← Chapters

နိဂုံး

Vol. 24 Ch. 356

နိဂုံး

Vol. 24 Ch. 356

Child of light (ကျန်းကုန်း)

Volume 12: Chapter 31 - Epilogue

(၂)နှစ်လောက်ကြာတော့ စန်ခက်မြို့စွန်က ရွာလေးတစ်ရွာမှာ ဟိုင်ရှင်း၊ အဖေနဲ့ ကျုပ် အိမ်အပြင်မှာ စိတ်လှုပ်ရှား တကြီးစောင့်နေကြတယ်။

ဟိုင်ရှင်းမှ ဟိုင်ရှင်း အစစ်ပါပဲ။ ခံတပ်ကိုပြန်ရောက်တော့ ရှောင်ရို့က ဟိုင်ရှင်း သေသွားတယ်ဆိုပေမယ့် သူ့မှာ အမြီး(၉)ခုဖြစ်သွားတဲ့အချိန် အထူးစွမ်းရည်တစ်ခု ရှိလာတယ်တဲ့။ ဟိုင်ရှင်းရဲ စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲ စုပ်ယူထားနိုင်လိုက်တယ်။ ဒါ့ကြောင့် လက်ရှိသူ့ခန္ဓာကိုယ်ထဲမှာ သူ့စိဝိညာဉ်နဲ့ ဟိုင်ရှင်းရဲ့ စိတ်ဝိညာဉ် နက်နက်ရှိုင်းရှိုင်းရှိနေတယ်။ အဲ့နောက် ရှောင်ရို့လဲ လူသားအဖြစ်ပြောင်းလဲဖို့ မရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်တွေ လိုက်ပြီး စုဆောင်းခဲ့ကြတယ်။ နောက်ဆုံးတော့ ရှောင်ရို့ ကျုပ်ရဲ့ နတ်ဘုရားစွမ်းအားတွေ ပံ့ပိုးပေးမျုအောက်မှာ မြေခွေးပုံစံကနေ လူသားပုံစံ ပြောင်းသွားတယ်။ ပြီးတော့ သူပြောင်းလိုက်တဲ့ ပုံစံကလဲ ဟိုင်ရှင်းပုံစံဗျ။

ဟိုင်ရှင်း သူ့အရင်ခန္ဓာကိုယ်နဲ့ မှော်စွမ်းအားတွေ ဆုံးရှုံးခဲ့ရပေမယ့် ကျုပ်နဲ့အတူ နေနိုင်တယ်ဆိုတော့ ဒီထက် ပျော်စရာ ဘာများရှိအုံးမှာလဲ။

နတ်ဘုရား ကာကွယ်ရေးအဖွဲ့လဲ မိစ္ဆာမျိုးနွယ်နဲ့ တိုက်ပွဲမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့တာကြောင့် နိုင်ငံအားလုံးရဲ့ အသိအမှတ်ပြုခံကြရတယ်။ အဲ့ဒါကြောင့် လူသားမျိုးနွယ် (၃)နိုင်ငံအပြင် နတ်ဘုရား ကာကွယ်ရေးအဖွဲ့ရယ်လို့ သီးသန့် ဖြစ်လာတယ်။ အဲ့ဒါကိုလဲ အမာခံနယ်မြေ (၁၀၀၀၀)မှာ ခြေကုတ်ယူထားတယ်။ နတ်ဘုရား ကာကွယ်ရေးအဖွဲ့ကို နတ်ဆိုးဘာသာကစားနဲ့ သန့်ရှင်းသောအဖွဲ့ လို့လဲ ခေါ်ကြတယ်ဗျ။ ကျုပ်လဲ သန့်ရှင်းသောအဖွဲ့ရဲ့ တရားဝင်ခေါင်းဆောင် ဖြစ်လာတော့တာပေါ့။ ခေါင်းဆောင်ဖြစ်လာတော့ သခင်လို့ ခေါ်ကြပြန်ရော။ ဒါပေမယ့် လွတ်လွတ်လပ်လပ်နေချင်တဲ့ ချုပ်အတွက်တော့ အဲ့နေရာလေးမှာ ဘာလို့ ခြေချုပ်ခံချင်မှာတုန်း။ အဲ့ဒါကြောင့် ညတစ်ညမှာ စာရေးတစ်စောင် ရေးခဲ့ပြီး မူကျီနဲ့ ဟိုင်ရှင်းတို့ရဲ့ မွေးရပ်မြေကို တိတ်တိတ်လေး ထွက်လာခဲ့လိုက်တော့တယ်။

ဝမ်းသာစရာတစ်ခုက မိစ္ဆာမျိုးနွယ် ပြဿနာထဲမှာ ကျုပ်မွေးရပ်မြေနဲ့ နီးတဲ့ မိစ္ဆာတွင်းတွေ ပေါ်မလာလို့ ကျုပ်မိဘတွေ ဘေးကင်းကြတယ်လေ။ ကျုပ် မိန်းကလေး(၂)ယောက်နဲ့ ပြန်လာတော့ လူကြီးနှစ်ယောက် ဝမ်းသာသွားချက်တော့ ပြောမပြတတ်အောင်ပဲဗျို့။

ရှောင်ကျင်းကတော့ ကျုပ်တို့ရွာနဲ့ မနီးမဝေးက ချိုင့်ဝှမ်းကြီး တစ်ခုထဲမှာ နေနေတယ်။ သူ့အဖေ သူ့ကို နဂါးမျိုးနွယ်မှာ အုပ်ချုပ်ခိုင်းထားပေမယ့် သူလဲ လွတ်လပ်တဲ့ ဘဝနဲ့ နေချင်နေတာဆိုတော့ ချုပ်ချယ်မှု မခံနိုင်ဘူးလေ။ ကျုပ်ခြေရာနင်းပြီး နဂါးတောင်ကြားကနေ ထွက်ပြေးလာပြီး ကျုပ်အရှိန်အဝါအတိုင်း လိုက်ရှာလာတာကိုး။

ကျုပ်တို့ရွာလေးမှာပဲ ရိုးရိုးရှင်းရှင်း မင်္ဂလာပွဲလေး လုပ်လိုက်တယ်။ ဒီနေရာမှာ ကျုပ်က ကမ္ဘာကြီးကို ကယ်တင်လိုက်တဲ့ အလင်းရဲ့ သားတော်ဆိုတာ သိတဲ့သူ တစ်ယောက်မှ မရှိဘူးလေ။ ပြီးတော့ အဖွဲ့ထဲက ညီနောင်တွေ စောင့်ကြည့်မှုုအောက်က ရှောင်တိန်းနိုင်ဖို့အတွက်.. မူကျီ၊ ဟိုင်ရှင်း၊ ရှောင်ကျင်းနဲ့ ရှောင်ရို့တို့ကိုလဲ ဒီနေရာ ခေါ်လာလိုက်တာလေ။ မူကျီ မမွေးခင် (၉)လလောက်တောင် စောပြီး ဇာတိကို ပြန်လာခဲ့ကြတာပေါ့။

“ဘာလို့ မမွေးသေးတာလဲ… ဘာလို့လဲ..”

ကျုပ် စိတ်လှုပ်ရှားတကြီးနဲ့ အပြန်ပြန်အလှန်လှန် လမ်းလျှောက်နေမိတယ်။

ဟိုင်ရှင်းကလဲ..

“စိတ်မပူပါနဲ့.. အမေ့အကူအညီနဲ့ဆိုတော့ မူကျီနေကောင်းမှာပါ..”

“အုဝဲ… အုဝဲ……”

ဟိုင်ရှင်းပြောနေတုန်းမှာပဲ အခန်းထဲကနေ ကလေးငိုသံ ကြားလိုက်ရတယ်။ ကျုပ် ချက်ချင်းကို စိတ်လှုပ်ရှားသွားမိတယ်။ ကျုပ် ဟိုင်ရှင်းကို ကျစ်နေအောင် ဖက်ထားပြီး..

“နောက်ဆုံးတော့ သူမွေးပြီး…”

အဖေကလဲ..

“ငါ့မှာ မြေးတစ်ယောက် ရပြီကွ….”

သိချင် မြင်ချင်နေပါပြီဆို တံခါးက ဘာလို့ မဖွင့်သေးပါလိမ့်။ နောက်ထပ် ကလေးတစ်ယောက်အသံ အကျယ်ကြီး ကြားလိုက်ရတော့ အံ့ဩမိရပြန်ရော။

“အမွှာပူးလား…”

နောက်ဆုံးတော့ တံခါးဖွင့်လာပြီး အမေရော လက်သယ်ပါ စိတ်လှုပ်ရှားတကြီးနဲ့ ထွက်လာတယ်။

“သတင်းကောင်း၊ သတင်းကောင်းဟေ့.. ကျန်းကုန်း.. မူကျီ သားနှစ်ယောက် မွေးလိုက်တယ်ဟေ့..”

ငင့်။ သားနှစ်ယောက်။ ကျုပ်မှာ သားနှစ်ယောက် ဖြစ်နေပြီ။ မူကျီလှဲနေတဲ့ အခန်းထဲက ကုတင်ဘေးနားကို ချက်ချင်း ပြေးသွားလိုက်တယ်။ မူကျီ အားနည်းနေပုံက သိသာပေမယ့် စိတ်ကတော့ တော်တော်လေး မာတာဗျို့။

“ကျန်းကုန်း.. ငါတို့မှာ သားတွေရပြီ…”

ကျုပ် စိတ်လှုပ်ရှားတကြီး ခေါင်းညိတ်ပြီး မူကျီလက်ကလေးကိုင်ရင်း..

“ကျေးဇူးတင်ပါတယ်.. မူကျီ.. ကျေးဇူးတင်ပါတယ်.. နောက်ဆုံးတော့ ငါလဲ ဖအေတစ်ယောက် ဖြစ်လာပြီ..”

မူကျီခေါင်းညိတ်ပြီးမှ..

“ကလေးတွေကို ကြည့်လိုက်အုံး.. ညီအစ်ကို နှစ်ယောက် ဘာလို့ မတူဘူးလို့ ခံစားမိနေလဲ မသိဘူး..”

ကျုပ်လဲ အနှီးနဲ့ ပတ်ထားတဲ့ ကလေးတွေဆီကို မူကျီနဲ့ တစ်ချက်ကြည့်လိုက်တယ်။ တစ်ခုက ကောင်းကောင်း ပြင်ထားပြီးသားဆိုပေမယ့် နောက်တစ်ခုက စောင်သေးသေးလေးနဲ့ ယာယီ လုပ်ထားရတာ။ ကလေးနှစ်ယောက်ရဲ့ ပုံစံတူတယ်ဆိုပေမယ့် မတူတာတွေလဲ ရှိနေတယ်။ ကျုပ် သူ့တို့ ခန္ဓာကိုယ်ကို စေ့စေ့ စပ်စပ် စစ်ဆေးဖို့ ကျုပ်နတ်ဘုရား စွမ်းအားတွေ ဖြန့်ကျက်ကြည့်လိုက်တယ်။ ကလေးနှစ်ယောက်စလုံးမှာ အလင်းနဲ့ အမှောင် စွမ်းအားတွေ တွေ့လိုက်ရတော့ အံ့ဩမိသွားတယ်။

“အာ…. မူကျီ.. နင် ငါ့အတွက် အလင်းနဲ့အမှောင် အမွှာတစ်စုံ ပေးလိုက်တာပဲ…..”

============= (*^*)=============

The End

#ပြီးပါပြီ…..

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters