← Chapters

အကုန်လုံးက သူတောင်းစားတွေလိုပဲ

Vol. 77 Ch. 1526

အကုန်လုံးက သူတောင်းစားတွေလိုပဲ

Vol. 77 Ch. 1526

“ဟုတ်တယ် မောင်လေး မင်းခြေထောက်က ဘယ်လိုလုပ်ပြန်ကောင်းနိုင် မှာလဲ” ကျို့ဟွာသည် အထင်သေးလှောင်ပြောင်သောအကြည့်ဖြင့် ပြုံးလိုက် သည် “ပြီးတော့ မင်းခြေထောက်တွေက နတ်ဘုရားအဆင့်ဆေးတောင် သောက်ပြီးပြီလေ၊ အဲဒါလည်း ပြန်ကောင်းလာတာမဟုတ်ဘူး၊ ပြီးတော့ သူက ဘာမို့လို့လဲ၊ မင်းရဲ့ခြေထောက်ကို ကုပေးနိုင်ပါတယ်လို့ပြောရအောင် သူက ဘာအရည်အချင်းရှိလို့လဲ”

ထိုစကားကိုကြားပြီးနောက် မူလကအနည်းငယ်ပျော်ရွှင်နေသော နယ်ပယ်သခင်၏ မျက်လုံးများသည် မှေးမှိန်သွားလေသည်။ သူသည် လက်မြှောက်ကာ သားဖြစ်သူ၏ဦးခေါင်းကိုပွတ်သပ်ကာ သနားစဖွယ်ပြောလေ သည် “မကြောက်နဲ့ အဖေက နတ်ဘုရားဘုရင် အဂ္ဂိရတ်ပညာရှင်ကိုရှာတွေ့ပြီး ပြီ၊ သူက မင်းအတွက် နတ်ဘုရားအဆင့် အသက်ဆက်ဆေးသန့်စင်ပေးမယ်လို့ ကတိပေးခဲ့တယ်၊ မင်းခြေထောက်ကို သေချာပေါက် ကုသပေးနိုင်မှာပါ”

“မင်းတစ်ဘဝလုံး မရပ်နိုင်ဘူးဆိုရင်တောင် အမြဲတမ်း အမှောင်နတ်မိစ္ဆာ ဘုံရဲ့သခင်လေးဖြစ်နေဦးမှာပါ၊ ဘယ်သူမှ မင်းနေရာကိုလုမယူနိုင်ဘူး”

“ဟား ဟား ဟား” မြို့စားအိမ်တော်တွင် မောက်မာသော ရယ်သံတစ်ခု ထွက်လာကာ အဖြူရောင်အဂ္ဂိရတ်ဝတ်ရုံကိုဝတ်ဆင်ထားသည့် လူတစ်ဦး ထွက်လာသည်။ လှုပ်ရှားမှုနှင့်အတူ သူသည် အားလုံး၏ရှေ့တွင်ပေါ်လာသည်။ သူသည် နယ်ပယ်သခင်ကိုပင် မျက်နှာသာမပေးဘဲ မာန်တက်သောမျက်လုံး များဖြင့် ကျို့ဟွာဆီသို့သာ ရစ်ပတ်နေလေသည် “သခင်မလေးမျက်နှာကြောင့် သာမဟုတ်ရင် ကျုပ်က ဒီလိုမျိုးအလွယ်တကူပေးမှာမဟုတ်ဘူး”

သူ၏မျက်လုံးများသည် ထိပ်ဆုံးထက်ပင်ပိုမြင့်သည်။ ထို့နောက် ကျို့ရှို့ အား စောင်းကြည့်လေသည် “မင်းက သခင်မလေးရဲ့ အသုံးမကျတဲ့မောင်လေး လား၊ မင်းက သေသွားပြီမဟုတ်ဘူးလား၊ အသက်ရှင်နေတော့လည်း မင်းနဲ့ငါ က ရေစက်ရှိသေးတယ်လို့ ဆိုလိုတာပဲ၊ ပြီးတော့ မင်း မတ်တပ်ရပ်နိုင်လိမ့််မယ် လို့ ငါ အာမခံနိုင်တယ် ဒါပေမဲ့ ကျင့်ကြံနိုင်မယ်ဆိုပြီးတော့ မယုံမှားလိုက်နဲ့”

ကျို့ရှို့သည် သူ၏စကားများကြောင့် ဒေါသထွက်သင့်လား မသင့်လားဆို သည်ကိုပင် မသိတော့ပေ။ သူသည် ထိုလူအား ငေးငိုင်စွာစိုက်ကြည့်ပြီး တုံ့ပြန် ရန်အချိန်တော်ယူရလေသည်။ ထို့နောက် ပေထင်းဟွမ်အား ညွှန်ပြကာ ပြော လေသည် “အင်း ကျွန်တော့်သူငယ်ချင်းကလည်း အဂ္ဂိရတ်ပညာရှင်ပဲ၊ သူက ကျွန်တော့်ခြေထောက်တွေကို ကုသဖို့ ဆေးတောင်သန့်စင်ပြီးသွားပြီ...”

“တကယ်လား” ထိုစကားကိုကြားပြီးနောက် ထိုလူ၏မျက်နှာသည် မည်းနက်သွားကာ ပေထင်းဟွမ်အား မည်းနက်သောမျက်လုံးများဖြင့် အထက် အောက် အကဲခတ်ကာ အထင်သေးစွာပြောလေသည် “လူငယ်လေးက စကားကြီးစကားကျယ်ပြောပြီး ကြွားလုံးတွေထုတ်နေတာကို မင်းမိသားစုက ရောသိရဲ့လား”

“ကျို့ရှို့ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ” ကျို့ဟွာသည် သံယောင် လိုက်ပြောလေသည် “မင်းအတွက် နတ်မီးအဂ္ဂိရတ်ပညာရှင်ရှာဖို့ ငါ့အတွက် ဘယ်လောက်ခက်လဲသိလား၊ မင်းခြေထောက်ကို ကုဖို့ဆေးဟုတ်လား၊ ဟင်း မင်း မီးမွှေးနိုင်တာနဲ့ တူတာလား”

“ဟူး...” နယ်ပယ်သခင်သက်ပြင်းချကာ ကျို့ရှို့အား ချစ်ခင်သောမျက်လုံး များဖြင့်ကြည့်လေသည် “မင်းသူငယ်ချင်းက ခရီးဝေးကနေလာရတာ၊ တော်တော်ပင်ပန်းနေလောက်ပြီ၊ အဲဒီအကြောင်းတွေမပြောနဲ့တော့ မင်း သူငယ်ချင်းကို နားဖို့ခေါ်သွားလိုက်တော့”

“အဖေ” ကျို့ဟွာသည် ကျယ်လောင်သောအသံဖြင့်အော်ကာ ပေထင်းဟွမ်နှင့် အနောက်မှရွာသားများကို လက်ညှိုးထိုးလေသည် “အဖေ သူတို့ကိုလည်း ကြည့်ပါဦး အကုန်လုံးက သူတောင်းစားတွေကျနေတာပဲ၊ ဘယ်လိလုပ် နယ်ပယ်သခင်အိမ်တော်ကို ဝင်ခွင့်ပေးမလဲ”

လုံထျန်းသည် နှင်းဝံပုလွေကိုစီးလာပြီး နယ်ပယ်သခင်အား လက်အုပ်ချီ လေသည် “နယ်ပယ်သခင်၊ ကျုပ်တို့က အစက လင်းယွိချင်းရှန့်ရွာက ရွာသား တွေပါ၊ သခင်ဟွမ်ကျို့က ကျုပ်တို့ကိုကယ်ပြီး လမ်းတစ်လျှောက်ခေါ်လာတာ ပါ၊ သခင်လေးနဲ့လည်း သဘောတူညီချက်ယူထားတယ်၊ သခင်ဟွမ်ကျို့က သူ့ ခြေထောက်ကိုကုပေးမယ်၊ သူက ကျုပ်တို့ကိုခေါ်သွားပေးမယ်ပေါ့၊ ကျုပ်တို့ လည်း အမှောင်နတ်မိစ္ဆာဘုံမှာ အလုပ်လုပ်ပြီး အသက်ရှင်နိုင်ပါတယ်”

“ဘာပြောတယ်”

နယ်ပယ်သခင်မပြောခင်တွင် ကျို့ဟွာအော်လိုက်သည်။ သူမ လျှောက် သွားပြီး နယ်ပယ်ကြင်ယာတော်၏လက်မောင်းကို ဖက်လိုက်သည် “အမေ ကြည့်လေမောင်လေးက ဘာတွေလုပ်ထားတာလဲ၊ ပြီးတော့ သူက အိမ်မှာ လိမ်လိမ်မာမာမနေဘဲ သစ္စာဖောက်ခံရမှာကိုလည်းမကြောက်ဘူး၊ နာမည်ကျော် အဂ္ဂိရတ်ပညာရှင်ရှန့်ဟောက်လုပ်တဲ့ ဆေးကိုမစားဘဲ အပြင်လူရဲ့ဆေးကို စားခဲ့တာ၊ သူက အဆိပ်သင့်ပြီးသေမှာကိုမကြောက်ဘူးပဲ”

“အစ်မ မင်း” ကျို့ရှို့သည် အသက်ပြင်းပြင်းရှူူကာ နတ်မီးအဂ္ဂိရတ်ပညာ ရှင်အား လက်ညှိုးထိုးလေသည် “ဟင်း ဒီလိုလူလိမ်ကို ဘယ်ကနေရှာတွေ့လာ တာလဲတော့မသိဘူး၊ ငါ နတ်ဘုရားအဆင့်ဆေးတွေ ဘယ်လောက်စားခဲ့လဲဆို တာမသိဘူးလား၊ နတ်ဆေးတွေက ဘယ်တုန်းက ငါ့ခြေထောက်ကို ကုပေးနိုင် လို့လဲ၊ ဒီလိုလူမျိုးကို ဘာလို့ယုံကြည်နေတာလဲ”

All Chapters