← Chapters

အသိအမှတ်ပြုခြင်း၊ အဒေါ်

Vol. 77 Ch. 1534

အသိအမှတ်ပြုခြင်း၊ အဒေါ်

Vol. 77 Ch. 1534

ပေထင်းဟွမ်သည် အနည်းငယ်စိတ်မရှည်ဖြစ်လာသည် “အစ်ကိုကြီးလုံထျန်း မင်းက ဒဲ့တိုးပြောတတ်တဲ့လူလို့ အမြဲထင်ထားတာ၊ ဒီထဲမှာ ထိန်းကျောင်းပြီးသား သားရဲတချို့ပဲရှိတာပါ၊ ရွာထဲက ကလေးတွေနဲ့ သက်လတ်ပိုင်းလူတွေက အားနည်းကြတယ်၊ ဒီသားရဲတွေရဲ့ ကာကွယ်မှုနဲ့ဆို ရင် ကိစ္စတွေလုပ်ရတာ ပိုအဆင်ပြေသွားလိမ့်မယ်၊ ပြီးတော့ ဒီဆေးတွေက ရွာထဲက ကျန်းမာရေးမကောင်းတဲ့လူတွေအတွက် ငါ ပြင်ဆင်ပေးထားတာပါ၊ သူတို့တွေသုံးဖို့ပဲကို ဘာလို့တွန့်ဆုတ်နေတာလဲ”

သားရဲများ၊ ဆေးများ၊ ပေါင်မုန့်နှင့်သေရည်များအားလုံးသည် အမှောင် နတ်မိစ္ဆာဘုံတွင် တန်ဖိုးအရှိဆုံးအရာများဖြစ်ကြသည်။

ထိုပစ္စည်းများ မည်မျှအဖိုးတန်သည်ကို ၈ နှစ်သားအရွယ် လင်းဖုန်းပင် လျှင်သိသည်။ ထိုစကားများကိုကြားပြီးနောက် သူ၏မျက်လုံးများ ပြူးကျယ် သွားလေသည်။

လင်းဖုန်း၏မိခင်သာလျှင် ခေါင်းငုံ့ပြီး ခေတ္တမျှစဉ်းစားကာ လုံထျန်းအား ပြောလေသည် “ဒီအတိုင်းလက်ခံလိုက်ပါ၊ သခင်ဟွမ်ကျို့ကို ကျွန်မပြောစရာရှိ တယ်၊ ကျေးဇူးပြုပြီး ဖုန်းအာကိုခေါ်ပြီးထွက်သွားပေးပါလား”

လုံထျန်းသည် အနည်းငယ်ထူးဆန်းသလိုခံစားရသည်။ သူသည် လင်းဖုန်း၏မိခင်ကို တစ်ဖက်သတ်သဘောကျလာသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ဤအမျိုးသမီးသည် သူ့အား အမြဲတမ်းလျစ်လျူရှုရာ အလွန်ပင် နာကျင်ရသည်။ သူမသည် ဒုက္ခပေးသူမဟုတ်ပေ။ သူမသည် သူမ၏ ထင်မြင် ချက်ကို ဘယ်သောအခါမှ မဖော်ပြခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ပေထင်းဟွမ် နှင့်တွေ့ဆုံပြီးနောက် သူမသည် တစ်ခါတရံတွင် စည်းကျော်တတ်သည်။

ဥပမာအနေနှင့် နယ်ပယ်သခင်အိမ်တော်တံခါးဝတွင် ရှဲကျီနှင့် ကတောက်ကဆဖြစ်ခြင်းမျိုးပင်။

သို့သော် လင်းဖုန်း၏မိခင်သည် လင်းဖုန်းအား မမွေးစားခင်က ပုံမှန် မဟုတ်သော အတွေ့အကြုံရှိခဲ့သည်ကို လုံထျန်းသိသည်။

သူသည် လင်းဖုန်း၏လက်ကိုဆွဲကာ တံခါးဆီသို့ လှည့်ထွက်လာခဲ့သည်။

အားဝေသည် ရှေ့တိုးလာပြီး တံခါးကိုပိတ်ကာ အပြင်တွင်စောင့်ကြပ်နေ လေသည်။

“မင်းနာမည်က ဟွမ်ကျို့ဆိုတော့ ဘယ်ကဟွမ်ကျို့လဲ” လင်းဖုန်း၏ မိခင် သည် ခေါင်းမော့လာသည်။ သူမ၏ စူးရှသောမျက်လုံးများသည် ပေထင်းဟွမ် အား စိုက်ကြည့်နေသည်။

“ကျွန်တော့်နာမည်က ပေထင်းဟွမ်ပါ၊ ပင်မတိုက်ကြီးက ပေထင်းမိသားစုက နဝမမြောက်သခင်လေးပါ၊ ကျွန်တော့်အဖေက ပေထင်းလန် အမေက ယွဲ့မြန့်ယင်း၊ ဝမ်းကွဲအစ်ကိုကချူဖုန်းပါ” ပေထင်းဟွမ် သည် အမျိုးသမီး၏မျက်နှာကိုစိုက်ကြည့်လေသည်။ အကြည့်နှင့် စကားလုံး တိုင်းသည် လေးနက်ပြီး စစ်မှန်သည်။

သူမ၏မျက်နှာနှင့် မျက်လုံးများမှာပြောင်းလဲသွားသည်။ သူမ၏ မျက်လုံး ထဲမှ မျက်ရည်လုံးကြီးနှစ်ခုစီးကျလာသည်။ သူမ မတ်တပ်ရပ်ကာ ပေထင်းဟွမ် အား ခလုတ်တိုက်မတတ်ပင် ပွေ့ဖက်လေသည် “ရှောင်ကျို့ မင်းက ရှောင်ကျို့ ပဲ၊ လိမ္မာတဲ့ကောင်လေး ငါတို့ဆီကိုလာတာလား”

“အဒေါ်က အမေက အဒေါ်လား” ပေထင်းဟွမ်သည် ခက်ခက်ခဲခဲနှင့် ပြောလိုက်သည်။ သမူသည် အလွန်ကြောက်ရွံ့သဖြင့် တုန်ယင်သောအသံဖြင့် မေးလေသည်။

သူမသည် သူမ၏မိဘများ သို့မဟုတ် အဒေါ်ကို ကလေးဘဝကတည်းက ပင် မမြင်ဖူးခဲ့ပေ။ အရာအားလုံးသည် သူမ၏ ခန့်မှန်းချက်သာဖြစ်သည်။

“ငါက မင်းအဒေါ်ပါ မင်းအဒေါ်လေ” အမျိုးသမီးသည် ယွဲ့မြန့်ချင်းဖြစ် သည်။ သူမသည် ပေထင်းဟွမ်၏မျက်နှာကို ပွေ့ဖက်ပြီး သေချာကြည့်ကာ ခါးသီးစွာငိုကြွေးလေသည်။ သူမသည် မျက်ရည်များကို သုတ်ပစ်လေသည် “လိမ္မာတဲ့ကလေး စိတ်မပူနဲ့ မင်းမိဘတွေလည်း အဆင်ပြေမှာပါ၊ သူတို့တွေက ဒီမှာမရှိဘူး ထွက်သွားခဲ့ကြတယ်”

ပေထင်းဟွမ်သည် သက်ပြင်းချကာ ယွဲ့မြန့်ချင်းအား ပြန်ပွေ့ဖက်လေ သည် “အဒေါ် ဝမ်းကွဲအစ်ကိုအဆင်ပြေပါတယ်၊ ကျွန်တော်တို့ အဒေါ့်ကို အရမ်း လွမ်းနေကြတာ အဒေါ်တို့ကိုရှာဖို့ ကျွန်တော် အရမ်းကြိုးစားခဲ့ရတယ်”

သူမသည် လော့ပေမြို့တွင် အနိုင်ကျင့်ခံခဲ့ရကာ ဝမ်းကွဲအစ်ကိုသည် သားရဲတောတွင် ၁၄ နှစ်ကြာအောင် ပြည်နှင်ဒဏ်ဖြင့်နေခဲ့ရသည်။ သူမ၏ အစ်ကိုကြီးသည် ကျင့်ကြံခြင်းကို နှောင့်နှေးခြင်းမရှိခဲ့ဘဲ နေ့ရောညပါ တစ်ရက် မှ မပြတ်လေ့ကျင့်ခဲ့ရသည်။

အရာအားလုံးမှာ သူတို့သည် မိဘမဲ့ကလေးများဖြစ်နေခြင်းကြောင့်ပင်။

“သိပါတယ် ငါတို့အကုန်သိတယ်” ယွဲ့မြန်ချင်းသည် ပေထင်းဟွမ်၏ မျက်နှာမှ မျက်ရည်များကို နည်းနည်းစီသုတ်ပေးလေသည်။ သူမ ပေထင်းဟွမ် အားမြင်မြင်ချင်းပင် ပေထင်းဟွမ်အား မှတ်မိခဲ့သည်။ သူမ၏အသွင်အပြင်နှင့် စရိုက်လက္ခဏာသည် မိခင်ဖြစ်သူ ယွဲ့မြန်ယင်းနှင့်ဆင်တူသည်။

ထိုအခွင့်ကောင်းကိုအမိအရယူကာ ယွဲ့မြန်ချင်းသည် ပေထင်းဟွမ်၏ လက်ထဲသို့ တစ်စုံတစ်ခုထိုးထည့်လိုက်သည်။ သို့သော် သူမသည် တစ်စုံတစ်ရာ မပြောရဲဘဲ ပြောလေသည် “လိမ္မာတဲ့ကောင်လေး ငါတို့လည်း မင်းကို အရမ်း လွမ်းနေတာ၊ မိဘတွေက သူတို့သားသမီးတွေကို ဘယ်လိုလုပ် မချစ်ဘဲနေမလဲ” ငါတို့မှာဘာမှမရှိဘူး၊ အဒေါ်နဲ့ မင်းရဲ့မိဘတွေက နှစ်တွေအများကြီး မပျော်ရွှင် ခဲ့ရဘူး”

ပေထင်းဟွမ်၏လက်ထဲသို့ ထိုပစ္စည်းရောက်လာသည်နှင့် ပေထင်းဟွမ် ၏ ခန္ဓာကိုယ်ထဲသို့ အလင်းတန်းအဖြစ်ပြောင်းကာ အကြောထဲသို့ စိမ့်ဝင်သွား ပြီးမွေးပွလုံးလေးတစ်ခုဖြစ်ပေါ်လာလေသည်။

All Chapters