ပုရပိုက်က မြေပုံလား
Vol. 77 Ch. 1531
ပေထင်းဟွမ်ပြောနေချိန်တွင် ကျို့ရှို့သည် မတ်တပ်ရပ်ကာ သေချာ နားထောင်ပြီးမှ သဘောတူလေသည် “ခုနက အဖေပြောနေတာ၊ ကျန်းရှန့်နား မှာရှိတဲ့တောင်တစ်လုံးကို ချင်းရှန့်ရွာသားတွေကိုပေးမယ်တဲ့၊ သခင့်အမြင်က ရောဘယ်လိုလဲ”
“အဲဒါတွေကို မင်းကိုယုံထားပြီးသားပါ၊ ငါ အမှောင်နတ်မိစ္ဆာဘုံကိုလာ တာ ကိစ္စတချို့ရှိတယ်” ပေထင်းဟွမ်သည် ကျို့ရှို့အား အသက်လှောင်အိမ် တစ်လုံးပေးလိုက်သည် “မင်းက ငါ့ကိုသခင်တစ်ယောက်လို ခစားမှတော့ ငါ့ လက်အောက်မှာ အားနည်းတဲ့သူမရှိစေရဘူး၊ ဒါက သွေးသားသန့်စင်မှု ၆၀ ရာခိုင်နှုန်းရှိတဲ့ နတ်ဘုရားအဆင့်သားရဲပဲ၊ သူနဲ့စာချုပ်တည်ထောင်ပီဲးရင် မင်းရဲ့ ခွန်အားလည်း တစ်ဆင့်ပိုမြင့်သွားလိမ့်မယ်”
ကောင်းကင်ပေါ်မှ မုန့်ကျလာသလိုပင်။
အမှောင်နတ်မိစ္ဆာဘုံတွင် နတ်မိစ္ဆာကျင့်ကြံသူများစွာရှိသည်။ နတ်မိစ္ဆာ ကျင့်ကြံသူများသည် တိုက်ခိုက်ရန် သားရဲစိတ်ဝိညာဉ်များကိုဆင့်ခေါ်နိုင်သည်။ သားရဲထိန်းမှာ အနည်းငယ်သာရှိကာ မှော်သားရဲနှင့် စာချုပ်တည်ထောင်နိုင်သူ မရှိလောက်ပင်။
သားရဲနှင့်စာချုပ်တည်ထောင်ခြင်းကို ဝိညာဉ်ကျင့်ကြံသူများသာ လုပ်နိုင် သည်။ သို့သော် သားရဲတစ်ကောင်နှင့် စာချုပ်တည်ထောင်ခြင်းတွင် အကျိုး အမြတ်များစွာရှိကာ သားရဲတစ်ကောင်၏ခွန်အားကို ယူလိုက်ခြင်းသည် မတွန်းလှန်နိုင်သော ဆွဲဆောင်မှုတစ်ခုပင်။
ကျို့ရှို့သည် အသက်လှောင်အိမ်နှင့်အတူ ပျော်ရွှင်စွာဖြင့် ထွက်သွားလေ သည်။ ထွက်မသွားခင်တွင် ပေထင်းဟွမ်သည် သူ၏ဖခင်ကို စကားပါးလိုက် သည်။ သူသည် ကျို့ယင်းအား ပြောစရာရှိသွားသည်။
မအိပ်ခင်တွင် ပေထင်းဟွမ်သည် အိပ်ရာပေါ်တွင်လဲလျောင်းရင်း ယန်ယဲ့ အားစကားပြောနေသည်။ ယန်ယဲ့စီဖုန်းနတ်ဘုရားအကျဉ်းထောင်တွင်ရှိစဉ်က သူမ အမှောင်နတ်မိစ္ဆာဘုံသို့ရောက်ပြီးလျှင် ကျို့ယင်းအားအကူအညီတောင်း ရန် ယန်ယဲ့ပြောခဲ့သည်ကို မှတ်မိနေတုန်းပင်။ ပေထင်းဟွမ်သည် ကျို့ယင်း၏ သားဖြစ်သူကို ကယ်မိလိမ့်မည်ဟု ထင်မထားပေ။
“ဒီကျို့ယင်းက ရှင်ပြောတဲ့ ကျို့ယင်းပဲဖြစ်မယ်၊ သူ ကျွန်မအတွက် ဘာလုပ်ပေးနိုင်မလဲမသိဘူး၊ အဲဒါကိုဘယ်မှာရှာလို့ရမလဲ”
ပေထင်းဟွမ်သည် ကျားအဖွဲ့မှရလာသည့် ပုရပိုက်ကိုထုတ်လိုက်သည် “လက်ထဲမှာ ပုရပိုက်တော့ရှိနေပြီ ဒါပေမဲ့ အဲဒီမှာဘာမှလည်းမရှိဘူး၊ ကြည့်ရ တာ တစ်ယောက်ယောက်က သုံးပြီး အထဲကအကြောင်းအရာတွေကို ဖုံးကွယ် ထားတာဖြစ်မယ်”
ယန်ယဲ့ သက်ပြင်းချလိုက်သည်။ သူသည် ပေထင်းဟွမ်၏စကားများထဲမှ တက်ကြွမှုကို ကြားနိုင်သည်။ ထိုအချိန်တွင် ပေထင်းဟွမ်၏ရင်ဘတ်တွင် အလင်းခပ်ဖျော့ဖျော့လင်းသွားလေသည်။ မွေးပွလုံးလေးသည် ရင်ဘတ်ထဲမှ ထွက်လာကာ သူမ၏ကော်လာပေါ်တွင်လှဲလျောင်းကာ ပုရပိုက်အား အရှေ့ အနောက် ဆက်တိုက်သုံးခါကြည့်နေလေသည်။ ပေထင်းဟွမ်၏အသိစိတ် ပင်လယ်ထဲတွင် ယန်ယဲ့၏အသံထွက်ပေါ်လာသည် “ဒီပစ္စည်းက မင်းလက်ထဲ ကို မြန်မြန်ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး”
“ဒါကဘာလဲ” ပေထင်းဟွမ် မေးလေသည်။
“ကိုယ်အမှောင်နတ်မိစ္ဆာဘုံမှာရှိတုန်းက နတ်မိစ္ဆာန်ဘုရားချန်ထားခဲ့တဲ့ ရတနာအကုန်လုံးက အမှောင်နတ်မိစ္ဆာမြို့မှာရှိတယ်လို့ပြောကြတယ်၊ အမှောင်နတ်မိစ္ဆာမြို့မှာ နတ်မိစ္ဆာနတ်ဘုရားနန်းတော်ရှိတယ်၊ ဒါပေမဲ့ တကယ် တော့အဲထဲမှာဘာမှမရှိဘူး၊ နတ်မိစ္ဆာနတ်ဘုရားမသေခင် သူ့ပစ္စည်းအကုန်လုံး ကို အမှောင်နတ်မိစ္ဆာမြို့ကို ရွှေ့လိုက်ပြီ၊ နတ်မိစ္ဆာဘုံမှာ သူလည်း သတ်ဖြတ် ဝိညဦည်တောင်မှာ သူ့အတွက်သူ သင်္ချိုင်းအဝတ်ချုပ်ခဲ့တယ်၊ အဲဒီသင်္ချိုင်း အဝတ်ထဲမှာ အမှောင်မှော်ပုတီးစေ့နဲ့ စာအုပ်ရှိမယ်”
“ဘာဆိုလိုတာလဲ ကျွန်မလက်ထဲက ပုရပိုက်က သင်္ချိုင်းအဝတ်ကိုရှာဖို့ လား” ပေထင်းဟွမ်သည် ကြည့်ပြီးရင်းကြည့်လေသည် “အဓိကအချက်က ဒီမှာ ဘာမှမရှိဘူးလေ”
“ငါမမှားဘူးဆိုရင် နတ်မိစ္ဆာနတ်ဘုရားက အဲအပေါ်မှာ ကန့်သတ်ချက် ထွင်းထုခဲ့ပြီး ကိုးရောင်နိဗ္ဗာန်မီး ဒါမှမဟုတ် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို သုံးဖို့ကြိုးစားခဲ့တယ်” ယန်ယဲ့ပြောလေသည်။
ပေထင်းဟွမ်သည် ကိုးရောင်နိဗ္ဗာန်မီးကိုမသုံးရဲပေ။ သို့သော် ကစဥ့်ကလျားနတ်ဘုရားအငွေ့အသက်ထုတ်ပြီး ပုရပိုက်ကို တဖြည်းဖြည်း ရွှေ့လိုက်သည်။ ၎င်းပေါ်တွင်လှိုင်းထနေသော တောင်များနှင့် မျဉ်းနှစ်ကြောင်း နှင့်အတူ ပုံစံတချို့ရှိနေလိမ့်မည်ဟု သူမ ထင်မထားပေ။ မြစ်ကြီးတစ်စင်းသည် ကျန်းရှန့်တောင်နှင့်ချင်းရှန့်တောင်ကြားတွင် ဖြတ်စီးဆင်းနေသည်။ အနက်ဆုံး ချောက်ထဲတွင် မျက်စိဖမ်းစားနိုင်သည့် မြူခိုးအစက်ရှိလေသည်။
“ဒီအစက်က ငါတို့ရှာနေတဲ့နေရာဖြစ်မယ်” ယန်ယဲ့သည် အနည်းငယ် ပျော်ရွှင်သွားသည် “ဟွမ်အာ မွေးပွလုံးနှစ်ခုရှိရင် မင်း ငါ့ကို ရှို့ဟွမ်ကနေတစ် ဆင့် ကြည့်လို့ရမှာ”