← Chapters

ဒါပေမဲ့ ငါ့ဟွမ်အာကိုတွေ့ချင်တယ်

Vol. 77 Ch. 1539

ဒါပေမဲ့ ငါ့ဟွမ်အာကိုတွေ့ချင်တယ်

Vol. 77 Ch. 1539

သူမနေထိုင်သည့်ခြံဝင်းအနောက်ဘက်တွင် ပေထင်းဟွမ်သည် စတင် ပြင်ဆင်တော့သည်။ သူမသည် လှံတံကိုတောက်ပြောင်အောင် သုတ်သည်။ ထိုလှံတံသည် အဘိုးမှ သူမအား ၁၅ နှစ်ပြည့်မွေးနေ့အတွက် လေလံဆွဲထား ပေးခြင်းဖြစ်သည်။ သူမ ၁၅ နှစ်ပြည့်ပြီးသည်မှာ လအနည်းငယ်ကျော်လွန်နေ ပြီဖြစ်သည်။ အမှောင်နတ်မိစ္ဆာဘုံတွင် ၁ ရက်သည် ၃၃ ကောင်းကင်ဘုံတွင် ရက်ပေါင်း ၁၀၀ ရှိသည်။ အမှောင်နတ်မိစ္ဆာဘုံ၏ အချိန်စီးဆင်းမှုသည် ပင်မ တိုက်ကြီးနှင့် တူညီသည်။ ပေထင်းဟွမ်သည် အမှောင်နတ်မိစ္ဆာဘုံသို့ ရောက် နေသည်မှာ တစ်ရက်ကြာပြီဖြစ်သည်။ ၃၃ ကောင်းကင်ဘံဒတွင် နှစ်ပေါင်း မည်မျှကုန်ဆုံးသွားသည်ကို မသိတော့ပေ။

“စောစောသွားတာကောင်းမယ် ၃၃ ကောင်းကင်ဘုံကို စောစောသွားလေ ကောင်းလေပဲ” မနက်ဖြန် သတ်ဖြတ်ဝိညာဉ်တောင်သို့ သွားရာတွင် လင်းယွိနှင့် ယိရှဲယွိတို့နှင့် တိုက်ခိုက်ရမည်ကို ပေထင်းဟွမ်သည် အနည်းငယ် ရတက်မအေးဖြစ်မိသည်။ ကံကောင်းစွာပင် လက်ရှိတွင် သူမ၏ခွန်အားမှာ တိုးလာပြီဖြစ်ကာ မိုးကြိုးနှင့်လျှပ်စီး၏ ကောင်းချီးကိုရထားပြီးဖြစ်သည်။ သူမ လက်ရှိတွင် မည်သည့်အဆင့်ထိ ရောက်သွားသည်ကို သိချင်သေးသည်။

ပေထင်းဟွမ်သည် လက်ထဲမှဓားပျော့ကို ဂရုတစိုက်သုတ်နေသည်။ ယန်ယဲ့သည် သူမနှင့် သူမ၏ပတ်ဝန်းကျင်အား ရှင်းလင်းစွာမြင်နေရသည်။ ပေထင်းဟွမ်သည် ဒုတိ‌ယမြောက်မွေးပွလုံးလေးကို မြန်မြန်ရလိမ့်မည်ဟု ထင် မထားပေ။ မွေးပွလုံးလေးသည် ယဲ့မြန့်ယင်း၏ပိုင်ဆိုင်မှုဖြစ်ကာ နတ်မိစ္ဆာ အထွတ်အထိပ်ဆီမှ ထိုမွေးပွလုံးလေးကြောင့် လွတ်မြောက်လာခြင်းဖြစ်သည်။

မွေးပွလုံးနှစ်ခုစုစည်းသွားရာ အချိန်ဆက်ကြောင်းပွင့်သွားပြီး ပေထင်းဟွမ်ရှိသည့်နေရာနှင့် စီဖုန်းနတ်ဘုရားအကျဉ်းထောင်တို့ကို ဆက်သွယ်ပေးလေသည်။ ယန်ယဲ့သည် ပေထင်းဟွမ်ရှိသည့်နေရာကို ရှင်းလင်း စွာမြင်နိုင်သည်။

“ဟွမ်အာ” ယန်ယဲ့သည် တိုးညင်းစွာခေါ်လိုက်သည်။

“အင်း”

ထိုအချိန်တွင် ယန်ယဲ့၏အရိပ်သည် ပေထင်းဟွမ်၏အသိစိတ်ပင်လယ် ထဲတွင် ပေါ်လာသည်။ သူမသည် တုန်ယင်သွားကာ စီဖုန်းနတ်ဘုရား အကျဉ်းထောင်ထဲမှ ယန်ယဲ့ကို ချက်ချင်းပင် ကြည့်လိုက်သည်။ ကံကောင်းစွာ ပင် သူသည် သံကြိုးလေးခုကို သန့်စင်ပြီးသားဖြစ်သဖြင့် သံကြိုးများဖြင့် အချည်ခံထားရသည်ကို ပေထင်းဟွမ် မမြင်ရပေ။ သို့သော် ကျဉ်းမြောင်းပြီး ကျဉ်းကျုတ်သည့်နေရာတွင် ရောင်ဝါ သို့မဟုတ် မှော်စွမ်းအင် အရိပ်အယောင် မရှိသည့် ပတ်ဝန်းကျင်ကိုမြင်ရသည်မှာ ပေထင်းဟွမ်အား ချဉ်သွားစေသည်။

“အရူးလေး”

ယန်ယဲ့သည် ပေထင်းဟွမ်၏ မျက်ခုံးနှင့် မျက်လုံးများကို တပ်မက်စွာ ကြည့်လေသည်။ ထိုအရာများကိုမမြင်ရသည်မှာ ကြာပြီဖြစ်သည်။ ထိုအခိုက် အတန့်တွင် ယန်ယဲ့၏မျက်လုံးများသည် ပေထင်းဟွမ်ဆီမှ မခွာနိုင်ပေ။ ပေထင်းဟွမ်သည်လည်း အသိစိတ်ပင်လယ်ထဲမှယန်ယဲ့ကိုစိုက်ကြည့်နေ၏။ သူ၏မျက်လုံးထောင့်တွင် ခရမ်းရောင်မရှိတော့ဘဲ အရောင်လျော့သွားသည်မှာ အရင်လို ခမ်းနားပြီးဆိုးယုတ်သည့်ပုံစံမရှိတော့ပေ။

တစ်ယောက်နှင့်တစ်ယောက် ကြာမြင့်စွာစိုက် ကြည့်ပြီးနောက် ပေထင်းဟွမ်သည် နောက်ဆုံးတွင် မျက်ရည်အနည်းငယ်ဖြင့် ပြုံးလိုက်သည် “စောစောကသာသိရင် အဒေါ့်ရဲ့မွေးပွလုံးလေးကို ယူပါဘူး ရှင့်ကို တကယ် မမြင်ချင်သေးဘူး”

“ဒါပေမဲ့ ကိုယ်က ဟွမ်အာ့ကို မြင်ချင်တယ်လေ” ယန်ယဲ့ ထရပ်လိုက် သည်။ ခြေလှမ်းနှစ်လှမ်းမျှလှမ်းပြီး ပေထင်းဟွမ်ဆီသို့ လက်ဆန့်ထုတ်လေ သည်။ နတ်တိုင်ကိုဖြတ်သွားရုံနှင့် ကြီးမားသောစွမ်းအင် အလင်းကန့်လန့်ကာ မှာ ကန်ထွက်ကာ ပေထင်းဟွမ်ဆီသို့ ရွေ့လျားလေသည်။ ယန်ယဲ့သည် ပြင်းထန်စွာရိုက်မိလေသည်။ ပေထင်းဟွမ်သည် နှလုံးထွက်ကျမတတ် လန့်သွားကာ အော်လိုက်သည် “ယန်ယဲ့”

ထိုအချိန်တွင် ယန်ယဲ့သည် လက်ကိုညင်သာစွာယမ်းလိုက်သည်။ ထို အားကောင်းသောစွမ်းအင်ကို အင်္ကျီလက်ထဲသို့ထည့်လိုက်သည်။ ထိုစွမ်းအား သည် လှိုင်းမရှိသည့် ပင်လယ်ကဲ့သို့ငြိမ်သွားသည်။ ထိုအရာကိုကြည့်ပြီး ပေထင်းဟွမ် သက်ပြင်းချမိသည်။ သို့သော် မမျှတသလိုခံစားရတုန်းပင်။ ဤလူ သည် အကျဉ်းထောင်ထဲမှာပင် အားကောင်းသည်။

ထိုအချိန်က သူ စီဖုန်းနတ်ဘုရားအကျဉ်းထောင်သို့ ပထမဆုံးဝင်စဉ်က သူသည် အလင်းကန့်လန့်ကာ၏ ရိုက်ချခြင်းကိုခံရလိမ့်မည်။ စီဖုန်းနတ်ဘုရား အကျဉ်းထောင်ကို သန့်စင်ရသည်မှာ သူ့အတွက် ရက်အနည်းငယ်ကြာလိမ့် မည်။

“ယန်ယဲ့ ကျွန်မတို့ ပြောင်းသင့်လား” ပေထင်းဟွမ်သည် အားကောင်း လာလျှင် စီဖုန်းနတ်ဘုရားအကျဉ်းထောင်သို့ ဝင်ချင်သည်။

ယန်ယဲ့သည် ပြုံးပြီး ခေါင်းခါကာ ကူကယ်ရာမဲ့သလိုကြည့်လေသည် “အရူးလေး မင်းဝင်လာရင် ဒီစီဖုန်းအကျဉ်းထောင်ကို ကိုယ် ဖျက်ဆီးပစ်မှာ”

ယန်ယဲ့သည် နောက်နေခြင်းမဟုတ်ပေ။ ပေထင်းဟွမ်သည် နှုတ်ခမ်းတွန့် ကာ အေးစက်စွာနှာမှုတ်လိုက်သည်။ သူတို့နှစ်ယောက်သည် အလုပ်အကြောင်း စပြောကြတော့သည် “ခုနက သတ်ဖြတ်ဝိညာဉ်တောင်ဘက်မှာ မြင်ကွင်းပေါ် လာတယ်၊ ပြီးတော့ မြင်ကွင်းပေါ်လာတဲ့နေရာက ပုရပိုက်မှာ အမှတ်အသား လုပ်ထားတဲ့နေရာပဲ၊ နတ်မိစ္ဆာနတ်ဘုရားရဲ့ အဝတ်သင်္ချိုင်းနဲ့နေရာအတူတူပဲ”

All Chapters