← Chapters

ပြီးတော့ လူတစ်မျိုးပဲ

Vol. 77 Ch. 1536

ပြီးတော့ လူတစ်မျိုးပဲ

Vol. 77 Ch. 1536

“အခု ကျွန်တော်ရောက်လာပြီလေ အဒေါ်စိတ်ပူဖို့မလိုတော့ဘူး၊ ကျွန်တော် ကျို့ရှို့အတွက် ဆေးသန့်စင်တုန်းက နှစ်လုံးထပ်လုပ်ထားတယ်၊ ဒီ ဆေးက သွေးကြောတွေ ပြန်ပြုပြင်ဖို့ အရမ်းကောင်းတယ်၊ အဒေါ်လည်း တစ်လုံးယူထားလိုက်ပါ” ပေထင်းဟွမ်သည် အရှင်အဆင့်ဆေးကို ယွဲ့မြန်ချင်း အားပေးလေသည်။

ယွဲ့မြန်ချင်းသည် ဆေးကိုကိုင်ရင်းနှင့် ခံစားချက်များရှုပ်ထွေးနေသည်။ ပေထင်းဟွမ်သာ ဤနေရာသို့မလာခဲ့ပါက သေခြင်းရှင်ခြင်းသည် သူမအတွက် အရေးမကြီးတော့ပေ။ ယခုအခါ ချူဖုန်းအကြောင်းကြားရသဖြင့် မျှော်လင့်ချက် ရှိသွားကာ ခွန်အားရှိချင်သည့်ဆန္ဒသည် ယွဲ့မြန်ချင်း၏ ရင်ထဲတွင် တဖန် အသက်ပြန်ဝင်လာသည်။

စကားတစ်လုံးမှမပြောဘဲ သူမသည် ဆေးကိုဝါးလိုက်သည်။ တဒင်္ဂအတွင်းမှာပင် စူးရှသောနာကျင်မှုရောက်လာသည်။ နာကျင်သော်လည်း ယွဲ့မြန်ချင်းသည် ခုခံခြင်းမပြုပေ။

အချိန်မည်မျှကြာသွားသည်မသိပေ။ ယွဲ့မြန်ချင်း၏ အသွင်အပြင်သည် နည်းနည်းစီပြောင်းလဲလာကာ သက်လတ်ပိုင်းအရွယ်အမျိုးသမီးမှ ဝိညာဉ် ဂိုဏ်းသို့ ဝင်ခါစ အသက် ၂၀ အရွယ်မိန်းကလေးအဖြစ်ပြောင်းလဲသွားသည်။ နတ်ဘုရားအဆင့်သို့တက်ပြီးပါက အသက်သည် အနန္တပင်။ မင်ဟုန်း၏ လက်ဖဝါးကြောင့်သာမဟုတ်လျှင် သူမသည် အိုမင်းသွားမည်မဟုတ်ပေ။

ယခုအခါ သွေးကြောများအားလုံးကို ပြုပြင်ပြီးသွားကာ သူမ၏အကြော ထဲမှ စိတ်ဝိညာဉ်ဆေးသည်လည်း သွေးကြောများကို စတင်လည်ပတ်စေလေ သည်။ အတိတ်မှရှင်သန်ရေးကို ပြန်လည်အသက်သွင်းလိုက်ရာ အမူအရာတိုင်း တွင် ဖိနှပ်မှုခပ်ဖျော့ဖျော့ရှိလာသည်။

လုံထျန်းနှင့်လင်းဖုန်းတို့သည် အပြင်၌ စိတ်ပူပန်စွာဖြင့်စောင့်ဆိုင်းနေကြ သည်။ အတန်ကြာပြီးနောက် ယွဲ့မြန်ချင်းသည် ထွက်မလာသည့်အပြင် အခန်း ထဲတွင် လှုပ်ရှားမှုတချို့ရှိသဖြင့် ပို၍စိတ်ပူလာကြသည်။

သူတို့သည် ပေထင်းဟွမ်ကို မယုံကြည်ခြင်းကြောင့်မဟုတ်ဘဲ စိတ်လော နေခြင်းကြောင့်ပင်။

တံခါးပွင့်လာချိန်တွင် မိန်းမပျိုတစ်ယောက် အိမ်ထဲမှထွက်လာသည်။ သို့သော် သူမသည် လင်းဖုန်း၏မိခင်ကဲ့သို့ဝတ်စားထားရာ သူတို့နှစ်ယောက် သည် မှင်တက်ပြီး ရှေ့သို့မတိုးရဲပေ။

“ဖုန်းအာ အမေလေ” ယွဲ့မြန်ချင်းသည် လုံထျန်းအား တစ်ချက်ကြည့်ပြီး လင်းဖုန်းအား လက်ယမ်းပြလေသည် “မင်းရဲ့အစ်ကိုကျို့က အမေ့ရဲ့ရောဂါကို ကုပေးလိုက်တာ၊ အမေ့ခန္ဓာကိုယ်ပြန်ကောင်းလာပြီ”

ယွဲ့မြန်ချင်းသည် လုံထျန်းအား ဖိနှိပ်သည့်အာရုံအနည်းငယ်ပြလိုက်ရာ တမင်မဟုတ်သော်လည်း ထိုဖိအားသည် သန်မာနေသည်။ ငယ်ရွယ်သွားသည့် အံ့အားသင့်လောက်အောင် လှပသောမျက်နှာကိုကြည့်ပြီး လုံထျန်းသည် မဲ့ရွဲ့စွာပြုံးမိသည် “ပြီးတော့ ဒါက ငါ့အတွေးသက်သက်ပဲ”

ပေထင်းဟွမ်သည် လုံထျန်း၏ စိတ်ပျက်လက်ပျက်ဖြစ်သွားပုံကို မြင်လိုက်ရသည်။ သူမသည် အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ၏ ဦးလေး သည် ဆုံးပါးသွားပြီဖြစ်သော်လည်း အဒေါ်ဖြစ်သူမှာ သက်တမ်းရှည်ရှည်နေရ ဦးမည်။ ဘာလို့ရှေ့မထွက်တာလဲ။

ပေထင်းဟွမ်သည် ရှေ့ထွက်လာပြီး လုံထျန်း၏ ပခုံးကိုပုတ်လိုက်သည် “သွားကြမယ်လေ အစ်ကိုကြီးလုံထျန်း မင်းကိုစောင့်ခိုင်းသလိုဖြစ်နေပြီ၊ တစ်နေရာရာသွားသောက်ကြတာပေါ့”

ပေထင်းဟွမ်နေထိုင်သည့်ခြံဝင်းထဲတွင် သူတို့နှစ်ယောက်သည် ကျောက်စားပွဲနှင့်ထိုင်ခုံတွင် ထိုင်ချလိုက်သည် “မသိချင်ဘူးလား၊ လင်းဖုန်းရဲ့ အမေ ငါ့ကိုဘာတွေပြောခဲ့လဲဆိုတာမသိချင်ဘူးလား”

“သိချင်တယ်” လုံထျန်းပြောလေသည် “ဒါပေမဲ့ မင်းဘာပဲပြောပြော ညီလေးဟွမ်ကျို့က ချင်းရှန့်ရွာရဲ့ကယ်တင်ရှင်ပဲလေ”

“တချို့ကိစ္စတွေက အစ်ကိုကြီးလုံထျန်းကိုပြောလိုက်ရင် အစ်ကိုကြီးကိုပဲ ထိခိုက်စေလိမ့်မယ်” ပေထင်းဟွမ်သည် လုံထျန်း၏ သွက်လက်သောအကျင့်ကို အလွန်သဘောကျသည် “လင်းဖုန်းရဲ့အမေ့ကို သဘောကျတာကို ငါသိပါတယ်၊ တစ်ယောက်ယောက်ကို သဘောကျရင် သတ္တိရှိရှိသာ လိုက်ဖို့ပြောချင်ရုံတင်ပါ၊ ဒါပေမဲ့ အစ်ကိုကြီးလုံထျန်း အခုတော့ ဒီလိုခွန်အားရှိမှာမဟုတ်ဘူး ဒါပေမဲ့ အမှောင်နတ်မိစ္ဆာဘုံက နေရာကောင်းတစ်ခုပါ၊ ဒီကမှော်အရင်းအမြစ် ကျောက်တုံးက မင်းကို စွမ်းအားတွေပေးလိမ့်မယ်၊ တစ်ရက်ကျရင် အစ်ကိုကြီး လုံထျန်းက ခွန်အားကြီးရလာမှာပါ အဲဒါမှ ၃၃ ကောင်းကင်ဘုံကို သွားပြီး သူမ ကိုရှာနိုင်မှာ ငါကူညီမှာပါ”

လုံထျန်းသည် သူ၏နားကိုပင် မယုံနိုင်ပေ။ ဤလူငယ်သည် လင်းဖုန်း၏ မိခင်အပေါ် သူ၏စိတ်ကို မည်သို့သိသနည်း။ သို့သော် သူသည် ပေထင်းဟွမ် စကားများကို နားထောင်ရသည်ကို နှစ်ခြိုက်သည်။ ပေထင်းဟွမ်သည် သေရည်ခွက်ကိုမြှောက်ကာ လုံထျန်း၏ခွက်နှင့်တိုက်လိုက်သည်။ ပေထင်းဟွမ် ၏လက်စွပ်သည် လုံထျန်း၏လက်နှင့်အနည်းငယ်ထိတွေ့မိရာ အထဲတွင် မှော် အရင်းအမြစ်ကျောက်တုံးများစွာရှိနေသည်ကို လုံထျန်းသိလိုက်ရလေသည်။

ါဝင်ရန် လုံးဝမတွေးခဲ့ပေ။

All Chapters