← Chapters

ဆတ်ကျွဲ

Vol. 77 Ch. 1540

ဆတ်ကျွဲ

Vol. 77 Ch. 1540

ယန်ယဲ့ခေတ္တမျှစဉ်းစားပြီးနောက် ပြောလေသည် “ဒီပုရပိုက်ပေါ်မှာ နတ် မိစ္ဆာနတ်ဘုရားချန်ထားတဲ့ အသိစိတ်နည်းနည်းရှိရမယ်၊ ဒီပုရပိုက်ကို ကစဥ့်ကလျားနတ်အရင်းအမြစ်ကိုသုံးပြီး လှုံ့ဆော်လိုက်လို့ ဂူသင်္ချိုင်းမှာ ဒီလိုမျိုး လှုပ်လှုပ်ရှားရှားဖြစ်သွားစေတာပဲ”

“အဲတုန်းက ရှင့်ကို လက်ပတ်နဲ့ နီလာလည်ဆွဲကို ကူပြီးသန့်စင်ပေးသလို ပဲ၊ ရှင် လက်ပတ်ကိုပဲရတာဆိုရင် သွေးတစ်စက်က ပိုင်ရှင်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူး၊ လက်ပတ်ကိုဖွင့်ဖို့ အဓိကသော့ချက်က နီလာလည်ဆွဲပဲ၊ လက်ပတ် ကျသွားတဲ့အချိန်တုန်းက စိုးရိမ်သေးတယ်၊ တခြားသူလက်ထဲမှပဲ နီလာလည်ဆွဲနဲ့ လက်ပတ်ကို ပေါင်းစည်းနိုင်မှာ”

နီလာလည်ဆွဲနှင့်သာ လက်ပတ်၏နေရာကို ဖွင့်နိုင်မည်။ ထိုအခါမှပင် တစ်ခုနှင့်တစ်ခုအသိအမှတ်ပြုပြီး လက်ပတ်နေရာပွင့်သွားမည်ဖြစ်သည်။ သေချာပေါက်ပင် ပေထင်းဟွမ်သည် ထိုအမှန်တရားကို နားလည်သည်။ သူမ သည် လက်ထဲမှ ပုရပိုက်ကိုညှစ်လိုက်သည် “နောက်တစ်မျိုးပြောရရင် ဒီပုရပိုက်က အဝတ်ဂူသင်္ချိုင်းကိုဝင်ဖို့ နိုင်ငံကူးလက်မှတ်ပေါ့”

ညတွင်အနားယူကာ နောက်နေ့မနက် အရုဏ်မတက်ခင်တွင် အမှောင် နတ်မိစ္ဆာဘုံတစ်ခုလုံး ဆူညံလျက်ရှိသည်။

ကျို့ရှို့ ပေထင်းဟွမ်အားလာခေါ်ပြီးနောက် အထုပ်ထုပ်ပိုးပြီး ထွက်သွား တော့မည့် ကျို့ယင်းနှင့်တခြားသူများကကိုတွေ့ရလေသည်။ အဖွဲ့ထဲတွင် လူ တစ်ရာကျော်ပါကာ အားလုံးပေါင်း အရှင်အဆင့်ကျွမ်းကျင်သူ အယောက် ၂၀ ကျော်သည်။ ကျို့ရှို့မှလွဲ၍တခြားသူများသည် နတ်ဘုရားအဆင့်များဖြစ်ကြ သည်။

သတ်ဖြတ်ဝိညာဉ်တောင်တွင် အရှင်အဆင့်ကျွမ်းကျင်သူများပင် လေထဲ တွင်ပျံမရပေ။ မဟုတ်လျှင် အားကောင်းသော သားရဲပျံများ ရုတ်တရက် ပေါ် လာပြီး ထိုသားရဲများလက်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု မည်သူမှ အာမမခံ နိုင်ပေ။

အမှောင်နတ်မိစ္ဆာဘုံသည် အတောင်ပံပါဆတ်ကျွဲအကောင် ၁၀၀ ကို ပြင် ဆင်ထားသည်။ အားလုံးသည် ဆတ်ကျွဲပေါ်တွင်ထိုင်ကြသည်။ ပိန်လှီပြီး ကျုံ့သော ဆတ်ကျွဲတစ်ကောင်သာကျန်တော့လေသည်။ ကျို့ယင်း၏ အရှင်များထဲမှတစ်ယောက်သည် ပေထင်းဟွမ်အား ရတက်မအေးသည့် မျက်နှာအမူအရာဖြင့်ကြည့်လေသည် “သခင်ဟွမ်ကျို့ မင်းနောက်ကျတယ်၊ ဒီဆတ်ကျွဲပဲအားတော့တယ်၊ အဲတော့ ဒါနဲ့ သွားနိုင်တယ်မလား”

တောင်ပံပါဆတ်ကျွဲသည် ဒုတိယအဆင့်သားရဲဖြစ်ကာ အကြမ်းမဖက်ဘဲ နဂါးမြင်းပျံနှင့်ခပ်ဆင်ဆင်ဖြစ်သည်။ နှစ်မျိုးလုံးသည် အပင်စားသားရဲများဖြစ် ကာ သဘာဝအရနူးညံ့ပြီး လူသားများ၏ ထိန်းသိမ်းခြင်းကိုခံရသည်။

ပေထင်းဟွမ်၏မျက်လုံးများသည် တောင်ပံပါဆတ်ကျွဲဆီသို့ ရောက်သွား လေသည်။ ကျို့ရှို့သည် ထိုတောင်ပံပါဆတ်ကျွဲကိုမြင်ပြီးနောက် သူ၏ မြင်းကို ပေထင်းဟွမ်ဆီသို့ ပေးလေသည်။ ပေထင်းဟွမ်သည် ကျို့ရှို့အား လက်ပြပြီး ငြင်းဆန်လေသည် “မလိုဘူးရယ် ဒီနယ်ပယ်သခင်အိမ်တော်ရဲ့ စီးတော်ယဉ်ကို သုံးဖို့ အစကတည်းက စိတ်ပူးမရှိဘူး”

ပေထင်းဟွမ်ပြောပြီးသည်နှင့် လက်မြှောက်လိုက်ရာ ပတ်ပတ်လည်တွင် အလင်းတစ်ခု လက်လာသည်။ အားလုံး၏မျက်စိရှေ့၌ပင် ငွေရောင် တောက်ပ သော စီးကြောင်းထွက်လာကာ ဦးခေါင်းတွင်ဦးချိုတစ်ချောင်းတည်းရှိသည့် တောင်ပံပါမြင်းသည် အားလုံးရှေ့တွင်ပေါ်လာလေသည်။ ၎င်းသည် နတ်ဘုရား အဆင့် သားရဲဖြစ်သည်။ ထိုသားရဲပေါ်လာသည်နှင့် တောင်ပံပါဆတ်ကျွဲများ၏ ခြေထောက်များသည် ပျော့ခွေသွားရာ ထိုနတ်ဘုရားအဆင့်သခင်များသည် ပြုတ်ကျလုနီးပါးဖြစ်သွားလေသည်။

“မင်း ဘာဖြစ်နေတာလဲ နတ်ဘုရားအဆင့်သားရဲရှိတာ အဲလောက်တောင် အံ့ဩဖို့ကောင်းနေတာလား ငါတို့ပြုတ်ကျတော့မလို့” နတ်ဘုရားအဆင့်တစ်ယောက်သည် ထိတ်လန့်သွားကာ ဒေါသဖြင့် ပေထင်းဟွမ်အား ဟိန်းဟောက်လေသည်။

ကျို့ရှို့သည် မနေနိုင်ဘဲ ပေထင်းဟွမ်အား ကူညီမည်အပြုတွင် ပေထင်းဟွမ်တားလိုက်လေသည်။ သူမသည် ကျို့ယင်းအားကြည့်ကာ လက်အုပ်ချီလိုက်သည် “သခင် ကြည့်ရတာ စခန်းချတဲ့နေရာထိ အဖော်မလိုက် နိုင်တော့ဘူးထင်ပါတယ်၊ နောက်မှဆုံကြတာပေါ့”

အမှောင်နတ်မိစ္ဆာဘုံမှလူမှာများပြီး အရှင်အဆင့် ၂၀ ကျော်ကျွမ်းကျင်သူ ရှိသော်လည်း ထိုလူများသည် ပေထင်းဟွမ်အား သည်းမခံနိုင်ကြပေ။ ဆန့်ကျင် ဘက်အနေနှင့် ကျို့ရှို့၏ခြေထောက်မှာ ပေထင်းဟွမ်ကြောင့် ပျောက်ကင်းသွား သည်ကို မသိကြပေ။ ပေထင်းဟွမ်သာ သူတို့၏နေရာကိုလုပါက ပေထင်းဟွမ် အတွက် မကြင်နာသလိုဖြစ်မည်။

ပေထင်းဟွမ်သည် ဝိညာဉ်ဘုံနှင့် နတ်ဆိုးဘုံတို့ကို ရန်စခဲ့မိသည်ကို ကောင်းစွသသိသည်။ သူမသာ အမှောင်နတ်မိစ္ဆာဘုံနှင့် တွဲသွားပါက ပေထင်းဟွမ်သည် အမှောင်နတ်မိစ္ဆာဘုံမှလူဖြစ်သည်ဟု ထိုနယ်မြေနှစ်ခုထင် သွားနိုင်ပြီး အမှောင်နတ်မိစ္ဆာဘုံအား ကပ်ဘေးယူဆောင်လာသလိုဖြစ်မည်။

ဤကဲ့သို့အခြေအနေအောက်မှာပင် ပေထင်းဟွမ်သည် အမှောင်နတ်မိစ္ဆာ ဘုံ၏ လည်ပတ်မှုတွင် ပ

All Chapters