တိုက်ရိုက်ပစ်ခြင်း
Vol. 77 Ch. 1528
ကျို့ဟွာသည် ဒေါသဖြစ်ဖြစ်နှင့် ရယ်မောလေသည်။ သူမသည် သူမ အပေါ် အဂ္ဂိရတ်ပညာရှင်၏အရှက်မဲ့မှုကို မုန်းနတီးသော်လည်း ယခုအခါ ဤလူ၏စွမ်းအားကိုမှီခိုရမည်ဖြစ်သဖြင့် အဂ္ဂိရတ်ပညာရှင်၏ဘက်တွင် ရပ်တည်ရမည်။ သူမသည် ဒေါသဖြင့်ပြောရလေသည် “မောက်မာလိုက်တာ”
အမှောင်နတ်မိစ္ဆာဘုံမှ တခြားသူများသည် ကျို့ဟွာလောက် မခက်ထန် သော်လည်း ပေထင်းဟွမ်အား တစ်ခါတစ်ခါ အထင်သေးစွာကြည့်လေသည်။ ငယ်ရွယ်သောလူငယ်တစ်ယောက်သည် အဆင့် ၃ ကျွမ်းကျင်သူဖြစ်လျှင် တော်လွန်းနေပြီဖြစ်၏။ ရှန့်ဟောက်အဂ္ဂိရတ်ပညာရှင်နှင့် မည်သို့ယှဉ်နိုင်မည် နည်း။
သူသည် မထိုက်တန်ဟုပင် မျက်နှာပြောင်ပြောင်နှင့်ပြောနေသေးသည်။
ချင်းရှန့်ရွာသားများသာ ပေထင်းဟွမ်၏စကားမှန်ကန်သည်ကို ယုံကြည် ကြသည်။
ကျို့ရှို့သည် သူ၏အခြေအနေသည်ကို တခြားသူထက် ကောင်းစွာသိ သည်။ ဖခင်ဖြစ်သူ သဘောမကျစွာမျက်မှောင် ကြုတ်သည်ကိုကြည့်ပြီး သူ၏ ဖခင်သည် သခင်ဟွမ်ကျို့မှ ရှန့်ဟောက်အဂ္ဂိရတ်ပညာရှင်အား ဒေါသဖြစ် အောင်လုပ်မည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် သူသည် လျင်မြန်စွာပင် ဖခင်၏ အင်္ကျီလက်ကိုဆွဲကာပြောလိုက်သည် “အဖေ ကျွန်တော့်ခြေထောက်တွေကို ကြည့်လိုက်”
သူသည် ပြောရင်းနှင့် နှင်းဝံပုလွေပေါ်မှ တဖြည်းဖြည်းဆင်းလိုက်သည်။ ပေထင်းဟွမ်၏စကားမျာကိုကြားပြီးနောက် ကျို့ရှို့သည် ခြေထောက်များကို မသုံးရဲသေးပေ။ သို့သော် ချင့်ချိန်စွာဖြင့် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ခေါင်းလှည့်ကာ နယ်ပယ်သခင်အား ပြုံးပြလေသည်။ နောက်ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် လှည့်ကာ ဖခင်ဆီသို့ပြန်လာလေသည်။
နယ်ပယ်သခင်အိမ်တော်ရှေ့တွင် တိတ်ဆိတ်နေ၏။ အားလုံးသည် ကျို့ရှို့၏ ခြေထောက်ကိုစိက်ကြည့်နေသည်။ သူတို့မည်မျှပင် စိုက်ကြည့်နေပါ စေ မူမမှန်သည့်လက္ခဏာမတွေ့ပေ။
၎င်းသည် သာမန်ခြေထောက်တစ်စုံဖြစ်ကာ ခြေလှမ်းများနှေးသည်ဖြစ် စေ မြန်သည်ဖြစ်စေ တခြားသူများနှင့် ကွာခြားမှုမရှိပေ။
သို့သော် ကျို့ဟွာနှင့်တခြားသူများသည် မှင်တက်နေလေသည်။ ကျို့ရှို့ ၏မိခင်ပင်လျှင် ထိုအချိန်တွင် မျက်နှာတစ်ခုလုံးဖြူဖျော့နေသည်။ ယုတ္တိရှိရှိ ပြောရလျှင် သူတို့ ပျော်ရွှင်သင့်သည်။
ပေထင်းဟွမ်၏အကြည့်သည် ထိုအမျိုးသမီး၏မျက်နှာပေါ်သို့ ဖြတ်ပြေး သွားသည်။ ထိုအရာသည် အမှန်တကယ်ပင် ပုံမှန်မဟုတ်ပေ။ သို့သော် အိမ် ထဲရှိ လူချမ်းသာနှင့် အထက်တန်းစာလူများအကြားတွင် ကလိမ်ကကျစ်ကျ သော ပူးပေါင်းလိမ်လည်ထားမှုများရှိနေသည်။ ထိုအရာများသည် သူနှင့် ဘာမှ မဆိုင်ပေ။
“ရှို့အာ မင်းခြေထောက်တွေ တကယ်ပဲကောင်းသွားပြီလား တကယ် ကောင်းသွားပြီပေါ့” နယ်ပယ်သခင် သတိပြန်ဝင်လာရန် အချိန်အတော်ကြာ လေသည်။ သူသည် ပျော်ရွှင်စွာဖြင့် ကျို့ရှို့အား ပွေ့ဖက်လေသည်။
“မြို့စားသခင် ကျွန်တော်က ကျို့ရှို့နဲ့ သဘောတူညီမှုယူခဲ့ပါတယ်၊ သူ့ ခြေထောက်ကိုကုပေးရင် ချင်းရှန့်ရွာသားတွေကို ဂရုစိုက်ပေးဖို့ပါ၊ ဒီ သဘောတူ ညီချက်ကို မြို့စားသခင် ထည့်တွက်လားဆိုတာမသိပါဘူး” ပေထင်းဟွမ်သည် ရလဒ်ကိုသာဂရုစိုက်သည်။ နယ်ပယ်သခင်၏အိမ်တော်မှ အရှုပ်အထွေးများမှာ ကျို့ဟွာကိုဖြေရှင်းပြီးလျှင် တခြားဂရုစိုက်စရာမလိုပေ။
“သေချာပေါက် ထည့်တွက်တာပေါ့” နယ်ပယ်သခင်သည် ပျော်ရွှင်စွာဖြင့် ပြောလေသည်။ သူသည် လုံထျန်းနှင့်တခြားသူများကို ဖိတ်ခေါ်လေသည် “ငါ့ နယ်ပယ်သခင်အိမ်တော်ကို လက်ဖက်ရည်သောက်ဖို့လည်း ဖိတ်ပါတယ်၊ အရေးကြီးကိစ္စတွေအကြောင်း ရှို့အာနဲ့ ဆွေးနွေးနိုင်မလားလို့လည်း မေးချင်ပါ တယ်”
ပေထင်းဟွမ် ခေါင်းညိတ်ကာ နယ်ပယ်သခင်နှင့်အတူ အိမ်တော်ထဲသို့ ဝင်လိုက်သည်။ ကျို့ဟွာကိုဖြတ်သွားချိန်တွင် ပေထင်းဟွမ်သည် သူမ အံကြိတ် သံကိုကြားလိုက်ရသည်။ သူမ၏ခြေထောက်များသည် လှုပ်ရှားသွားဟန်တူ သဖြင့် ပေထင်းဟွမ်သည် စူးရှသောအကြည့်ဖြင့် ဗြုန်းစားကြီးပြောလေသည် “သခင်လေးကို လက်လွတ်စပယ်ဆက်ဆံပြီး ရွာသားတွေကို ဖြားယောင်းလို့ ကတော့ အသေမလှအောင်လုပ်ပေးလိုက်မယ်”
“ပါးစပ်ပိတ်ထား” ထိုစကားကိုကြားပြီးနောက် နယ်ပယ်သခင်၏ ကြင်ယာတော်သည် ဒေါသထွက်သွားလေသည် “မင်း အဲဒီဆေးကို ဘယ်ကရ တာလဲဆိုတာ မသိဘူးလို့မထင်နဲ့ ငါ့သားကိုကုပြီးသွားတော့ မင်းက အမှောင် နတ်မိစ္ဆာဘုံရဲ့ သူရဲကောင်းလုပ်လိုက်တာနဲ့ သခင်မလေးက မင်းကိုသဘောကျ မယ်ထင်လား၊ ဘယ်လိုအပယ်ခံက လာခြိမ်းခြောက်နေတာလဲ”
ဖြန်း
အသံတစ်ခုထွက်လာပြီးနောက် ရှေ့မှလျှောက်သွားသည့်လူများသည် အလန့်တကြားလှည့်ကြည့်လေသည်။ နယ်ပယ်သခင်၏ကြင်ယာတော်သည် မျက်နှာကို တစ်ခြမ်းဖုံးထားပြီး ပေထင်းဟွမ်အားလူသတ်မည့်အကြည့်များဖြင့် ကြည့်ကာ အံကြိတ်ပြီးပြောလေသည် “ကောင်စုတ် မင်း ဒီနေ့ နယ်ပယ်သခင်ရဲ့ အိမ်တော်ကနေ အသက်ရှင်လျက်ထွက်သွားနိုင်မယ်ဆိုရင်တောင် ငါ မင်းကို ကျေးဇူးမတင်ဘူး”