← Chapters

တကိုယ်တော် တားမြစ်တေးသွား

Vol. 24 Ch. 353

တကိုယ်တော် တားမြစ်တေးသွား

Vol. 24 Ch. 353

Child of light (ကျန်းကုန်း)

Volume 12: Chapter 28 - Solo Symphony

ရောင်စုံအလင်းတိုင်(၆)လုံးက အရှိန်နဲ့ ဆက်တိုက် လည်ပတ်နေတယ်။ တစ်ခုနဲ့တစ်ခုလဲ ပိုပိုပြီး ရင်းနှီးလာသလိုပဲ။ ဒီတစ်ကြိမ်မှာ စွမ်းအားတွေ အရင်ကနဲ့ မတူတော့ဘဲ ပိုအားကောင်းလာတာဗျ။ အဲ့စွမ်းအား တွေကြောင့် ကောင်းကင်က တိမ်တွေတောင် လွှင့်ထွက်သွားတယ်။ မြေပြင်ကလဲ ဆက်တိုက် လှုပ်နေပြီ။ မိစ္ဆာဘုရင်နဲ့ ကျုပ် ရဲ့ တိုက်ပွဲကို မြင်နေရတော့ မိစ္ဆာတွေလဲ သူတို့တိုက်ခိုက်မှုတွေ ရပ်ထားကြတယ်။ လျှပ်စီး ခံတပ်ကလူတွေလဲ ရှေ့က မြင်ကွင်းကြောင့် အံ့အားသင့်သွားတယ်။ ဒီမြင်ကိုကို ဒုတိယအကြိမ် မြင်ခွင့်ရတဲ့ စစ်သည်တော်တွေ အများကြီး ရှိနေသေးတာကိုး။ ကျန်းဟူ၊ ရှို့စစ်၊ ကောင်းသဲ၊ ရှင်းအောင်းနဲ့ တုန်းရီတို့တွေလဲ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးဖြစ်တဲ့ တားမြစ်မန္တန်ကို တစ်ယောက်တည်း ဖော်ထုတ်မယ်လို့ ထင်မထားတာကြောင့် အံ့အားသင့်နေကြတယ်။ အသစ်ပေါ်လာတဲ့ နေရောင်ခြည်က ပြိုးပြိုးပြက်ပြက်နဲ့ အလင်းတိုင်တွေအောက်မှ မှိန်နေတဲ့အပြင် တိမ်တွေမှာလဲ အရောင်(၆)မျိုး ကြီးစိုးနေလေရဲ့။

ကျုပ် ခပ်ကျယ်ကျယ် အော်လိုက်တော့ နတ်ဘုရားအကာအကွယ် ဝတ်ထားတဲ့ ကျုပ်ညာလက် တုန်ခါနေပြီ။ ရွှေရောင် ဆဋ္ဌဂံတစ်ခု မှိတ်တုတ်မှိတ်တုတ်နဲ့ ကောင်းကင်မှာ ပေါ်လာတယ်။ ဒါ တားမြစ်တေးသွားရဲ့ စွမ်းရည်အပြည့်အဝ သုံးနိုင်ဖို့အတွက် မန္တန်ရဲ့ နောက်ဆုံးအပိုင်းပေါ့။ ကြီးကျယ်ခန်းနားလွန်းတဲ့ အလင်းတန်းတွေ ကောင်းကင်တခွင် ပျံ့သွားပြီး အနန္တစွမ်းအားတွေ အပြည့်အဝ ချပြနေသလိုပဲ။ တားမြစ်မန္တန်ရဲ့ အစွမ်းက တော်တော် ပြင်းထန်ပေမယ့် သူ့ဦးတည်ချက်ကို ထိန်းချုပ်နိုင်တယ်ဆိုတာ ကျုပ်အံ့ဩတကြီး တွေ့လိုက်ရတယ်။

မိစ္ဆာဘုရင်ရဲ့ အရှိန်အဝါနဲ့ နှိုင်းယှဉ်ကြည့်ရရင် မရဏအရှိန်အဝါတွေကြောင့် သူ့အသားအရေ ဖြူဖျော့နေပြီ။

“ငရဲသွားစမ်း… အယုတ္တမာကောင်…”

ကျုပ် အော်သံနဲ့အတူ ထိတ်လန့်ပုံပေါ်နေတဲ့ မိစ္ဆာဘုရင်ကို ချိန်ပြီးမှ အလင်း(၆)တိုင်ကို သေချာ ထိန်းချုပ်ပြီး ပစ်လိုက်တယ်။ မိစ္ဆာဘုရင်ရဲ့ ကြိုးစားအော်ဟစ်သံက သူ့နောက်ဆုံး ရုန်းကန်မှုထင်ပါတယ်။ သူလက်နှစ်ဖက် ဆန့်ပြီး အလင်းတိုင်(၆)ခုနဲ့ မယှဉ်နိုင်တဲ့ အနက်ရောင် မြူခိုးတွေ ပစ်ထုတ်နေသေးတယ်။ အလင်းတိုင်(၆)ခုကတော့ မိစ္ဆာဘုရင်ဆီ တိုးမြဲတိုးသွားနေတာဆိုတော့ ကျုပ် အေးစက်စက်နဲ့ ပြုံးလိုက်မိတယ်။

မိစ္ဆာဘုရင်ကိုလဲ မိစ္ဆာမန္တန်က လုံးလုံးဖုံးထားတာဆိုတော့ တိုက်မိတဲ့အသံမျိုး ထွက်မလာဘူး။ တားမြစ်မန္တန်အစွမ်းကြောင့် မိစ္ဆာဘုရင် ငြိမ်သွားတဲ့အချိန် မိစ္ဆာဘုရင်ရဲ့ အယုတ္တမာ မျက်လုံးတွေ ကြည်လင်သွားပြီး..

“အစ်ကို ကျန်းကုန်း… နင် ငါ့ကို တကယ်သတ်မှာလား..”

ဝေဒနာတွေအပြည့်နဲ့ ဟိုင်ရှင်းရဲ့ မေးသံ ပေါ်လာတယ်။

ကျုပ် တော်တော်ကို တုန်လှုပ်သွားတာဆိုတော့ တားမြစ်မန္တန်တောင် ထိန်းချုပ်မှု နည်းနည်းလွဲသွားတယ်။ တားမြစ်မန္တန် ဟိုင်ရှင်းခန္ဓာကိုယ်ကို လျှပ်စီးကြောင်းလို ဖြတ်သွားတယ်။ ဟိုင်ရှင်းရဲ့ ခန္ဓာကိုယ် တော်တော် တုန်လှုပ်သွားပြီး တိုက်ရိုက်ထိမှန်တာမဟုတ်တော့ မိစ္ဆာအရှိန်အဝါတွေထဲကနေ လွတ်သွားတယ်။ မိစ္ဆာဘုရင်ကို သတ်ဖို့အတွက် အခွင့်အရေးကို အသုံးလိုက်ရပေမယ့် နောင်တရနေဖို့ တော်တော် နောက်ကျသွားပြီ။ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေ အများကြီး ဆုံးရှုံးထားတော့ ရှုံ့မဲ့ပြီး အသက်ပြန်သွင်းဖို့ အပြင်းအထန် အားပြန်စိုက်လိုက်တယ်။ ကျုပ်ထင်ထားသလို ဟိုင်ရှင်းမျက်လုံးတွေ အနီရောင် ပြန်ပြောင်းသွားတယ်။ မိစ္ဆာဘုရင်ရဲ့ အယုတ္တမာအသံက ပြတ်တောင်းပြတ်တောင်း ထွက်လာတယ်..

“မင်း တော်တော် အမှတော့ .. သေလိုက်တော့..”

သူကျုပ်ဆီ ဦးတည်လာပြီး မြူခိုးလုံးကြီးနဲ့ ကျုပ်ရင်ဘတ်ကို တိုက်လိုက်တယ်။

ရုတ်တရက် ကျုပ်က ပတ်ဝန်းကျင်နဲ့ မဆိုင်တော့သလိုပဲ။ မိစ္ဆာဘုရင်ရဲ့ တိုက်ကွက်ကြောင့် ခန္ဓာကိုယ် တဆတ်ဆတ် တုန်နေရယုံ တတ်နိုင်တော့တယ်။ ဒါပေမယ့် မိစ္ဆာဘုရင်ရဲ့ တိုက်ကွက် ကျုပ်ကို သိပ်မထိခိုက်တာ မြင်တော့ အံ့ဩသွားမိတယ်။ ဘဝဆုံးပြီ တွေးထားတာကနေ မပြတ်သေးဘူးလို့ ထပ်ခံစားလိုက်ရတာလေဗျာ။ မိစ္ဆာဘုရင်ရဲ့ တိုက်ကွက်အောက်မှာပဲ စောစောက မှိန်ဖျော့သွားတဲ့ ရောင်စုံအလင်းတွေ မမျှော်လင့်ဘဲ ပြန်လင်းလာတယ်။ စွမ်းအားတွေလဲ ဆက်တိုက် စုပ်ယူနေရင်း စိတ်တိုတိုနဲ့ မိစ္ဆာဘုရင်ကို ကြည့်ပြီး လေထဲမှာ ဝဲနေလိုက်တယ်။

မိစ္ဆာဘုရင်လဲ သူ့လက်နှစ်ဖက်ကို သူကြည့်ရင်း မယုံကြည်နိုင်ပုံနဲ့..

“ဘာဖြစ်တာလဲ.. ဘာလို့ငါ့စွမ်းအားတွေ ဒီလောက် လျော့သွားတာလဲ..”

ကျုပ်လဲ သူ့ကို အေးစက်စက်ကြည့်ပြီး..

“ကိုယ်ပြုတဲ့ဒဏ် ကိုယ့်ထံ ပြန်လာမှာပဲ.. ငါ့တားမြစ်မန္တန်က နင့်အသက် မသတ်နိုင်ပေမယ့် နင့်ရဲ့ မိစ္ဆာစွမ်းအားတွေတော့ တားမြစ်မန္တန်အစွမ်းကြောင့် အရမ်းလျော့သွားပြီ..”

မိစ္ဆာဘုရင် အေးစက်စက်ရယ်ပြီး..

“လူမိုက်.. စောစောက တားမြစ်မန္တန် ငါ့ကို တကယ်သိတ်နိုင်ပေမယ့် နင့်ရဲ့ အကြီးဆုံး အခွင့်အရေး အလဟသ ဖြစ်သွားပြီ.. ငါ့ကို ခုခံဖို့ အခွင့်အရေးမရှိတော့ဘူး..”

ပြောပြီးတာနဲ့ မိစ္ဆာဘုရင် သူ့လက်တွေ ဆန့်ထုတ်ပြီး မျက်လုံးထဲမှာလဲ အနီရောင်အလင်းတန်းတွေ ပြင်းသထက် ပြင်းလာတာနဲ့မျှ မြေပြင်ပေါ်မှာ မှိန်းနေတဲ့ မိစ္ဆာတွေ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲပြီး မိစ္ဆာလုရင်ဆီကို မီးခိုးမြူတွေပုံစံနဲ့ တိုးဝင်လာကြတယ်။

သူ့စွမ်းအားတွေ ပေါင်းစည်းနေမှန်း သိလိုက်ရလို့ ကျုပ်တော်တော် လန့်သွားတယ်။ သူ့စွမ်းအားတွေ ပြန်ရယူခွင့်ပေးလိုက်ရင် သူ့ပွဲဖြစ်တော့မှာလေ။ တွေးမိတာနဲ့ မိစ္ဆာဘုရင်ရဲ့ ရင်ဘတ်ထဲကို လက်ထဲက သန့်ရှင်းသောဓားနဲ့ အားကုန်ခုတ်လိုက်တယ်။ မိစ္ဆာဘုရင် ကျုပ်ကို အေးစက်စက် ကြည့်ရင်း သူနဲ့ (၅)မီတာလောက် အကွာမှာ နောက်ဆုတ်ရှောင်သွားတယ်။ သူ့အရှိန်ကလဲ ကျုပ်နဲ့ အတူတူပဲဆိုတော့ ကောင်းကင်ပေါ်မှာ လိုက်တမ်းပြေးတမ်း ကစားနေရသလိုပဲ။ အသက်စွမ်းအားကြောင့် ကျုပ်မှာ စွမ်းအားတွေ ဆက်တိုက် ရနေပေမယ့် လောင်ကြွမ်းမှုကြောင့် ကျုပ်နှလုံးသားကိုပဲ မီးစွဲနေပြီဆိုတာ ခံစားနေရတဲ့အချိန် မိစ္ဆာဘုရင်ရဲ့ စွမ်းအားတွေ တဖြည်းဖြည်း တိုးလာနေတယ်။

“ဟား…….”

မိစ္ဆာဘုရင် ရပ်ပြီး ကျုပ်ရဲ့ဓားကို အပြင်းအထန် ကာလိုက်တယ်။ ရုတ်တရက်ဆိုတော့ ကျုပ် လွှင့်သွားယုံတင်မဟုတ်ဘဲ သွေးပါအံလိုက်ရတယ်။

မိစ္ဆာဘုရင် အေးစက်စက်နဲ့ပဲ..

“လူမိုက်.. နင့် ဖန့်ဆင်းရှင်နဲ့ သွားတွေ့လိုက်တော့..”

သူကျုပ်ခန္ဓာကိုယ်ကို မည်းမှောင်သွားတဲ့အထိ ပြောင်းဖို့လုပ်နေတယ်။ မိစ္ဆာအရှိန်အဝါတွေ ပိတ်ဆို့နေတော့ ဘာဆို ဘာမှကို လှုပ်ရှားလို့မရဘူး။ ဒါပေမယ့် အရေးကြီးဆုံးအချိန်မှာ စောစောက ဖိနှိပ်ခံထားရတဲ့ နတ်ဘုရား စွမ်းအား (၅)မျိုး ပြန်ကောင်းလာနေတယ်။ တားမြစ်မန္တန် သူ့စွမ်းအားတွေ သုံးထားပြီးသား ဆိုပေမယ့် အဲ့စွမ်းအားတွေက ကျုပ်ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်နိုင်သေးတယ်။ သန့်ရှင်းသောဓားဆို တာ ပေါ့ပေါ့မှ မဟုတ်တာ။ အသိစိတ်ရှိနေပုံပဲ။ မီးခိုးရောင် အရှိန်အဝါတွေ နဲ့အတူ မိစ္ဆာဘုရင်ရဲ့ လက်တစ်ဖက်ကို ကျုပ်ကြည့်လိုက်မိတယ်။ မရဏရောင်ဝါတွေ ကျုပ်တစ်ကိုယ်လုံးကို ဖုံးနေတယ်။

အဲ့အချိန်မှာ လျှပ်စီးခံတပ်ကနေ မိစ္ဆာဘုရင်ဆီကို အရိပ်(၂)ရိပ် ဦးတည်လာနေကြတယ်။ တကယ်တော့ ရှောင်ရို့နဲ့ မူကျီဗျ။ ဒါပေမယ့် သူတို့တွေ ကပ်နိုင်ခဲ့မယ်ဆိုရင်တောင် မိစ္ဆာဘုရင်ရဲ့ လက်ရှိ စွမ်းအားနဲ့ဆို သူတို့အသက်တွေ အလဟသ ဖြုန်းတီးနေသလိုပဲ။

မိစ္ဆာဘုရင်ရဲ့ လက်သည်းတွေ ကျုပ်ရှေ့ (၁)ပေလောက်ရောက်တော့ သူ့ခန္ဓာကိုယ် ရုတ်တရက် ရပ်သွားတယ်။ နီရဲနေတဲ့ မျက်လုံးကနေ အပြာရောင်ကို ပြောင်းသွားလို့ ထူးခြားသွားတယ်။ မိစ္ဆာဘုရင် ဒေါသတကြီးနဲ့ သူ့ခေါင်းသူ ကိုင်ရင်း..

“ဘုရားကယ်ပါ…..”

ကျုပ်ကို တိုက်ဖို့နေနေသာသာ သူ့ဟာသူ ရှိုက်ကြီးတငင် ညည်းတွားနေလေရဲ့။

============= (*^*)=============

အပိုင်း( ၃၅၄ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters