ဒဿမမြောက်ဆုလား
Vol. 77 Ch. 1538
ထိုမြင်ကွင်းပျောက်ကွယ်သွားပြီးနောက် မြို့တံတိုင်းနှင့်ကောင်းကင်ပေါ် မှ ပရိသတ်များလည်း အလျင်စလိုပင် ကျဲသွားကြသည်။ သူတို့သည် အမြန်ပြန် ကာ သတ်ဖြတ်ဝိညာဉ်တောင်သို့ တတ်နိုင်သမျှမြန်မြန်ထွက်ခွာရန် ပြင်ဆင်နေ ကြသည်မှာ ထင်ရှားသည်။
အမှောင်နတ်မိစ္ဆာဘုံတွင် အတန်ကြာအောင်နေပြီးနောက် သတ်ဖြတ် ဝိညာဉ်တောင်တွင် အားကောင်းသောကျီးကန်းတစ်ကောင်ရှိသည်ကို သိကြ သည်။
ကျို့ယင်းနှင့်ဆွေးနွေးပြီး နတ်မိစ္ဆာနတ်ဘုရားအဝတ်ဂူသင်္ချိုင်းအကြောင်း မေးရန်စီစဉ်ထားသည့် ပေထင်းဟွမ်သည် ထိုမြင်ကွင်းကိုမြင်ပြီးနောက် ပုရပိုက် ပေါ်မှ မှတ်သားထားသည့်တည်နေရာကို တိုက်ကြည့်ပြီး အလွန်ပျော်ရွှင်သည့် အချိန်နှင့်တိုက်ဆိုင်နေသည်။ တစ်ဖက်တွင် သူမသည် စိတ်ထဲတွင် ဂူအား တိတ်တိတ်လေးတူးရန် ကြံစည်ခဲ့သည်။ နောက်ဆုံးတွင် နတ်မိစ္ဆာနတ်ဘုရား အဘိုးကြီးသည် ထိုသတင်းအား အားလုံးသိအောင် ကြေညာခဲ့သည်။
နယ်ပယ်အရှင်၏အိမ်တော်သို့ပြန်ရောက်သည်နှင့် ကျို့ယင်းသည် ကိစ္စ အဝဝကိုစီစဉ်တော့သည်။ သူသည် သတ်ဖြတ်ဝိညာဉ်တောင်သို့ နေ့ချင်းခရီး သွားရန်ပြင်ဆင်ခြင်းအပြင် အစားအသောက်နှင့်သေရည်များမှာပြီး ပေထင်းဟွမ်အားဧည့်ခံကာ သတ်ဖြတ်ဝိညာဉ်တောင်သို့ အတူတကွသွားရန် ဖိတ်လေသည်။
“အမှောင်နတ်မိစ္ဆာဘုံကို အခု သုံးပိုင်းခွဲခြားထားတယ်၊ ဝိညာဉ်ဘုံနဲ့ နတ်ဆိုးဘုံက နယ်နိမိတ်ရဲ့ သုံးပုံနှစ်ပုံယူထားတယ်၊ သုံးပုံတစ်ပုံကသာ အမှောင်နတ်မိစ္ဆာဘုံကပိုင်တော့တယ်” သမိုင်းကြောင်းကို ပြောရင်းနှင့် ကျို့ယင်းသည် မျက်နှာပူမိတော့သည် “ဒီအချိန်က နတ်မိစ္ဆာဘိုးဘေးက သတိ ပေးလိုက်တာပဲ၊ အမှောင်နတ်မိစ္ဆာဘုံက အကျိုးအမြတ်တချို့ရရင် ဝိညာဉ်ဘုံနဲ့ နတ်ဆိုးဘုံကို ပြည်နှင်ဒဏ်ပေးဖို့ မျှော်လင့်ချက်ကြီးရှိသွားပြီ”
“သခင်ဟွမ်ကျို့က ငယ်ပေမဲ့စွမ်းအားရှိတယ်၊ ကျုပ်တို့နဲ့ လိုက်ဖို့ စိတ်ဝင်စားလားမသိဘူး” ကျို့ယင်းပြောလေသည် “ဒီတစ်ခါအကျိုးအမြတ်ရ ရင် ကျုပ်တို့အမှောင်နတ်မိစ္ဆာဘုံက မင်းအတွက် ဆုကြေး ၁၀ ပုံ ၁ ပုံပေးပါမယ်”
ပေထင်းဧွမ်သည် ပြုံးလိုက်သော်လည်း ပြန်မဖြေပေ။ သူမ၏ အသိစိတ် ပင်လယ်ထဲတွင် ယန်ယဲ့သည် ကူကယ်ရာမဲ့နေသည် “ဒီလူကြီးက မင်းကို ကူညီ နိုင်မယ်လို့ထင်ထားတာ ဒါပေမဲ့ သူ့ကိုမတွေ့တာ နှစ်နည်းနည်းလောက်လေးရှိ သေးတာကို သူက ဒီလိုဖြစ်သွားပြီ”
“ဘယ်နနှစ်လဲ နှစ်နည်းနည်းပဲဆိုတာသေချာရဲ့လား” ပေထင်းဟွမ်သည် အနည်းငယ်ဆွံ့အစွာဖြင့် နှာမှုတ်လိုက်သည် “၁၀ ပုံ ၁ ပုံလား သူ့ကို ၁၀ ပုံ ၁ ပုံ ပဲပေးလိုက်ရမလား”
သို့သော် မည်သို့ပင်ဖြစ်စေကာမူ အရင်ဆုံးသဘောတူရမည်။
ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည် “အင်း ကျွန်တော် သွားကြည့်ချင်ပါ တယ်၊ ဒါပေမဲ့ အချိန်ကျလာရင်တော့ ခင်ဗျားဘာဖြစ်မလဲဆိုတာ အာမမခံနိုင် ဘူး”
ကျို့ယင်းသ်ည ပေထင်းဟွမ် မည်မျှသန်မာသည်ကိုမသိပေ။ သူမသည် သူ၏သားဖြစ်သူအတွက် ဆေးထုတ်ပေးခဲ့သော်လည်း ဆေးသန့်စင်နိုင်သည်ဟု မဆိုလိုပေ။ ကျို့ယင်းသည် ပေထင်းဟွမ် အဂ္ဂိရတ်ပညာပြသသည်ကို ကိုယ်တိုင်မျက်လုံးနှင့်မမြင်ခဲ့ရသလို ပေထင်းဟွမ် လှုပ်ရှားသည်ကိုလည်း မမြင်ဖူးပေ။ အစောကမြို့တံတိုင်းတွင် မြင်ကွင်းကိုကြည့်ခဲ့စဉ်ကလည်း ပေထင်းဟွမ်သည် မလှုပ်ရှားခဲ့ပေ။ ထို့ကြောင့် ပေထင်းဟွမ်၏ခွန်အားကို ကျို့ယင်း သံသယဝင်မိသည်။
ပေထင်းဟွမ်သည် သူ၏သားဖြစ်သူအား ကယ်တင်ခဲ့ပြီး နတ်ဘုရား အဆင့်ဆေးပေးခဲ့သဖြင့် ကျို့ယင်းသည် ပေထင်းဟွမ်အား ဖိတ်ကြားပြီး ၁၀ ပုံ ၁ ပုံဆုပေးမည်ဟု ကတိပေးခဲ့သည်။ ပေထင်းဟွမ်သည် ထိုအရာကို ကျေးဇူး မတင်တတ်ဘဲ ကောင်းခြင်းဆိုးခြင်းကိုမသိပါက ကျို့ယင်း ဘာမှမတတ်နိုင် တော့ပေ။
သူ ခေါင်းညိတ်လိုက်သည် “သခင်ဟွမ်ကျို့သာ ငါနဲ့အတူရှိရင် ဆုလည်း မနည်းစေရပါဘူး၊ သခင်ဟွမ်ကျို့မှာ တခြားအခွင့်အရေးရှိရင်လည်း နယ်ပယ် သခင်က ဖိအားမပေးပါဘူး”
“အဖေ အဲအချိန်ကျရင် ကျွန်တော် သခင်ဟွမ်ကျို့နဲ့အတူသွားချင်တယ်” ကျို့ရှို့သည် မတ်တပ်ထပြီး တောင်းဆိုလေသည်။
ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်မိလေသည်။ သူမ ငြင်းဆန်တော့ မည်အပြုတွင် ကျို့ယင်းသည် ပြတ်သားစွာပင်ပြောလိုက်သည် “မရဘူး”
ပေထင်းဟွမ် မည်မျှသန်မာကြောင်းကို သရဲပင်သိသည်။ သို့သော် သူ့တွင် သည်သားတစ်ယောက်သာရှိသည်။ ပေထင်းဟွမ်နောက်လိုက်ရင်း အသက် ဆုံးရှုံးရမည်ဆိုပါက ပေထင်းဟွမ်အား သတ်ရုံနှင့်မလုံလောက်ပေ။
ပေထင်းဟွမ်သည် ကျို့ရှို့အား အထက်အောက်ကြည့်လိုက်သည်။ သူသည် မနေ့က သားရဲနှင့်စာချုပ်တည်ထောင်ပြီးရာ အဆင့် ၃ ကြယ်သို့ ရောက်လောက်ပြီဖြစ်သည်။ သို့သော် သတ်ဖြတ်ဝိညာဉ်တောင်သို့သွားခြင်း သည် သေစေနိုင်သည်။ ပေထင်းဟွမ်သည် ထရပ်ကာ ကျို့ရှို့အား မညှာမတာ ပြောလိုက်သည် “မင်းသွားမယ်ဆိုရင် မင်းအဖေနောက်လိုက်ပါ ငါ့နောက် မလိုက်ခဲ့နဲ့”
အငြင်းခံလိုက်ရသဖြင့် ဖခင်ဖြစ်သူအား ဝမ်းနည်းစွာကြည့်လေသည်။ ကျို့ယင်းသည်လည်း အနည်းငယ်မသက်မသာဖြစ်ကာ ပေထင်းဟွမ် ထွက်သွားသည်ကိုကြည့်နေသည်။ သူသည် ဤကောင်လေးကို နားမလည်နိုင် တော့ပေ။