သူတို့အကုန်လုံးက ငါ့သားရဲတွေပဲ
Vol. 77 Ch. 1530
ထိုအချိန်တွင် ရှဲကျီနောက်မှလိုက်လာသည့် အမျိုးသမီးရောက်လာပြီး ရှဲကျီအားထူကာ သက်ပြင်းချလိုက်သည် “သခင်မ ဘာလို့စိတ်အနှောင့်အယှက် ဖြစ်နေတာလဲ၊ ဘာလို့ တစ်ချိန်လုံး ခံနိုင်ရည်မရှိတာလဲ၊ သခင်မလေးကို အစေခံက ပျိုးထောင်ခဲ့တယ်ဆိုပေမဲ့ သူမကို ဆိုးဆိုးဝါးဝါးမဆက်ဆံဖူးဘူးလေ”
“ချွင်းယွိ၊ ငါ မင်းကိုမယုံလို့မဟုတ်ဘူး၊ ဒီအတိုင်းမုန်းရုံတင်၊ သူ ငါ့ကို လက်ထပ်ပြီးတော့ တစ်ခါမှမထိတာကို မုန်းတာ၊ ငါ့အစ်မကို သူ အဲလောက် ချစ်နေတာကိုမုန်းတာ၊ ပြီးတော့ သူမ သေသွားပြီးတာတောင် မမေ့ခဲ့ဘူး၊ အခု သူ့ကိုအရမ်းမုန်းတယ်၊ ဟွာအာရဲ့သွေးသားကို စောစောစီးစီးသိခဲ့ပေမဲ့ သူက တစ်ခါမှမပြောခဲ့ဘူး တစ်ခါမှလည်းဂရုမစိုက်ခဲ့ဘူး” ရှဲကျီပြောလေလေ ပိုမုန်းတီးလေဖြစ်သည်။ သူမသည် လက်ထဲမှ မှော်စွမ်းအားလုံးဖြင့် အိမ်တော် သို့ပစ်မည်အပြုတွင် ချွင်းယွိမှတားလေသည်။
“တုံးလိုက်တာ” ကျို့ဟွာသည် သူမ၏မိခင်အား အထင်သေးစွာဖြင့် ကြည့်လိုက်သည် “သူက အမေ့ကိုတောင် ဂရုမစိုက်တာ၊ ကျို့ရှို့ကို တရားဝင် သားအဖြစ်အသိအမှတ်ပြုချင်လို့ အမေ့ကိုပျိုးထောင်ခိုင်းတာ၊ ကျွန်မက သူ့ သွေးသားမဟုတ်တာကိုသိရဲ့သားနဲ့ အပျော်မယ်နာမည်ခံခိုင်းတယ်၊ အမေ နားမလည်သေးတာ ရယ်စရာကောင်းတယ်၊ အမေက ကျို့ရှို့ကို တိုက်ခိုက်ဖို့ ကျွန်မကိုတောင် အားပေးလိုက်သေးတယ်”
ကျို့ဟွာသည် မျက်ရည်များစီးကျလာပြီး ရယ်မောလေသည် “ကျွန်မ တကယ်နားမလည်တာ၊ ကျွန်မမှာ ဘာလို့ အမေ့လိုမျိုး တုံးအတဲ့အမေရှနေရ တာလဲ၊ ဘာလို့ အမေ့ဗိုက်ထဲကနေ မွေးလာတာလဲ၊ ဘာလို့ တခြားလူမဟုတ်ရ တာလဲ၊ ဘာလို့ကျို့ရှို့ရဲ့အမေမဟုတ်ရတာလဲ”
ရှဲကျီ၏ခန္ဓာကိုယ်သည် ရုတ်တရက်တုန်ယင်သွားကာ ကျို့ဟွာအား မယုံနိုင်စွာဖြင့် ကြည့်လေသည်။ ထို့နောက် နောက်ပြန်လဲကျကာ တံခါးဝရှိ ကြေးနီသံဖြင့်ရိုက်မိကာ ခေါင်းမှသွေးများ အဆက်မပြတ်စီးကျလာသည်။ သို့သော် ကျို့ဟွာသည် သူမအား အေးစက်စွာကြည့်ပြီး မြို့မှပျံထွက်သွားလေ တော့သည်။
“ဟွာအာ ဟွာအာ” ရှဲကျီသည် အက်ကွဲစွာအော်နေဆဲပင်။ ကျို့ဟွာ ဖိတ်ကြားထားသော ရှန့်ဟောက်အဂ္ဂိရတ်ပညာရှင်သည် ကျို့ရှို့၏ခြေထောက် ကို ကြည့်ပြီးနောက်ပြုံးကာ ရှဲကျီအား အရိုအသေပြုလေသည် “စိတ်မပူပါနဲ့ သခင်မ ကျွန်တော်ရှိပါတယ် သခင်မလေး ဒုက္ခရောက်အောင်မလုပ်ပါဘူး”
သူ ပြောပြီးနောက်တွင် သူ၏ဝိညာဉ်အာရုံသည် ကျို့ဟွာဆီသို့ အရောက် ပို့ကာ လျှပ်တပြက်ဖြင့် လေထဲတွင်ပုံရိပ်များသာချန်ခဲ့ကာ ကျို့ဟွာနောက်သို့ လိုက်သွားလေသည်။
ရှဲကျီနှင့် ချွင်းယွိတို့ ပြန်မလာတော့ပေ။
ပေထင်းဟွမ်နှင့်တခြားသူများသည် ထိုညတွင် နယ်ပယ်သခင်၏ အိမ်တော်တွင် နေထိုင်ကြသည်။ သူမသည် အလောတကြီးထွက်မသွားပေ။ အကြောင်းမှာ သူမ လိုချင်သည့်အရာနှစ်ခုနှင့် မိဘနှစ်ဦးတည်နေရာကိုရှာရန် အမှောင်နတ်မိစ္ဆာနယ်ပယ်၏ စွမ်းအားကိုသုံးချင်၍ဖြစ်သည်။
ညနေခင်း ရေချိုးပြီးချိန်တွင် ပေထင်းဟွမ်သည် ရှားရှားပါးပါး အနားယူ ချိန်ရလေသည်။ သူမသည် ပြတင်းပေါက်ရှေ့ရှိ မီးအိမ်အောက်တွင်ထိုင်ကာ ကျားအဖွဲ့ဝင်များချန်ထားခဲ့သော လက်စွပ်များကိုကြည့်လေသည်။ အဖိုးတန် အရာများ သိပ်မရှိလှပေ။ ကျို့ရှို့ဝင်လာချိန်တွင် ပေထင်းဟွမ်သည် လက်ထဲ တွင် ပုရပိုက်တစ်ခုကိုကိုင်ထားကာ ထပ်ခါထပ်ခါဖတ်နေသည်။
“ဝင်လာပါ”
အားဝေသည် တံခါးကိုအမြန်ပြေးဖွင့်လေသည်။ ပေထင်းဟွမ် နေရာချ ပြီးနောက် နယ်ပယ်သခင် အိမ်တော်ရှိ အစေခံများနည်းပါးမည်ကို သဘောမတွေ့သလို မကောင်းကြံမည်ကိုစိုးသဖြင့် အားဝေ၊ ယောင်ယောင်နှင့် သားရဲအမများသည် ပေထင်းဟွမ်အား ပြုစုပေးရန် ထွက်လာကြသည်။
တခြားသူများထက် ပို၍ဆွဲဆောင်မှုအားကောင်းသော အားဝေနှင့် တခြားမိန်းကလေးများကို ရုတ်တရက်မြင်လိုက်ရသဖြင့် ကျို့ရှို့သည် နေရာမှား လာပြီအထင်နှင့် နောက်သို့နှစ်လှမ်းဆုတ်ကာ နယ်ပယ်သခင်အိမ်တော်ကို အတည်ပြုရန် လှည့်ပတ်ကြည့်နေသေးသည်။ ထို့နောက်မှ ဝင်လာသည် “သခင် သူတို့ကဘယ်သူတွေလဲ”
ထိုအချိန်တွင် အပြင်လူများမရှိပေ။ ပေထင်းဟွမ်သည် သူမကို သခင်ဟု ခေါ်သည်ကို မငြင်းဆန်ပေ “သူတို့က ငါ့သားရဲတွေလေ ဘာကိစ္စရှိလို့လဲ”
ကျို့ရှို့သည် ပေထင်းဟွမ်ဘေးရှိ ထိုင်ခုံပုတွင်ထိုင်လိုက်သည် “ဒီနေ့ ကိစ္စ ကို သခင်ရယ်နေတော့မှာပဲ”
“ငါ့ကို သခင်တစ်ယောက်လို လေးစားနေဖို့မလိုပါဘူး” ပေထင်းဟွမ် သည် ပုရပိုက်ကိုဘေးချကာ ယန်ယဲ့အား မေးမြန်းလေသည် “ငါတို့က သူငယ်ချင်းတွေပဲလို့ပြောပြီးပြီလေ၊ မင်းက အမှောင်နတ်မိစ္ဆာဘုံရဲ့ သခင်လေး ပဲ၊ ပြီးတော့ နောက်ဆိုရင် တာဝန်ကြီးတွေရှိလာတော့မှာ၊ ဒီကမ္ဘာက ခွန်အားကို မှီခိုတယ်၊ ခွန်အားကိုလေးစားကြတယ်၊ မင်း ငါ့နောက်ကိုလိုက်ချင်ရင် မင်းခွန်အားကို တိုးတက်အောင်လုပ်ရမယ်”