အလင်းနှင့် အရိပ်များ
Vol. 12 Ch. 166
#ဘာသာပြန် = စနိုးဝှိုက်
ပြောင်းလဲနေတဲ့ ကြယ်ပွင့်က မျက်မှောင်ကျုတ်လိုက်တယ်..။သူမရဲ့ အေးစက်နေတဲ့ မျက်လုံးတွေထဲမှာတော့ အေးစက်မူ တစ်ချို့ကို မြင်နေရပါတယ်..။
"ငါ့ရဲ့ ပန်းတိုင်လား..။ဒါက သိသာနေတာပဲ မဟုတ်ဘူးလား..."
သူမက ဘေးနား ပတ်ဝန်းကျင်က ဆင်းရဲသားရပ်ကွက်နဲ့..ကြီးမားတဲ့ ရဲတိုက်ကြကို လက်ညိုးထိုးပြလိုက်ပြီး..
"ငါက ဒီလူတွေကို ကူညီဖို့ ကြိုးစားနေတာပဲ..။ဘာရှိရဦးမှာလဲ..."
ဆန်နီ သက်ပြင်းချလိုက်တယ်..။
ယင်းနောက် သူ အကြည့်ကို လွှဲပြီး မေးလိုက်ပါတယ်..။
" ငါ့ရဲ့ ညီမလေး အကြောင်းကို နင့်ကို ပြောပြဖူးသေးလား.."
နစ်ဖီ မျက်တောင်ခတ်လိုက်ပြီး..
"ဟင့်အင်...ဘာလို့ ရုတ်တရက်ကြီး အဲတာကို မေးတာလဲ ."
သူ ခါးသက်စွာ ပြုံးလိုက်တယ်..။
"ငါက လတ်တလော သူမကို သတိရနေတော့..နင့်ကို ပြောပြမလို့..။သိတဲ့ အတိုင်းပဲ ငါတို့ရဲ့ မိဘတွေက ငါတို့ ငယ်ငယ်လေးကတည်းက သေဆုံးသွားကြတာလေ..။သူမက မွေးစားခံခဲ့ရပေမယ့်..ငါက တော့ လမ်းဘေးမှာပဲ ကြီးပြင်းခဲ့ရတယ်..။ဘဝက ငါ့အတွက်တော့ တကယ်ကို မချိုမြိန်ခဲ့ဘူး..။တကယ်တော့..ခါးသက်မူတွေနဲ့ပဲ ပြည့်နှက်နေခဲ့တာ..။ဒီတော့ ငယ်ရွယ်သေးတဲ့ ငါက ..သူမလညိး ငါ့လို အခြေအနေ ကြုံနေရလိမ့်မယ်လို့ ပဲ ထင်ထားခဲ့တာလေ..။ဒါကြောင့် ငါ သူမကို အရမ်းပဲ ရှာဖွေချင်ခဲ့မိတယ်..။ငါ့ခေါင်းထဲမှာတော့ သူမကို ကယ်တယ်မယ် ၊ ကာကွယ်ပေးမယ် ပြီးတော့ မိသားစု တစ်ခုအဖြစ် ပြန်နေကြမယ် ဆိုတာပဲ ရှိနေခဲ့တာလေ..သိတယ်မလား..."
ဆန်နီ မျက်နှာရှုံးမဲ့နေခဲ့ပြီး..
"ဒါပေမဲ့ ငါ့လို..ဆင်းရဲမွဲတေနေတဲ့ သနားစရာ လူတစ်ယောက်က ဘယ်လိုလုပ် တစ်စုံတစ်ယောက်ကို ရှာဖွေနိုင်စွမ်းရှိမှာလဲ..။ဒါပေမဲ့ ငါ့ရဲ့ ဆန္ဒကို ပြည့်မြောက်ဖို့ဆိုရင် ငါအကုန်လုံးကို လုပ်ဖို့ ဆုံးဖြတ်ထားခဲ့တယ်လေ..။ဒီတော့ ငါ ပိုက်ဆံစပြီး စုဆောင်း ခဲ့တယ်..။လမ်းဘေးက ကလေးတစ်ယောက်က ပိုက်ဆံအများကြီး မရှာနိုင်ပေမယ့်လည်း..ငါ ရသလောက် အထိစုဆောင်း ခဲ့တယ်.,"
သူ့မျက်နှာကတော့ နက်မှောင်နေခဲ့ပါပြီ..။
"ငါ့မှာ စားစရာ ဘာမှမရှိဘူးဆိုရင်တောင်..ငါ နည်းလမ်းမျိုးစုံနဲ့ ရှာလို့ရတဲ့ ပိုက်ဆံလေးကို ရအောင် စုဆောင်းသေးတယ်..။ပြီးတော့..လေးနှစ်ငါးနှစ်လောက်ကြာပြီး ငါ့အသက် ၁၇ နှစ်ကို ရောက်တဲ့ အချိန်မှာ..သီးသန့် ထောက်လှမ်းသူတစ်ယောက်ကို ငှားဖို့ လုံလောက်တဲ့ ပိုက်ဆံကို စုဆောင်းနိုင်ခဲ့တယ်လေ..။
သူ ပြုံးလိုက်ပြီး..
"သိတဲ့ အတိုင်းပဲ..တစ်ခါတစ်လေမှာ ငါတို့ကို ရှာဖွေပေးနိုင်တဲ့ သီးသန့် ထောက်လှမ်းသူတွေဆိုတာ ရှိတယ်လေ..။သူ့ရဲ့ ဝန်ဆောင်ခ က စျေးမပေါပေမဲ့ ငါသူ့ကို ယုံကြည်ခဲ့တယ်..။ဒီတော့ ငါ့ရဲ့ စုဆောင်းထားတဲ့ ပိုက်ဆံတွေကို သူ့ကို ပေးပြီး..ငါ့ညီမလေးကို ရှာပေးဖို့ ပြောခဲ့တယ်..။ပြီးတော့ ဘာဖြစ်လဲသိလား..။သူ တကယ် ရှာနိုင်ခဲ့တယ်လေ..။ငါတို့ အပေးအယူ လုပ်ပြီး တစ်လ အကြာမှာတော့..သူက ငါ့ကို လိပ်စာရေးထားတဲ့ စာရွက်တစ်ရွက်ကို လာပေးခဲ့တယ်..။ဒီတော့ ငါအဲဒီကို သွားခဲ့တာပေါ့.."
နစ်ဖီ တွေဝေနေပြီးကာမှ တိုးညှင်းစွာမေးလိုက်ပါတယ်..။
"ဒီတော့ ဘာဖြစ်သွားလဲ..။နင့်ရဲ့ ညီမလေးကို တွေ့ခဲ့လား.."
ဆန်နီ သူ့မျက်နှာကို ပွတ်လိုက်ပြီး ကောင်းကင်ကို ကြည့်ကာ ပြောလိုက်တယ်..။
"အဲလိုပဲ..။ငါ တကယ်ပဲ သူမကို ရထားဂိတ်တစ်ခု မှာ တွေ့ခဲ့တယ်..။အဲ့အချိန်တုန်းက ငါ သူမကို တကယ် မမှတ်မိခဲ့ဘူး ။သိရဲ့လား...ငါက သူမကို ကယ်တင်ချင်စိတ်ပြင်းထန် နေပေမယ့် တကယ်တော့ သူမ ဘယ်လိုပုံစံ ရှိသလဲ ဆိုတာတောင် မမှတ်မိခဲ့တော့ဘူးလေ..။အဲဒီမှာ အသက် ၁၂ ဝန်းကျင် ကျောင်းယူနီဖောင်း ဝတ်ထားတဲ့ မိန်းကလေး တစ်ယောက် ရှိနေခဲ့တယ်..။သူမကလည်း..ငါနဲ့ တူညီတဲ့ ဦးတည်ချက်ကို သွားနေခဲ့တာပဲ..။သူမက ငါ့ လိပ်စာထဲက အိမ်ကို ဝင်သွားတဲ့ အချိန်မှသာ ငါ မှတ်မိခဲ့တာ..."
သူ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ..ဆက်ပြောလာခဲ့တယ်..။သူ့ရဲ့အသံကတော့ ထူးဆန်းစွာပဲ စိတ်ခံစားမူတွေ ရှိနေခဲ့ပါပြီ..
"အဲ့အချိန်က အတော်မှောင်နေပြီ..။မိုးလည်း ရွာနေတယ်လို့ ငါထင်တယ်..။အိမ်က တကယ်ကို ကောင်းမွန်တဲ့ စီရင်စု တစ်ခုမှာ ရှိနေခဲ့တာ..။သူတို့က တကယ်ပဲ ကိုယ်ပိုင် အိမ်တစ်လုံးကို ပိုင်ဆိုင်ထားခဲ့တာလေ..။နင် တွေးကြည့်ပါဦး..။ကောင်းပြီ နင်ကတော့ သိမယ်ထင်တာပဲ..။ဘာပဲဖြစ်ဖြစ် သူတို့ ဆီမှာ မျက်ခင်းပြင် အကျယ်ကြီးတောင် ရှိနေသေးတယ်..။ပြီးတော့ ပြတင်းပေါက်..အပြင်ကို အလင်းရောင်တွေထွက်နေတဲ့ ပြတင်းပေါက်ကြီး တစ်ခု ရောပဲ..။သူတိူ့ကို ပြတင်းပေါက်ကနေ တဆင့်ကြည့်နေရတာက..ရုက်ရှင်ကြည့်နေရတဲ့ အတိူင်းပဲလေ..."
ဆန်နီက သူ့ရဲ့ အသွင်အပြင်ကို သတိထားမိလိုက်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်တယ်..။
"ငါ အပြင်ဘက်က အရိပ်တစ်ခုထဲမှာ ရပ်နေရင်း သူမတို့ မိသားစုကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့တယ်..။သူမမှာ မိဘတွေ ရှိနေပြီး သူမက်ိုလည်း ကောင်းကောင်း ဂရုစိုက်ကြတယ်လေ..။သူမမှာ အစားအသောက်တွေရှိတယ်..။ဒါက ဆာလောင်မူ မဖြစ်စေဖို့အတွက် အလုံအလောက်ပဲ..။သူမမှာ အဝတ်အစားတွေရှိတယ်..စျေးကြီးတဲ့ စာအုပ်တွေ ရှိတယ်..။သူမမှာ မောင်ငယ် ညီမငယ်လေးတွေတောင်ရှိနေသေးတယ်လေ..။သူတို့ အကုန်လုံးက ရယ်မောပျော်ရွှင်နေကြပြီး ကောင်းမွန်တဲ့ အချိန်တစ်ခု ရှိနေကြတာ.."
နစ်က သူ့ကိုကြည့်ပြီးမေးလိုက်တယ်..။
"ဒီတော့ နင်ဘာလုပ်ခဲ့လဲ..."
ဆန်နီ ချက်ချင်းမဖြေခဲ့ပေ..။အဲဒီအစား သူ..အဲဒီမှာရပ်နေရင်း..ပျော်ရွှင်နေတဲ့ လူတွေကို ဘယ်လို ကြည့်နေခဲ့လဲ ဆိုတာကို မှတ်မိနေခဲ့ပါတယ်..။ပြီးတော့..သူ့ရဲ့ ညစ်ပတ်နေတဲ့ ခန္တာကိုယ် ၊ အဝတ်အစားနဲ့ ဒဏ်ရာတွေကို ဘယ်လို ပြန်ငုံ့ကြည့်ခဲ့လဲ ဆိုတာ ရောပါပဲ..။ပြီးတော့ သူက ရုပ်ပုံထဲက လူတွေနဲ့ ဘယ်လောက်တောင် ကွဲပြားနေလဲ ဆိုတာ သဘောပေါက်ခဲ့ပါတယ်..။
သူ့ရဲ့ ညီမလေးကို ရှာဖွေပြီး ကယ်တင်ဖို့ နှစ်တွေအတော်ကြာအောင် ကြိုးစားခဲ့ပေမယ့် သူက ရိုးရှင်းတဲ့ အခြေအနေတစ်ခုကို တွေ့ခဲ့ရပါတယ်..။သူမက သူ့ရဲ့ ကူညီမူကို တကယ် မလိုအပ်ပါဘူး..။သူတည်ရှိနေတယ် ဆိုတာကိုတောင် သူမက မမှတ်မိလောက်ပေ..။ထပ်ပြောရရင် သူမရဲ့အ ရင်ဘဝကို ပြန်သွားတာက သူမအတွကိ ဘာမှ ကောင်းတာမရှိပါဘူး..။သူ့မှာ ကောင်းမွန်ပြီး အကျိုးရှိမယ့် ကမ်းလှမ်းမူမျိုးလည်း ပေးနိုင်စွမ်းမရှိပေ..။သူက အခြေအနေတွေကို ဆိုးဝါးလာအောင်ပဲ လုပ်ပေးနိုင်တာပါ..။
မှောင်မိုက်ပြီး မိုးတွေရွာနေတဲ့ညတစ်ညမှာတော့..ဆန်နီဟာ အရိပ်ထဲမှာရပ်နေရင်း..သူ့နှလုံးသားထဲက တစ်စုံတစ်ခု ထာဝရ အဆုံးသတ်သွားသလို ခံစားခဲ့ရပါတယ်..။သူ့ ရင်ထဲက တစ်ခုခုက သေဆုံးသွားခဲ့ပါပြီ..။
ဒီအရာပြီးတဲ့ နောက်မှာ သူ ဘယ်လို ကိစ္စပဲ ကြုံတွေ့ရပါစေ..အဲ့နေညက အခိုက်အတန့် ကိုတော့ တကယ်ကိုမနှိုင်းယှဥ်နိုင်ခဲ့ပါဘူး..။
အတော်ကြာအောင် ခံစားချက်မဲ့စွာ ရပ်နေပြီးကာမှ သူမက နောက်ပြန်လှည့်ပြီး ..အမှောင်ထဲကို လမ်းလျောက်သွားခဲ့ပါတယ်..။
ရက်အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့ သူက အိပ်မက်ဆိုး အခိုက်အတန့် ကူးစက်ခံရတဲ့ လက္ခဏာတွေ စတင်ပြလာခဲ့တယ်..။
ပြီးတော့ ကျန်တာကတော့ သမိုင်းတစ်ခုပါပဲ..။ဇ
မပျောင်ရွှင်စရာ မှတိဥာဏ်တွေကို ဖယ်ထုတ်လိုက်ပြီး..ဆန်နီဟာ လွတ်လပ်သလို ဟန်ဆောင်လိုက်ကာ ပုခုံးတွန့်လိုက်တယ်..။
"ငါ့ဘဝမှာ တစ်ကိုယ်ကောင်းအဆန်ဆုံး လုပ်ရပ်ကို လုပ်ခဲ့လိုက်တာပေါ့..။ငါက ဒီတိုင်းလှည့်ပြီးထွက်ပြေးခဲ့တာ..။ဘာလို့လဲ နင်သိလား.."
နစ်ဖီ ခေါင်းခါယမ်းလ်ိုက်တယ်..။
ဆန်နီ ပြုံးလိုက်ပြီး ..နောက်ဆုံးမှာတော့ ဒေါသတွေကို ဖော်ထုတ်မယ်အချိန်ကို တွေ့သွားခဲ့ပါပြီ..။
"ဘာလို့ လဲဆိုတော့ ငါ့လ်ို ငတုံးတစ်ယောက်တောင်မှ ငါကယ်ချင်တဲ့လူက ငါ့ရဲ့ ကယ်တင်မူကို မလိုအပ်ဘူးဆိုတာကို သဘောပေါက်ခဲ့တယ်လေ..။ဒီတော့ ပြောစမ်းပါဦး ..နစ်...ဘာလို့ ဥာဏ်ရည်ထက်မြက်ပြီး ၊ ပြတ်သားမူ ရှိတဲ့ နင်က..ငါ့လိုမျ်ိုးမလုပ်နိုင်ရတာလဲ.."
သူမက သူ့မကို စိုက်ကြည့်နေရင်း မျက်မှောက်ကျုတ်လာခဲ့တယ်..။
"ငါက ဒီလူတွေကို ကယ်တင်မယ် ဆိုတဲ့ ရည်ရွယ်ချက်က လိမ်ညာနေတယ်လို့ ပြောချင်တာလား..။ဒီလိုဆိုရင်တော့ နင်မှားနေပြီ.."
ဆန်နီ လက်သီးကို ဆုပ်ထားခဲ့တယ်..။သူ ကိုယ့်က်ိုကို မထိန်းချုပ်နိုင်ခင်လေးမှာပဲ ..စကားလုံးတွေက သူ့ပါးစပ်ကနေ ထွက်သွားခဲ့ပါတယ်..။
....မဟုတ်ဘူး..အရိုးသားဆုံးပြောရမယ် ဆ်ိုရင်တော့..သူက သူမတို့ကို မရပ်တန့်ချင်ဘူးဆိုတာက်ိုတော့ ဝန်ခံရမှာပါ..။သူက ဒီကစားပွဲကို နစ်ဖီ နဲ့အတူ ကစားပေးဖို့အတွက်.. ပင်ပန်းမူ ၊ နာကျင်မူ တွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။အခုက အရာအားလုံးကို ရှင်းလင်းဖို့ အချိန်ပါပဲ..။
ဒီလိုကနေ..သူ့ရဲ့ စိတ်တွေ ပြန်ရှင်းလင်းလာတာလဲ ဖြစ်နိုင်ပါတယ်..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို စိုက်ကြည့်လိုက်ပြီး ဆန်နီ ကျိန်ဆဲလိုက်တယ်..။
".....ဖတ်ခယူ...နစ်.."
သူမ မျက်တောင် ခတ်လိုက်ပြီး..
"ဘာဖြစ်တယ်..."
သူ မရိုးဖြောင့်စွာ ပြုံးလ်ိုက်တယ်..။
"ငါပြောတာက နင့်ရဲ့ အရေးမပါတဲ့ အလိမ်အညာတွေနဲ့ သွားသေလိုက်လို့..။နင် တစ်ခြားလူတွေကို လိမ်ညာလို့ ရပေမယ့် နင့်အကြောင်းကို ငါသိတယ်..။နင့်အကြောင်းကို တစ်ခြား ဘယ်သူ့ထက် မဆို ပိုပြီး သိတယ်..။ဒီတော့..ငါက နင့်ရဲ့ ကယ်တင်ရှင် လုပ်ရပ်မျိုးကို တစ်ခနလေးတောင် ..ယုံကြည်မှာမဟုတ်ဘူး.."
ဆန်နီ သူမ ညွှန်ပြခဲ့တဲ့ ပတ်ဝန်းကျင်ကိုပဲ ညွှန်ပြလိုက်ပြီး..
"ဒီလူတွေကို ကယ်ဖို့လား..။ကျေးဇူးပြုပြီး...။နင်ကသူတို့ကို ဘာတွေများ ကူညီပေးမလို့လဲ..။သူတို့ကို အလောင်းကောင် အဖြစ်ကူပြောင်းပေးမလို့လား..။နင်ရော ငါရော ဒီအရာကြီး ဘယ်လိူ အဆုံးသတ်မလဲ ဆိုတာကို သိနေတာပဲ..။မီးတွေ ၊ သွေးချောင်းစီးတာတွေ..ဟုတ်တယ်မလား..။ဒါက နင်စီစဥ် နေတဲ့အရာလား..."
နစ်ဖီကတော့ သူ့ကို နက်မှောင်တဲ့ အမူအရာနဲ့ကြည့်နေခဲ့တယ်..။သူမရဲ့ အညိုရောင် မျက်လုံးတွေကတော့ ထပ်ပြီး မတည်ငြိမ်နိုင်တော့ပါဘူး..။နောက်ဆုံးမှာတော့..ခံစားချက်တွေက လောင်ကျွမ်းလာခဲ့တယ်..။ဒါက ..ရှုပ်ထွေးမူလား...။နာကျင်မူလား..။စိတ်ပျက်မူလား...။
သူမ တစ်ခုခု ပြောဖို့ လုပ်လိုက်ပေမယ့် ပါးစပ်ပြန်ပိတ်သွားခဲ့တယ်..။ယင်းနောက် ပြောင်းလဲနေတဲ့ကြယ်ပွင့်က ဖြညိးညှင်းစွာပဲ ခေါင်းခါယမ်းလိုက်ပါတယ်..။
နောက်ဆုံးမှာတော့ သူမက မှန်ကန်တဲ့စကားလုံးတွေကို ရှာတွေ့သွားတဲ့ ပုံပါပဲ..။သူမက ဆန်နီရဲ့ မျက်လုံးတွေးကို တည့်တည့်ကြည့်ပြီး ခေါင်းကို မော့ထားကာ ပြောလိုက်တယ်..။
"ကောင်းပြီလေ..နင် မှန်သွားပြီ.."