သူငယ်ချင်းလား သခင်လား
Vol. 77 Ch. 1524
ထိုအသံကိုကြားပြီးနောက် ကျို့ရှို့သည် မျက်ရည်များကျလာပြီး ရေရွတ် လေသည် “အဖေ”
ပေထင်းဟွမ်သည် နောက်ဆုံးတွင် သက်ပြင်းချမိလေသည်။ ဤနယ်ပယ် မြို့စားသည် ခံစားချက်အနည်းငယ်ကျန်နေပုံဟန်ပေါက်ကာ သူမ စိုးရိမ်သည့် အတိုင်းမဟုတ်ဘဲ ကျို့ရှို့အပေါ်တွင် ကြင်နာပြီး အားထုတ်ပုံပင်။
“အဖေ”
ကျို့ရှို့သည် အားကုန်ထုတ်အော်လိုက်ရာ ဘေးနားမှလူများအားလုံးသည် အလန့်တကြား ထခုန်မိလေသည်။
ထိုအချိန်တွင် နယ်မြေမြို့စားအိမ်တော်မှ အစောင့်အကြပ်များသည် လက်နက်များဖြင့် ပြေးထွက်လာကြသည်။ သူတို့သည် ကျို့ရှို့အားမြင်လိုက်ရ ချိန်တွင် မှင်တက်သွားကြကာ မျက်လုံးများပြူးထွက်လာပြီး မယုံနိုင်ဖြစ်နေကြ သည်။ ဒါ သူတို့ရဲ့ သခင်လေးလား။ သေသွားပြီမဟုတ်ဘူးလား။
ခန်းမထဲမှအခေါင်းကို လျင်မြန်စွာဖယ်ရှားလိုက်ပြီး ခြေလှမ်းများသည် အိမ်တော်ထဲမွှက်လာကြသည်။ မကြာမီတွင် အနက်ရောင်ပုံရိပ်တစ်ခုသည် အားလုံးရှေ့တွင်ပေါ်လာသည်။ သူသည် တံစက်မြိတ်အောက်တွင်ရပ်ကာ ကျို့ရှို့အားကြည့်လေသည်။ ကျို့ရှို့ကို အတည်ပြုပြီးနောက် အပြေးဝင်လာ သည် “ရှို့အာ”
သူသည် ကျို့ရှို့၏ဖခင်ဖြစ်သည်။ ကျို့ရှို့သည် ထိုလူနှင့်အနည်းငယ် တူ သလိုရှီသည်။ သို့သော် ထိုလူသည် ကျို့ရှို့ထက် ကိုယ်လုံးကိုယ်ပေါက်ကြီး သည်။ ဓားကဲ့သို့မျက်ခုံးများ၊ ကြယ်နှင့်တူသောမျက်လုံးများနှင့် မြင့်မြတ်သော မျက်နှာပေါက်ရှိသည်။
ထိုအခိုက်အတန့်တွင် သူသည် ကျို့ရှို့အား တင်းကြပ်စွာပွေ့ဖက်ပြီး မျက်လုံးမှိတ်လိုက်သည်။ အားလုံးရှေ့တွင် မျက်ရည်နှစ်ကြောင်းသည် မှိတ်ထားသော မျက်လုံးများမှထွက်လာသည် “ငါ့ရှို့အာလေးက မသေနိုင်ဘူး ဆိုတာသိတယ် ဟား ဟား ဟား ငါ့သွေးသားပြန်လာပြီ”
ထိုလူအနောက်တွင် ပုံရိပ်နှစ်ခုသည် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ ပြောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ခေါင်းတွင် ပန်း၊အဆင် တန်ဆာမဆင်မြန်းထားသည့် အမျိုးသမီးနှစ်ယောက်ဖြစ်သည်။ သူတို့သည် အောက်မေ့ခြင်းဝတ်စုံကို ဝတ်ဆင်ထားခြင်းပင်။ ထိုအမျိုးသမီးနှစ်ယောက်လုံး သည် ကြည့်ကောင်းကြသည်။ ထိုအချိန်တွင် သူတို့သည် ကျို့ရှို့အား နတ်ဆိုး တစ်ကောင်ကို တွေ့လိုက်ရသည့် အကြည့်များဖြင့်ကြည့်လေသည်။ ကျို့ရှို့၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက်တွင် တညီတညာတည်းပင် နောက်သို့ ခြေနှစ်လှမ်းဆုတ်လေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” အနည်းငယ်မျိုးရိုးမြင့်သောအမျိုးသမီး တစ် ယောက်သည် မယုံနိုင်ဖြစ်နေသည်။
ကျို့ရှို့သည် ထိုအမျိုးသမီးအား လျစ်လျူရှုသလိုကြည့်ကာ အော်လိုက် သည် “အရှင်”
“ဟား ဟား ဟား” နယ်ပယ်မြို့စားသည် ရင်ထဲမှပျော်ရွှင်မှုကို မချုပ်တည်းနိုင်တော့ဘဲ ပေထင်းဟွမ်နှင့်တခြားသူများကိုကြည့်လေသည် “ရှို့အာ အဖေ့ကိုလည်း မိတ်ဆက်မပေးရသေးဘူး မင်းသူငယ်ချင်းတွေလား”
“အဖေ ဒါက ကျွန်တော့်...” ကျို့ရှို့သည် ဂုဏ်ယူစွာဖြင့် ပေထင်းဟွမ်အား နယ်ပယ်မြို့စားနှင့်မိတ်ဆက်ပေးလေသည်။ သို့သော် သူ စကားမဆုံးခင်မှာပင် ပေထင်းဟွမ်သည် စကားဖြတ်ပြောလေသည် “မြို့စားသခင် ကျွန်တော်က မြို့စားကို လေးစားနေတာကြာပါပြီ၊ ကောင်လေးဟွမ်ကျို့က ကျို့ရှို့ရဲ့ သူငယ်ချင်းပါ”
သူမသည် လင်းယွိမှလူများနှင့် ရန်သူဖြစ်ခဲ့သည့် ပေထင်းဟွမ်၏ သရုပ်မှန်ကို ယာယီဖုံးကွယ်လိုက်သည်။
“သခင်လေးဟွမ်ကျို့...”
“အဖေ”
လူအုပ်ထဲမှ ရင်းနှီးသောအသံထွက်ပါ်လာပြီး ကျို့ဟွာသည် ငွေရောင်ဦးချိုမြင်းပေါ်မှ ခုန်ဆင်းပြီး လူအုပ်ကိုဖြတ်ကာ နယ်ပယ်မြို့စား အိမ်တော်တံခါးဝဆီသို့ လျှောက်လာသည်။ သူမသည် သူမ၏အပြုအမူများကို သဘောမတွေ့သော ဖခင်ကိုလျစ်လျူရှုကာ ပေထင်းဟွမ်အား လက်ညှိုးထိုးပြီး ပြောလေသည် “အဖေ သမီးရိုင်းပြတာကို ခွင့်လွှတ်ပါ၊ ဒီသခင်ဟွမ်ကျို့က ကျို့ရှို့ရဲ့သူငယ်ချင်းမဟုတ်ဘူး သူ့သခင်ပဲ၊ သူက ကျွန်ဖြစ်ချင်နေတာ”
ဘုန်း..
ထိုစကားများထွက်လာသည်နှင့် မြို့စားအိမ်တော်တံခါးပေါက်တစ်ခုလုံး သည် မီးတောက်သွားသလိုပင်။ အမှောင်နတ်မိစ္ဆာဘုံမှလူအားလုံးသည် ကျို့ရှို့ အား ခွင့်မလွှတ်သောမျက်လုံးများဖြင့် ကြည့်ကြလေသည်။ သူသည် သူတို့၏ သခင်လေးဖြစ်သည်။ ဘယ်လိုလုပ် သူများရဲ့ကျွန်အဖြစ်ခံရတာလဲ။ သူက အမှိုက်ဆိုရင်တောင် တခြားသူရဲ့ကျွန်လုပ်စရာမလိုဘူးလေ။
နယ်ပယ်မြို့စားသည် ကျို့ရှို့၏မျက်နှာမှ အဖြေကိုရှာချင်သည့်အလား ကျို့ရှို့အား ကြည့်လေသည်။ ကျို့ရှို့သာ 'မဟုတ်ဘူး' ဟုပြောလာလျှင် သူသည် သားဖြစ်သူကို ယုံကြည်မည်။
သို့သော် ကျို့ရှို့သည် ခေါင်းငုံ့ကာ ဝန်ခံလေသည်။
“ဟင်း” အေးစက်သောနှာမှုတ်သံသည် မမြင်နိုင်သောဖိအားကိုသယ် ဆောင်လာကာ အားလုံးကို ထိတ်လန့်မှုမှ နိုးထလာစေသည်။ သူတို့၏ မျက်လုံးများသည် ပေထင်းဟွမ်ဆီသို့ရောက်လာကာ စူးရှသောမျက်လုံးတစ်စုံ သည် ကျို့ဟွာအား စူးရှသောမြားတစ်စင်းအလားကြည့်လေသည်။ “ကျို့ရှို့က ကျုပ်သူငယ်ချင်းလို့ပြောရင် ကျုပ်သူငယ်ချင်းပဲ၊ ဒီသခင်လေးရဲ့စကားကို ဘယ်သူမှ မေးခွန်းမထုတ်ရဲဘူး၊ ဒီနေ့ သခင်လေးကြည့်ချင်သေးတယ်၊ မြို့စားက ကျုပ်ပြောတာကိုယုံမလားလို့”