ယန်ယဲ့ မျက်နှာရဲနေတာလား
Vol. 77 Ch. 1532
“ဘယ်သူက ရှင့်ကိုကြည့်ချင်လို့လဲ” ပေထင်းဟွမ်သည် စိတ်ဆိုးဆိုးနှင့် ပြောလေသည် “ရှင့်ဘာသာ ထွက်လာပြီးမပြောနိုင်ဘူးလား၊ ကျွန်မက ရှင်ထွက်လာတာကိုစောင့်နေတာ အဲဒါကြောင့် အကျဉ်းထောင်ကိုလိုက်မလည် ချင်ဘူး”
ထိုအခိုက်တွင် ပေထင်းဟွမ်၏ဒေါသကို ယန်ယဲ့ခန့်မှန်းမိနေသည်။ သူမသည် တံစက်မြိတ်ပေါ်တွင်ရပ်နေပြီး သူ ဆင်းလာရန်ပြောသော်လည်း မဆင်းတတ်သဖြင့် နောက်ဆုံးတွင် သူ၏ရင်ခွင်ထဲကျလာခဲ့သည်။
“ဟွမ်အာ ဒီခင်ပွန်းက မင်းကိုအရမ်းလွမ်းတယ်... ကိုယ် မကျင့်ကြံနိုင်ဘူး” ယန်ယဲ့သည် သူမ၏အသွင်အပြင်ကို မေ့ပျောက်နေပြီဟု လိမ်လည်ချင် သော်လည်း နောက်ဆုံးတွင် ထိုစကားများကို မပြောသင့်သည်ကို တွေ့လိုက်ရ သည်။
သူသည် သူမအား အနာဂတ်တွင် တွေ့ချင်သေးသည်။
တစ်ဘဝပြီးတစ်ဘဝ လင်မယားဘဝကိုဖြတ်သန်းရမည်ကို ယန်ယဲ့သည် တွေးကြည့်ရုံနှင့်တင် ပျော်ရွှင်မိသည်။ သူမသည် ထပ်ပြေးနိုင်မည်မဟုတ်တော့ ပေ။ သို့သော် သူမအား သူ၏လက်ဖဝါးထဲမှ ရတနာတစ်ပါးကဲ့သို့ သဘောထား သည်။ ထို့အပြင် ကမ္ဘာပေါ်တွင် ပေထင်းဟွမ်တစ်ယောက်တည်းသာရှိသည်။
“ရှင် ထွက်မလာချင်သေးသရွေ့ ကျင့်ကြံဖို့မလိုပါဘူး” ပေထင်းဟွမ်သည် အိပ်ရာပေါ်တွင်လဲလျောင်းလိုက်သည်။ မွေးပွလုံးလေးသည် သူမ၏ရင်ခွင်ထဲ ရောက်နေကာ သူမ၏လက်ဖြင့်မွေးပွလုံးလေးကိုပွတ်သပ်လေသည်။ ဤအကောင်လေးသည် ယန်ယဲ့၏စိတ်ဝိညာဉ်မှအသွင်ပြောင်ထားခြင်းဖြစ် သဖြင့် ပေထင်းဟွမ်သည် ၎င်းကိုပိုပို၍မြတ်နိုးသည်။
ထိုအချိန်တွင် သူမ မွေးပွလုံးလေးအား ပွတ်သပ်သမျှသည် ယန်ယဲ့၏ ခန္ဓာကိုယ်ကို ထိတွေ့ခြင်းဖြစ်သည်ကို သူမ မသိပေ။ သူမသည် အင်္ကျီများကို ချွတ်လိုက်ကာ အတွင်းအပေါ်ဝတ်ကိုသာ ဝတ်ဆင်ထားသဖြင့် ရင်ဘတ်လည်း ဟ,နေသည်။ ဘေးတိုက်လှဲနေခြင်းကြောင့် သူမ၏ ဖွံ့ဖြိုးသောကိုယ်လုံးကိုယ် ပေါက်သည် ပြီးပြည့်စုံကာ မွေးပွလုံးလေး၏မျက်လုံးထဲဝင်လာသဖြင့် ယန်ယဲ့၏ အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာလေသည်။
ယန်ယဲ့သည် ချက်ချင်းပင် လက်မြှောက်ကာ နှာခေါင်းကိုအုပ်လိုက်သည်။
သူသည် သာမန်ယောက်ျားသားဖြစ်သည်။ နှစ်ပေါင်းသောင်းချီ အခက်အခဲများကိုဖြတ်သန်းခဲ့သော်လည်း ပေထင်းဟွမ်အပေါ် မသင့်တော် သည့်အပြုအမူများမလုပ်ခဲ့ပေ။ မျှော်လင့်စရာလည်းမရှိပေ။ ပေထင်းဟွမ် ဝိညာဉ်ကွဲသွားပြီး သူ ပြောမရနိုင်လောက်သည့် နာကျင်မှုကိုခံရသည်နှင့် တွဲဖက်လိုက်သောအခါ မည်သည့်အတွေးမှမရှိတော့ပေ။ သို့သော် လက်ရှိတွင် ခက်ခဲနေလေပြီ။ သူ စီဖုန်းနတ်ဘုရားအကျဉ်းထောင်သို့ မဝင်ခင်တွင် သူသည် ပေထင်းဟွမ်နှင့် နမ်းရှိုက်ပြီးအိပ်ခဲ့သည်။ ယခုအခါ ပေထင်းဟွမ်နှင့် သူသည် ကောင်းကင်မှချပေးသော သွေးစာချုပ်ကြောင့် လင်မယားမြောက်ခဲ့ချေပြီ။ ထို့ကြောင့် သူ့နှလုံးသားကို တည်ငြိမ်အောင်လုပ်ရန်ပိုခက်ခဲလေသည်။
“ဒီကောင်မလေးတော့ သူမ တမင်လုပ်နေတာလားကို မသိတော့ဘူး”
ရှည်လျားသောဆံပင်များကို ခေါင်းအုံးပေါ်တွင်ဖြန့်ကျဲထားပြီး လက်ဖဝါး အရွယ်အစားမျက်နှာလေးသည် ပို၍ချောမွတ်နေကာ မျက်လုံးနှင့်မျက်ခုံး အကြားမှ သူရဲကောင်းဆန်မှုများ ပျောက်ကွယ်သွားပြီး သူမကို ပိုနူးညံ့ စေသည်။ သူမသည် အိပ်ရာပေါ်တွင်လဲလျောင်းပြီး မွေးပွလုံးလေး၏ ဝမ်းဗိုက် ကို လက်ဖြင့်ပွတ်သပ်နေသည်။ သူမ၏ အင်္ကျီမှတစ်ဆင့် သူမ၏ရင်ဘတ်မှ ယုန်လေးနှစ်ကောင်သည် ပုံပေါ်လာသည်ကို ယန်ယဲ့မြင်နေရသည်။
“သေစမ်း” ယန်ယဲ့သည် ကျိန်ဆဲမိသည်။ သူသည် မျက်လုံးများကို မှိတ် လိုက်သည်။ သူ၏ရင်ထဲမှဆန္ဒကို မွေးပွလုံးလေးသိသည့်အလား ခန္ဓာကိုယ်ကို လှည့်ကာ ပေထင်းဟွမ်၏ရင်ဘတ်ကို မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်လေသည်။
“ဟား ဟား ကောင်စုတ်လေး” ပေထင်းဟွမ်သည် ငတုံးမဟုတ်ပေ။ အချိန်အတန်ကြာပြီးနောက် သူမသည် မွေးပွလုံးလေး၏ ထူးဆန်းနေမှုကို မြင်ရလေသည်။ ထိုအချိန်တွင် မွေးပွလုံးလေးသည် ရှိုးတို့ရှန့်တန့်ဖြင့် လှည့်သွားပြီး ပေထင်းဟွမ်အား ဖင်ပေးထားလေသည်။ သူ၏တစ်ကိုယ်လုံးတွင် အမွေးအမျှင်များမရှိပါက ထိုအချိန်တွင် မျက်နှာနီရဲနေမည်ကို ပေထင်းဟွမ် သိသည်။
“ယန်ယဲ့ မျက်နှာနီရဲနေပြီလား”
ပေထင်းဟွမ်၏အသံ စီဖုန်းနတ်ဘုရားအကျဉ်းထောင်ထဲတွင် ပေါ်လာ သောအခါ ယန်ယဲ့သည် နားများလောင်ကျွမ်းသွားသလိုခံစားရကာ ဒေါသဖြင့် ပြောလေသည် “ဟွမ်အာ သူက ငါ့စိတ်ဝိညာဉ်ကနေ အသွင်ပြောင်းထားတာပဲ၊ ငါ့အသိစိတ်လည်းရှီတယ် ဒါပေမဲ့ လှုပ်ရှားမှုတိုင်းက ငါ့ထိန်းချုပ်မှုအောက်မှာ မရှိဘူး”
“ဟင်း တစ်ပတ်ရိုက်နေတယ်” ပေထင်းဟွမ်သည် လှည့်သွားပြီး အိပ်ရာ ပေါ်တွင်လှဲလျောင်းကာ ရင်ဘတ်ပေါ်တွင် မွေးပွလုံးလေးကိုတင်လိုက်သည် “ရှင် ဘာတွေးနေတာလဲဆိုတာပဲသိတယ် ရှင့်ရင်ထဲမှာဘာရှိလဲဆိုတာ သူသိမှာ ပဲ”
“ကျီ ကျီ” ပေထင်းဟွမ် ပြောသည့်စကားကို အတည်ပြုသည့်အလား မွေးပွလုံးလေးသည် အကြိမ်အနည်းငယ် တိုးညင်းစွာညည်းတွားပြီးနောက် ပေထင်းဟွမ်၏ရင်ဘတ်ပေါ်တွင် လဲလျောင်းကာ သေချင်ယောင်ဆောင်လေ သည်။