ညှာတာဖို့အတွက် မတောင်းဆိုနဲ့
Vol. 77 Ch. 1533
“ဟွမ်အာ မင်းလည်း ကိုယ့်ဇနီးဖြစ်ချင်တာကို ကိုယ်သိပါတယ်” ယန်ယဲ့ ပြောလေသည်။ ပေထင်းဟွမ်သည် စွဲမက်လောက်စရာဖြစ်ရာ သူ ပိုပို၍ တပ်မက်လာသည် “ကိုယ့်ဇနီးလေးအတွက် ပိုကြိုးစားပါ့မယ် တတ်နိုင်သလောက် မြန်မြန်ထွက်လာမှာပါ၊ ဟွမ်အာ ကိုယ်က မင်းသိမ်းပိုက် တာကိုခံပြီး မင်းရဲ့ခင်ပွန်းဖြစ်ဖို့ စောင့်နေတာပါ”
သူသည် ခန္ဓာကိုယ်အောက်တွင်ရှိနေသော ထိုကောင်မလေးကို ပွတ်သပ် ချင်မိသည်။
“ဟား” ပေထင်းဟွမ်သည် ရယ်မောမိလေသည်။ သူမလည်း အလွန်ပင် စိတ်လှုပ်ရှားမိသည် “ဟုတ်ပြီလေ မြန်မြန်ထွက်လာခဲ့လိုက်တော့၊ ရှင့်အတွက် နဲ့ တစ်သက်လုံး မုဆိုးမအဖြစ်မခံနိုင်ဘူး”
'မုဆိုးမ' ဆိုသည့်စကားသည် ယန်ယဲ့၏နှစ်ပေါင်းထောင်ချီ ငြိမ်သက်ခဲ့ သောဆန္ဒကို လှုပ်ရှားစေသည်။ သူ၏အသံသည် အက်ကွဲလာသည် “ဟွမ်အာ အဲအချိန်ကျမှ ညှာတာဖို့မတောင်းဆိုနဲ့နော်”
ယန်ယဲ့၏ရက်စက်သောစကားလုံးများသည် ပေထင်းဟွမ်အား ကြောက်လန့်အောင်မလုပ်နိုင်ပေ။ သူမသည် ကျယ်လောင်စွာရယ်မောမိလေ သည်။ ထိုအချိန်တွင် ယန်ယဲ့ မည်မျှရှက်ရွံ့နေသည်ကို ပေထင်းဟွမ်မြင်နေရ သလိုပင်။ သူသည် စီဖုန်းနတ်ဘုရားအကျဉ်းထောင်တွင် ကူကယ်ရာမဲ့နေကာ သူမအတွက် ဘာမှမတတ်နိုင်သလိုပင်။ သို့သော် ပေထင်းဟွမ်သည် လက်နှစ် ဖက်ဖြင့် မွေးပွလုံးလေးကိုကိုင်ပြီး မျက်လုံးမှိတ်လိုက်ချိန်တွင် သူမ၏မျက်လုံး ထောင့်ထဲမှ မျက်ရည်နှစ်ကြောင်းစီးကျလာလေသည်။
မွေးပွလုံးလေးသည် ခရမ်းရောင်တောက်ပသောမျက်လုံးများဖြင့် မျက်တောင်ခတ်သည်။ သူသည် လက်မြှောက်ကာ မျက်ရည်များကို သုတ်ပေး ချင်သော်လည်း ထိုလက်များသည် ပေထင်းဟွမ်၏လက်ထဲမှထုတ်မရပေ။
မွေးပွလုံးလေးမှတစ်ဆင့် ယန်ယဲ့သည် ထိုမျက်ရည်များကိုမြင်သောအခါ သူမ၏ လှပသောကိုယ်လုံးကိုယ်ပေါက်ကို တပ်မက်ရာမှ နှလုံးသားတစ်ခုလုံး ဓားဖြင့်မွှန်းခံလိုက်ရသလိုခံစားရလေသည်။ ပေထင်းဟွမ် ဘာကြောင့် ငိုကြွေး နေသည်ကို သူ သေချာပေါက်သိသည်။ သူမသည် သူ သူမကိုလွမ်းဆွတ် သလောက်ကို လွမ်းဆွတ်နေသည်။
သူတို့သည် အကြိမ်အနည်းငယ် ပွေ့ဖက်၍ အတူအိပ်ခဲ့ကြသည်။ ပေထင်းဟွမ်သည် သူ၏ရင်ခွင်ထဲတွင် နှုတ်ခမ်းဆူကာ အပြစ်တင်ခဲ့သည်များ ကို သူဘယ်သောအခါမှ မေ့မရပေ “ယန်ယဲ့ ရှင် ကျွန်မကို ကောင်းပေးချင်ရင် အမြဲတမ်းကောင်းပေးပါ၊ အခုပဲကောင်းကောင်းမဆက်ဆံနဲ့ ရုတ်တရက် တစ်ရက်ကျ ကျွန်မနိုးလာရင် ကျွန်မဘေးမှာရှိမပေးနိုင်တာမျိုး မလိုချင်ဘူး”
“ဖြစ်နိုင်ရင် တစ်သက်လုံး ကိုယ့်အတွက်နဲ့ အခန်းလွတ်ထဲမှာ တစ်သက်လုံး စောင့်နေတာမျိုး မလိုချင်ဘူး” ယန်ယဲ့သည် မျက်လုံးများကို မှိတ် ပြီးနောက် သူနှင့်ပေထင်းဟွမ်တို့အတွက် အတူကုန်ဆုံးခဲ့သည့်အချိန် များများ စားစားမရှိခဲ့သည်ကို သက်ပြင်းချမိသည်။ ကောင်းကင်မှ သွေးစာချုပ် ပေးသနားသည့်အချိန်မှာ တိုတောင်းပြီး ထိုမတိုင်ခင်တွင် ပေထင်းဟွမ်သည် မင်ရှို့နှင့် သွေးစာချုပ်ရှိခဲ့ရာ သူတို့သည် အနီးကပ်မနေရဲပေ။
“ဘာမှမဖြစ်ပါဘူး မင်းလည်းအခုငယ်သေးတယ် ကိုယ်ထွက်လာရင် မင်း အရွယ်ရောက်လောက်ပြီ၊ ကိုယ်တို့အတူရှိတဲ့အချိန်ဆို ဘာမှစိုးရိမ်စရာမလို တော့ဘူး” ယန်ယဲ့သက်ပြင်းချလိုက်သည်။ သူနှင့်သူမတို့သည် အရွယ်ရောက် ပြီးသားဖြစ်သည်။ တစ်သက်တာ လက်ထပ်စာချုပ်ချုပ်ဆိုမှုသည် ရေရှည် လင်မယားဖြစ်လာမည်ပင်။ ယခုမှစပြီး သူသည် သူမအား ပို၍ကောင်းမွန်စွာ ဆက်ဆံမည်။ သူမအတွက် မပျော်ရွှင်စေမည့်အရာများ အဖြစ်မခံနိုင်ပေ။
သူသည် ဤမိန်းကလေးအား ဘာမှမခြွင်းမချန် အကောင်းဆုံးချစ်ပေး မည်။
ပေထင်းဟွမ်သည် မျက်ရည်များဖြင့် အိပ်ပျော်သွားလေသည်။ သူမ နိုးလာချိန်တွင် အရုဏ်တက်နေပြီဖြစ်သည်။ တံခါးအပြင်တွင် တစ်စုံတစ်ယောက် စောင့်နေသည်ဟု အားဝေ ဝင်လာပြီးပြောလေသည်။
ပေထင်းဟွမ် မျက်နှာသစ်သန့်စင်ပြီးနောက် အားဝေသည် လုံထျန်း၊ လင်းဖုန်းနှင့် လင်းဖုန်းမိခင်တို့ကို ဦးဆောင်ဝင်လာသည်။
တစ်ဖက်လူစကားစသည်ကိုပင် မစောင့်တော့ဘဲ ပေထင်းဟွမ်သည် သိုလှောင်လက်စွပ်နှစ်ခုကို ပေးလိုက်သည် “ကမ္ဘာပေါ်မှာ အမြဲတမ်း ဂုဏ်ပြု စားပွဲရှိစမြဲပဲ၊ ငါက အမှောင်နတ်မိစ္ဆာဘုံကို ရောက်ခါစရှိသေးတယ် မင်းတို့ကို ခေါ်လာခဲ့တယ်၊ ကျို့ရှို့က မနေ့ကလာပြောတယ်၊ မင်းတို့အတွက် ကျန်းရှန့် တောင်နားမှာ တောင်တစ်လုံးရှာတွေ့ထားတယ်၊ ဒါက မင်းတို့အတွက် ငါ ပြင်ဆင်ပေးထားတဲ့ပစ္စည်းတွေပဲ”
လုံထျန်း လက်စွပ်ရလိုက်ချိန်တွင် အာရုံခံကြည့်ရာ အံ့ဩသွားသည်။ အထဲရှိပစ္စည်းများသည် အလွန်တန်ဖိုးရှိသည်။ လုံထျန်းသည် မယူရဲဘဲ ပေထင်းဟွမ်ဆီသို့ ပြန်ပေးလေသည် “သခင်ဟွမ်ကျို့ ကျွန်တော်တို့က မင်းကို လာနှုတ်ဆက်တာပါ၊ အထဲကပစ္စည်းတွေကိုမယူရဲပါဘူး”