Chapters

နယ်ပယ်သခင်

Vol. 77 Ch. 1525

နယ်ပယ်သခင်

Vol. 77 Ch. 1525

ဓား ၁ လက်သည် အိပ်မက်ကိုနှိုးလိုက်သလိုပင်။

အမှောင်နတ်မိစ္ဆာဘုံမှလူအားလုံးသည် သက်ပြင်းချမိလိုက်ကြသည်။ အုပ်ထိန်းသူမှ ငြင်းဆန်လျှင် ၎င်းသည် အမှန်တကယ်တည်ရှိနိုင်မည်မဟုတ် ပေ။ သခင်လေးသာ ဤအရှင်ထံတွင် အစေခံပြုလိုပါက များပြားလှသောလူ များရှေ့တွင် အရှင်ငြင်းဆန်လိုက်ပါက သူသည် အစေခံမဟုတ်တော့ပေ။

ကျို့ရှို့သည် ရုတ်တရက်ခေါင်းမော့ပြီး ပေထင်းဟွမ်အားကြည့်လေသည်။

သူမ အမှန်တကယ် ငြင်းဆန်လိုက်သည်။ သခင် ငြင်းဆန်လိုက်သည်မှာ သူ့ကို မလိုချင်၍လားပင်။

ကျို့ဟွာသည် ဤကဲ့သို့အခွင့်အရေးကောင်းကို လက်လွှတ်မခံပေ။ သူမ သည် အားလုံးရှေ့တွင် အသုံးမကျသောသားတစ်ယောက်ရှိသည်ကို ဖခင်ဖြစ် သူအားသိစေချင်သည် “အဖေ ဒီလူကလိမ်နေတာ၊ မြို့အပြင်မှာတုန်းက ကျို့ရှို့က ဒီလူ့ကိုသခင်လို့ခေါ်လိုက်တာ သမီးသေချာကြားလိုက်တယ်၊ သမီး နားကြားမမှားဘူး၊ ဒီအစောင့်အကြပ်တွေလည်းကြားတယ်”

ကျို့ဟွာသည် သူမနောက်မှလိုက်လာသော အစောင့်အကြပ်များကို စမ်းသပ်မေးမြန်းလေသည်။ ပေထင်းဟွမ်အား တိုက်ခိုက်ခဲ့သော လူနှစ်ယောက်သည် သူမအတွက်ထွက်လာပြီး နယ်ပယ်သခင်ရှေ့တွင် အရိုအသေပြုလေသည် “ဟုတ်တယ် လက်အောက်ငယ်သားတွေက ကိုယ်တိုင် နားနဲ့ကြားခဲ့ပါတယ်၊ သခင်လေးက ဒီအရှင့်ကိုသခင်လို့ခေါ်ခဲ့တာပါ၊ လက်အောက်ငယ်သားတွေလည်း ကြားလိုက်တော့ တော်တော်အံ့အားသင့် သွားတာပါ”

“အဖေ ကျို့ရှို့ပြောတာကြားမှာပဲ၊ အမှောင်နတ်မိစ္ဆာဘုံရဲ့ သခင်လေး ဖြစ်ပြီးတော့ ဇစ်မြစ်မသိရတဲ့လူတစ်ယောက်ကို သခင်အဖြစ် ကျွန်ခံနေတာ လေ၊ သူက အဖေ့ရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးတာ၊ သူက အမှောင်နတ်မိစ္ဆာ ဘုံရဲ့ သခင်လေးဖြစ်ဖို့မတန်ဘူး” ကျို့ဟွာသည် ဓားထိပ်ဖြင့် ကျို့ရှို့အား ချိန်ရွယ်ရင်း ခါးသက်စွာပြောလေသည် “မင်း မတော်တဆဖြစ်တဲ့သတင်း ကြားပြီးတော့ အဖေက ဘယ်လောက် ဝမ်းနည်းခဲ့လဲမင်းသိလား၊ မင်းက မင်း ဘေးကင်းတယ်ဆိုတဲ့အကြောင်း အဖေ့ကို ချက်ချင်းပြန်လာမပြောဘဲနဲ့ အပြင် မှာတခြားလူကို သခင်အဖြစ် အသိအမှတ်ပြုနေတယ်”

“ဟွာအာ မင်း မောင်လေးကို ဘယ်လိုပြောလိုက်တာလဲ” နယ်ပယ် သခင်နောက်တွင် အနည်းငယ်အထက်တန်းကျသော လှပသည့်အမျိုးသမီး ရောက်လာပြီး ကျို့ဟွာအား နှစ်လိုဖွယ်မျက်နှာဖြင့်ပြောလေသည် “မောင်လေး ရဲ့ခြေထောက်က မွေးကတည်းက မသန်စွမ်းနဲ့မွေးလာတာ သူလမ်းမလျှောက် နိုင်ဘူး၊ သူက ဒီအရှင့်ကို သခင်အဖြစ်သတ်မှတ်လိုက်တာက သူ့ကိုပြန်ပို့လို့ မတတ်သာလို့ အသိအမှတ်ပြုလိုက်တာပဲဖြစ်မယ် ရှို့အာ ဟုတ်လား”

၎င်းသည် ကျို့ရှို့၏မိခင်ဖြစ်ကာ အမှောင်နတ်မိစ္ဆာဘုံသခင်၊ နယ်ပယ်သခင်၏ ပထမဇနီးဖြစ်သည်။

သူမသည် သားဖြစ်သူအား လျစ်လျူရှုသလိုကြည့်သော်လည်း အေးစက် သည့်အကြည့်တော့မဟုတ်ပေ။

ကျို့ရှို့သည် ပေထင်းဟွမ်အား ကြည့်လေသည်။ ပေထင်းဟွမ် ဘာကြောင့် ငြင်းသည်ကို သူ မသိတော့ပေ။ အမှောင်နတ်မိစ္ဆာနယ်နိမိတ်တစ်ခု လုံးသာ သူ့ကို စွန့်ပစ်မည်ဆိုပါက သူသည် ပေထင်းဟွမ်၏နောက်သို့လိုက်ပြီး လက်မခံချင်ပါကလည်း ပေထင်းဟွမ်နောက်လိုက်ဦးမည်ဖြစ်သည်။

“ဘာလို့လဲ ယွိကျို့၊ မင်းရဲ့သားခြေထောက်က မသန်စွမ်းဖြစ်နေတာကို သူ့အတွက် စိတ်မကောင်းဖြစ်ရုံတင်မကဘဲ မင်းမျက်နှာကို အိုးမည်းသုတ် တယ်လို့ ခံစားနေရတုန်းလား” ပေထင်းဟွမ်သည် ထိုအမျိုးသမီးအား အကြောင်းအရင်းမရှိ မုန်းတီးမိသည်။ မသန်စွမ်းဖြစ်နေသော သားရှေ့တွင် သူ၏ အမှားကို ဖော်ထုတ်သည့် ကြင်နာမှုကင်းသော မိခင်ဟူ၍မရှိသင့်ပေ။

“ရဲတင်းလိုက်တာ” နယ်ပယ်သခင်၏ဇနီးသည် မျက်နှာငုံ့သွားကာ စူးရှ စွာပြောလေသည် “မင်းလိုမျိုး အပြင်လူက နယ်ပယ်သခင်အိမ်တော်ထဲမှာ စကားပြောနေတာကို ဘယ်တုန်းက စကားဖြတ်ပြောခွင့်ရှိသွားတာလဲ”

“သခင်” ပေထင်းဟွမ်အား မိခင်ဖြစ်သူမှ ထိုသို့ပြောလိုက်သည်ကို ကြား ပြီးနောက် ကျို့ရှို့သည် မျက်မှောင်ကြုတ်လေသည် “ဟွမ်ကျို့က ကျွန်တော့် သူငယ်ချင်းကောင်းပါ၊ သူက ကျွန်တော့်အသက်ကိုကယ်ခဲ့တယ်၊ ကျွန်တော့် ခြေထောက်ကို ကုသပေးခဲ့တယ်၊ သူ့ကို ဒီလိုမျိုးရိုင်းပြတဲ့အပြုအမူနဲ့ မဆက်ဆံ ပါနဲ့”

“မင်းခြေထောက်ကို ကုပေးတယ်ဟုတ်လား” ထိုစကားကိုကြား ပြီးနောက် နယ်ပယ်သခင် မှင်တက်နေသည်ကိုကြည့်ပြီး ယွိကျို့သည် ပိုပို၍ မပျော်ရွှင်ဖြစ်လာသည် “မင်းခြေထောက်က မွေးကတည်းက မသန်စွမ်းဖြစ်နေ တာ ဘယ်လိုလုပ်ကုလို့ရမှာလဲ၊ ရှို့အာ မင်းက နေ့တိုင်းမတ်တပ်ရပ်ချင်တာကို အမေသိတယ်၊ မင်း ရူးသွားတာပဲဖြစ်မယ်၊ ဒီလိုအကြွေးကို သူ့အပေါ်မှာ မတင်သင့်ဘူးလေ”