မရဏ တိုက်ပွဲ Child of light (ကျန်းကုန်း)
Vol. 24 Ch. 352
Volume 12: Chapter 27 - Death Match
စောစောက ဝံ့ကြွားနေတဲ့ မိစ္ဆာ အခုတော့ အမူအရာပြောင်းသွားပြီး..
“လူမိုက်.. ကမ္ဘာကို အုပ်စိုးမယ့် ငါ့လမ်းမှာ ဟန့်တားပိတ်ဆို့ချင်တာဆို ငါအောင်မြင်သွားတာနဲ့ ငါ့အာဏာတွေကို ထပ်တူခွဲပေးပြီး ဒီကမ္ဘာကြီးကို အတူတူ အုပ်ချုပ်မယ်လေ.. ဘယ်လိုလဲ..”
မိစ္ဆာဘုရင် ကျုပ်စီကနေ မရဏ အငွေ့အသက်တွေ ရသွားတယ်ထင်တယ် နည်းနည်း လန့်သွားတဲ့ပုံပဲ။ သူကျုပ်ကို ကြောက်များသွားတာလားပဲ။
ကျုပ်ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ စွမ်းအားတွေခံစားရင်း ကျုပ်ပုံစံမပြောင်းဘဲ မေးလိုက်တယ်..
“မင်းရဲ့ စွမ်းအားတွေရော၊ ဒီကမ္ဘာကြီးကိုရော ကျုပ်နဲ့ အတူတူ ဝေမျှပေးမယ်ပေါ့.. အဲ့လိုလား..”
မိစ္ဆာဘုရင် ခေါင်းညိတ်ပြီး..
“မှန်တယ်.. နင် ငါ့ဘက်ရပ်တည်မယ်ဆို ငါနင်နဲ့ တိုက်ခိုက်မှာမဟုတ်ဘူး.. ငါ ဒီမှာ သိမ်းပိုက်ပြီးရင် မင်းနဲ့အတူ တိုက်ကြီး တစ်ခုလုံးကိုရော၊ ငါ့စွမ်းအား အားလုံးရော ညီတူညီမျှ ခွဲပေးဖို့ ဆန္ဒရှိတယ်..”
ကျုပ် ဟက်ဟက်ပက်ပက် ရယ်ပြီး..
“စွမ်းအား ဘယ်လောက်ထိ ရမှာလဲ.. ငါ အဲ့ဒါတွေကို ဂရုစိုက်နေတယ်များ ထင်နေလား.. အာဏာလိုချင်ယုံသာဆို မင်းရှေ့မှာတောင် ရပ်မနေဘူး..”
ကျုပ် စကားဆုံးတာနဲ့ လက်တစ်ဖက် လှုပ်ရှားလိုက်တာ ကောင်းကင်မှာ အက်ကွဲကြောင်း တစ်ခု ပေါ်လာတယ်။ ကျုပ် သေချာ ထိန်းချုပ်ပြီး စွမ်းအင်လုံး(၅)ခု လေဟာနယ်ထဲကနေ ထွက်လာတာပေါ့။ နတ်ဘုရား လက်နက်(၅)မျိုး ကျုပ်ထိန်းချုပ်ထားတာကနေ လွတ်မြောက်အောင် စိတ်လှုပ်ရှားတကြီး ကြိုးစားနေကြပုံပဲ။
ကျုပ် အသက်ပြင်းပြင်း ရှူပြီး ခန္ဓာကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ဖို့ စွမ်းအားတွေ သုံးလိုက်တယ်။
“စစ်ပွဲနတ်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ ကျောက်တုံးနတ်ဘုရား၊ လျှပ်စီးနတ်ဘုရား၊ လေနတ်ဘုရား တို့ အားလုံး နတ်ဘုရားလက်နက်ပေါ်က ကန့်သတ်ချက်တွေအားလုံး ငါ့နတ်ဘုရားစွမ်းအားနဲ့ ဖယ်ရှားလိုက်စမ်း..”
ကျုပ် ကြွေးကြော်နေတုန်းမှာပဲ သန့်ရှင်းသောဓားစွမ်းအားနဲ့ ကျုပ်ခန္ဓာကိုယ်ထဲကို နတ်ဘုရားလက်နက် (၅)မျိုးလုံး အတင်းအကြပ် ဖိနှိပ်လိုက်တယ်။ လှည့်ပတ်နေတဲ့ စစ်ပွဲနတ်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ ကျောက်တုံးနတ်ဘုရား၊ လျှပ်စီးနတ်ဘုရား၊ လေနတ်ဘုရား စွမ်းအားတွေ ရောနှောပြီး ကျုပ်ခန္ဓာကိုယ်နဲ့ ချက်ချင်း ပေါင်းစပ်သွားတယ်။
နောက်ဆုံးတော့ မိစ္ဆာဘုရင် ကျုပ်ဘာလုပ်တော့မယ်ဆိုတာ သဘောပေါက်ပြီး အော်သံထွက်လာတယ်..
“မဖြစ်ဘူး……”
သူကျုပ်ကို ချက်ချင်း တိုက်တော့တာဗျ။
ရောင်စုံအလင်းတန်းတွေ ကျုပ်ခန္ဓာကိုယ်ထဲက ထွက်လာပြီး ကောင်းကင်နဲ့ မြေပြင်ကို တခနလေးနဲ့ အလင်းဓာတ်တွေ ပြည့်သွားရော။ မိစ္ဆာဘုရင်ရဲ့ မရဏစွမ်းအားတွေ မမျှော်လင့်ဘဲ ပြန်ကောင်းလာတာကြောင့် သူ့ကြောင့် ဒဏ်ရာရထားတဲ့ ကျုပ်ကို အံ့ဩတကြီး ကြည့်နေသေးတယ်။
နတ်ဘုရားလက်နက်(၅)မျိုး ပေါင်းလိုက်ရင် ဘာဖြစ်လာမယ်ဆိုတာ ကျုပ်တကယ်မသိဘူး။ မိစ္ဆာဘုရင်ကို ဘယ်လိုနှိမ်နင်းရမလဲ ဆိုတာပဲ တွေးထားတာ။ နတ်ဘုရား စွမ်းအား (၅)မျိုး ကျုပ်ခန္ဓာကိုယ်ထဲကို ရောနှောသွားတဲ့အချိန် တစ်ကိုယ်လုံး ပေါက်ကွဲမတတ် နှလုံးမှာ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားလိုက်ရတယ်။ မီကျားလီသာ ကျုပ်ခန္ဓာကိုယ်ကို ပြုပြင်မွမ်းမံထားလို့သာမဟုတ်ရင် ပေါက်ကွဲပြီးလောက်ပြီ။ ကျုပ်လဲ အောင့်မခံနိုင်တော့ဘဲ အော်လိုက်မိတော့တယ်။
“အား…………”
ရေခဲနတ်ဘုရားမျက်နှာဖုံးကနေ အချိန်ကိုက်ပဲ ကျုပ်ရဲ့ အသိစိတ် ထိန်းသိမ်းထားနိုင်အောင် သူ့ရေခဲစွမ်းအားတွေ ထောက်ပံ့ပေးလာတယ်။
မတူညီတဲ့ စွမ်းအားကြီး (၆)မျိုး ကျုပ်ခန္ဓာကိုယ်ထဲမှာ ဆက်တိုက် တွန်းထိုး ရုန်းကန်နေကြတယ်။ အလင်းနတ်ဘုရားစွမ်းအားက အပြင်းထန်ဆုံးဆိုပေမယ့် ခန္ဓာကိုယ်ထဲက နတ်ဘုရားလက်နက် (၅)ခုကို မဖိနှိပ် နိုင်သေးဘူး။ သွေးမြူလေးတွေတောင် ကျုပ်ခန္ဓာကိုယ်က မွေးညှင်းပေါက်တွေကနေ ထွက်နေပြီ။ ပြင်းထန်လွန်းတဲ့ ဝေဒနာက ကျုပ်ခန္ဓာကိုယ်တစ်ခုလုံးကို ဆက်တိုက် ဖုံးလွှမ်းနေပြီ။ ကျုပ်အသက်စွမ်းအား လောင်ကျွမ်းထားလို့ ကြီးကျယ်ခမ်းနားလွန်းတဲ့ စွမ်းအားကြောင့်သာမဟုတ်ရင် ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေကြောင့် စုတ်ပြတ်သွားလောက်ပြီ။
မိစ္ဆာဘုရင် ကျုပ်ကို အံ့ဩတကြီး ကြည့်ရင်း..
“အရူး.. ဒီလူမိုက် ရူးသွားပြီ…”
ကျုပ်မျက်လုံးတွေ ရဲတွတ်နေပြီး မိစ္ဆာဘုရင်ကို ကြည့်လိုက်တယ်။ မိုးကြိုးလိုမျိုး ရောင်စုံအလင်းတန်း(၅)ခု ခန္ဓာကိုယ်ကနေ ဆက်တိုက် ထွက်နေတယ်။ ကျပ်ပတ်ပတ်လည်မှာ စွမ်းအားတွေ ဘယ်လောက် ကြီးတယ်ဆိုတာ ခံစားမိနေတယ်။ ခေါင်းမော့ပြီး ဒေါသတကြီးနဲ့..
“နတ်ဘုရားဘုရင် ကျုပ်ကို တိုက်ပွဲဝင် လက်နက်စုံ ပေးထားတဲ့အတွက် တိုက်ပွဲချပ်ဝတ်တန်ဆာဟာ သန့်ရှင်းသောဓား စွမ်းအားကြောင် ဘာလွန်ဆန်မှုမှ မရှိဘဲ ထွက်ခဲ့လိုက်တော့.. မိစ္ဆာတွေကို တားဆီးမယ့် ငါ့ကို လွန်ဆန်မနေနဲ့တော့..”
ကျုပ်ရွတ်ဆိုပြီးတာနဲ့ ခန္ဓာကိုယ်ထဲကနေ အပြာရောင်စွမ်းအားတစ်ခု ပေါ်လာပြီး ထွက်ပေါက်တစ်ခု တွေ့သွားတဲ့ပုံနဲ့ စစ်ပွဲနတ်ဘုရား ချပ်ဝတ်ပေါ်လာတယ်။ အပြာရောင်အလင်းတန်းတွေ ချက်ချင်း ပေါ်လာပြီး အစ်ကိုကြီး ကျန်းဟူရဲ့ ချပ်ဝတ်က ကျုပ်ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာတယ်။ ချပ်ဝတ်တန်ဆာ ကျုပ်ခန္ဓာကိုယ် ပေါ်မှာ နေရာတကျ ဖြစ်သွားတာနဲ့ ငြိမ်သွားလိုက်တာ ကျုပ်ဖြင့် သက်တောင့်သက်သာ ဖြစ်ချက်ပဲ။
မိစ္ဆာဘုရင် နောက်ပြန်ဆုတ်ပြီး ပင်လယ်ဘက်ကို အသာလေး ဦးတည်လိုက်တယ်။ ကျုပ် ရူးသွားပြီထင်လို့ လွတ်ရာ ပြေးတော့မယ့်ပုံဗျ။
“ငါ့ဆီက လွတ်ချင်နေတာလား…”
လက်ဝါးနှစ်ဖက် တပြေးညီဆန့်လိုက်တာနဲ့ ပတ်ဝန်းကျင်က အလင်းတွေ ရုတ်တရက် တုန့်ပြန်လာကြတယ်။ ကျုပ်နဲ့ မိစ္ဆာဘုရင်ကို လွှမ်းခြုံထားတဲ့ နယ်မြေတစ်ခု ပေါ်လာတယ်။ မိစ္ဆာဘုရင် နယ်မြေကို အပြည့်အဝတိုက်ခိုက် လိုက်တယ်။ ခဏလေး ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို လှုပ်သွားလိုက်တယ်။ ဝေဒနာ ပြင်းလွန်းတော့ နောက်ထပ် သွေးအံလိုက်ရသေးတယ်။ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ထုတ်လွှတ်ပေးဖို့ လိုနေပြီ။
“နတ်ဘုရားဘုရင် ငါ့ကို ကောင်းကင်နတ်ဘုရားဦးချို အပ်နှင်းလိုက်တယ်။ ဦးချိုရဲ့ အော်သံ ဘုံကိုးပါးထိ ညံလိုက်စမ်း..”
အဖြူရောင်အလင်းတန်းတစ်ခုနဲ့အတူ ကောင်းကင်နတ်ဘုရား ဦးချိုကြီး ထွက်လာပြီး ကျုပ်ဘယ်ဘက်ခြမ်းမှာ ဝဲနေလေရဲ့။ ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ငြိမ်သွားအောင် အသက်ပြင်းပြင်းကြီး ရှူလိုက်ရသေးတယ်။ မိစ္ဆာဘုရင်တော့ အခုထိ တုန်လှုပ် ခြောက်ခြားနေတုန်းပဲ။
“နတ်ဘုရား ဘုရင်က ကျောက်တုံးနတ်ဘုရားတူ အပ်နှင်းလိုက်တယ်။ ကောင်းကင်ဘုံကို လှုပ်ခါပြီး အမှန်တရားကို ကာကွယ်ဖို့ ကမ္ဘာကြီးကိုတောင် ရွှေ့ပစ်မယ်ကွ…..
နတ်ဘုရားဘုရင်က အလင်းနတ်ဘုရားဒိုင်း ငါ့ကို အပ်နှင်းလိုက်တယ်။ ဓားပေါင်း တစ်သောင်းတောင် ငါ့ကို မတားနိုင်ဘူးကွ..
နတ်ဘုရားဘုရင်က လေနတ်ဘုရားလေး ငါ့ကို အပ်နှင်းထားတယ်။ အရိပ်မဲ့ မြှားတွေရဲ့ အလင်းတွေ ထွန်းတောက်လိုက်စမ်း..”
ကျောက်တုံးနတ်ဘုရားတူ၊ လျှပ်စီးနတ်ဘုရား ဒိုင်းကာ၊ လေနတ်ဘုရားလေး တို့တွေ ကျုပ်ရွတ်ဆိုကြွေးကြော်သံ ဆုံးတာနဲ့ ဆက်တိုက်ဆက်တိုက် ပေါ်လာတယ်။ သက်ဆိုင်ရာ နတ်ဘုရားစွမ်းအား(၅)ခု ကျုပ်ခန္ဓာကိုယ်ထဲမှာ ပြည့်နှက်နေပေမယ့် မန္တန်တွေ ရွတ်ပြီးတာနဲ့ သန့်ရှင်းသောဓားရဲ့ စွမ်းအား အဟုန်ကိုသုံးပြီး နတ်ဘုရားစွမ်းအား(၅)မျိုးကို ဖိနှိပ်လိုက်မှ ကျုပ်ခန္ဓာကိုယ် ခန ပြန်ငြိမ်သွားတော့တယ်။
“မိစ္ဆာဘုရင်.. ဒီနေ့ နတ်ဘုရားဘုရင်ကိုကိုယ်စား မင်းကို သုတ်သင်ပစ်မယ်.. နတ်ဘုရားဘုရင်ကိုယ်တိုင် ငါ့ကို သန့်ရှင်းသောဓားအပ်နှင်းထားတဲ့အတွက် ကောင်းကင်ဘုံထိ အရှိန်အဟုန်နဲ့ တောက်ပစေရမယ်ဟေ့…”
ငွေရောင် အလင်းတစ်ချက်နဲ့အတူ ကျုပ်ရှေ့မှာ သန့်ရှင်းသောဓား ချက်ချင်း ပုံပေါ်လာတယ်။
မိစ္ဆာဘုရင် ခနငြိမ်သွားတယ်ဗျ။ ကျုပ်ကို တိုက်ရမယ့်နည်းလမ်း တွေ့သွားပုံပဲ။ ရင်ဘတ်ရှေ့မှာ သူ့လက်ဖဝါးတွေယှက်ထားရင်း မျက်လုံးမှိတ်ထားတယ်။ ဟိုင်ရှင်းရဲ့ ခန္ဓာကိုယ်လေးက လေထဲမှာဝဲနေတဲ့ နတ်သမီးလေးတစ်ပါးလိုပဲဗျာ။ ဒါပေမယ့်…
“အဆုံးမဲ့ မရဏနဲ့ အာဃာတတရားတွေ ကောင်းကင်နဲ့ မြေပြင်ကို အုပ်ဆိုးမယ့် မိစ္ဆာမျိုးနွယ်အားလုံး ငါ့အမိန့် နာခံပါ.. အရာအားလုံး ချေမှုန်းမယ့် မိစ္ဆာဘီလူးတွေ ပေါ်လာစမ်း.. သက်ရှိမှန်သမျှ ချေမှုန်းဖို့ မင်းတို့ရဲ့ ကန့်သတ်မဲ့ အာဃာတတွေ သုံးကြစမ်း.. ငါ့မိစ္ဆာမျိုးနွယ်ရဲ့ မရဏရောင်ဝါ ကမ္ဘာတစ်ဝှမ်းမှာ ဖြန့်ကျက်ဖို့ အရာရာ စုပ်ယူနိုင်တဲ့ စွမ်းအားကြီး ထုတ်လွှတ်လိုက်စမ်း… မိစ္ဆာဘုရင်ရဲ့ ဆင့်ခေါ်သံ…”
သူရွတ်ပြီးတာနဲ့ မိစ္ဆာဘုရင်ခန္ဓာကိုယ်တစ်ဝိုက်က မိစ္ဆာတွေကနေ မီးခိုးရောင် အရှိန်အဝါတွေ အဖြစ်ပြောင်းပြီး သူ့ခန္ဓာကိုယ်ထဲကို ပစ်ဝင်နေကြတယ်။ အဲ့အရှိန်အဝါတွေကလဲ မရဏ အငွေ့အသက်တွေ အပြည့်နဲ့ မိစ္ဆာဘုရင် ခန္ဓာကိုယ်ထဲကို ဆက်တိုက် တိုးဝင်ပေါင်းစပ်နေလေရဲ့။
I wasn’t in the slightest bit affected by the Monster King’s appearance. I loudly chanted, “I represent the War God, Sky God, Titan God, Lightning God, Wind God, and Radiant God! Great God King, please bestow me your unlimited divine power to enable me to fuse all of the divine powers as one, in order to uphold justice in the world, to eliminate all sinister beings to return peace and harmony to the world------Forbidden Symphony of the Gods’ Awakening!” Six divine phantoms appeared at my back. They slowly combined themselves. After constant infusion, my sight suddenly became white. The six divine phantoms fused together to have enormous blue, white, yellow, red, green and gold light pillars that soared towards the sky. The six divine powers that filled my entire body was constantly being absorbed by the light pillar that extended towards the sky. At this conjuncture, I unexpectedly was in exceptional comfort.
မိစ္ဆာဘုရင်ရဲ့ ပုံသဏ္ဍာန်ကြောင့် ကျုပ် နည်းနည်းလေးမှ ယိမ်းယိုင်မသွားပါဘူး။ ကျုပ်လဲ..
“ကျုပ်သည် စစ်ပွဲနတ်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ ကျောက်တုံးနတ်ဘုရား၊ လျှပ်စီးနတ်ဘုရား၊ လေနတ်ဘုရားနဲ့ အလင်းနတ်ဘုရားကို ကိုယ်စားပြုတယ်.. နတ်ဘုရားတို့ရဲ့ဘုရင်… လက်ရှိအခြေအနေတွေကို ထောက်ထားပြီး လောကကြီး ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ နတ်ဘုရားစွမ်းအားတွေ တစ်သားတည်းဖြစ်အောင် ပေါင်းစည်းနိုင်ဖို့အတွက် အကန့်အသတ်မရှိတဲ့ နတ်ဘုရားစွမ်းအား ပေးသနားပါ.. ‘တားမြစ် နတ်ဘုရားတေးသွား နိုးထခြင်း’…”
ကျုပ်ကျောမှာ စွမ်းအား (၆)ခု ပေါ်လာပြီး တဖြည်းဖြည်း ပေါင်းစည်းသွားတယ်။ ဆက်တိုက် လှည့်ပတ်လာရင်း ကျုပ်အမြင်အာရုံတွေ ဖြူဖွေးသွားတယ်။ အပြာရောင်၊ အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်နဲ့ ရွှေရောင် အလင်းတိုင်ကြီး(၆)ခု ပေါင်းစပ်ပြီး ကောင်းကင်ထိအောင် ထိုးတက်သွားတယ်။ ကျုပ်တစ်ကိုယ်လုံးမှာ ပြည့်လျှံနေတဲ့ စွမ်းအားတွေကို အလင်းတိုင်ကြီး (၆)ခုကနေ ဆက်တိုက် စုပ်ယူနေတယ်။ ဒီဖြစ်စဉ်မှာ ကျုပ်ထင်မထားတဲ့ ကျေနပ်မှု တစ်ခု ရလိုက်တယ်ဗျ။
============= (*^*)=============
အပိုင်း( ၃၅၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား