ငါက ပါရမီရှင်မဟုတ်ရင် ဘယ်သူကပါရမီရှင်လဲ
Vol. 77 Ch. 1521
“မင်း... ဘာတွေပြောနေတာလဲ၊ ငါကပါရမီရှင်မဟုတ်ရင် ပြောပါဦး ဘယ်သူကပါရမီရှင်လဲ၊ ငါ့ဘေးမှာ... အမှောင်နတ်မိစ္ဆာဘုံမှာ ဘယ်သူက ပါရမီ ရှင်ဖြစ်ဖို့ အရည်အချင်းရှိလို့လဲ” ကျို့ဟွာသည် ရင်ဘတ်မှာလှိုက်ချည်ဖိုချည် ဖြင့် ဒေါသထွက်နေသည်။
ပေထင်းဟွမ်သည် သူမအား လုံးဝလျစ်လျူရှုကာ ကျို့ရှို့ဘက်သို့ ခေါင်း လှည့်ပြီးပြောလိုက်သည် “ငါ ပါရမီရှင်အစစ်အမှန်ကိုတွေ့ဖူးတယ်၊ သူ့မှာလည်း အသုံးမကျတဲ့ညီလေးတစ်ယောက်ရှိတယ်၊ သူ့ညီလေးက မွေးကတည်းက သုံးစားမရဘူး၊ ကျင့်ကြံလို့မရလို့ သူများတွေလှောင်ပြောင်တာခံခဲ့ရတယ်၊ ပြီးတော့ အဲဒီပါရမီရှင်က ငယ်ငယ်ကတည်းက စိတ်ပိုင်းဖြတ်ထားတယ်၊ အားအကောင်းဆုံးလူဖြစ်အောင် ကြိုးစားလေ့ကျင့်ရမယ်၊ အဲဒါမှ သူ့ဘဝမှာ သူ့ ညီလေးကို ကာကွယ်နိုင်မယ်တဲ့၊ သူက တကယ့်ပါရမီရှင်ပဲ၊ သူက အသက ၂၅ နှစ်မတိုင်ခင်မှာ နတ်ဘုရားဖြစ်သွားတယ်၊ ပြီးတော့ မင်းရဲ့ပါရမီရှင်အစ်မက တော့...”
ပေထင်းဟွမ်သည် ကျို့ဟွာအား အထင်သေးစွာကြည့်လေသည် “သူမ ဘဝမှာ နတ်ဘုရားအဆင့်ကို ကျော်ဖို့အခွင့်အရေးရှိရင်တောင် ဘယ်တော့မှ အသုံးဝင်တဲ့လူဖြစ်လာမှာမဟုတ်ဘူး၊ ကိုယ့်မောင်လေးကို ညှဉ်းပန်းတဲ့သူက အမှောင်နတ်မိစ္ဆာသခင်လေးဖြစ်လာဖို့ ဘာများအရည်အချင်းရှိလို့လဲ”
ပေထင်းဟွမ်၏စကားများကိုနားထောင်ပြီးနောက် ကျို့ဟွာခေါ်လာသည့် လူတစ်ရာကျော်သည် ရင်ထဲထိသွားသည့်အလား မျက်လွှာချသွားသည်။
ကျို့ဟွာနောက်သို့ တစ်ချိန်လုံးလိုက်လာခဲ့သည့် လူနှစ်ယောက်သာလျှင် မြင်းကိုရှေ့တိုးလာပြီး ပေထင်းဟွမ်အား ဓားဖြင့် ချိန်ရွယ်လေသည် “မင်းက ဘယ်သူလဲ၊ ငါတို့အမှောင်နတ်မိစ္ဆာဘုံရဲ့ကိစ္စကို ဘာဆိုင်လို့ဝင်ပါတာလဲ”
ပေထင်းဟွမ်သည် သူတို့နှစ်ယောက်အား လျစ်လျူရှုစွာဖြင့်ကြည့်လိုက် သည်။ ဖိနှိပ်မှုအာရုံတစ်ခုသည် သူတို့နှစ်ယောက်၏လက်အား တုန်ယင်သွား စေကာ ဓားရှည်ကျသွားပြီး သူတို့နှစ်ယောက်အား မမြင်နိုင်သောခွန်အားမှ တိုက်ခိုက်လေသည်။ လက်မှာတွဲလောင်းကျသွားပြီး စူးရှသောနာကျင်မှု ကြောင့် ထိုလူများသည် လက်ကိုအုပ်ကာ ညည်းညူနေသည်။
ဤကောင်လေးသည် အလွန်သန်မာသည်။
ထိုအရာကိုမြင်ပြီး ကျို့ဟွာ ပျာယာခတ်သါားသည်။ သူမသည် မခံမရပ် နိုင်ဖြင့်ပြောလေသည် “မင်းပြောတဲ့ ပါရမီရှင်ရှိမယ်လို့ ငါမယုံဘူး၊ မင်းမှာ အဲလို ညီရှိရင်တောင်...” သူမသည် ကျို့ရှို့အား လက်ညှိုးထိုးလေသည် “ဘာမှမလုပ် နိုင်ဘူး၊ သူက သုံးစားမရတဲ့အမှိုက်ပဲ၊ သူက မင်းလမ်းကိုလာပိတ်နေတာ၊ အဲတော့ မင်း သူ့ကိုညှဉ်းပန်းလို့မရဘူး၊ သူက အသုံးမကျဘူး ဒါပေမဲ့ အမှောင် နတ်မိစ္ဆာဘုံကို အသရေဖျက်နေတာပဲ၊ သူ သွားသင့်တာ သေလမ်းပဲ”
“မဟုတ်ဘူး” ပေထင်းဟွမ်၏မျက်လုံးများသည် အေးစက်နေသည်။ သူမ ၏ အသံသည် ကြည်လင်ပြီးအေးစက်စွာဖြင့် ခိုင်မာစွာပြောလေသည် “သေလမ်းက မင်းသွားရမှာ”
ပေထင်းဟွမ်၏ခန္ဓာကိုယ်မှအဟုန်သည် လုံးဝဥသုန်ပြောင်းလဲသွားကာ ကြီးမားသောဖိအားသည် ကျို့ဟွာဆီသို့ ဖိနှပ်လိုက်ရာ သူမသည် ကြောက်လန့် သောမျက်လုံးများဖြင့် နောက်ဆုတ်သွားလေသည်။ ဤကောင်လေးသည် သူမအား လျှို့ဝှက်စွာ စတင်တိုက်ခိုက်လိမ့်မည်ဟု ထင်မထားသဖြင့် ဒေါသဖြင့် ပြောလိုက်လေသည် “မင်း ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့၊ ငါ့အဖေက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး”
“သခင်” ကျို့ရှို့သည် ကျို့ဟွာအား ဝမ်းနည်းစွာကြည့်ပြီး ပေထင်းဟွမ် အား တားရန်ရှေ့တိုးလာသည်။ သူသည် ပေထင်းဟွမ်အား သနားခံသော မျက်လုံးများဖြင့်ကြည့်လေသည် “သခင် မလုပ်ပါနဲ့ သူက ကျွန်တော့်အစ်မပဲ လေ”
“ဟင်း”
အနောက်မှ ရွာသားများ၏ သက်ပြင်းချသံထွက်ပေါ်လာသည်။ ကမ္ဘာ ပေါ်တွင် အရက်စက်ဆုံးအရာမှာ သွေးသားကိုသတ်ဖြတ်ရခြင်းပင်။
သဘာဝကျကျပင် ပေထင်းဟွမ်သည် ကျို့ရှို့ရှေ့တွင် ကျို့ဟွာကိုမသတ် ပေ။ သူမသည် ကျို့ဟွာအား သတိပေးသလိုကြည့်သည်။ သူမသည် ဤကိစ္စကို ဂရုမစိုက်ချင်တော့သဖြင့် အော်လိုက်သည် “သွားမယ်” ပြီးသည်နှင့် နှင်းဝံပုလွေ ဘုရင်ကိုစီးကာ ရှေ့မှထွက်သွားလေသည်။
ပေထင်းဟွမ် ရွာသားများကိုဦးဆောင်ကာ ကျို့ဟွာတို့ဝိုင်းထားခြင်းမှ ထွက်သွားပြီး မြို့သို့ဝင်မည်အပြုတွင် ကျို့ဟွာသည် လူများကိုဦးဆောင်လာ ပြနသ်ည်။
“နေပါဦး အရှေ့ဆို အမှောင်နတ်မိစ္ဆာဘုံကိုရောက်ပြီ၊ လက်ရှိ စစ်အုပ်ချုပ်ရေးအမိန့်အရဆိုရင် ဘယ်သူစိမ်းမှ ဝင်ခွင့်ထွက်ခွင့်မရှိဘူး၊ မင်းက ဘယ်သူလဲ၊ ငါ့အဖေရဲ့ အမိန့်မပါဘဲ မြို့ထဲကိုဝင်ခွင့်မရှိဘူး” ကျို့ဟွာသည် ပေထင်းဟွမ်အား အနည်းငယ်ကြောက်သဖြင့် စကားများအားလုံးကို တစ်ခါ တည်းပြောချလေသည်။