုရားလက်နက်တွေ သန့်ရှင်းသောဓားရဲ့ စွမ်းအားကို ခံစားရပြီး ဆက်တိုက် အော်နေကြတဲ့ပုံပေါ်နေတယ်။

မူကျီ အော်ငိုရင်း..

“မလုပ်နဲ့.. ကျန်းကုန်း.. မလုပ်နဲ့…”

ကျုပ် ဝမ်းနည်းပူဆွေးစါာနဲပဲ..

“နှုတ်ဆက်ခဲ့ပါတယ် ချစ်သူတို့ သူငယ်ချင်းတို့ရေ.. ငါတို့တွေ နောက်ဘဝမှ ပြန်တွေ့ကြတာပေါ့..”

ကျုပ်ကျန်းဟူနဲ့ ကျန်တဲ့သူတွေဆီက နတ်ဘုရားလက်နက်တွေကြား ဆက်သွယ်မှုဖြတ်တောက်ဖို့ သန့်ရှင်းသောဓားနဲ့ တံဆိပ်ခတ်၊ နတ်ဘုရားလက်နက်(၅)မျိုးပေါင်း၊ သူတို့စွမ်းအားတွေ စုစည်းပြီး မိစ္ဆာဘုရင်ဆီ ဦးတည်သွားလိုက်တယ်။

မိစ္ဆာဘုရင်နဲ့ မီတာ(၁၀၀)အကွာလောက်မှာ ကျုပ်ရပ်လိုက်တယ်။ မိစ္ဆာဘုရင် ကျုပ်ပတ်ပတ်လည်က နတ်ဘုရားလက်နက်(၅)ခုနဲ့ ကျုပ်ခန္ဓာကိုယ်က ရောင်စုံမီးတောက်တွေကို ကြည့်ပြီး နည်းနည်း လန့်သွားသလိုပဲ။

“နင်ရူးနေလာ.. အဲ့လို ဘာမဟုတ်တဲ့ သတ္တဝါတွေအတွက် နင့်အကန့်သတ်မဲ့ အသက်စွမ်းအားကို သုံးရတာ တကယ်ကို ထိုက်တန်လို့လား..”

“အသက်ရှင်တာထက် ပိုအရေးကြီးတာတွေ အများကြီးရှိတယ်ဆိုတာ မင်းနားလည်မှာ မဟုတ်ဘူး.. ငါတို့ရဲ့ မရဏပွဲကြီး စလိုက်ကြစို့ မိစ္ဆာဘုရင်ရေ..”

============= (*^*)=============

အပိုင်း( ၃၅၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters