မင်းဝမ်းကွဲအစ်ကို... အဆင်ပြေရဲ့လား
Vol. 77 Ch. 1535
“လိမ္မာတဲ့ကောင်လေး ငါ မင်းအပေါ် နှစ်တွေအများကြီး အမှားတွေလုပ်ခဲ့ တယ်” ယွဲ့မြန်ချင်းသည် မျက်ရည်များဖြင့် ပေထင်းဟွမ်အား တုံးအစွာကြည့် လေသည်။ သူမသည် ပေထင်းဟွမ်၏အဒေါ်ဖြစ်သော်လည်း မိခင်တစ်ယောက် နှင့်မခြားပေ။
ထင်ရှားစွာပင် ပေထင်းဟွမ်သည် မိန်းကလေးဖြစ်ကြောင်းကို ယွဲ့မြန်ချင်းသိသည်။
ပေထင်းဟွမ်သည် ခေါင်းခါပြီး ယွဲ့မြန့်ချင်း၏ပခုံးပေါ် ခေါင်းမှီလိုက်သည် “အဒေါ် ကျွန်တော့်မိဘတွေနဲ့ အဒေါ်ရဲ့အတွေ့အကြုံတွေအကြောင်းပြောပြပါ ဦး၊ ဘယ်လိုလုပ်... ဒီလိုဖြစ်သွားတာလဲ၊ အဒေါ်က အရမ်းအားကောင်းတယ်လို့ ကြားဖူးတယ်”
“ငါတို့ အမှောင်နတ်မိစ္ဆာဘုံကိုရောက်ပြီးတော့ ဒီမှာကြာကြာနေဖို့ အစီအစဉ်မရှိခဲ့ဘူး၊ ပြီးတော့ ဒီဘုံက အရမ်းဖိနှိပ်ခံထားရတာ၊ မင်းအမေနဲ့ ငါက အရှင်ကြီးအဆင့်ကို ပြီးမြောက်ပြီးပြီ၊ ငါတို့သာ အချိန်ဆွဲနေရင် ဝိညာဉ်နတ် ဘုရားမျိုးနွယ်နဲ့ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး” ထိုအခိုက်တွင် ယွဲ့မြန်ချင်းသည် ရင်ထဲမှအမုန်းတရားကို မဖုံးဖိနိုင်ပေ “လိမ္မာတဲ့ကောင်လေး ငါ ဒီစကားတွေကို မင်းကိုမပြောသင့်ဘူး ဒါပေမဲ့ မင်းက ပင်မတိုက်ကြီးကထွက်လာမှတော့ တစ်နေ့ကျ မင်းလည်း ဝိညာည်နတ်ဘုရားတွေနဲ့တွေ့မှာစိုးတယ်၊ အဲလူတွေက မင်းရဲ့သရုပ်မှန်ကိုသိရင် သေချာပေါက်အလွတ်ပေးမှာမဟုတ်ဘူး”
“အဒေါ်” ပေထင်းဟွမ်သည် ယွဲ့မြန့်ချင်း၏ပခုံးပေါ်မှ ခေါင်းထောင်လိုက် သည် “ဝမ်းကွဲချူဖုန်းနဲ့ အစ်ကိုကြီးတို့က ၃၃ ကောင်းကင်ဘုံကို ထွက်သွားကြ ပြီ၊ တစ်ဖက်လူကဘယ်သူပဲဖြစ်ဖြစ် သူက ကျွန်တော်တို့မိဘတွေကိုအနိုင်ကျင့် ပြီး မျိုးနွယ်စုတွေကိုသတ်ဖြတ်ခဲ့တာ ဘယ်လိုလုပ် သူတို့ကိုအလွတ်ပေးမှာလဲ”
ယွဲ့မြန်ချင်းသည် အစပိုင်းတွင် အလွန်အံ့အားသင့်သွားသော်လည်း ပေထင်းဟွမ်၏စကားများကိုနားထောင်ပြီးနောက် စိတ်အေးသွားပြန်သည်။ သူမသည် ပျော်ရွှင်စွာခေါင်းညိတ်ကာ မျှော်လင့်စောင့်စားသောအကြည့်ဖြင့် တုန်ယင်သောအသံနှင့်ပြောလေသည် “မင်းဝမ်းကွဲအစ်ကို... သူအဆင်ပြေရဲ့ လား၊ အဒေါ်ထွက်လာတော့ သူက ၁၀ နှစ်သားပဲရှိသေးတာ၊ သူ့အဖေလည်း အဲအတွက်ကြောင့်သေသွားခဲ့တာ၊ သူ တော်တော်ခံစားခဲ့ရမှာပဲ”
ထိုအချိန်က သူမ နေထိုင်၍မရခြင်းကြောင့်ပင်။ နေလျှင်တောင် ချူဖုန်း အတွက် ကပ်ဆိုးကြီးယူဆောင်ပေးမိယုံသာဖြစ်မည်။
“ဝမ်းကွဲချူဖုန်းက အရမ်းအဆင်ပြေပါတယ်၊ ကျွန်တော်ထွက်လာတော့ နတ်ဘုရားအဆင့်ကိုတက်ဖို့ သိပ်မလိုတော့ဘူး” ပေထင်းဟွမ်သည် သူမ၏ ဆွေမျိုးများအကြောင်းနှင့် မည်မျှလွမ်းဆွတ်နေကြောင်းကိုပြောပြလေသည် “သူ့လက်ထဲမှာ အရမ်းအားကောင်းတဲ့တပ်ဖွဲ့လည်းရှိတယ်၊ သူအခုဆို တော်တော်ခံ့ညားတဲ့လူဖြစ်နေပြီ၊ အဒေါ် သူ့ကိုမြင်ရင်မှတ်မိမှာတောင်မဟုတ် ဘူး”
“သေချာပေါက်ပဲပေါ့” ယွဲ့မြန်ချင်းသည် မျက်နှာမှ မျက်ရည်များကို သုတ် လိုက်သည် “သူ့အဖေကလည်း သူရဲကောင်းပဲဆိုတော့ သေချာပေါက် သူလည်း လူကောင်းဖြစ်မှာပဲ”
“အဒေါ်” ပေထင်းဟွမ်သည် ယွဲ့မြန့်ချင်း၏လက်ကိုဆုပ်ကိုင်ကာ သူမ၏ ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ်စွမ်းအားအလင်းတန်းကို ထည့်သွင်းလိုက်သည်နှင့် သူမ၏ခန္ဓာကိုယ်ထဲရှိ အကြောများသည် မပြီးပြည့်စုံနေသည်ကိုတွေ့လိုက်ရ သဖြင့် စိုးရိမ်သွားမိလေသည် “အဒေါ့်ခန္ဓာကိုယ်က ဘာလို့ ဒီလိုဖြစ်နေတာလဲ၊ အဒေါ်ပြောသလို မပြီးမြောက်သေးဘူးပဲ”
“ဟုတ်တယ် အဒေါ်ပျော်နေတာနဲ့ အဲဒါတွေမေ့သွားတယ်” ယွဲ့မြန်ချင်း သည် ဆက်ပြောလေသည် “ငါတို့တွေ အမှောင်နတ်မိစ္ဆာဘုံကနေ ထွက်သွား တော့မယ်အလုပ်မှာ အဲဒီကောင်စုတ် မင်ဟုန်က သူ့ဘာသာအစီအစဉ်ဆွဲခဲ့တာ၊ ငါတို့ကိုခြေရာခံပြီး တိုက်ခိုက်ဖို့ ဘယ်လိုလျှို့ဝှက်နည်းလမ်းကိုသုံးခဲ့လဲမသိဘူး၊ အဲတုန်းက ငါ့လက်ထဲမှာ အဲဒီပစ္စည်းရှိခဲ့တယ်၊ မင်းမိဘတွေကို ထွက်သွားဖို့ ငါ ပဲပြောခဲ့တာ၊ မင်းဦးလေးသေသွားပြီးတော့ ငါလည်း အသက်ရှင်ချင်စိတ်မရှိ တော့ဘူး၊ မင်းဝမ်းကွဲအစ်ကိုကြောင့်သာမဟုတ်ရင် ငါကြောက်တာက.... ဒီ ကပ်ဘေးကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး၊ ငါ သတ်ဖြတ်ဝိညာဉ်တောင်ကို ထွက်ပြေးတုန်းက ကျီးကန်းတစ်ကောင်ပေါ်လာပြီး မင်ဟုန်ကို တိုက်ခိုက်ခဲ့ တယ်၊ အဲဒါကိုအခွင့်ကောင်းယူပြီး ငါလည်း တောင်ထဲကိုထွက်ပြေးခဲ့တယ်၊ လုံထျန်းတို့က ငါ့ကိုကယ်ခဲ့တာပဲ”
၎င်းသည် ယွဲ့မြန်ချင်း ချင်းရှန့်ရွာထဲတွင် ကိုယ်ယောင်ဖျောက်နေရသည့် အကြောင်းအရင်းပင် “အဲတုန်းက လင်းဖုန်းမှာ အမေမရှိဘူး၊ အဲဒါကြောင့် ငါက လင်းဖုန်းရဲ့အမေအဖြစ် နေထိုင်ခဲ့တယ်”
နှစ်အနည်းငယ်ကြာပြီးနောက် ပေထင်းဟွမ်သည် အမှောင်နတ်မိစ္ဆာဘုံ သို့ရောက်လာပြီး လုံထျန်းအား ကယ်မိလိမ့်မည်ဟု မည်သူမှထင်ထားမည် မဟုတ်ပေ။ အကြောင်းရှိ၍ အကျိုးဖြစ်လာသည်လားမသိပေ။