ခွေးသွေး
Vol. 77 Ch. 1529
ကျို့ရှို့သည် နယ်ပယ်သခင်ဘေးတွင် ငေးငိုင်စွာရပ်နေသည်။ သခင်သည် မိခင်ဖြစ်သူကို ရိုက်ချနေသည်။ သူ ဘာလုပ်သင့်သနည်း။
နယ်ပယ်သခင်သည် ကျို့ရှို့၏လက်ကိုခါယမ်းကာ ကောင်းကင်အား မော့ ကြည့်ပြီး ဝမ်းနည်းသံစွက်စွာဖြင့် သက်ပြင်းချလိုက်ရင်းပြောလေသည် “ရှဲကျီ ဒီနှစ်တွေမှာ မင်းဘာတွေလုပ်နေလဲ ငါမသိဘူး၊ ငါဒါကိုသည်းခံနေရတာက မင်း ငါ့ကိုကောင်းကောင်းဆက်ဆံလို့ပဲ၊ မင်း ဘယ်တော့မှ နောင်တမရဘူးလို့ ဘယ်သူထင်ထားမှာလဲ၊ အဲလိုဖြစ်ရင်တော့ မင်းရဲ့နေရာကို ထိန်းသိမ်းထားဖို့ မလိုတော့ဘူးပဲ”
ရှဲကျီသည် နယ်ပယ်သခင်၏ဇနီးဖြစ်သည်။ သူမသည် ပေထင်းဟွမ်၏ ရိုက်ခြင်းခံရပြီးနောက် သတိပြန်ဝင်မလာသေးပေ။ နယ်ပယ်သခင်၏စကား များကိုကြားပြီးနောက် သူမ၏မျက်လုံးထဲမှအကြည့်သည် အကြိမ်ပေါင်းများစွာ ပြောင်းသွားပြီး နောက်ဆုံးတွင် အရိုင်းဆန်စွာရယ်မောလေသည် “ကျို့ယင်း ဒီ ရာထူးကရှားတယ်လို့ထင်နေတာလား၊ ဒီနေရာကိုမလိုချင်တော့တာ အရင် ကတည်းကပဲ၊ ဒီနှစ်တွေမှာ ကျွန်မ ဘာတွေမှားခဲ့လဲမသိတော့ဘူး၊ ရှင် ကျွန်မကို လက်ထပ်ခဲ့တယ် ဒါပေမဲ့ ကျို့ရှို့ကိုမွေးပေးခဲ့တဲ့ ကျွန်မ အစ်မက ဆုံးပါးသွားခဲ့တယ်၊ ရှင်က ကျွန်မသမီးကို သူများမွေးအောင်ပေးခဲ့တယ်၊ ဒီမသန်စွမ်းကောင်ကိုတော့ သားအဖြစ်မွေးခိုင်းခဲ့တာ၊ ကျို့ယင်း ရှင်က တကယ့် အရူးပဲ”
ရှဲကျီသည် ကျို့ရှို့အား လက်ညှိုးထိုးပြီးနှာမှုတ်ကာပြောလေသည် “အခု နားလည်သွားပြီလား၊ ငါက မင်းရဲ့အမေအရင်းမဟုတ်ဘူး၊ မင်းရဲ့ခြေထောက် တွေက မွေးကတည်းကပါလာတာမဟုတ်ဘူး၊ ဒါပေမဲ့ မင်းရဲ့အဖေက ငါ့ဘေး ကိုခေါ်လာတယ်၊ အစတုန်းကတော့ မင်းကို ငါ ဆေးခတ်ပြီးသတ်ချင်ခဲ့တာ ဒါပေမဲ့ မင်း မသေဘဲနေမယ်လို့ ထင်မထားဘူး”
ရှဲကျီ၏စကားများကိုကြားပြီးနောက် ကျို့ယင်းသည် ဒေါသထွက်လေ သည်။ သို့သော် ကျို့ရှို့သည် စိတ်အေးသွားကာ ခေါင်းညိတ်လေသည် “ကျေးဇူးတင်ပါတယ် အဒေါ် ဒီလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်အမေအရင်းမဟုတ်လို့ ကျေးဇူးတင်ပါတယ်”
သူ၏မိခင်အရင်းမဟုတ်သဖြင့် ကျို့ရှို့သည် အကျပ်ရိုက်စရာမလိုတော့ သလို ရင်ထဲတွင်လည်း နာကြည်းစရာမလိုတော့ပေ။
ထို့အပြင် သူမသည် မိခင်အရင်းမဟုတ်သဖြင့် ကောင်းကောင်း ဆက်ဆံ သည် မဆက်ဆံသည်ကို သူ ဂရုစိုက်စရာမလိုတော့ပေ။
ကျို့ယင်းသည် ရှဲကျီအား တိုက်ခိုက်မည်ပြုသော်လည်း ကျို့ရှို့က တား လိုက်လေသည်။ သူသည် ကျို့ဟွာနား နာကြည်းသောအကြည့်ဖြင့်ကြည့်လိုက် သည် “အဖေ ကျွန်တော့်ခြေထောက်က ပျောက်သွားပါပြီ အတိတ်ကိုမေ့လိုက် ပါတော့”
“အဖေ ကျွန်မလည်း အဖေ့သမီးပါပဲ၊ ဘာလို့လဲ၊ ဘာလို့ကျို့ရှို့ကိုကျ ကောင်းကောင်းဆက်ဆံပေးပြီးတော့ ကျွန်မကိုကျ သဘောမကျတာလဲ” ကျို့ဟွာသည် မျက်လုံးမှ မျက်ရည်များကိုညှစ်ထုတ်လိုက်သည် “ကျွန်မက မိန်းကလေးဖြစ်နေလို့လား၊ ဒါပေမဲ့ ကျွန်မက ပါရမီရှင်လေ၊ နတ်ဆိုးကမ္ဘာပေါ် က ပါရမီရှင်လေ၊ ယောက်ျားလေးတွေထက် မနိမ့်ပါဘူး”
“ပါရမီရှင်ဟုတ်လား” ကျို့ယင်းသည် ထိုအချိန်တွင် ကျို့ဟွာပေါ်သို့ ပိုပို၍ လျစ်လျူရှုပုံပြသလေသည် “အမှောင်နတ်မိစ္ဆာဘုံမှာ ယန်ယဲ့လိုလူမျိုး ပေါ်ထွက်လာပြီးတော့ ဘယ်သူကများ ပါရမီရှင်လို့ခေါ်ထိုက်လဲ၊ ကောင်းကင်နဲ့ မြေကြီးအမြင့်ကို တကယ်မသိတဲ့လူက မင်းပဲ”
ကျို့ယင်းသည် ကျို့ဟွာကိုမကြည့်တော့ဘဲ ရှဲကျီအားကြည့်လေသည်။ သူမသည် မျက်လုံးထဲမှ ရွံရှာမှုကို ဖုံးကွယ်မထားတော့ပေ “မင်းရဲ့သမီးလိမ္မာ လေးကို ဘဝအတွေ့အကြုံအကြောင်း မင်းပြောပြသင့်တယ်ထင်တယ်၊ ကျို့ယင်းရဲ့ သွေးသားက သူမလိုမျိုး ရက်စက်ပြီး အရှက်မဲ့တဲ့လူမဟုတ်ဘူး”
ထိုစကားများ၏အဓိပ္ပာယ်မှာ သက်ရောက်မှုကြီးသဖြင့် ကျို့ဟွာသည် ထိတ်လန့်သွားကာ မျက်နှာတစ်ခုလုံး စက္ကူရွက်တစ်ခုလို ဖြူဖျော့သွားပြီး သူမ၏ တစ်ကိုယ်လုံး လှုပ်ခါသွား၏။ သူမသည် ကျို့ရှို့အား ဦးဆောင်ခေါ် သွားသည့် ကျို့ယင်း၏ကျောပြင်ကို ကြည့်ပြီး ရင်ထဲမှ အကြောက်တရားကို မဖုံးဖိနိုင်တော့ပေ။ ထို့ကြောင့် ရှေ့နှစ်လှမ်းတိုးပြေးလိုက်သော်လည်း ရှဲကျီမှ တားထားလေသည် “သမီး မသွားနဲ့ သမီးကို သူမွေးထားတာမဟုတ်ဘူး၊ သမီး အဖေက သူမဟုတ်ဘူး”
“သူမဟုတ်ဘူးဟုတ်လား ဒါဆို ဘယ်သူလဲ” ကျို့ဟွာ၏မျက်လုံးများ သည် မျက်ရည်များကျလာကာ မျက်လုံးထဲမှရက်စက်မှုများကို ထိန်းမထားနိုင် တော့ပေ။ သူမသည် မိခင်ဖြစ်သူအား ဒေါသတကြီးတွန်းထုတ်လိုက်သည် “အရှက်မရှိတဲ့မိန်းမ၊ ခိုးစားပြီးတော့ ဘာလို့ ကျွန်မကိုမွေးထားသေးလဲ ဘာလို့ လဲ ဘာလို့လဲ”
အမှောင်နတ်မိစ္ဆာဘုံတွင် အမှောင်နတ်မိစ္ဆာဘုံ၏ အကြီးဆုံးသခင်မလေး သရုပ်မှန်ထက် မည်သည့်သရုပ်မှန်က ပို၍မြင့်မြတ်သနည်း။
ကျို့ဟွာ၏စကားများသည် ချွန်ထက်သောဓားတစ်လက်သဖွယ် ရက်စက်စွာဖြင့် ရှဲကျီ၏ရင်ဘတ်ထဲသို့ ထိုးစိုက်ဝင်သွားလေသည်။