မင်းမခံနိုင်ရင် ခံနေစရာမလိုဘူး
Vol. 77 Ch. 1522
ပေထင်းဟွမ်သည် စကားမပြောပေ။ သူမသည် သည်းခံနေခြင်းပင်။ သူမ သာ သည်းမခံနိုင်တော့ပါက ထပ်ပြီးသည်းခံနေမည်မဟုတ်ပေ။
ကျို့ရှို့ ထရပ်လေသည် “အစ်မ ငါတို့က သူစိမ်းတွေမဟုတ်ဘူး၊ သူတို့ အကုန်လုံးက ငါ့သူငယ်ချင်းတွေပဲ၊ သူတို့က ငါ့အသက်ကိုကယ်ခဲ့တယ်၊ သူတို့ က ဝိညာဉ်ဘုံကလာကြတာပဲ၊ ငါ သူတို့ကိုကတိပေးထားတယ်၊ သူတို့ကို ခေါ်သွားချင်တယ်”
“လက်ခံရမှာလား” ကျို့ဟွာသည် အလွန်ရယ်ရသည့်ဟာသတစ်ခုကို ကြားလိုက်ရသလိုပင် နှင်းဝံပုလွေစီးလာသော ရွာသားများကို လှည့်ပတ်ကြည့် လိုက်သည် “မင်း မှားများများနေသလား၊ သူတို့ကို ခေါ်သွားမယ်လို့ပြောရ အောင် မင်းမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ၊ မင်းက အမှောင်နတ်မိစ္ဆာဘုံမှာ ဘယ် အင်အားကိုမှ မဖြန့်ကျက်ဖူးဘူး၊ မင်းမှာက အဖေ့ရဲ့ အချစ်ဆုံးသခင်လေး ရာထူးပဲရှိတယ်”
ကျို့ရှို့၏မျက်နှာသည် ရှက်သွေးဖြာသွားကာ မျက်လုံးထဲမှ ခပ်ညံ့ညံ့ အကြည့်များကို ဖုံးကွယ်ရန် ခေါင်းကိုအနည်းငယ်ငုံ့လိုက်သည်။
၁၀ နှစ်ကျော်ကြာသည့် မောင်နှမဆက်ဆံရေးသည် မတော်တဆတွေ့ဆုံ သည့် ရွာသားများနှင့်ဆက်ဆံရေးလောက် မကောင်းပေ။
ကျို့ရှို့သာ အမှောင်နတ်မိစ္ဆာဘုံမှမထွက်လျှင်၊ သေဆုံးခြင်းလမ်းကို မလျှောက်မိလျှင်၊ ပေထင်းဟွမ်နှင့်သာမတွေ့လျှင်၊ ပေထင်းဟွမ်၏ သနားညှာတာမှုမရှိလျှင်၊ ကျို့ရှို့သည် ထနိုင်မည်မဟုတ်ပေ။ သို့သော် အမှောင် နတ်မိစ္ဆာဘုံမှ သူ့ကို မည်သူထွက်လာခိုင်းကာ ပေထင်းဟွမ်ဆီမှ ရတနာဆေး ရစေသနည်း။ သူ့အတွက် ရတနာဆေးသန့်စင်ရန် ပေထင်းဟွမ်အား မည်သူ တောင်းဆိုသနည်း။ သခင်လေးဆိုသည့် သရုပ်မှန်ကြောင့်သာ ချင်းရှန့်ရွာသား များကြောင့် ပေထင်းဟွမ်သည် သူ့အား ကူညီခဲ့သည်မဟုတ်ပါလား။
ပေထင်းဟွမ်နှင့်ချင်းရှန့်ရွာသားများသည် ဘာမှအဆက်အစပ်မရှိပေ။ သူမ ချင်းရှန့်ရွာသားများကို ခေါ်လာရသည်မှာလည်း သူများကိစ္စကိုဝင်ပါ၍ လုံထျန်းနှင့်တခြားသူများကို ကျားအဖွဲ့လက်ထဲမှကယ်ခဲ့ခြင်းကြောင့်ပင်။
ဤကမ္ဘာပေါ်တွင် လူကိုဆွဲဆောင်နိုင်သည်မှာ စွမ်းအားနှင့် ချမ်းသာမှုသာ မဟုတ်ပေ။ ကမ္ဘာပေါ်တွင် အသက်ရှင်နေရခြင်းသည် စွမ်းအားနှင့် ကြွယ်ဝမှု ကြောင့်သာ မဟုတ်ပေ။
ကျို့ရှို့ပြုံးလိုက်သည်။ သူသည် ခေါင်းကိုပြန်မော့လိုက်သည်။ သူ၏ရောင်ဝါသည် ပြောင်းလဲသွားပြီဖြစ်သည်။ သူသည် ကျို့ဟွာနောက်မှ လူ တစ်ရာကျော်ကို ပတ်ကြည့်လိုက်သည် “ငါက အမှောင်နတ်မိစ္ဆာဘုံရဲ့ သခင်လေးဆိုတာကို ငါ့အစ်မက သိသေးတာပဲ၊ ငါ့အဖေက ငါ့ရဲ့ခွန်အား တစ်စိတ်တစ်ပိုင်းဆိုတာကို ညွှန်ပြနေတာပဲ၊ ငါ့ခြေထောက်တွေက လမ်းလျှောက်နိုင်ရင် အစ်မက ဘာလို့ဒီလောက်ကြီးတဲ့အဖွဲ့ကို ဦးဆောင်ပြီး နေရာတိုင်းမှာ သရုပ်ပြနေတာလဲ”
ကျို့ရှို့၏စကားများကိုကြားပြီးနောက် ချင်းရှန့်ရွာသားများသည် စိတ်အေးစွာဖြင့် သက်ပြင်းချမိကြသည်။ ဤမာန်ပြင်းသော အမျိုးသမီးသည် တခြားသူကိုအနိုင်ကျင့်ပြီး သူတို့ အမှောင်မိစ္ဆာဘုံသို့ဝင်မည့်အရေးကို တားဆီး မည်ကို သူတို့စိုးရိမ်သည်။ သခင်လေးသည် ကိစ္စများကို ကိုင်တွယ်ရန် ကူညီနေ သည်မှာ အခြေချရန် အကောင်းဆုံးကိစ္စဖြစ်လိမ့်မည်။
ပေထင်းဟွမ်သည်လည်း ကျို့ရှို့အား ချီးကျူးသည့်အကြည့်ဖြင့်ကြည့် လိုက်သည်။ သူမသည် လူကဲခတ်မမှားနိုင်သည်ကို သိသည်။ ကျို့ရှို့၏ ခြေထောက်များ ပျောက်ကင်းသွားလျှင် သူသည် တခြားသူကိုအနိုင်ကျင့်ခွင့် ပေးမည်မဟုတ်ပေ။ သူမသည် လူကဲခတ်မညံ့ပေ။
ကံကောင်းစွာပင် ကျို့ရှို့သည် ထိုအတိုင်းဖြစ်နေသည်။
“မင်း” ကျို့ဟွာသည် ပေထင်းဟွမ်အား ကြည့်လိုက်သည် “မင်းက ခုနက ဒီလူကို သခင်လို့ခေါ်လိုက်တာပဲ၊ ကြည့်ရတာ မင်းရဲ့အမှောင်နတ်မိစ္ဆာဘုံ သခင်လေးဆိုတဲ့ သရုပ်မှန်ကို စွန့်ပစ်ပြီး၊ နတ်ဆိုးတွေကို သခင်အဖြစ်လက်ခံ လိုက်ပြီပဲ၊ မင်းက အမှောင်နတ်မိစ္ဆာဘုံရဲ့မျက်နှာကို အိုးမဲသုတ်ကာ အဖေ့ရဲ့ စိတ်ကိုထိခိုက်စေမှာမကြောက်ဘူးလား၊ အဲလိုဆိုမှတော့ မင်းက အမှောင် နတ်မိစ္ဆာဘုံကို ပြန်လာဖို့ မျက်နှာရှိသေးလို့လား”
“အစ်မ မင်းက စည်းမျည်းတွေဘောင်ကျော်နေပြီ” ကျို့ရှို့သည် မျက်မှောင်ကြုတ်လိုက်ကာ သူ၏အသံသည် အေးစက်ပြီး မာန်ပါသည် “အဖေက ငါ့ရဲ့ အမှောင်နတ်မိစ္ဆာဘုံသခင်လေးဆိုတဲ့ သရုပ်မှန်ကို ပြန်ရုတ်မသိမ်းသရွေ့ ငါက တစ်သက်လုံး အမှောင်နတ်မိစ္ဘာဆုံရဲ့ သခင်လေး ဖြစ်နေဦးမှာပဲ၊ ငါ့အစ်မက ငါ့ကိုအော်တယ်ဆိုတော့ အရင်ဆုံးမပြောခင် သခင်လေး နေရာမှာထိုင်ချင်တဲ့ အစ်မကိုမေးရတာပေါ့”
ပြောပြီးနောက်တွင် ကျို့ရှို့သည် ဦးဆောင်ကာ မြို့တံခါးဝဆီသို့ သွားလေ သည်။
သူ့အနောက်တွင် နှင်းဝံပုလွေဘုရင်သည် ခြေလှမ်းကြီးများလှမ်းလိုက် သည်။ သူ ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်သည်နှင့် ခြေလှမ်းကြီးလှမ်းနိုင်ကာ ကျို့ရှို့၏နှင်းဝံပုလွေခန္ဓာကိုယ်ထက်ပင် တစ်ဝက်မြန်ဆန်လေသည်။ ချင်းရှန့် ရွာသားများသည်လည်း သူ့နောက်သို့လိုက်သွားကြသည်။
ပေထင်းဟွမ်၏နှင်းဝံပုလွေများအားလုံးသည် နတ်ဘုရားအဆင့်ခွန်အား ရှိကြသည်။ ကျို့ဟွာ၏ ငွေရောင်ဦးချိုမြင်းထက် အဆင့်မည်မျှမြင့်သည်ကို တော့ မသိနိုင်ပေ။